Zawgyi Version…
ကားဆုိတာလက္ရွိတုိးတက္ေျပာင္းလဲလာတဲ့ေခတ္ၾကီးထဲမွာ သာမန္အသုံးအေဆာင္ပစၥည္းတစ္ခုလုိ႔ ယူဆရ တဲ့ထိေအာင္ ကားထုတ္လုပ္သူေတြက သူ႕ထက္ငါအျပိဳင္အဆုိင္ထုတ္လုပ္ေရာင္းခ်လာၾကပါတယ္။ ဒါေပမဲ့ လည္း အဲဒီလုိေပါမ်ားေနတဲ့ သူလုိကုိယ္လုိကားေတြထဲမွာမွ အေကာင္းဆုံးထိပ္တန္းကားေတြက ရွိေနပါတယ္။ ဘယ္လုိအရာေတြမဆုိ ရွားပါးျပီးေကာင္းမြန္လြန္းရင္ တန္ဖုိးေရာ၊ဂုဏ္သတင္းပါၾကီးတတ္ၾကစျမဲပါ။ဒီလုိတန္ ေၾကးၾကီးကားေတြစာရင္းမွထိပ္တန္းကေနအျမဲဦးေဆာင္ေနတာကေတာ့ Rolls-Royce Motor Cars ေတြပဲျဖစ္ ပါတယ္။ သူတုိ႔ဟာ ေက်ာ္ၾကားမွဳ၊အဆင့္အတန္း၊အရည္အေသြးေတြကုိ ရာစုႏွစ္နီးပါးထိန္းသိမ္းလာခဲ့ၾကပါ တယ္။ Rolls-Royce ကားတည္ေဆာက္ျခင္းအႏုပညာကုိတစ္ဖက္ကမ္း တတ္ေျမာက္ထားၾကသူေတြဆုိ ေတာ့ သူတုိ႕ရဲ႕ကားေတြကုိ ေရာင္းရတုိင္းဘယ္ေတာ့မွ ေပါေပါေလာေလာမထုတ္ပါဘူး။အကန္႕အသတ္နဲ႕ သာထုတ္ လုပ္တာဆုိေတာ့ ထုတ္သမွ်ကားေတြတုိင္းက ေစ်းၾကီးမယ္၊ ေကာင္းမယ္၊ ရွားပါးမယ္။ ဒီအခ်က္ ေတြေၾကာင့္ ခ်မ္းသာၾကြယ္ဝသူေတြအတြက္ သီးသန္႕အဆင္တန္ဆာတစ္ခုျဖစ္လာၾကျပီး Rolls-Royce ပိုင္ဆုိင္သူတုိင္း ကုိတကယ့္ဂရိတ္ေတြအျဖစ္သတ္မွတ္လာၾကပါတယ္။ သူ႕အေၾကာင္းကုိ ဆက္ေျပာရရင္ျဖင့္ ၁၉၂၅ ကတည္း က Phantom ဆုိျပီး စထုတ္လာခဲ့တာအခုဆုိ Rolls-Royce Phantom VIII မ်ိဳးဆက္ တုိင္ခဲ့ပါျပီ။ ျပီးေတာ့ လည္း မ်ိဳးဆက္တုိင္းမွာ Limited Edition ေတြအမ်ားအျပားထုတ္လုပ္ခဲ့ျပန္ပါတယ္။ အခုမ်က္ႏွာ ဖုံးရွင္အ ျဖစ္ပါဝင္လာတဲ့ Rolls-Royce Phantom က ျပီးခဲ့တဲ့ ၂၀၁၅ တုန္းက အစီးေရ ၂၅ စီးသာထုတ္ခဲ့တဲ့ Limelight Collection ပဲျဖစ္ပါတယ္။


Limelight Collection ဆုိတာ
ျဗိတိန္အင္ဂ်င္နီယာေတြရဲ႕ စိတ္ကူးစိတ္သန္းနဲ႕ အႏုပညာဖန္တီးမွဳဆုိင္ရာ အျမင့္ဆုံးကုိ ျပသႏိုင္ခဲ့တဲ့ ေမာ္ဒယ္ တစ္ခုဆုိလည္းမမွားႏိုင္ပါဘူး။ ဒီ Limelight Collection ကုိအဂၤလန္ႏိုင္ငံ Goodwood မွာဖန္တီးတည္ ေဆာက္ခဲ့တာျဖစ္ျပီး ကမာၻ႕ဆင္ျမင့္ထက္ေပၚမွာအားလုံးရဲ႕မ်က္စိၾကစရာ ကားတစ္စီးအျဖစ္အသက္သြင္းတည္ ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ Super-luxury motor ကားတစ္စီးျဖစ္တဲ့ Limelight Collection မွာဆုိရင္ chassis platform, body, interior ေတြအားလုံးကုိ Rolls-Royce ရဲ႕ကုိယ္ပုိင္အေကာင္းဆုံးေသာနည္းပညာေတြနဲ႕ အညီထုတ္လုပ္ထားခဲ့ပါတယ္။ ေဘာ္ဒီကုိေတာ့ aluminum ေတြအမ်ားဆုံးသုံးျပီးတည္ေဆာက္ထားခဲ့တာပါ။ Body, paint, wood ,leather work နဲ႔ customize ေတြကို Goodwood မွာပဲ ထုတ္လုပ္တာျဖစ္ပါတယ္။ The plant contains the paint shop, body shop, leather shop, woodworking shop, assembly line, and executive offices under one roof. There are only three robots in the factory. ဒီစက္ရုံမွာဆုိရင္ စက္ရုပ္ ၃ ခုပဲထားရွိျပီး ဒါေတြကုိ ေဆးမွဳတ္တဲ့ေနရာမွာပဲသုံးျပီး က်န္တာေတြကုိေတာ့ လူေတြကပဲ Hand Made ေတြနဲ႕အတိအက်အေသးစိတ္ဖန္တီးတည္ေဆာက္ျခင္းျဖစ္ပါတယ္။ ဒီလုိေဆးပုိင္းမွာလည္း Rolls-Royce tradition အတုိင္း 3 mm (0.1 in) အတုိင္းအတာကေနအစအႏုစိတ္ကုိအတိအက်ျဖစ္ေအာင္ လုပ္ထားတယ္လုိ႔ သိရပါတယ္။ ေဘာ္ဒီပိုိင္းမွာသုံးတဲ့ aluminum ကုိေတာ့ hydroelectric power သုံးျပီး ေနာ္ေဝးႏိုင္ငံမွာဖန္တီးသလုိ ပုံစံကုိေတာ့ ဒိန္းမတ္မွာ စက္ေတြသုံးျပီးတည္ေဆာက္ကာ ေနာက္ဆုံးမွာေတာ့ ဂ်ာမနီမွာလက္ဂေဟနဲ႕တည္ေဆာက္ျခင္းျဖစ္ပါတယ္။
ထူးျခားမွဳမ်ား
ဒီကားေတြမွာ ျပိဳင္ဘက္ကင္းပါဝင္မွဳအေနနဲ႔ instrument panel (ဒိုင္ခြက္)ထဲမွာ အျခားကားေတြမွာလုိ rpm ကုိေဖာ္ျပေပးတဲ့ tachometer မပါဘဲ နာရီေတြမွာသုံးတဲ့ power reserve dial ပါဝင္ျပီး အင္ဂ်င္ရဲ႕ပါဝါကုိ တစ္ေန႕တာအတြက္ ဘယ္ေလာက္သုံးစဲြသင့္သလဲဆုိတာကုိ ေဖာ္ျပေပးတဲ့ ေဖာ္ျပမွဳေတြပါရွိပါတယ္။ ေနာက္ တစ္ခ်က္ကေတာ့ ေနာက္တံခါးကပတၱာထည့္ထားတဲ့ ရင္ခဲြတံခါးေတြျဖစ္ျပီး coach doors လုိ႔နာမည္ေပး ထားပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ေနာက္ထုိင္ခုံပုံစံေတြက ေနာက္တံခါးလက္ကုိင္ေတြနဲ႕ဆက္စပ္မွဳရွိျပီး ခလုတ္ေတြက C-pillars မွာပါရွိျပီး hydraulic motors ေတြနဲ႕တံခါးကုိပိတ္မွာျဖစ္ပါတယ္။ ဒါေၾကာင့္တံခါး ေတြက ေစ့ရုံပဲပိတ္ထားရုံနဲ႕အလုိအေလ်ာက္ေလာ့ခ္က်သြားမွာျဖစ္ပါတယ္။ တကယ္လုိ႔ တံခါးေတြကုိ မပိတ္ဘဲ ကားေမာင္းမယ္ဆုိရင္ ဘရိတ္ေအာ္တုိနင္းထားျပီး ကားကုိေမာင္းလုိ႔မရမယ့္ စနစ္ေတြလည္းပါပါေသးတယ္။ ေနာက္ျပီးေတာ့ တံခါးေဘာင္ေတြထဲမွာလည္း Rolls-Royce တံဆိပ္ပါတဲ့ လွ်င္ျမန္စြာေျခာက္ေသြ႕ႏိုင္တဲ့ teflon coating သုတ္ထားတဲ့ထီးေတြထည့္သြင္းထားလုိ႔ ထီးအတြက္ေနရာယူမွာမဟုတ္ပါဘူး။ ေနာက္တစ္ခုက Rolls-Royce ရဲ႕အမွတ္တံဆိပ္ျဖစ္တဲ့ ကားေရွ႕ဦးမွာပါတဲ့ Flying Lady အရုပ္ေတြက သူခုိးေတြ၊ လက္ေဆာ့ တတ္တဲ့လမ္းလမ္းလာေတြရဲ႕ရန္ကေနကာကြယ္ဖုိ႔အတြက္ ျပန္က်ဳ႕ံႏိုင္တဲ့ automatic electronic စနစ္ကုိ သုံးထားလုိ႔ ေဘာ္ဒီထဲကုိထည့္သြင္းထားႏိုင္ပါေသးတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ “RR” လုိဂုိပါတဲ့ဘီး ပင္မ ေနရာက ဘီးလည္ေနရင္ေတာင္လုိက္မလည္ဘဲ အျမဲတမ္းအတည့္ေနရာမွာပဲရွိေအာင္ဖန္တီးထားတာျဖစ္ပါ တယ္။
စစ္မွန္တဲ့ Luxury ကားတစ္စီး
ဒီကားက လူတစ္စီးခ်င္းစီအတြက္ လုိအပ္တဲ့သက္ေသာင့္သက္သာရွိေစမယ့္အရာေတြကုိ အေသးစိတ္ထည့္ သြင္းေပးထားတဲ့ စစ္မွန္တဲ့ Luxury ကားတစ္စီးျဖစ္ပါတယ္။ အတြင္းခန္းထုိင္ခုံေတြက လက္ခ်ဳပ္လည္ သာေတြျဖစ္ျပီး ေလယာဥ္သုံး flat-bed seat ေတြကုိသုံးထားပါတယ္။ ဒီထုိင္ခုံေတြကလည္း ဇိမ္က်မွဳေရာ၊ က်န္းမာေရးအရေရာ၊လုံျခဳံေရးအရပါအေကာင္းဆုံးျဖစ္ေစမယ့္အေနအထားမ်ိဳးျဖစ္ေအာင္ဖန္တီးေပးထားပါ တယ္။ ေနာက္ခုံေတြက က်န္းမာေရးအရ ေထာက္ခံခ်က္ေပးထားတဲ့ ေခါင္းမွီက ၂၇ ဒီဂရီအေနအထား၊ ေျခသ လုံးအထိခႏၶာကုိယ္ဟန္က ၆၈ ဒီဂရီအေနအထားမ်ိဳးျဖစ္ေအာင္ျပဳလုပ္ထားပါတယ္။ ထုိင္ခုံအ ေရာင္ေတြက စိန္ပြင့္ပုံစံဒီဇုိင္းေတြပါတဲ့ အျဖဴေရာင္ေတြျဖစ္ျပီး အတြင္းအေရာင္က Navy Blueနဲ႕ဒီဇုိင္းကုိေတာ့ Piano Seashell specific ေတြနဲ႔ဖန္တီးေပးထားပါတယ္။ ဒါ့အျပင္ အႏုစိတ္ဖန္တီးမွဳေတြပါတဲ့ ဒီကားမွာ သစ္အယ္သီးပင္ရဲ႕အသားေတြအပါအဝင္ ကြ်န္းနဲ႔ပါဖန္တီးထားတာမုိ႔ အရမ္းကုိ Luxury ဆန္သြားပါလိမ့္မယ္။ ေနာက္ျပီး အတြင္းခန္းအမိုးေပၚက လက္ရာေျမာက္ဖန္တီးထားတဲ့ အာကာသပုံစံဖန္တီးထားသလုိ ထိန္းခ်ဳပ္မွဳ ခလုတ္ေတြကလည္း အျခားေသာကားေတြထက္ပုိျပီးလက္ရာေျမာက္သလုိ ကုိင္တြယ္ထိေတြ႕ရတာလဲ လူရဲ႕ စိတ္ကုိသိေနသလုိပါပဲ။ Pointer လုိ Center ကထိန္းခ်ဳပ္မွဳပုံစံေတြေတာင္ပါဝင္ပါတယ္။ ျပီးေတာ့ အမ်ိဳး သား၊အမ်ိဳးသမီးေတြရဲ႕ အေရးပါတဲ့ အသုံးအေဆာင္ေတြကုိ ထည့္ဖုိ႔ ကုိယ္ပုိင္ေမႊးရန႔ံ ၃ မ်ိဳးပါတဲ့ အံဝွက္ေတြ၊ ထည့္စရာေတြကုိ အတြင္းခန္းမွာထည့္သြင္းေပးထားပါတယ္။ ညာေပၚဘက္အိတ္ထဲမွာဆုိရင္ ကုိယ္ပုိင္ ေရေမႊးထည့္စရာေနရာနဲ႕အတူ အမ်ိဳးသားမ်ား၊အမ်ိဳးသမီးမ်ားအတြက္ နာရီဒါမွမဟုတ္ လက္ဝတ္ရတနာ ထည့္စရာအံဝွက္ ၂ ေနရာစီပါပါတယ္။ ေနာက္ျပီးေတာ့ ဘယ္ဘက္မွာလည္း Ladies’ နဲ႔ Gentleman’s ေတြအတြက္ Accessory Z-Boxes ေတြထည့္သြင္းထားပါေသးတယ္။ ျပီးေတာ့ အသံစနစ္နဲ႕ညႊန္ၾကားႏိိုင္တဲ့ navigation system, power sunroof, upgraded leather upholstery, ေနာက္ၾကည့္ကင္မရာ, rear-seat DVD entertainment system, 15-speaker Lexicon Logic7 premium sound system, 8-disc CD changer, 18-way power front seats, 16-way power rear seats, heated and cooled cup holders, rear-seat tables, ျပင္ပအပူခ်ိန္ညႊန္ျပမွဳ, အပူေပးစနစ္ပါျပီး သစ္သား၊လည္သာေတြနဲ႔ ဖန္တီးထားကာ radio, climate, and navigation controls ပါတဲ့စတီယာရင္၊ power နဲ႔အဖြင့္အပိတ္လုပ္ႏိုင္တဲ့ ေနာက္တံခါး, wireless headphones, iPod adapter, ေရခဲေသတၱာ, 5-zone climate controls ပါတဲ့ air conditioning စတဲ့ ဇိမ္ခံပစၥည္းေတြပါဝင္ပါတယ္။


အင္ဂ်င္နဲ႕စြမ္းေဆာင္ရည္
ဒီကားက 4-door saloon ပုံစံျဖစ္ျပီး 6.75 L twin-turbocharged V12 (petrol) ျဖစ္ျပီး 8-speed automatic သုံးဂီယာစနစ္ျဖစ္ပါတယ္။ Suspension စနစ္ကလည္း ေရွ႕ေနာက္ကုိ air springs and electronically controlled dampers ေတြသုံးထားပါတယ္။ စြမ္းအင္ထြက္ရွိမွဳကေတာ့ 454 hp @5350 rpm ျဖစ္ျပီး Torque က 720 N⋅m (531 lb⋅ft)@3500 ျဖစ္ပါတယ္။ သူ႕တန္ဖုိးကလည္း မူရင္းေစ်းကုိကေဒၚလာ ၆သိန္းခြဲဆုိေတာ့ ဒီမွာစီးဖုိ႔ဆုိ သိန္းကုိေသာင္းနဲ႔ခ်ီကုန္က်မွာပါ။

Specification…
Engine – 6.75 L twin-turbocharged V12 (petrol)
Transmissions – 8-Speed Auto
Maximum Power (HP/rpm) – 454 hp /5350 rpm
Maximum Torque (Nm/rpm) – 720 N⋅m (531 lb⋅ft)/3500
Top speed (km/h) – 250 km/h
Acceleration (0-62mph) – 5.3 seconds

Unicode Version…

ကမ္ဘာ့အကောင်းဆုံးကားတစ်စီးဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းပြသခဲ့တဲ့ Rolls-Royce Phantom Limelight Collection
ကားဆိုတာလက်ရှိတိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ သာမန်အသုံးအဆောင်ပစ္စည်းတစ်ခုလို့ ယူဆရ တဲ့ထိအောင် ကားထုတ်လုပ်သူတွေက သူ့ထက်ငါအပြိုင်အဆိုင်ထုတ်လုပ်ရောင်းချလာကြပါတယ်။ ဒါပေမဲ့ လည်း အဲဒီလိုပေါများနေတဲ့ သူလိုကိုယ်လိုကားတွေထဲမှာမှ အကောင်းဆုံးထိပ်တန်းကားတွေက ရှိနေပါတယ်။ ဘယ်လိုအရာတွေမဆို ရှားပါးပြီးကောင်းမွန်လွန်းရင် တန်ဖိုးရော၊ဂုဏ်သတင်းပါကြီးတတ်ကြစမြဲပါ။ဒီလိုတန် ကြေးကြီးကားတွေစာရင်းမှထိပ်တန်းကနေအမြဲဦးဆောင်နေတာကတော့ Rolls-Royce Motor Cars တွေပဲဖြစ် ပါတယ်။ သူတို့ဟာ ကျော်ကြားမှု၊အဆင့်အတန်း၊အရည်အသွေးတွေကို ရာစုနှစ်နီးပါးထိန်းသိမ်းလာခဲ့ကြပါ တယ်။ Rolls-Royce ကားတည်ဆောက်ခြင်းအနုပညာကိုတစ်ဖက်ကမ်း တတ်မြောက်ထားကြသူတွေဆို တော့ သူတို့ရဲ့ကားတွေကို ရောင်းရတိုင်းဘယ်တော့မှ ပေါပေါလောလောမထုတ်ပါဘူး။အကန့်အသတ်နဲ့ သာထုတ် လုပ်တာဆိုတော့ ထုတ်သမျှကားတွေတိုင်းက ဈေးကြီးမယ်၊ ကောင်းမယ်၊ ရှားပါးမယ်။ ဒီအချက် တွေကြောင့် ချမ်းသာကြွယ်ဝသူတွေအတွက် သီးသန့်အဆင်တန်ဆာတစ်ခုဖြစ်လာကြပြီး Rolls-Royce ပိုင်ဆိုင်သူတိုင်း ကိုတကယ့်ဂရိတ်တွေအဖြစ်သတ်မှတ်လာကြပါတယ်။ သူ့အကြောင်းကို ဆက်ပြောရရင်ဖြင့် ၁၉၂၅ ကတည်း က Phantom ဆိုပြီး စထုတ်လာခဲ့တာအခုဆို Rolls-Royce Phantom VIII မျိုးဆက် တိုင်ခဲ့ပါပြီ။ ပြီးတော့ လည်း မျိုးဆက်တိုင်းမှာ Limited Edition တွေအများအပြားထုတ်လုပ်ခဲ့ပြန်ပါတယ်။ အခုမျက်နှာ ဖုံးရှင်အ ဖြစ်ပါဝင်လာတဲ့ Rolls-Royce Phantom က ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက အစီးရေ ၂၅ စီးသာထုတ်ခဲ့တဲ့ Limelight Collection ပဲဖြစ်ပါတယ်။
Limelight Collection ဆိုတာ
ဗြိတိန်အင်ဂျင်နီယာတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ အနုပညာဖန်တီးမှုဆိုင်ရာ အမြင့်ဆုံးကို ပြသနိုင်ခဲ့တဲ့ မော်ဒယ် တစ်ခုဆိုလည်းမမှားနိုင်ပါဘူး။ ဒီ Limelight Collection ကိုအင်္ဂလန်နိုင်ငံ Goodwood မှာဖန်တီးတည် ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဆင်မြင့်ထက်ပေါ်မှာအားလုံးရဲ့မျက်စိကြစရာ ကားတစ်စီးအဖြစ်အသက်သွင်းတည် ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ Super-luxury motor ကားတစ်စီးဖြစ်တဲ့ Limelight Collection မှာဆိုရင် chassis platform, body, interior တွေအားလုံးကို Rolls-Royce ရဲ့ကိုယ်ပိုင်အကောင်းဆုံးသောနည်းပညာတွေနဲ့ အညီထုတ်လုပ်ထားခဲ့ပါတယ်။ ဘော်ဒီကိုတော့ aluminum တွေအများဆုံးသုံးပြီးတည်ဆောက်ထားခဲ့တာပါ။ Body, paint, wood ,leather work နဲ့ customize တွေကို Goodwood မှာပဲ ထုတ်လုပ်တာဖြစ်ပါတယ်။ The plant contains the paint shop, body shop, leather shop, woodworking shop, assembly line, and executive offices under one roof. There are only three robots in the factory. ဒီစက်ရုံမှာဆိုရင် စက်ရုပ် ၃ ခုပဲထားရှိပြီး ဒါတွေကို ဆေးမှုတ်တဲ့နေရာမှာပဲသုံးပြီး ကျန်တာတွေကိုတော့ လူတွေကပဲ Hand Made တွေနဲ့အတိအကျအသေးစိတ်ဖန်တီးတည်ဆောက်ခြင်းဖြစ်ပါတယ်။ ဒီလိုဆေးပိုင်းမှာလည်း Rolls-Royce tradition အတိုင်း 3 mm (0.1 in) အတိုင်းအတာကနေအစအနုစိတ်ကိုအတိအကျဖြစ်အောင် လုပ်ထားတယ်လို့ သိရပါတယ်။ ဘော်ဒီပိုင်းမှာသုံးတဲ့ aluminum ကိုတော့ hydroelectric power သုံးပြီး နော်ဝေးနိုင်ငံမှာဖန်တီးသလို ပုံစံကိုတော့ ဒိန်းမတ်မှာ စက်တွေသုံးပြီးတည်ဆောက်ကာ နောက်ဆုံးမှာတော့ ဂျာမနီမှာလက်ဂဟေနဲ့တည်ဆောက်ခြင်းဖြစ်ပါတယ်။
ထူးခြားမှုများ
ဒီကားတွေမှာ ပြိုင်ဘက်ကင်းပါဝင်မှုအနေနဲ့ instrument panel (ဒိုင်ခွက်)ထဲမှာ အခြားကားတွေမှာလို rpm ကိုဖော်ပြပေးတဲ့ tachometer မပါဘဲ နာရီတွေမှာသုံးတဲ့ power reserve dial ပါဝင်ပြီး အင်ဂျင်ရဲ့ပါဝါကို တစ်နေ့တာအတွက် ဘယ်လောက်သုံးစွဲသင့်သလဲဆိုတာကို ဖော်ပြပေးတဲ့ ဖော်ပြမှုတွေပါရှိပါတယ်။ နောက် တစ်ချက်ကတော့ နောက်တံခါးကပတ္တာထည့်ထားတဲ့ ရင်ခွဲတံခါးတွေဖြစ်ပြီး coach doors လို့နာမည်ပေး ထားပါတယ်။ ဘာကြောင့်လဲဆိုရင် နောက်ထိုင်ခုံပုံစံတွေက နောက်တံခါးလက်ကိုင်တွေနဲ့ဆက်စပ်မှုရှိပြီး ခလုတ်တွေက C-pillars မှာပါရှိပြီး hydraulic motors တွေနဲ့တံခါးကိုပိတ်မှာဖြစ်ပါတယ်။ ဒါကြောင့်တံခါး တွေက စေ့ရုံပဲပိတ်ထားရုံနဲ့အလိုအလျောက်လော့ခ်ကျသွားမှာဖြစ်ပါတယ်။ တကယ်လို့ တံခါးတွေကို မပိတ်ဘဲ ကားမောင်းမယ်ဆိုရင် ဘရိတ်အော်တိုနင်းထားပြီး ကားကိုမောင်းလို့မရမယ့် စနစ်တွေလည်းပါပါသေးတယ်။ နောက်ပြီးတော့ တံခါးဘောင်တွေထဲမှာလည်း Rolls-Royce တံဆိပ်ပါတဲ့ လျှင်မြန်စွာခြောက်သွေ့နိုင်တဲ့ teflon coating သုတ်ထားတဲ့ထီးတွေထည့်သွင်းထားလို့ ထီးအတွက်နေရာယူမှာမဟုတ်ပါဘူး။ နောက်တစ်ခုက Rolls-Royce ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ ကားရှေ့ဦးမှာပါတဲ့ Flying Lady အရုပ်တွေက သူခိုးတွေ၊ လက်ဆော့ တတ်တဲ့လမ်းလမ်းလာတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက် ပြန်ကျုံ့နိုင်တဲ့ automatic electronic စနစ်ကို သုံးထားလို့ ဘော်ဒီထဲကိုထည့်သွင်းထားနိုင်ပါသေးတယ်။ နောက်ဆုံးတစ်ခုကတော့ “RR” လိုဂိုပါတဲ့ဘီး ပင်မ နေရာက ဘီးလည်နေရင်တောင်လိုက်မလည်ဘဲ အမြဲတမ်းအတည့်နေရာမှာပဲရှိအောင်ဖန်တီးထားတာဖြစ်ပါ တယ်။
စစ်မှန်တဲ့ Luxury ကားတစ်စီး
ဒီကားက လူတစ်စီးချင်းစီအတွက် လိုအပ်တဲ့သက်သောင့်သက်သာရှိစေမယ့်အရာတွေကို အသေးစိတ်ထည့် သွင်းပေးထားတဲ့ စစ်မှန်တဲ့ Luxury ကားတစ်စီးဖြစ်ပါတယ်။ အတွင်းခန်းထိုင်ခုံတွေက လက်ချုပ်လည် သာတွေဖြစ်ပြီး လေယာဉ်သုံး flat-bed seat တွေကိုသုံးထားပါတယ်။ ဒီထိုင်ခုံတွေကလည်း ဇိမ်ကျမှုရော၊ ကျန်းမာရေးအရရော၊လုံခြုံရေးအရပါအကောင်းဆုံးဖြစ်စေမယ့်အနေအထားမျိုးဖြစ်အောင်ဖန်တီးပေးထားပါ တယ်။ နောက်ခုံတွေက ကျန်းမာရေးအရ ထောက်ခံချက်ပေးထားတဲ့ ခေါင်းမှီက ၂၇ ဒီဂရီအနေအထား၊ ခြေသ လုံးအထိခန္ဓာကိုယ်ဟန်က ၆၈ ဒီဂရီအနေအထားမျိုးဖြစ်အောင်ပြုလုပ်ထားပါတယ်။ ထိုင်ခုံအ ရောင်တွေက စိန်ပွင့်ပုံစံဒီဇိုင်းတွေပါတဲ့ အဖြူရောင်တွေဖြစ်ပြီး အတွင်းအရောင်က Navy Blueနဲ့ဒီဇိုင်းကိုတော့ Piano Seashell specific တွေနဲ့ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် အနုစိတ်ဖန်တီးမှုတွေပါတဲ့ ဒီကားမှာ သစ်အယ်သီးပင်ရဲ့အသားတွေအပါအဝင် ကျွန်းနဲ့ပါဖန်တီးထားတာမို့ အရမ်းကို Luxury ဆန်သွားပါလိမ့်မယ်။ နောက်ပြီး အတွင်းခန်းအမိုးပေါ်က လက်ရာမြောက်ဖန်တီးထားတဲ့ အာကာသပုံစံဖန်တီးထားသလို ထိန်းချုပ်မှု ခလုတ်တွေကလည်း အခြားသောကားတွေထက်ပိုပြီးလက်ရာမြောက်သလို ကိုင်တွယ်ထိတွေ့ရတာလဲ လူရဲ့ စိတ်ကိုသိနေသလိုပါပဲ။ Pointer လို Center ကထိန်းချုပ်မှုပုံစံတွေတောင်ပါဝင်ပါတယ်။ ပြီးတော့ အမျိုး သား၊အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အသုံးအဆောင်တွေကို ထည့်ဖို့ ကိုယ်ပိုင်မွှေးရနံ့ ၃ မျိုးပါတဲ့ အံဝှက်တွေ၊ ထည့်စရာတွေကို အတွင်းခန်းမှာထည့်သွင်းပေးထားပါတယ်။ ညာပေါ်ဘက်အိတ်ထဲမှာဆိုရင် ကိုယ်ပိုင် ရေမွှေးထည့်စရာနေရာနဲ့အတူ အမျိုးသားများ၊အမျိုးသမီးများအတွက် နာရီဒါမှမဟုတ် လက်ဝတ်ရတနာ ထည့်စရာအံဝှက် ၂ နေရာစီပါပါတယ်။ နောက်ပြီးတော့ ဘယ်ဘက်မှာလည်း Ladies’ နဲ့ Gentleman’s တွေအတွက် Accessory Z-Boxes တွေထည့်သွင်းထားပါသေးတယ်။ ပြီးတော့ အသံစနစ်နဲ့ညွှန်ကြားနိုင်တဲ့ navigation system, power sunroof, upgraded leather upholstery, နောက်ကြည့်ကင်မရာ, rear-seat DVD entertainment system, 15-speaker Lexicon Logic7 premium sound system, 8-disc CD changer, 18-way power front seats, 16-way power rear seats, heated and cooled cup holders, rear-seat tables, ပြင်ပအပူချိန်ညွှန်ပြမှု, အပူပေးစနစ်ပါပြီး သစ်သား၊လည်သာတွေနဲ့ ဖန်တီးထားကာ radio, climate, and navigation controls ပါတဲ့စတီယာရင်၊ power နဲ့အဖွင့်အပိတ်လုပ်နိုင်တဲ့ နောက်တံခါး, wireless headphones, iPod adapter, ရေခဲသေတ္တာ, 5-zone climate controls ပါတဲ့ air conditioning စတဲ့ ဇိမ်ခံပစ္စည်းတွေပါဝင်ပါတယ်။
အင်ဂျင်နဲ့စွမ်းဆောင်ရည်
ဒီကားက 4-door saloon ပုံစံဖြစ်ပြီး 6.75 L twin-turbocharged V12 (petrol) ဖြစ်ပြီး 8-speed automatic သုံးဂီယာစနစ်ဖြစ်ပါတယ်။ Suspension စနစ်ကလည်း ရှေ့နောက်ကို air springs and electronically controlled dampers တွေသုံးထားပါတယ်။ စွမ်းအင်ထွက်ရှိမှုကတော့ 454 hp @5350 rpm ဖြစ်ပြီး Torque က 720 N⋅m (531 lb⋅ft)@3500 ဖြစ်ပါတယ်။ သူ့တန်ဖိုးကလည်း မူရင်းဈေးကိုကဒေါ်လာ ၆သိန်းခွဲဆိုတော့ ဒီမှာစီးဖို့ဆို သိန်းကိုသောင်းနဲ့ချီကုန်ကျမှာပါ။

Specification…
Engine – 6.75 L twin-turbocharged V12 (petrol)
Transmissions – 8-Speed Auto
Maximum Power (HP/rpm) – 454 hp /5350 rpm
Maximum Torque (Nm/rpm) – 720 N⋅m (531 lb⋅ft)/3500
Top speed (km/h) – 250 km/h
Acceleration (0-62mph) – 5.3 seconds