Unicode Version…

Anti lock Braking system ဆိုတာဘာလဲ?
ABS စနစ်ဆိုတာကတော့ ယာဉ်မောင်းသူအရှိန်ဖြင့်မောင်းစဉ်မှာဘရိတ်သုံးပြီးကွေ့နိုင်ဖို့ steering ကို lock မကျအောင် ထောက်ပဲ့ပေးတဲ့စနစ်ကို ဆိုလိုပါတယ်။အရှိန်နဲ့ မောင်းနေတဲ့ ယာဉ်တစ်စီးဟာ brake နင်းလိုက်ရင် ဘီးလည်ခြင်းရပ်တန့်သွားသော်လည်း အရှိန်ရှိသေးလို့ ရှေ့ကို စလစ်ဖြင့်ဆက် သွားနေဦးမှာဖြစ်ပါတယ်။ ABS မပါတဲ့ ကားတွေမှာ brake သုံးလိုက်ပါက steering lockကျပြီး ကွေ့ရှောင်မရဘဲ ရှေ့ကိုဆက်သွားနေပါတယ်။ ဒါပေမယ့် ABS system ပါတဲ့ကားတွေ ကတော့ driver က heavy brake သုံးလိုက်ပေမယ့်လည်း steering control ရရှိနိုင်လို့ အရှိန်ကြောင့် စလစ် ဖြစ်ပြီး ဘီးမလည်ဘဲသွားနိုင်သလို အန္တရာယ်ကင်းရာဘက်ကိုချိုးကွေ့နိုင်ပါတယ်။

ဘယ်လိုအချိန်တွေမှာ ABS အသက်ဝင်လဲ ?
*ကားတစ်စီးမိမိလမ်းကြောပေါ်သို့ မျက်နှာချင်းဆိုင်မောင်းလာသောအခြေအနေတွေမှာ ဘေးကင်းရာဘက်သို့ ကွေ့ရှောင်နိုင်ခြင်း
*စိုစွတ်သောလမ်းများတွင် heavy brake သုံးသောအခါ wheel lock ကျပြီး စလစ်ဖြစ်သော်လည်း steering control ရသောကြောင့် အရှေ့မှ အရာများကိုမတိုက်မိအောင် ထိန်းချုပ် ကွေ့ရှောင်နိုင်ခြင်း

Zawgyi Code Version…

Anti lock Braking system ဆိုတာဘာလဲ?


