VW Group ၏ Czech Division ဖြစ်သည့် နာမည်ကျော် Skoda Brand သည် Citigo – e iV နှင့် Enyaq iV တို့အား မိတ်ဆက်ခဲ့သည့်အပြင် VW ID . 4 ၏ Sister Model ဖြစ်လာမည့် EV SUV အသစ်ကိုလည်း ထပ်မံထုတ်လုပ်ရန် စီစဉ်ထားပါသည်။ ထိုကဲ့သို့ EV ကားထုတ်လုပ်မှုတွင် ပေါင်းစပ်ပါဝင်လာသည့် Skoda သည်လာမည့် 2030 အတွင်း ( Zero – Emission EV ) ကားအသစ် ( ၃ ) မျိုးခန့် အနည်းဆုံး တိုးချဲ့ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ကြေငြာလိုက်ပါသည်။ အသစ်ထွက်ရှိမည့် EV Model အသစ်များသည် Skoda Enyaq iV ထက်ပို၍ သေးငယ်ကြမည်ဖြစ်ပြီး ဈေးနှုန်းလည်း သက်သာမည့် Economy EV အမျိုးအစားကားများဖြစ်မည်။ Model အသစ်များတွင် အရွယ်သေးငယ်သည့် Hatchback Model တမျိုးနှင့် အတူ Compact Crossover Model တို့ပါဝင်မည်။ ထို့အပြင် Skoda ၏ နာမည်ကျော် Octavia နှင့် Segment တူညီမည့် EV Model လည်းပါဝင်မည်ဖြစ်သည်။ VW Group တွင် ပါဝင်သည့် Brand များသည် EV Car များကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ရန် အစီအစဉ်များရှိပါသည်။ Skoda သည် လက်ရှိထုတ်လုပ်နေသည့် Skoda Superb အား Lift back နှင့် Wagon Versions များဖြင့် ဆက်လက်ထုတ်လည်မည်ဖြစ်သည်။ Skoda အနေဖြင့် အသစ်ထုတ်လုပ်မည့် Economy EV Model များအား ဥရောပဈေးကွက်တွင် အဓိက ရောင်းချမည်ဖြစ်ပြီး ၎င်း၏ စုစုပေါင်း ရောင်းချမှု ( 30 % to 70 % ) အထိ ဥရောပဈေးကွက် အတွက် ရည်ရွယ်ထားပါသည်။ ယခု 2021 မှ 2030 အတွင်း ထွက်ရှိလာမည့် Skoda ၏ EV Model အသစ်များကို များ မကြာမီ တွေ့မြင် ခံစားရမည်ဖြစ်သည်။