Unicode Version…

Brake Assist System
Brake Assist System ကတော့အရေးပေါ်ယာဉ်ရပ်တန့်ရန် ဒါမှမဟုတ် ယာဉ်အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်တဲ့ အခါ အသုံးဝင်တဲ့ Auto Safety System တစ်ခုဖြစ်ပါတယ်။ BA ကို EBA, Predictive Brake Assist စသဖြင့် ခေါ်ကြပေမယ့် ဒီsystem ရဲ့ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။
ဘယ်လို အခြေအနေတွေမှာ BA စနစ် အသက်ဝင်လဲ?
Brake assist ကတော့ ကားမောင်းသူအရေးပေါ်ဘရိတ်သုံးဖို့ လိုအပ်တဲ့ အခြေအနေမျိုးမှာ အသုံးဝင်အောင် ထောက်ပံ့ပေးထားပါတယ်။ ဒီစနစ်ကတော့ ABS system နဲ့ တွဲဖက် အလုပ်လုပ်ပြီး ကားတစ်စီးကို အချိန်တို အတွင်း ထိရောက်မှုရှိရှိရပ်တန့်နိုင်ဖို့ ကူညီထောက်ပံ့ပေးကာ wheel lock ကျခြင်းကိုလည်း ကာကွယ်ပေးပါ တယ်။

  • စက်ဘီးတစ်စီးမိမိကားလမ်းကြောင်းပေါ်သို့ ဟန်ချက်ပျက်ပြီးဝင်လာသောအခြေအနေများ
  • တောလမ်းများမောင်းနှင်ရာ၌ တိရစ္ဆာန် တစ်ကောင်မိမိကားရှေ့သို့ဝင်လာပြီး ရုတ်တရက်အ ရေးပေါ်ရပ်တန့်ရန်လိုအပ်သောအခြေအနေများ
  • မက်စောက်သော တောင်တန်းများကိုမောင်းနှင်နေစဉ် engine error ကြောင့်သော်လည်းကောင်း၊ မမျှော်လင့်ဘဲနောက်သို့ပြန်လိမ့်သောအခြေအနေများ၌ ကားမောင်းသူနှင့် မိမိ အနောက်မှပါလာသော ယာဉ်တန်းကိုပါ အန္တာရယ်မဖြစ်စေရန် Brake Assist က auto safer ကဲ့သို့ မိမိ၏အသက်နှင့် ယာဉ်ကိုပါစောင့်ရှောက်ပေးသော အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါတယ်။

Zawgyi Version…

Brake Assist System
