Unicode version…
ပုံမှန်ပြုလုပ်ကျင်းပနေကြဖြစ်သော Scania ၏ Scania Top Team ပြိုင်ပွဲနောက်ဆုံးအဆင့်ပြိုင်ပွဲများကို Scania Myanmar တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့သည်။အဆိုပါပြိုင်ပွဲတွင် Scania မှ လေ့ကျင့်သင်ကြားပေးထားသော Mechanic များကို အဖွဲ့များခွဲပြီးစာတွေ့၊လက်တွေ့ယှဉ်ပြိုင်စေခြင်းဖြစ်ကာ ပထမရသည့် အသင်းကဆုကြေးငွေယူရို ၅၀၀၀၀၊ဒုတိယရသည့်အသင်းကဆုကြေးယူရို ၃၀၀၀၀ နှင့်တတိယ အသင်းက ယူရို၂၀၀၀၀ အသီးသီးရရှိမည်ဖြစ်သည်။ယခုပြိုင်ပွဲတွင်ပထမဆုရရှိသူမှာ Regional အဆင့်ပြိုင်ပွဲ ကိုအာဆီယံဒေသတွင်း၌ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့်ဆက်လက်ဗိုလ်စွဲပါက နိုင်ငံတကာအဆင့်ကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
Scania Top Team ၏အဓိကရည်ရွယ်ချက်မှာ Scania ထုတ်ကုန်များ၊Scania လုပ်ငန်းသုံးပစ္စည်းကိရိယာများ နှင့်ပတ်သက်သော ဗဟုသုတပိုမိုရရှိနိုင်ရန်၊ဝန်ဆောင်မှုအပိုင်း၊စက်ပစ္စည်းအပိုင်းတွင် နိုင်ငံအလိုက်ယှဉ်ပြိုင်နိုင် စွမ်းနှင့် ပတ်သက်ပြီးခြုံငုံသုံးသပ်မိစေရန်၊Scania ဝန်ထမ်းတို့၏လုပ်ငန်းကျွမ်းကျင်မှုအပိုင်းနှင့်ပတ်သက်ပြီး ပုံရိပ်မြှင့်တင်နိုင်ရန်စသည်တို့ဖြစ်ကြသည်။
Zawgyi version…