Mercedes – Benz သည် Concept Model များဖြစ်ကြသည့် Concept EQG နှင့် EQE တို့အပြင် Mercedes – AMG EQS 534 Matic +/ EQS / EQB တို့အား Seoul ကားပြပွဲတွင် မိတ်ဆက်ပြသလိုက်သည်။ ၎င်းတို့အနက် နာမည်ကျော် G Wagon နှင့် Pure Electric တို့ ပေါင်းစပ်ထားသည့် EQG သည် စိတ်ဝင်စားမှု များစွာရရှိခဲ့သည်။ အဆိုပါ EQG Concept သည် ICE – Powered G Wagon ကဲ့သို့ Off – Road ဆိုင်ရာ စွမ်းဆောင်များပါဝင်မည်ဖြစ်ကာ လက်ရှိ Popular ဖြစ်နေသည့် Luxury EV ဈေးကွက်တွင် အထင်အရှား ရပ်တည်ရန် Mercedes မှ ရည်ရွယ်ထားသည်။ ၎င်းသည် Concept Model ဖြစ်သော်လည်း Production Model ကဲ့သို့ ဖန်တီးထားသည့်အပြင် G – Wagon ၏ အခင်းအကျင်းကို အပြည့်အ၀ ထင်ဟပ်စေသည့် Design ဖြင့်လည်း တွေ့မြင်ရပါသည်။ အပြာရောင် LED Dots များ ပေါင်းစပ်ပါဝင်သည့် အရှေ့ဖက် Grille နှင့် Round – Shaped LED ရှေ့မီးများကို လိုက်ဖက်ညီစွာ ဖန်တီးထားသည့်အပြင် – Clamshell Bonnet / Maybach Color Theme / စသည် Factures များလည်း ထည့်သွင်းထားပါသည်။ LED Taillight ဖြင့် ထူးခြားစွာ ဖန်တီးထားသည့် အနောက်ဖက်တွင် Gbssy Black Wheel Couer ကို အလည်တွင်တပ်ဆင် ထားသည့်အပြင် Sleek LED Stop Lamp ကို အပေါ်အမိုးတွင် ထည့်သွင်းထားပါသည်။ ယခုပြသသည့် EQG Concept သည် ခေတ်ရှေ့ပြေးသည့် အခင်းအကျင်းနှင့် G wagon ၏ ခန့်ထည်သည့် Structure တို့ အချိုးညီညီပေါင်းစပ် ထားသည့် ပုံစံဟု ဆိုရပါသည်။