SMART ၏ မျိုးဆက်သစ် All – electric For Two နှင့် For Four တို့ ထွက်ရှိခြင်း

ကားငယ်လေးများထုတ်လုပ်မှုဖြင့် ထင်ရှားသည့် SMART မှ Smart for Two EQ နှင့် For Four EQ တို့အား မျိုးဆက်သစ်အနေဖြင့် ထုတ်လုပ်လိုက်ပြီး Electric Powertrain ဖြင့် ဖန်တီးမည်ဖြစ်ကာ Platform ကို ယခင်အတိုင်းအသုံးပြုပါမည်။ Smart သည် ( Electric Drive ) အား ( ၁၂ ) နှစ် ခန့်အတွက် စီစဉ်ထားပြီး လက်ရှိတွင် ( 17.6 – Kwh lithium – ion Battery ) နှင့် ( 159 – kilometer ) အသုံးပြုနိုင်သည့်ပုံစံများဖြစ်သည်။ For Tow နှင့် For Four တို့တွင် ကွဲပြားသည့် Grille Design နှင့် နှင်းခွဲမီး ဒီဇိုင်းများပါရှိမည်။ အရှေ့မီးကြီးများသည် Full – LED Hood light များဖြစ်ကြပြီး LED နောက်မီးပုံစံအသစ်လည်းပါရှိမည်။ အတွင်းခန်းအားအကျယ်ဝန်းသပ်ရပ်စွာ ခင်းကျင်းထားပြီး ရွှေ့ပြောင်းနိုင်သည့် Cup Holder များ ၊ ကျယ်ဝန်းသည့် Storage ၊ စွယ်စုံအသုံးပြု နိုင်သည့် Function များပါဝင်သည်။ New Infotainment System ၊ Apple Watch စသည်တို့ စုံလင်စွာထည့်သွင်းထားသည် အနက်ရောင်နှင့် အညိုရောင် Fabric ဒီဇိုင်းအသစ်များအား အတွင်းခန်းတွင် လှပစွာခင်းကျင်းထားပြီး ( 15 – inch ) နှင့် ( 16 – inch ) ရှိသည့် အလွိုင်းပုံစံ အသစ် ( ၄ ) မျိုးလည်းပါရှိမည်ဖြစ်ပြီး Base ၊ Passion ၊ Pulse ၊ Prime ဟူ၍ Trim Level ( ၄ ) ခု ထည့်သွင်းထားမည်။ မြင်ကွင်းကျယ်အမိုးဖွင့်စနစ် ၊ Backup Camera ၊ Rain and Light Sensor ၊ Ambient Lighting ၊ စသည့် Features များကို Optional အနေဖြင့် မှာယူနိုင်မည်ဖြစ်ကာ Carmine Red ၊ Gold Beige ၊ Lime Green Ice White စသည့် အရောင်ဆန်းများကိုလည်း ရွေးချယ်နိုင်ပါသည်။

Zawgyi Version…

SMART ၏ မျိုးဆက်သစ် All – electic For Two နှင့် For Four တို့ ထွက်ရှိခြင်း

LEAVE A REPLY

Please enter your comment!
Please enter your name here