Zawgyi version…

ပိုမိုအဆင့်မြင့်သော ပါဝင်မှုအသစ်များဖြင့်ထုတ်လုပ်လိုက်သော Galaxy Note 8 အား Samsung Electronics Co.,Ltd မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်သွား ခဲ့သည်။ အဆိုပါ Galaxy Note 8 တွင် သုံးစွဲသူများမှ လက်တစ်ဖက်ထဲဖြင့် မြဲမြံစွာကိုင်တွယ်နိုင်သည့် ပို မိုကြီးမားသော အဆုံးအစမဲ့မျက်နှာပြင်၊သုံးစွဲသူများကြိုက်နှစ်သက်ရာ ပုံစံအတိုင်းအသုံးပြုနိုင်မည့် S Pen နှင့် အလှပဆုံးသော ဓါတ်ပုံများကို ရိုက်ယူနိုင်မည့် Samsung ၏အကောင်းဆုံး စမတ်ဖုန်းကင်မရာပါဝင်သည်။

Galaxy Note 8 ၏ 6.3 လက်မအရွယ်အစားရှိ Quad HD + Super AMOLED Infinity မျက်နှာပြင်တွင် ကြိမ်ဖန်များစွာ အထက်အောက်ရွှေ့ရန်မလိုအပ်ဘဲ ကြီးမားကျယ်ပြန့်စွာကြည့်ရှုနိုင်သည်။ Galaxy Note 8 သည် ဗီဒီယိုကြည့်ခြင်း၊စာဖတ်ခြင်း၊ပုံဆွဲခြင်းများကို တစ်ပြိုင်နက်တည်းစွမ်းဆောင်ပေးနိုင်ကြောင်းလည်းသိရ သည်။ Galaxy Note 8 တွင်ပါသော အဆင့်မြှင့်ထားသည့် S Pen သည် ဖုန်းအတွင်းရေးသားရန်၊ပုံဆွဲရန်၊ အသုံးပြုရန်နှင့် မိတ်ဆွေသူငယ်ချင်းများကို ဆက်သွယ်ချိတ်ဆက်ရန် နည်းလမ်းသစ်များစွာအား သုံးစွဲ သူများအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံရပ်ခြားသို့ သွားရောက်လည်ပတ် သည်ဖြစ်စေ၊ နိုင်ငံခြားဘာသာစကားဖြင့် ရေးသားထားသည့် ဝက်ဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုသည်ဖြစ်စေ S Pen Translate လုပ်ဆောင်ချက်ဖြင့် ဘာသာပြန်လိုသည့်စာတစ်လုံး (သို့) စာကြောင်းတစ်ကြောင်းကို ဘာသာစ ကား ၇၁ မျိုးအထိ ဘာသာပြန်ပေးနိုင်မည်ဖြစ်သည်။

Galaxy Note 8 သည်မြင်ကွင်းကျယ်ပုံ (wide angle)နှင့် အဝေးမှနေ၍အနီးကပ်ပုံများရိုက်ကူးခြင်း (telephoto lenes) နှစ်မျိုးလုံးတွင် Optical Image Stabilization (OIS) နှင့်အတူ 12 MP အနောက်ကင်မရာ ၂ လုံးပါဝင်သော ပထမဆုံးစမတ်ဖုန်းလည်းဖြစ်သည်။ Note 8 ၏ Live focus လုပ်ဆောင်ချက်သည် ဓါတ်ပုံ ရိုက်ကူးပြီးသောအခါ ပြန်လည်ကြည့်ရှုသည့် Preview mode တွင် bokeh effect အားချိန်ညှိလုပ်ဆောင်နိုင် မည်ဖြစ်ပြီး နောက်ခံအရောင်ကိုလည်း ထိန်းညှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Note 8 ဖုန်းနှင့် S Pen မှာရေစိုခံနိုင်သည့်အပြင် ဖုန်ဒဏ်ကိုပါကာကွယ်နိုင်ပါသည်။ကြိုးမဲ့အားသွင်းမှုစနစ်၊ မျက်နှာအား မှတ်သားနိုင်သည့် လုံခြုံရေးစနစ် iris scan၊ စွမ်းအားမြင့် 6GB RAM၊10nm processor နှင့် 256 GB အထိတိုးမြှင့်နိုင်သော Memory စနစ် နှင့် လုပ်ဆောင်ချက်များကို တစ်ပြိုင်နက်အသုံးပြုနိုင်သော နည်းပညာများပါဝင်သည်။

Note 8 ကို စက်တင်ဘာ ၁၉ ရက်မှ ၂၇ ရက်အတွင်း(ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူနိုင် မည်ဖြစ်သည်။ ကြိုတင်မှာယူထားသူများအနေဖြင့်လည်း ၎င်းတို့မှာယူထားသောဖုန်းများအား ရန်ကုန်မြို့ City Mall ၊ မန္တလေးမြို့ Skywall နှင့် အခြားမြို့ကြီးများရှိ သတ်မှတ်ထားသော အရောင်းဆိုင်များတွင် စက်တင်ဘာ ၃၀ ရက်နေ့နှင့် အောက်တိုဘာ ၁ ရက်နေ့တွင် သွားရောက်ထုတ်ယူနိုင်ပါသည်။

Note 8 အားအောက်တိုဘာလ ၆ ရက်နေ့မှစတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် စတင်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အနက်ရောင် (Midnight Black) ၊ ရွှေရောင် (Maple Goal) ၊မီးခိုးရောင် (Orchid Gray)စသည့်အရောင်များကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ မြန်မာကျပ်ငွေ ၁ ,၂၇၀, ၀၀၀ ကျသင့်မည်ဖြစ်သည်။ Galaxy Note 8 ကို ဝယ်ယူသုံးစွဲသူများအနေဖြင့် အထူးအာမခံအခွင့်အရေးများ ရရှိနိုင်သော Samsung Premium Care/No worry Crack ဝန်ဆောင်မှုအားရရှိမည်ဟု သိရသည်။

Unicode version…

ပိုမိုကြီးမားသောအောင်မြင်မှု များကို ဖန်တီးပေးနိုင်မည့် Galaxy Note 8 ကို Samsung မှမိတ်ဆက်




