Unicode version..

Rolls-Royce Motor Cars
The Drive, Westhampnett, Chichester, West Sussex PO18 0SH
Telephone +44 (0)1243 384000
www.press.rolls-roycemotorcars.com
Rolls-Royce
မီဒီယာ အချက်အလက်
ROLLS-ROYCE ‘SWEPTAIL’ – ဝယ်သူတစ်ဦး၏ ကားတည်ဆောက်မှုဆိုင်ရာ အိပ်မက်တစ်ခုကို လက်တွေ့ဖြစ်စေခြင်း
၂၇ ဆမ ၂၀၁၇၊ Villa d’Este
Rolls-Royce 103EX Vision Vehicle
ဤ Vision Vehicle Rolls-Royce
ထိုသို့သော Rolls-Royce တစ်စီးသည် ပုဂ္ဂိုလ် တစ်ဦးချင်းစီ အတွက် ဘယ်သူနှင့်မျှ မတူဘဲ ပုဂ္ဂလိက အကြိုက် အထူးထုတ်လုပ်ပေးနေတဲ့ မော်တော်ကား တစ်စီးရဲ့ ကြွယ်ဝမှု ပြယုဂ်တစ်ခုဆိုတဲ့အချက်ကိုကိုယ်စားပြုပါတယ်။
သို့သော်လည်း အနာဂတ် အထူးသီးသန့် Rolls-Royce တစ်စီးဆိုတဲ့ အိုင်ဒီယာက Rolls-Royce နှစ်ခြိုက်သူတစ်ဦးအတွေက် မလုံလောက်ခဲ့ပါဘူး။ အဲဒီပုဂ္ဂိုလ်က သူ ဖန်တီးချင်နေတဲ့ သူ့ကိုယ်ပိုင် အိုင်ဒီယာ နှစ်ယောက်စီး Rolls-Royce ကားတစ်စီးကို ကားပုံစံထုတ်ဌာနထံ ယူဆောင်လာခဲ့ပါတယ်။ အဲဒီမော်တော်ကားကတော့ အခု ဒီမှာ ရှိနေပြီး “Sweptail” လို့ အမည်ပေးထားပါတယ်။ ၁၉၂၀ နှစ်များဆီက Rolls-royce ကားတွေရဲ့ Sweptail ကို ဝယ်သူက အလွေန်နှစ်ခြိုက်တာကြောင့် သူ့ရဲ့ တစ်စီးတည်း ထုတ်တဲ့ သီးသန့်ကားမှာ ဒီပုံစံကို ပြန်အသက်သွင်းပေးဖို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ မေလ ၂၇ ရက်နေ့က Villa d’Este မှာရှိတဲ့ Concorso d’Eleganza မှာ ဒီကားကို မီဒီယာတွေနဲ့ မိတ် ဆက်ပြသရင်း Rolls-Royce Motor Cars ရဲ့ အမှုဆောင်အရာရှိချုပ် Torsten Müller-Ötvös က “Sweptail က တကယ်ကို အံ့မခန်းကားတစ်စီးပါ။ သူ့မှာ ခရီးသွာခြင်းကို စုံမက်တဲ့ ကိုယ်ပိုင် ဝိသေသ ပါဝင်နေပြီး ကမ္ဘာ့ မဟာ intercontinental tourer ကားတွေရဲ့ ဘုံဗိမာန်မှာ ‘Sweptail’ အတွေက် တစ်နေရာက ချက်ချင်း ပေါ်ပေါက်နေပါပြီ။ Rolls-Royce ရဲ့ ကမ္ဘာ့ထိပ်တန်း ကားကိုယ်ထည် ထုတ်လုပ်သူ ဖြစ်ခြင်းဆိုတဲ့ သမိုင်းေြ ကာင်းက သူ့ကို ကမ္ဘာ့ ထိပ်တန်း ဇိမ်ခံ အမှတ်တံဆိပ်တစ်ခု ဖြစ်စေတဲ့ ပင်မ အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အထူးဖော်က်သည်တွေရဲ့ စကားသံကို ဂရုတစိုက် နားထောင်ပေးပြီး အလားတူ အထူးသီးသန့် လက်ရာ ကားကိုယ်ထည်တွေအတွက် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိလဲဆိုတာကို ဆန်းစစ်သုံးသပ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလို ဇိမ်ခံပစ္စည်းတွေကို ကောင်းကောင်း နားလည်တဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် တမူထူးခြားတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အရင်းအမြစ်တွေကိုလည်း ရှာဖွေပါတယ်။” ဟု ပြောခဲ့ပါသည်။
‘Sweptail’ – မျှော်မှန်းချက်တစ်ခု လက်တွေ့ ဖြစ်လာခြင်း
“Sweptail က ကားလောကရဲ့ Haute Couture (ဇိမ်ခံက်ရှင်) ပါပဲ။ သူ့ကို Rolls-Royce က ပုံစံထုတ်ပြီး ဝယ်သူ မှာ ကြားချက်နဲ့ ကိုက်အောင် လက်နဲ့ အထူး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဝယ်သူက Rolls-Royce ဌာနချုပ်ကို အိုင်ဒီယာတစ်ခုနဲ့ အတူ ရောက်လာခဲ့ပြီး သူ့ရဲ့ အဝတ်အစား အိုင်ဒီယာအပေါ် ဖန်တီးမှုလုပ်ငန်းစဉ်အရ အ ကြံဉာဏ်တွေ ပေါင်းထည့်ပေးတယ်၊ နောက်ဆုံးမှာတော့ သူ့အတွက် အထူးသီးသန့် အဝတ်တစ်ထည် ချုပ်ပေးလိုက်တယ်ဆိုတဲ့ သဘောပါပဲ။ သူ့ကို လူတွေ ရှုမြင် ကြမယ့် အဝတ်အစား အဆင့်အတန်းမျိုး ဖြစ်အောင် ကျွန်တော်တို့က ချုပ်လုပ်ပေးလိုက်တာလို့ ပြောနိုင်ပါတယ်။” ဟု Rolls-Royce Motor Cars မှ ဒီဇိုင်းပိုင်း ညွှန် ကြားရေးမှူး Giles Taylor က မှတ်ချက်ပြုခဲ့ပါသည်။
၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များဆီက သီးသန့် အော်ဒါလက်ခံ ထုတ်လုပ်ခဲ့တဲ့ Rolls-Royce ကားတွေရဲ့ အလှတရားကို အခြေတည်ပြီး ဝယ်သူ ဖြစ်ချင်ခဲ့တာက မြင်ကွင်းကျယ် ဖန်သား အမိုးတစ်ခု ပါတဲ့ နှစ်ဆယာက်စီး coupé အမျိုးအစား အထူးထုတ် ကားတစ်စီးပဲ ဖြစ်ပါတယ်။ Rolls-Royce ကားတွေကို နှစ်ခြိုက်မြတ်နိုးသူ တစ်ဦးဖြစ်တဲ့အတွက် သူဟာ ၂၀ ရာစု အစောပိုင်းက ကားအမျိုးအစား အတော်များများကို နှစ်သက်သလို ခေတ်ဟောင်းနဲ့ခေတ်သစ် အပျော်စီးရွက်သဘောင်္ ပုံစံ အမျိုးမျိုးကိုလည်း နှစ်သက်ပါသေးတယ်။
နှစ်ကာလ တစ်ခု ကြာအောင် Taylor နဲ့ သူ့ရဲ့ ဒီဇိုင်နာအဖွဲ့တို့က ဖောက်သည်နဲ့ဆွေး နွေးတိုင်ပင်ပြီး ဖောက်သည်ရဲ့ ထူးခြားတဲ့ မျှော်မှန်ဒချက်ကို လက်တွေ့ဖြစ်လာအောင် အတူတကွ ကြိုးပမ်းရင်း ထူးခြားအံ့ဖွယ် တီထွင် ကြံဆမှု ခရီးရှည်တစ်ခုကို လျှောက်လှမ်းခဲ့ ကြပါတယ်။ ယခု အထူးသီးသန့် တည်ဆောက်တဲ့ စီမံကိန်းရဲ့ ရလဒ်ကတော့ လုံးဝ အတုမရှိ အတူမရှိတဲ့ Rolls-Royce ‘Sweptail’ ဖြစ်လာခဲ့ပါပြီ။
‘Sweptail’ – ထူးခြားပြောင်မြောက်သည့် မျှော်မှန်းချက်တစ်ခု
‘Sweptail’ ကတော့ အထူးသီးသန့် ကားပုံစံတစ်ခုရဲ့ DNA နဲ့ ထပ်တူကျတဲ့ Rolls-Royce တစ်စီးဆို တာ မေးခွန်းထုတ်စရာ မလိုပါဘူး။ လူတစ်ယောက်ရဲ့ အာရုံကို ပထမဦး ဖမ်းစားနိုင်မှာကတော့ ယုံ ကြည်မှု ပြည့်ဝ ခိုင်ခုံ့ပီး Rolls-Royce ရဲ့ နာမည်ကျော် Pantheon ဇကာကွက် တပ်ဆင်ထားတဲ့ အရှေ့မျက်နှာစာပိုင်းပဲ ဖြစ်ပါတယ်။ ခေတ်သစ် Rolls-Royce ကားတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒီဇကာကွက်ကို ခိုင်မာတဲ့ အလူမီနီယံနဲ့ ပုံစံခတ်ထားပြီး မှန်လို ပြောင်လက်နေအောင် လက်နဲ့ ကြိမ်ဖန်များစွာ အရောင်တင် တိုက်ချွတ်ထားတာ ဖြစ်ပါတယ်။ ‘Sweptail’ ရဲ့ ရှေ့မျက်နှာစာ အစွန်းပိုင်းတွေကို ပွတ်တိုက်အချောသတ်ထားတဲ့ အလူမီနီယံနဲ့ ဘောင်ခတ်ထားပါတယ်။
‘Sweptail’ ရဲ့ ဘေး တစ်ဖက်တစ်ချက်ကို လှည့်ပတ် ကြည့်လိုက်ရင်တော့ တမူထူးခြားလှတဲ့ မျက်စိပသာဒ ဖြစ်စရာ ဆေးရောင် အနားသတ် ခြယ်သမှုကို မြင်နိုင်ပါတယ်။ ခပ်မြင့်မြင့် ခမ်းနားတဲ့ အရှေ့ပိုင်း ပုံသဏ္ဍာန်မှသည် ‘Sweptail’ ရဲ့ အနားသတ်မျဉ်းများဟာ သွယ်ပျောင်း ကြော့ရှင်းတဲ့ အသွင်အပြင်ကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ ဒီနန်းဆန်လှတဲ့ coupé ကားရဲ့ အရွယ်အစားနဲ့ ခမ်းနားမှုကတော့ ရှုမြင်ရတဲ့ အတိုင်းပါပဲ။ ရှေ့လေကာမှန်ြ့ကီးရဲ့ ထိပ်စွန်းမှသည် အမိုးစွန်းမျဉ်းဟာ အနောက်ဖက်ပိုင်းကို မီးတောက်လောင်သလို နောက်ဖုံးအစွန်းထိ စီးမျောသွားပြီး ကားရဲ့ အလျားကို အာရုံစိုက်မိစေဖို့ အားဖြည့်ပေးထားပါတယ်။
နောက်ဖက်ပိုင်းရဲ့ ခိုင်မာ ကျစ်လစ်တဲ့ လက်ရာကတော့ ဝယ်သူရဲ့ စိတ်ကို ဖမ်းစားခဲ့တဲ့ ပြိုင်ပွဲဝင် ရွက်သင်္ဘောများရဲ့ကမ္ဘာကို အထူး ကိုယ်စားပြုနေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဖက်ကနေ တိုက်ရိုက် မြင်ရသည့်အတိုင်း နောက်ဖျားစွန်းဟာ ကားရဲ့ ရှေ့ပိုင်းနဲ့ သိသိသာသာကြီးကို ကွဲပြားနေပြီး ဆန်းကျယ်တဲ့ Rolls-Royce Coupé တစ်စီးအတွေက် လုံးဝ သစ်လွင်ဆန်းပြားတဲ့ အမြင်သစ်ကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီအထူးထုတ် မော်တော်ကားရဲ့ ရှင်းလင်းတဲ့ နောက်ဖက်ပိုင်းကို သူ့ရဲ့ လိုင်စင်နံပါတ်ဖြစ်တဲ့ ၀၈ ဆိုတဲ့ အလူမီင်္နယံချောင်းကို အပူပေးပုံသွင်းပြီး လက်ဖြင့် တိုက်ချွတ်ထားတဲ့ ဂဏန်းနှစ်လုံးနဲ့ တန်ဆာ ဆင်ထားပါတယ်။
နန်းဆန်ပြီး ခေတ်မီတဲ့ အတွင်းပိုင်း
နံဘေးမှ ကြည့်လျှင် ရှင်းလင်းပြီး ခမ်းနားတဲ့ကားကိုယ်ထည်မှာ ရှည်လျားတဲ့ ဘေးပြူတင်းပေါက်တွေနဲ့ မြင်ကွင်းကျယ် မှန်သားအမိုးတို့က ပြိုင်စံကင်းဆုံး Rolls-Royce ကားရဲ့ စီးနင်းသူ နှစ်ယောက်ကို ခေတ်မီပြီး ရှင်းလင်းတဲ့ လက်မှုလက်ရာ အတွင်းပိုင်းအပြင်အဆင်တွေနဲ့အတူ တောက်ပ ထင်ရှားနေစေမှာ ဖြစ်ပါတယ်။
ကြီးမားတဲ့ ပြူတင်းပေါက်တွေနဲ့ အမိုးတို့ကို ဖြတ်ပြီး ကမ္ဘာကြီးကို ကြည့်နိုင်တာ တခြား ဘယ်လိုနေရာမျိုးများ ရှိ ဦးမှာပါလဲ။ ကားအတွင်းပိုင်းမှာတော့ ရိုးရိုးနှင့် ရှင်းရှင်းဆိုသည့် အယူအဆက လွှမ်းမိုးထားပြီး အစိတ်အပိုင်းတွေ ရှုပ်ပွေပွေလီနေမှု မရှိအောင် ပြုလုပ်ထားပါတယ်။
အရောင်တင်ထားတဲ့ မကာဆာ ရင်းတိုက်သားနဲ့ စိမ့်ပေါက်ပါတဲ့ သစ်မာသားတို့ ဖောဖောသီသီ သုံးထားတဲ့ အတွင်းပိုင်း အပြင်အဆင်က ပိုင်ရှင်အတွက် အမြင်နှင့် အထိအတွေ့တို့တွင် ခေတ်ဟောင်းနှင့် ခေတ်ဆန်း ရသ နှစ်မျိုးလုံးကို ပေးစွမ်းနိုင်ပါတယ် ။ ယင်းတို့ကို အညိုနုနုနှင့် အညိုရင့် သားရေ အရောင်နှစ်မျိုး ပေါင်းစပ် ပြုလုပ်ထားတဲ့ ထိုင်ခုံ၊ လက်တင်နှင့် ဒက်ရှ်ဘုတ်တို့က ထပ်မံ အားဖြည့်ပေးထားပါ တယ်။
၂၀ နှင့် ၃၀ပြည့်နှစ်များတွေင် Rolls-Royce က စတင်ခဲ့ transcontinental GT ရဲ့ စိတ်ဝိဉာည် ပူးကပ်ခံရသည့်အတိုင်း နောက်ဘက် ထိုင်ခုံများနေရာတွင် ပြောင်လက်တောက်ပသော ဖန်နှုတ်ခမ်းသား တစ်ခုပါသည့် အလယ်ကန့်တစ်ခုအဖြစ် ကျယ်ပြန့်သော သစ်သားထည် လက်ရာကို ထည့်သွင်းထား ပါတယ် နောက်ဖုံးကို ဖွင့်၍ ယူနိုင် တဲ့နေရာမှာ ဦးထုတ်ထည့် တဲ့အကန့်ကို လှပတောက်ပြောင်စွာဖြင့် အထုတ်အပိုး ထည့်တဲ့ ချိတ်တန်းတွေနဲ့အ တူ တွေ့နိုင်ပါတယ် ။
ထိုင်သူများ၏ အနောက်တွင် Passarelle ဟုခေါ်သော အစိတ်အပိုင်းက ရှေ့လေကာမှန်ကြီး၏ အနောက်ဘက် အစွန်းမှ စတင်၍ ဦးထုတ်ထည့် အကန့်အထိ မျက်ရည်စက်ပုံစံ ချိတ်ဆက်ထားပါ ။
ယနေ့အချိန်အထိ Rolls-Royce အတွက် အရှင်းလင်းဆုံး ဒက်ရှ်ဘုတ်သည် ရိုးရှင်းမှု ကျင့်ထုံးကို လက်ကိုင်ထားကာ ထိန်းချုပ်ခလုတ် တစ်ခုသာ ချန်ထားပြီး ကျန်ခလုတ် အားလုံးကို အမျှော်အမြင်ကြီးစွာဖြင့် နေရာရွှေ့ထားခဲ့ပြီး နာရီဒိုင်ခွက်ကတော့ သပ်ရပ်စွာပဲ မြှုပ်နှံ ထည့်သွင်းပေးထားပါတယ်။ ကမ္ဘာ့ ပထမဆုံး အနေဖြင့် ယင်း ပုံတူမရှိသော Rolls-Royceနာာရီ၏ မျက်နှာပြင်ကိုလည်း အပါးလွှာဆုံးသော မကာဆာ ရင်းတိုက်သားဖြင့် လက်မှုပညာ အသုံးပြု ထုတ်လုပ်ထားကာ ဒိုင်ခွက်ခုံအတွင်း မြှုပ်နှံထားပြီး တိကျသော စက်တပ် တိုက်တေနီယမ် လက်တံများက ထင်ရှားပေါ်လွင်နေစေပါ သည် တိုက်တေနီယမ်ကို လက်ဖြင့် တပ်ဆင်ထားသော ညွှန်ပြ ဒိုင်ခွက် သုံးခုစလုံးတွင်လည်း အသုံးပြုထားပါတယ်။
‘Sweptail’ တွေင် လျှို့ဝှက်စွာ ထည့်သွင်းထားသည့် အံ့ဩ နှစ်ခြိုက်ဖွယ် လုပ်ဆောင်ချက် နှစ်ခု ရှိပါသေးတယ် ။

မော်တော်ကား ဘေးတစ်ဖက်တစ်ချက် တံခါးပေါက်များ အနောက်အပြင်ဘက်နံရံများတွင် တစ်ပုံစံတည်း တူညီသည့် အကန့်ငယ်နှစ်ခု ပါရှိပြီး ခလုတ်တစ်ခု နှိပ်ရုံဖြင့် ယင်းတို့အတွင်းမှ လက်ဖြင့် ပြုလုပ်ထားသော လက်ကိုင်အိတ် နှစ်အိတ် ထွက်လာမှာ ဖြစ်ပါတယ် ။
ယင်းလက်ကိုင်အိတ်များဟာ ‘Sweptail’ အတွက် Rolls-Royce က သီးသန့် ထုတ်လုပ်ပေးထား တဲ့ခရီးဆောင် သေတ္တာ အရွယ်စုံနှင့် အဆင်ဒီဇိုင်းတူ ဖြစ်ပါ တယ်။
ဤ အတူမရှိသည့် အနုပညာမြောက်လက်ရာ ပစ္စည်းသည်လည်း ‘Sweptail’ ၏ ကျန်အစိတ်အပိုင်းများ ကဲ့သို့ပင် ပိုင်ရှင်၏ ကိုယ်ပိုင်စိတ်ကူး ဖြစ်ပါတယ် ။ ခုံနှစ်ခုံအ ကြားရှိ အကန့်သည်လည်း ပိုင်ရှင်၏ စိတ်ကြိုက် သက်ရင့် ရှန်ပိန်နှင့် သလင်း ရှန်ပိန်နှစ်ခွက် တို့ ထည့်သိမ်းနိုင်မည့် အတူမရှိသော လက်ဖြင့်ပြုလုပ်ထားတဲ့ အကန့်တစ်ခုအဖြစ် ပုံစံထုတ်ထားပါတယ်။
တစ်ကိုယ်ရည် စိတ်ကြိုက် တစ်ဦးတစ်ယောက်တည်းအတွက် အထူးပြုလုပ်ပေးတဲ့ Rolls-Royce ဖြစ်တာ နှင့်အညီ ‘Sweptail’ ၏ အစိတ်အပိုင်းတိုင်း အရည်အသွေးမြင့် လက်ဖြင့် အသေးစိတ် ဂရုတစိုက် ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ။ အတိုချုပ် ပြောရလျှင် ထုံးစံအတိုင်း Rolls-Royce ကတော့ မည်သူနှင့်မျှ တူမည် မဟုတ်ပေ။

Rolls-Royce Torpedo Photo: James Lipman / jameslipman.com

Rolls-Royce Torpedo Photo: James Lipman / jameslipman.com

Rolls-Royce Torpedo Photo: James Lipman / jameslipman.com

Rolls-Royce Torpedo Photo: James Lipman / jameslipman.com

Rolls-Royce Torpedo Photo: James Lipman / jameslipman.com

Zawgyi version…

Rolls-Royce Motor Cars
The Drive, Westhampnett, Chichester, West Sussex PO18 0SH
Telephone +44 (0)1243 384000
www.press.rolls-roycemotorcars.com
Rolls-Royce
မီဒီယာ အခ်က္အလက္
ROLLS-ROYCE ‘SWEPTAIL’ – ဝယ္သူတစ္ဦး၏ ကားတည္ေဆာက္မွုဆိုင္ရာ အိပ္မက္တစ္ခုကို လက္ေတြ႕ျဖစ္ေစျခင္း
၂၇ ဆမ ၂၀၁၇၊ Villa d’Este
Rolls-Royce 103EX Vision Vehicle
ဤ Vision Vehicle Rolls-Royce
ထိုသို႔ေသာ Rolls-Royce တစ္စီးသည္ ပုဂၢိဳလ္ တစ္ဦးခ်င္းစီ အတြက္ ဘယ္သူႏွင့္မၽွ မတူဘဲ ပုဂၢလိက အျကိုက္ အထူးထုတ္လုပ္ေပးေနတဲ့ ေမာ္ေတာ္ကား တစ္စီးရဲ့ ျကြယ္ဝမွု ျပယုဂ္တစ္ခုဆိုတဲ့အခ်က္ကိုကိုယ္စားျပုပါတယ္။
သို႔ေသာ္လည္း အနာဂတ္ အထူးသီးသန့္ Rolls-Royce တစ္စီးဆိုတဲ့ အိုင္ဒီယာက Rolls-Royce ႏွစ္ျခိုက္သူတစ္ဦးအေတြက္ မလုံေလာက္ခဲ့ပါဘူး။ အဲဒီပုဂၢိဳလ္က သူ ဖန္တီးခ်င္ေနတဲ့ သူ႔ကိုယ္ပိုင္ အိုင္ဒီယာ ႏွစ္ေယာက္စီး Rolls-Royce ကားတစ္စီးကို ကားပုံစံထုတ္ဌာနထံ ယူေဆာင္လာခဲ့ပါတယ္။ အဲဒီေမာ္ေတာ္ကားကေတာ့ အခု ဒီမွာ ရွိေနျပီး “Sweptail” လို႔ အမည္ေပးထားပါတယ္။ ၁၉၂၀ ႏွစ္မ်ားဆီက Rolls-royce ကားေတြရဲ့ Sweptail ကို ဝယ္သူက အေလြန္ႏွစ္ျခိုက္တာေျကာင့္ သူ႔ရဲ့ တစ္စီးတည္း ထုတ္တဲ့ သီးသန့္ကားမွာ ဒီပုံစံကို ျပန္အသက္သြင္းေပးဖို့ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။
၂၀၁၇ ေမလ ၂၇ ရက္ေန့က Villa d’Este မွာရွိတဲ့ Concorso d’Eleganza မွာ ဒီကားကို မီဒီယာေတြနဲ့ မိတ္ ဆက္ျပသရင္း Rolls-Royce Motor Cars ရဲ့ အမွုေဆာင္အရာရွိခ်ဳပ္ Torsten Müller-Ötvös က “Sweptail က တကယ္ကို အံ့မခန္းကားတစ္စီးပါ။ သူ႔မွာ ခရီးသြာျခင္းကို စုံမက္တဲ့ ကိုယ္ပိုင္ ဝိေသသ ပါဝင္ေနျပီး ကမၻာ့ မဟာ intercontinental tourer ကားေတြရဲ့ ဘုံဗိမာန္မွာ ‘Sweptail’ အေတြက္ တစ္ေနရာက ခ်က္ခ်င္း ေပၚေပါက္ေနပါျပီ။ Rolls-Royce ရဲ့ ကမၻာ့ထိပ္တန္း ကားကိုယ္ထည္ ထုတ္လုပ္သူ ျဖစ္ျခင္းဆိုတဲ့ သမိုင္းေျ ကာင္းက သူ႔ကို ကမၻာ့ ထိပ္တန္း ဇိမ္ခံ အမွတ္တံဆိပ္တစ္ခု ျဖစ္ေစတဲ့ ပင္မ အခ်က္ပဲ ျဖစ္ပါတယ္။ က်ြန္ေတာ္တို႔က ကၽြန္ေတာ္တို႔ရဲ့ အထူးေဖာ္က္သည္ေတြရဲ့ စကားသံကို ဂ႐ုတစိုက္ နားေထာင္ေပးျပီး အလားတူ အထူးသီးသန့္ လက္ရာ ကားကိုယ္ထည္ေတြအတြက္ ရင္းႏွီးျမွုပ္ႏွံမွု ဘယ္ေလာက္ရွိလဲဆိုတာကို ဆန္းစစ္သုံးသပ္ေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဒီလို ဇိမ္ခံပစၥည္းေတြကို ေကာင္းေကာင္း နားလည္တဲ့ ကၽြန္ေတာ္တို႔ရဲ့ ေဖာက္သည္ေတြအတြက္ တမူထူးျခားတဲ့ ဝန္ေဆာင္မွုေတြ ေပးနိုင္ဖို့အရင္းအျမစ္ေတြကိုလည္း ရွာေဖြပါတယ္။” ဟု ေျပာခဲ့ပါသည္။
‘Sweptail’ – ေမၽွာ္မွန္းခ်က္တစ္ခု လက္ေတြ႕ ျဖစ္လာျခင္း
“Sweptail က ကားေလာကရဲ့ Haute Couture (ဇိမ္ခံက္ရွင္) ပါပဲ။ သူ႔ကို Rolls-Royce က ပုံစံထုတ္ျပီး ဝယ္သူ မွာ ျကားခ်က္နဲ့ ကိုက္ေအာင္ လက္နဲ့ အထူး ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ဒီဝယ္သူက Rolls-Royce ဌာနခ်ဳပ္ကို အိုင္ဒီယာတစ္ခုနဲ့ အတူ ေရာက္လာခဲ့ျပီး သူ႔ရဲ့ အဝတ္အစား အိုင္ဒီယာအေပၚ ဖန္တီးမွဳလုပ္ငန္းစဥ္အရ အ ျကံဉာဏ္ေတြ ေပါင္းထည့္ေပးတယ္၊ ေနာက္ဆံုးမွာေတာ့ သူ႔အတြက္ အထူးသီးသန့္ အဝတ္တစ္ထည္ ခ်ဳပ္ေပးလိုက္တယ္ဆိုတဲ့ သေဘာပါပဲ။ သူ႔ကို လူေတြ ရွုျမင္ ျကမယ့္ အဝတ္အစား အဆင့္အတန္းမ်ိဳး ျဖစ္ေအာင္ ကၽြန္ေတာ္တို႔က ခ်ဳပ္လုပ္ေပးလိုက္တာလို႔ ေျပာနိုင္ပါတယ္။” ဟု Rolls-Royce Motor Cars မွ ဒီဇိုင္းပိုင္း ညႊန္ ျကားေရးမွူး Giles Taylor က မွတ္ခ်က္ျပုခဲ့ပါသည္။
၁၉၂၀ ႏွင့္ ၁၉၃၀ ျပည့္ႏွစ္မ်ားဆီက သီးသန့္ ေအာ္ဒါလက္ခံ ထုတ္လုပ္ခဲ့တဲ့ Rolls-Royce ကားေတြရဲ့ အလွတရားကို အေျခတည္ျပီး ဝယ္သူ ျဖစ္ခ်င္ခဲ့တာက ျမင္ကြင္းက်ယ္ ဖန္သား အမိုးတစ္ခု ပါတဲ့ ႏွစ္ဆယာက္စီး coupé အမ်ိဳးအစား အထူးထုတ္ ကားတစ္စီးပဲ ျဖစ္ပါတယ္။ Rolls-Royce ကားေတြကို ႏွစ္ျခိုက္ျမတ္နိုးသူ တစ္ဦးျဖစ္တဲ့အတြက္ သူဟာ ၂၀ ရာစု အေစာပိုင္းက ကားအမ်ိဳးအစား အေတာ္မ်ားမ်ားကို ႏွစ္သက္သလို ေခတ္ေဟာင္းနဲ့ေခတ္သစ္ အေပ်ာ္စီးရြက္သေဘာၤ ပုံစံ အမ်ိဳးမ်ိဳးကိုလည္း ႏွစ္သက္ပါေသးတယ္။
ႏွစ္ကာလ တစ္ခု ျကာေအာင္ Taylor နဲ့ သူ႔ရဲ့ ဒီဇိုင္နာအဖဲြ႕တို႔က ေဖာက္သည္နဲ့ေဆြး ေႏြးတိုင္ပင္ျပီး ေဖာက္သည္ရဲ့ ထူးျခားတဲ့ ေမၽွာ္မွန္ဒခ်က္ကို လက္ေတြ႕ျဖစ္လာေအာင္ အတူတကြ ျကိဳးပမ္းရင္း ထူးျခားအံ့ဖြယ္ တီထြင္ ျကံဆမွု ခရီးရွည္တစ္ခုကို ေလၽွာက္လွမ္းခဲ့ ျကပါတယ္။ ယခု အထူးသီးသန့္ တည္ေဆာက္တဲ့ စီမံကိန္းရဲ့ ရလဒ္ကေတာ့ လုံးဝ အတုမရွိ အတူမရွိတဲ့ Rolls-Royce ‘Sweptail’ ျဖစ္လာခဲ့ပါျပီ။
‘Sweptail’ – ထူးျခားေျပာင္ေျမာက္သည့္ ေမၽွာ္မွန္းခ်က္တစ္ခု
‘Sweptail’ ကေတာ့ အထူးသီးသန့္ ကားပုံစံတစ္ခုရဲ့ DNA နဲ့ ထပ္တူက်တဲ့ Rolls-Royce တစ္စီးဆို တာ ေမးခြန္းထုတ္စရာ မလိုပါဘူး။ လူတစ္ေယာက္ရဲ့ အာ႐ုံကို ပထမဦး ဖမ္းစားနိုင္မွာကေတာ့ ယုံ ျကည္မွု ျပည့္ဝ ခိုင္ခံ့ုပီး Rolls-Royce ရဲ့ နာမည္ေက်ာ္ Pantheon ဇကာကြက္ တပ္ဆင္ထားတဲ့ အေရွ႕မ်က္ႏွာစာပိုင္းပဲ ျဖစ္ပါတယ္။ ေခတ္သစ္ Rolls-Royce ကားေတြထဲမွာ အျကီးဆံုးျဖစ္တဲ့ ဒီဇကာကြက္ကို ခိုင္မာတဲ့ အလူမီနီယံနဲ့ ပုံစံခတ္ထားျပီး မွန္လို ေျပာင္လက္ေနေအာင္ လက္နဲ့ ျကိမ္ဖန္မ်ားစြာ အေရာင္တင္ တိုက္ခၽြတ္ထားတာ ျဖစ္ပါတယ္။ ‘Sweptail’ ရဲ့ ေရွ႕မ်က္ႏွာစာ အစြန္းပိုင္းေတြကို ပြတ္တိုက္အေခ်ာသတ္ထားတဲ့ အလူမီနီယံနဲ့ ေဘာင္ခတ္ထားပါတယ္။
‘Sweptail’ ရဲ့ ေဘး တစ္ဖက္တစ္ခ်က္ကို လွည့္ပတ္ ျကည့္လိုက္ရင္ေတာ့ တမူထူးျခားလွတဲ့ မ်က္စိပသာဒ ျဖစ္စရာ ေဆးေရာင္ အနားသတ္ ျခယ္သမွုကို ျမင္နိုင္ပါတယ္။ ခပ္ျမင့္ျမင့္ ခမ္းနားတဲ့ အေရွ႕ပိုင္း ပုံသ႑ာန္မွသည္ ‘Sweptail’ ရဲ့ အနားသတ္မ်ဥ္းမ်ားဟာ သြယ္ေပ်ာင္း ေျကာ့ရွင္းတဲ့ အသြင္အျပင္ကို ကူးေျပာင္းသြားတာ ျဖစ္ပါတယ္။ ဒီနန္းဆန္လွတဲ့ coupé ကားရဲ့ အရြယ္အစားနဲ့ ခမ္းနားမွုကေတာ့ ရွုျမင္ရတဲ့ အတိုင္းပါပဲ။ ေရွ႕ေလကာမွန္ျ့ကီးရဲ့ ထိပ္စြန္းမွသည္ အမိုးစြန္းမ်ဥ္းဟာ အေနာက္ဖက္ပိုင္းကို မီးေတာက္ေလာင္သလို ေနာက္ဖံုးအစြန္းထိ စီးေမ်ာသြားျပီး ကားရဲ့ အလ်ားကို အာ႐ုံစိုက္မိေစဖို႕ အားျဖည့္ေပးထားပါတယ္။
ေနာက္ဖက္ပိုင္းရဲ့ ခိုင္မာ က်စ္လစ္တဲ့ လက္ရာကေတာ့ ဝယ္သူရဲ့ စိတ္ကို ဖမ္းစားခဲ့တဲ့ ျပိုင္ပြဲဝင္ ရြက္သေဘၤာမ်ားရဲ့ကမၻာကို အထူး ကိုယ္စားျပုေနတယ္လို႔ ဆိုနိုင္ပါတယ္။ ေနာက္ဖက္ကေန တိုက္ရိုက္ ျမင္ရသည့္အတိုင္း ေနာက္ဖ်ားစြန္းဟာ ကားရဲ့ ေရွ႕ပိုင္းနဲ့ သိသိသာသာျကီးကို ကြဲျပားေနျပီး ဆန္းက်ယ္တဲ့ Rolls-Royce Coupé တစ္စီးအေတြက္ လုံးဝ သစ္လြင္ဆန္းျပားတဲ့ အျမင္သစ္ကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။

ဒီအထူးထုတ္ ေမာ္ေတာ္ကားရဲ့ ရွင္းလင္းတဲ့ ေနာက္ဖက္ပိုင္းကို သူ႔ရဲ့ လိုင္စင္နံပါတ္ျဖစ္တဲ့ ၀၈ ဆိုတဲ့ အလူမီနၤယံေခ်ာင္းကို အပူေပးပုံသြင္းျပီး လက္ျဖင့္ တိုက္ခၽြတ္ထားတဲ့ ဂဏန္းနွစ္လုံးနဲ့ တန္ဆာ ဆင္ထားပါတယ္။
နန္းဆန္ျပီး ေခတ္မီတဲ့ အတြင္းပိုင္း
နံေဘးမွ ျကည့္လၽွင္ ရွင္းလင္းျပီး ခမ္းနားတဲ့ကားကိုယ္ထည္မွာ ရွည္လ်ားတဲ့ ေဘးျပူတင္းေပါက္ေတြနဲ့ ျမင္ကြင္းက်ယ္ မွန္သားအမိုးတို႔က ျပိုင္စံကင္းဆံုး Rolls-Royce ကားရဲ့ စီးနင္းသူ ႏွစ္ေယာက္ကို ေခတ္မီျပီး ရွင္းလင္းတဲ့ လက္မွုလက္ရာ အတြင္းပိုင္းအျပင္အဆင္ေတြနဲ့အတူ ေတာက္ပ ထင္ရွားေနေစမွာ ျဖစ္ပါတယ္။
ျကီးမားတဲ့ ျပူတင္းေပါက္ေတြနဲ့ အမိုးတို႔ကို ျဖတ္ျပီး ကမၻာျကီးကို ျကည့္နိုင္တာ တျခား ဘယ္လိုေနရာမ်ိဳးမ်ား ရွိ ဦးမွာပါလဲ။ ကားအတြင္းပိုင္းမွာေတာ့ ရိုးရိုးႏွင့္ ရွင္းရွင္းဆိုသည့္ အယူအဆက လႊမ္းမိုးထားျပီး အစိတ္အပိုင္းေတြ ရွုပ္ေပြေပြလီေနမွု မရွိေအာင္ ျပုလုပ္ထားပါတယ္။
အေရာင္တင္ထားတဲ့ မကာဆာ ရင္းတိုက္သားနဲ့ စိမ့္ေပါက္ပါတဲ့ သစ္မာသားတို႔ ေဖာေဖာသီသီ သုံးထားတဲ့ အတြင္းပိုင္း အျပင္အဆင္က ပိုင္ရွင္အတြက္ အျမင္ႏွင့္ အထိအေတြ႕တို႔တြင္ ေခတ္ေဟာင္းႏွင့္ ေခတ္ဆန္း ရသ ႏွစ္မ်ိဳးလုံးကို ေပးစြမ္းနိုင္ပါတယ္ ။ ယင္းတို႔ကို အညိဳႏုႏုႏွင့္ အညိဳရင့္ သားေရ အေရာင္ႏွစ္မ်ိဳး ေပါင္းစပ္ ျပုလုပ္ထားတဲ့ ထိုင္ခုံ၊ လက္တင္ႏွင့္ ဒက္ရွ္ဘုတ္တို႔က ထပ္မံ အားျဖည့္ေပးထားပါ တယ္။
၂၀ ႏွင့္ ၃၀ျပည့္ႏွစ္မ်ားေတြင္ Rolls-Royce က စတင္ခဲ့ transcontinental GT ရဲ့ စိတ္ဝိဉာည္ ပူးကပ္ခံရသည့္အတိုင္း ေနာက္ဘက္ ထိုင္ခုံမ်ားေနရာတြင္ ေျပာင္လက္ေတာက္ပေသာ ဖန္ႏွုတ္ခမ္းသား တစ္ခုပါသည့္ အလယ္ကန့္တစ္ခုအျဖစ္ က်ယ္ျပန့္ေသာ သစ္သားထည္ လက္ရာကို ထည့္သြင္းထား ပါတယ္ ေနာက္ဖံုးကို ဖြင့္၍ ယူနိုင္ တဲ့ေနရာမွာ ဦးထုတ္ထည့္ တဲ့အကန့္ကို လွပေတာက္ေျပာင္စြာျဖင့္ အထုတ္အပိုး ထည့္တဲ့ ခ်ိတ္တန္းေတြနဲ့အ တူ ေတြ႕နိုင္ပါတယ္ ။
ထိုင္သူမ်ား၏ အေနာက္တြင္ Passarelle ဟုေခၚေသာ အစိတ္အပိုင္းက ေရွ႕ေလကာမွန္ျကီး၏ အေနာက္ဘက္ အစြန္းမွ စတင္၍ ဦးထုတ္ထည့္ အကန့္အထိ မ်က္ရည္စက္ပုံစံ ခ်ိတ္ဆက္ထားပါ ။
ယေန့အခ်ိန္အထိ Rolls-Royce အတြက္ အရွင္းလင္းဆံုး ဒက္ရွ္ဘုတ္သည္ ရိုးရွင္းမွု က်င့္ထုံးကို လက္ကိုင္ထားကာ ထိန္းခ်ဳပ္ခလုတ္ တစ္ခုသာ ခ်န္ထားျပီး က်န္ခလုတ္ အားလုံးကို အေမၽွာ္အျမင္ျကီးစြာျဖင့္ ေနရာေရႊ႕ထားခဲ့ျပီး နာရီဒိုင္ခြက္ကေတာ့ သပ္ရပ္စြာပဲ ျမွုပ္ႏွံ ထည့္သြင္းေပးထားပါတယ္။ ကမၻာ့ ပထမဆံုး အေနျဖင့္ ယင္း ပုံတူမရွိေသာ Rolls-Royceနာာရီ၏ မ်က္ႏွာျပင္ကိုလည္း အပါးလႊာဆံုးေသာ မကာဆာ ရင္းတိုက္သားျဖင့္ လက္မွုပညာ အသုံးျပု ထုတ္လုပ္ထားကာ ဒိုင္ခြက္ခုံအတြင္း ျမွုပ္ႏွံထားျပီး တိက်ေသာ စက္တပ္ တိုက္ေတနီယမ္ လက္တံမ်ားက ထင္ရွားေပၚလြင္ေနေစပါ သည္ တိုက္ေတနီယမ္ကို လက္ျဖင့္ တပ္ဆင္ထားေသာ ညႊန္ျပ ဒိုင္ခြက္ သုံးခုစလုံးတြင္လည္း အသုံးျပုထားပါတယ္။
‘Sweptail’ ေတြင္ လၽွို႔ဝွက္စြာ ထည့္သြင္းထားသည့္ အံ့ဩ ႏွစ္ျခိုက္ဖြယ္ လုပ္ေဆာင္ခ်က္ ႏွစ္ခု ရွိပါေသးတယ္ ။

ေမာ္ေတာ္ကား ေဘးတစ္ဖက္တစ္ခ်က္ တံခါးေပါက္မ်ား အေနာက္အျပင္ဘက္နံရံမ်ားတြင္ တစ္ပုံစံတည္း တူညီသည့္ အကန့္ငယ္ႏွစ္ခု ပါရွိျပီး ခလုတ္တစ္ခု ႏွိပ္႐ုံျဖင့္ ယင္းတို႔အတြင္းမွ လက္ျဖင့္ ျပုလုပ္ထားေသာ လက္ကိုင္အိတ္ ႏွစ္အိတ္ ထြက္လာမွာ ျဖစ္ပါတယ္ ။
ယင္းလက္ကိုင္အိတ္မ်ားဟာ ‘Sweptail’ အတြက္ Rolls-Royce က သီးသန့္ ထုတ္လုပ္ေပးထား တဲ့ခရီးေဆာင္ ေသတၱာ အရြယ္စုံႏွင့္ အဆင္ဒီဇိုင္းတူ ျဖစ္ပါ တယ္။
ဤ အတူမရွိသည့္ အႏုပညာေျမာက္လက္ရာ ပစၥည္းသည္လည္း ‘Sweptail’ ၏ က်န္အစိတ္အပိုင္းမ်ား ကဲ့သို႔ပင္ ပိုင္ရွင္၏ ကိုယ္ပိုင္စိတ္ကူး ျဖစ္ပါတယ္ ။ ခုံႏွစ္ခုံအ ျကားရွိ အကန့္သည္လည္း ပိုင္ရွင္၏ စိတ္ျကိုက္ သက္ရင့္ ၇ွန္ပိန္နွင့္ သလင္း ရွန္ပိန္ႏွစ္ခြက္ တို႔ ထည့္သိမ္းနိုင္မည့္ အတူမရွိေသာ လက္ျဖင့္ျပုလုပ္ထားတဲ့ အကန့္တစ္ခုအျဖစ္ ပုံစံထုတ္ထားပါတယ္။
တစ္ကိုယ္ရည္ စိတ္ျကိုက္ တစ္ဦးတစ္ေယာက္တည္းအတြက္ အထူးျပုလုပ္ေပးတဲ့ Rolls-Royce ျဖစ္တာ ႏွင့္အညီ ‘Sweptail’ ၏ အစိတ္အပိုင္းတိုင္း အရည္အေသြးျမင့္ လက္ျဖင့္ အေသးစိတ္ ဂ႐ုတစိုက္ ျပုလုပ္ထားျခင္း ျဖစ္ပါတယ္ ။ အတိုခ်ဳပ္ ေျပာရလၽွင္ ထုံးစံအတိုင္း Rolls-Royce ကေတာ့ မည္သူႏွင့္မၽွ တူမည္ မဟုတ္ေပ။