Unicode version…

Rolls-Royce ၏ 2-door Luxury Coupe ဖြစ်သည့် Wraith Luminary Collection ၌ ထူးခြားသော ပါ၀င်မှုဖြစ်သည့် (အာကာသကဲ့သို့ အတွင်းမျက်နှာကျက်)အပါအဝင် စိတ်ဝင်စားဖွယ်ရာ များစွာဖြင့် သီးသန့်ထုတ်လုပ်မည်ဖြစ်ပြီး ၎င်းအား အစင်းရေ (၅၅)စင်းသာ Limited အနေဖြင့် ထုတ်လုပ်ပါမည်။ ၎င်း၏ (Starlight Headliner)ရောနှော ဖန်တီးခြင်းအား West Sussex/ Goodwood ဒေသရှိ Rolls-Royce ၏ Bespoke Collective၌ ဖန်တီးပါသည်။ ၎င်းအတွင်းမျက်နှာကျက်၌ (၁၃၄၀) ခန့်ရှိသည့် Fiber-Optic အလင်းများမှ ညအခါ ကောင်းကင်၌ ကြယ်ရောင်စုံကဲ့သို့ ပုံဖော်ခြင်းအား (နာရီ ၂၀)ခန့် ဖန်တီးပေးပါမည်။ ၎င်းနှင့် လိုက်ဖက်ညီမည့် Todur Oak Wood Veneer များကို ထည့်သွင်းထားမည်ဖြစ်ပြီး (၁၇၆)ခန့်ရှိသည့် LED Light များကို Veneer များ၏ အတွင်းပိုင်းအထိ စိမ့်ဝင်ပျံ့နှံ့စွာ ဖန်တီးထားမည် ဖြစ်ကာ Starlight Headliner များ၏ ထိန်းချုပ်မှုစနစ် နှင့် ချိတ်ဆက်ထားသည့်အတွက် Cabin ရှိ Veneer အားလုံး၌ Ambient Light ကို ဖန်တီးနိုင်ပါမည်။ ကား၏ အပြင်ဖက်၌လည်း Sunburst Gray with Rich Saddlery Tan-colored လိုင်းများအား Bonnet နှင့် ဆေးဖက် ကိုယ်ထည်များ၌ (Handmade)အနေဖြင့် ထူးခြားစွာ ပြုလုပ်ထားပါသည်။ အလားတူ Cockpit-Seat များကို Tan Leather များဖြင့် ဖန်တီးထားပြီး အနောက်ဖက် ခုံများအား အလွန်ခြားနားသည့် Anthracite Leather (သို့) Seashell Color Leather များအား Stitching Type ဖြင့် ချုပ်လုပ်ထားမည် ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် Stainless-Steal Plates များ၌ Wraith Luminary Collection – One of Fifty – Five စာတန်းများအား သေသပ်လှပစွာ ထွင်းထုထား ပါသည်။ ယခု Limited အနေဖြင့် ထုတ်လုပ်မည့် Wraith Luminary Collection အား (US $ 320000)ခန့်ဖြင့် စတင်ရောင်းချမည် ဖြစ်ပါသည်။

Zawgyi version…
