Traction control ဆိုတာဘာလဲ
Traction control ဆိုတာကတော့ ယာဉ်တစ်စီး မောင်းနှင်နေစဉ် မတော်တဆ slip မဖြစ်စေရန်၊ လမ်းမချော်စေရန် ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့ Auto safety နည်းပညာကို ဆိုလိုပါတယ်။

ဘယ်အချိန်တွေမှာ Traction control ဟာ အသုံးဝင်လဲ?
Traction control ဟာအရှိန်နဲ့မောင်းနှင်ပြီး မတော်တဆစလစ်ဖြစ်သွားတဲ့ ဖြစ်ရပ်များနဲ့ ပွတ်တိုက် အားနည်းတဲ့ မြေမျက်နှာပြင်ပေါ်တို့မှာ မောင်းနှင်တဲ့အခါ ကားကို ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် မောင်းနှင်နိုင်ဖို့ ထောက်ပံ့ကူညီပေးပါတယ်။
မက်စောက်တဲ့ တောင်တန်းတွေကိုမောင်းနှင်ရာမှာ slip မဖြစ်စေဖို့ပြီးတော့ ဘီးမချော်စေဖို့နဲ့ ကျောက်စရစ် ခင်းလမ်းတို့လို လမ်းမျက်နှာပြင်ပေါ်မှာ ပုံမှန်အတိုင်း ဟန်ချက်မပြတ်သက်သောင့်သက်သာမောင်းနှင်နိုင်ရန် ကူညီထောက်ပံ့ပေးပါတယ်။
နောက်တစ်ခုကတော့ စိုစွတ်နေတဲ့လမ်းမျက်နှာပြင်တွေနဲ့ ကြမ်းတမ်းတဲ့လမ်းခရီးတွေမှာမောင်းနှင်ချိန် ပုံမှန်လမ်းကောင်းပေါ်မှာ မောင်းနေသကဲ့သို့ ကားမောင်းသူကိုလုံခြုံအောင် ပံ့ပိုးပေးထားပါတယ်။
နောက်ဆုံးတစ်ခုကတော့ မီးပွိုင့်တွေမှာ ကားတစ်စီးနားလည်မှုလွဲပြီး မီးနီကိုမထင်မှတ်ဘဲဖြတ်တာ မျိုးဖြစ်လာရင် ရုတ်တရက် ဘရိတ်သုံးလိုက်သောကြောင့် နောက်မှဆင့်တိုက်မိတဲ့ဖြစ်ရပ်တွေကို သိသိသာသာလျော့ကျအောင်ပံ့ပိုးပေးထားတာကိုလည်းတွေ့ရပါတယ်။

zawgyi version…

လက္ရွိျပည္တြင္းေရာက္ ကားသစ္မ်ားတြင္ပါဝင္ေသာ Safety Features မ်ား – အပိုင္း ၄

Traction control ဆိုတာဘာလဲ
Traction control ဆိုတာကေတာ့ ယာဥ္တစ္စီး ေမာင္းႏွင္ေနစဥ္ မေတာ္တဆ slip မျဖစ္ေစရန္၊ လမ္းမေခ်ာ္ေစရန္ ဒီဇိုင္းဆြဲထုတ္လုပ္ထားတဲ့ Auto safety နည္းပညာကို ဆိုလိုပါတယ္။

ဘယ္အခ်ိန္ေတြမွာ Traction control ဟာ အသုံးဝင္လဲ?
Traction control ဟာအရွိန္နဲ႔ေမာင္းႏွင္ၿပီး မေတာ္တဆစလစ္ျဖစ္သြားတဲ့ ျဖစ္ရပ္မ်ားနဲ႔ ပြတ္တိုက္ အားနည္းတဲ့ ေျမမ်က္ႏွာျပင္ေပၚတို႔မွာ ေမာင္းႏွင္တဲ့အခါ ကားကို ပုံမွန္အတိုင္း တည္တည္ၿငိမ္ၿငိမ္ ေမာင္းႏွင္ႏိုင္ဖို႔ ေထာက္ပံ့ကူညီေပးပါတယ္။
မက္ေစာက္တဲ့ ေတာင္တန္းေတြကိုေမာင္းႏွင္ရာမွာ slip မျဖစ္ေစဖို႔ၿပီးေတာ့ ဘီးမေခ်ာ္ေစဖို႔နဲ႔ ေက်ာက္စရစ္ ခင္းလမ္းတို႔လို လမ္းမ်က္ႏွာျပင္ေပၚမွာ ပုံမွန္အတိုင္း ဟန္ခ်က္မျပတ္သက္ေသာင့္သက္သာေမာင္းႏွင္ႏိုင္ရန္ ကူညီေထာက္ပံ့ေပးပါတယ္။
ေနာက္တစ္ခုကေတာ့ စိုစြတ္ေနတဲ့လမ္းမ်က္ႏွာျပင္ေတြနဲ႔ ၾကမ္းတမ္းတဲ့လမ္းခရီးေတြမွာေမာင္းႏွင္ခ်ိန္ ပုံမွန္လမ္းေကာင္းေပၚမွာ ေမာင္းေနသကဲ့သို႔ ကားေမာင္းသူကိုလုံၿခဳံေအာင္ ပံ့ပိုးေပးထားပါတယ္။
ေနာက္ဆုံးတစ္ခုကေတာ့ မီးပြိဳင့္ေတြမွာ ကားတစ္စီးနားလည္မႈလြဲၿပီး မီးနီကိုမထင္မွတ္ဘဲျဖတ္တာ မ်ိဳးျဖစ္လာရင္ ႐ုတ္တရက္ ဘရိတ္သုံးလိုက္ေသာေၾကာင့္ ေနာက္မွဆင့္တိုက္မိတဲ့ျဖစ္ရပ္ေတြကို သိသိသာသာေလ်ာ့က်ေအာင္ပံ့ပိုးေပးထားတာကိုလည္းေတြ႕ရပါတယ္။