Unicode Version…
Adaptive Headlight
Adaptive Headlight ဆိုတာကတော့ ညဘက်အလင်းရောင်အားနည်းတဲ့အချိန် လမ်းချိုးလမ်းကွေ့တွေနဲ့ တောင်တက်တောင်ဆင်းတွေမှာ မိမိယာဉ်လမ်းကြောင်းကို ရှင်းလင်းပြတ်သားစွာမြင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထုတ် လုပ်ထားတဲ့ ရှေ့မီးကြီးတွေကို ဆိုလိုပါတယ်။ ပုံမှန်ကားတစ်စီးရဲ့ မီးကြီးတွေဟာ လမ်းကွေ့တွေကိုမောင်းနှင်စဉ် ကားကွေ့ရာမှာ လမ်းကြောင်းအတိုင်းမီးလိုက်မကွေ့ဘဲ တည့်တည့်သာ မီးအလင်းပေးပါတယ်။ Adaptive headlight ပါဝင်တဲ့ ကားတွေကတော့ steering လှည့်ရာဘက်ကို မီးကြီးတွေပါလိုက်ကွေ့ပေးပြီး လမ်းဖွဲ့စည်း ပုံပေါ်ကို မူတည်ကာ အလင်းပေးလို့ ပုံမှန်ကားတွေထက် ပိုပြီး ဘေးကင်းပါတယ်။ပုံမှန်ကားတစ်စီး ညအချိန် မက်စောက်တဲ့တောင်ကိုတက်ရင် ယင်းကားရဲ့ မီးဟာ မက်စောက်တဲ့ လမ်းဖွဲ့စည်းပုံကြောင့် လမ်းပေါ်သို့ အလင်း မရောက်ဘဲ မလိုအပ်တဲ့နေရာတွေကို အလင်းရောက်နေတတ်ပါတယ်။ အဆိုပါခရီးစဉ်တွေမှာ ယာဉ်မောင်း သူဟာ အခြားတစ်ဖက်မှ လာတဲ့ကားကို မမြင်မိပါက accdient ဖြစ်နိုင်ပါတယ်။ Adaptive Headlight ပါတဲ့ ကားတွေရဲ့ ထူးခြားတဲ့ နောက်အားသာချက်တစ်ခုကတော့ မီးကြီးတွေကို အလိုအ လျောက်အတင်အချပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ နောက်ပြီးဒီစနစ်ရဲ့ အသုံးဝင်ပုံကတော့ မီးကြီးဖွင့်မောင်းနေစဉ် မျက်နှာချင်းဆိုင်က ကားတစ်စီးလာနေတာကိုအာရုံခံမိပါက အလိုအလျောက် မီးချပေးပြီး အဲဒီကား ဖြတ် သွားပြီးပါက အလိုအလျောက် မီးကြီးပြန်တင်ပေးတဲ့စနစ်ကိုဆိုလိုပါတယ်။ Adaptive headlights ကို Active headlights, Adaptive front-lighting system စသဖြင့်လည်းခေါ်ကြပါတယ်။
Zawgyi Version…
Adaptive Headlight ဆိုတာကေတာ့ ညဘက္အလင္းေရာင္အားနည္းတဲ့အခ်ိန္ လမ္းခ်ိဳးလမ္းေကြ႕ေတြနဲ႔ ေတာင္တက္ေတာင္ဆင္းေတြမွာ မိမိယာဥ္လမ္းေၾကာင္းကို ရွင္းလင္းျပတ္သားစြာျမင္ႏိုင္ဖို႔ ဒီဇိုင္းေရးဆြဲထုတ္ လုပ္ထားတဲ့ ေရွ႕မီးႀကီးေတြကို ဆိုလိုပါတယ္။ ပုံမွန္ကားတစ္စီးရဲ႕ မီးႀကီးေတြဟာ လမ္းေကြ႕ေတြကိုေမာင္းႏွင္စဥ္ ကားေကြ႕ရာမွာ လမ္းေၾကာင္းအတိုင္းမီးလိုက္မေကြ႕ဘဲ တည့္တည့္သာ မီးအလင္းေပးပါတယ္။ Adaptive headlight ပါဝင္တဲ့ ကားေတြကေတာ့ steering လွည့္ရာဘက္ကို မီးႀကီးေတြပါလိုက္ေကြ႕ေပးၿပီး လမ္းဖြဲ႕စည္း ပုံေပၚကို မူတည္ကာ အလင္းေပးလို႔ ပုံမွန္ကားေတြထက္ ပိုၿပီး ေဘးကင္းပါတယ္။ပုံမွန္ကားတစ္စီး ညအခ်ိန္ မက္ေစာက္တဲ့ေတာင္ကိုတက္ရင္ ယင္းကားရဲ႕ မီးဟာ မက္ေစာက္တဲ့ လမ္းဖြဲ႕စည္းပုံေၾကာင့္ လမ္းေပၚသို႔ အလင္း မေရာက္ဘဲ မလိုအပ္တဲ့ေနရာေတြကို အလင္းေရာက္ေနတတ္ပါတယ္။ အဆိုပါခရီးစဥ္ေတြမွာ ယာဥ္ေမာင္း သူဟာ အျခားတစ္ဖက္မွ လာတဲ့ကားကို မျမင္မိပါက accdient ျဖစ္ႏိုင္ပါတယ္။ Adaptive Headlight ပါတဲ့ ကားေတြရဲ႕ ထူးျခားတဲ့ ေနာက္အားသာခ်က္တစ္ခုကေတာ့ မီးႀကီးေတြကို အလိုအ ေလ်ာက္အတင္အခ်ျပဳႏိုင္ျခင္းပဲျဖစ္ပါတယ္။ ေနာက္ၿပီးဒီစနစ္ရဲ႕ အသုံးဝင္ပုံကေတာ့ မီးႀကီးဖြင့္ေမာင္းေနစဥ္ မ်က္ႏွာခ်င္းဆိုင္က ကားတစ္စီးလာေနတာကိုအာ႐ုံခံမိပါက အလိုအေလ်ာက္ မီးခ်ေပးၿပီး အဲဒီကား ျဖတ္ သြားၿပီးပါက အလိုအေလ်ာက္ မီးႀကီးျပန္တင္ေပးတဲ့စနစ္ကိုဆိုလိုပါတယ္။ Adaptive headlights ကို Active headlights, Adaptive front-lighting system စသျဖင့္လည္းေခၚၾကပါတယ္။
Generated by pixel @ 2018-08-03T04:55:48.743721