Zawgyi Version…
1919 Transatlantic Flight အား အမှတ်တရအနေဖြင့် Rolls – Royce Wraith Eagle VIII အားထုတ်လုပ်မည်
Rolls – Royce သည် Eagle VIII အမည်ရသည် Wraith အမျိုးအစား အစင်းရေ ( ၅၀ ) ခန့် Limited Edition အနေဖြင့်ထုတ်လုပ်မည်ဖြစ်ပြီး Como ကန်ရှိ Concorso d’Eleganza Villa d’Este တွင် မိတ်ဆက်မည်ဟုသိရသည်။ ။ အဆိုပါကားများသည် လွန်ခဲ့သည့်နှစ် ( ၁၀၀ ) ခန့်က အတ္တလန် တိတ်သမုဒ္ဒရာကို လေယာဉ်ဖြင့်ဖြတ်သန်းခဲ့သည့် Pilot ( ၂ ) ဦး အား အမှတ်တရအနေဖြင့် ထုတ် လုပ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် Rolls – Royce Eagle VII unit ဖြစ်သည့် 20.3 L engine တပ်ဆင် ထားသည့် လေယာဉ်ဖြင့် ပျံသန်းခြင်းဖြစ်ပြီး လျှပ်စစ်ဂျင်နရေတာချို့ယွင်းမှုကြောင့် ခရီးစတင်စဉ်တွင် Ireland ၌ ပျက်ကျခဲ့သော်လည်း ကြယ်များ၏အကူအညီဖြင့် အခြေအနေဆိုးရွားမှု ကိုထိန်းချုပ်နိုင်ခဲ့ သည်။ ထို့ကြောင့် Special Edition ကားများတွင် Star Headliner ကို အထူးဖန်တီးထားမည်ဖြစ်ကာ Fiber အမျိုးအစား ( 1183 ) ခုဖြင့် ဆန်းသစ်စွာတန်ဆာဆင်ထားပါသည်။ အသုံးပြုမည့် သစ်သား အား ငွေရောင်နှင့် Copper တို့ဖြင့် မွမ်းမံစီချယ်ထားမည်ဖြစ်ပြီး ကမ္ဘာမြေ၏ ညအချိန်နှင့် ဆင်တူစေရန် ဖြစ်သည်။ အရှေ့Grille အား ကြေးဝါသတ္တုဖြင့် ထွင်းထုထားမည်ဖြစ်ပြီး လေယာဉ်ပျက်ကျခဲ့သည့် တည်နေရာ၏ ( Coordinates ) အား Dashboard Clock အောက်ဖက်တွင် ထွင်းထုထားပါမည်။ အဆိုပါလေယာဉ်မှူးများအား ဗြိတိန်ဘုရင်ဖြစ်သူ King George V မှ ( Honor of Knights Commanders of the British Empire ) ဆုအား အပ်နှင်းခဲ့ပါသည်။ ကားများ၏အရောင်အား ( 2 – Tone Gunmetal ) နှင့် ( Selby Grey ) အရောင်ဆေးရောင်အသုံးပြုထားမည် ဖြစ်သည်။ ထို့အတူ Grille တွင် ( လေယာဉ်အင်ဂျင်စက်အုံ ) တုပပြီး ဖန်တီးထားမှုလည်း ပါဝင်မည်ဖြစ်သည်။