Unicode version…

၀ါသနာဆိုသည်မှာ တားမရဟုဆိုသော ဆိုရိုးစကားတစ်ခုရှိလေသည်။လူတစ်ဦးတစ်ယောက်တိုင်းတွင် ၀ါသနာ တစ်ခုတော့ရှိကြရာ အသက်အရွယ်နှင့် စီးပွားရေးအခြေအနေသည် မိမိ၀ါသနာကို ဖြည့်စွမ်းနိုင်မှုရှိရန် လိုအပ် ချက်ဖြစ်သည်။အားကစားတွင် အမျိုးအစားကွဲပြားသကဲ့သို့ ကားသမားများ တွင်လည်း အမျိုးမျိုးကွဲပြားလေရာ မန္တလေးမြို့က ပြိုင်ကားမောင်းရသည့် အတွေ့အကြုံ အခြေအနေတို့ကို နှစ်သက် မြတ်နိုးသူများလည်း ရှိသည်။

ကမ္ဘာတွင်လည်း ပြိုင်ကားမောင်းခြင်းသည် အားကစားတစ်ရပ်အဖြစ် ပြိုင်ပွဲများကျင်းပနေပြီး မြန်မာနိုင်ငံနှင့် အိမ်နီးခြင်းနိုင်ငံများတွင်လည်း အလားတူကျင်းပလျက်ရှိရာ ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ သည့် ကားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နှစ်ဦးသွားရောက်ယှဉ်ပြိုင်ရာ ဆုများရယူခဲ့သည်ဟု သိရသည်။

မန္တလေးမြို့မှ ပြိုင်ကားမောင်းဝါသနာအရင်းခံများက ပြင်ဦးလွင်၊ပြင်စာ(Cyber City)ကွင်းသို့ သွားရောက်ကာ တစ်ပတ်လျင် တစ်ကြိမ်လေ့ကျင့်မောင်းနှင်နေကြသည်။ယင်းနေရာတွင် ပြိုင်ပွဲပြုလုပ်ခဲ့သည်မှာ ၂ ကြိမ်ရှိခဲ့ပြီး ဆုရရှိသူများ၏ အတွေ့အကြံုနှင့် ၄င်းတို့ သဘောထားများက တူညီတစ်ခုတွေ့လိုက်ရသည်မှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်လိုသည်ဟူ၍ ဖြစ်လေသည်။

သူတို့၏ လေ့ကျင့်မောင်းနှင်မှုများတွင် စီနီယာက ဂျူနီယာသမားများအား ဖေးမကူညီကာ လက်ဆင့်ကမ်းသင် ပေးကြသည်။လေ့ကျင့်မောင်းနှင်မှုက အန္တရာယ်ကြီးသည်။ငွေကုန်ကြေးကျများသည်။သို့သော်သူတို့မျှော်လင့် ချက်တွင် နိုင်ငံတကာပြိုင်ပွဲများ၌ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်အနိုင်ယူလိုသော စိတ်ဓါတ်များကို တွေ့ရ လေသည်။

××××××××××××××××××××××××××××××××××××××××××××××××××××

ကိုဝင်းတင့်ထွန်း။ Class A , First Winner ( MCW -2017 in Mandalay)

၀ါသနာဆိုတာက ကိုယ့်ပတ်ဝန်းကျင်အနေအထားနဲ့လည်းဆိုင်မယ်ထင်တယ်။ငယ်စဉ်ကတည်းက ကားနဲ့ နေခဲ့ရာက ကားကို ၀ါသနာပါခဲ့တယ်။ရူးလို့ လို့ ပြောရမလားပဲ။နိုင်ငံခြားက ကားပြိုင်ပွဲတွေ ကြည့်ရင်းနဲ့ သူတို့လို မောင်းတတ််ချင်လာတယ်။ကားမောင်းတဲ့ထဲမှာ Drip ကို ၀ါသနာပါတယ်။အန္တရာယ်ကြီးပေမယ့် စွန့်စားချင်တယ်။သူတို့လိုမောင်းချင် လာရာက ၀ါသနာ တစ်ခုဖြစ်လာတယ်။

Drift မောင်းနိုင်ဖို့ ပြင်ဆင်

Drip ဆွဲနိုင်ဖို့ ကားအင်ဂျင်၊ အောက်ပိုင်း၊ဂီယာဘောက်တို့ စပ်စပန်းရှင်းတွေ အကုန်လုပ်ရတယ်။ ပထမစပြီး ဖြည့်တော့ သိန်း ၂၀ လောက်ကုန်တယ်။ဒါကို စိတ်မကြေနပ်သေးလို့ ထပ်ထည့်တာက သိန်း ၄၀ လောက်ဆို တော့ စုစုပေါင်း သိန်း ၆၀ လောက်ဖြည့်ထားရတယ်။ကိုယ်လုပ်ချင်သလို လုပ်နိုင်ဖို့အတွက် ကားရဲ့ စွမ်းဆောင် ရည်ကို ဖြည့်ဆည်းရတာက ကျနော်တို့တွင် အလုပ်တစ်ခုနဲ့ စရိတ်ကုန််ကျမှုရှိတယ်။ကားဒရစ်ဆွဲဖို့က ကားအင် ဂျင်ပိုင်းမှာ Horse Power မြှင့်မှရတယ်။ခု လေ့ကျင့်နေတဲ့ကွင်းက ကျဉ်းတော့ အင်တာနေရှင်နယ်အတွက် ပြိုင်မယ်ဆိုရင် ကားပိုင်းမှာ ပြင်ဆင်မှုတွေလိုပါတယ်။

ပြိုင်ပွဲအတွေ့အကြံု။

ကားမောင်းတဲ့အတွေ့အကြံု ၁၀ နှစ်လောက်ရှိပြီ။ ပြည်တွင်းပြိုင်ပွဲ MCW(Mandalay Car Week-2016) မှာ ပြိုင်ပွဲမှာက A နဲ့ B ဆိုပြီး Class ခွဲပြိုင်ရတယ်။အဲဒီပြိုင်ပွဲတုန်းက A Class မှာ ပထမဆုရခဲ့တယ်။ပြိုင်ပွဲဝင်ပြိုင်ဖို့ အတွက် လုပ်ခဲ့ရတာက စိတ်ပင်ပမ်း ၊လူပင်ပမ်းခဲ့ရပြီး ဆုရတော့ အမောပြေခဲ့တာပေါ့။ပြိုင်ပွဲမှာ ဒိုင်တွေမှာ အမှတ်ပေးစည်းမျဉ်းတွေရှိတယ်။သူတို့သတ်မှတ်မောင်းခိုင်းတဲ့ Corner မှာကပ်နိုင်ပြီးအချိုးအစားညီရမယ်။ အမှတ်နဲ့ ဆုပေးတာပေါ့။

လေ့ကျင့်မောင်းနှင် ။

လေ့ကျင့်တာတော့ ပြတ်သွားလို့မဖြစ်ဘူး။မန္တလေးကနေ ပြင်ဦးလွင်တက်ပြီး Cyber City ကွင်းထဲမှာ သွားရ တယ်။မန္တလေးမှာက လေ့ကျင့်ကွင်းမရှိဘူးလေ။ဆီဖိုးနဲ့တာယာဖိုးက တစ်ပတ်ကို သုံးသိန်းလောက်ကုန်တယ်။ ဒါတွေကလည်း နိုင်ငံခြားပြိုင် ပွဲတွေကို သွားချင်တယ်။လေ့ကျင့်မှု ကုန်ကျစရိတ်ကြီးတာကို ကုန်ကျခံနေတာက ပြိုင်ပွဲ ၀င်နိုင်အောင် လေ့ကျင့်တဲ့ သဘောပါ။ပြိုင်ပွဲဝင်ဖို့ကတော့ အဆင်သင့်ဖြစ်ပေမယ့်။ပြိုင်တဲ့နေရာမှာ လူရဲ့ ကျွမ်းကျင်မှုအပြင် ကားပေါ်မှာလည်း မူတည်တယ်။

ရည်မှန်းချက်။

Drip ဆွဲရာမှာ အာရုံစူးစိုက်မှု အဓိကပဲ။ မောင်းချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီညီလှုပ်ရှားနေရတာပါ။ အန္တရာယ်ဆိုတာ မမျှှော်လင့်ပဲ ဖြစ်တတ်တာသိပေမယ့် မဖြစ်အောင် အာရုံစိုက်ထားရတယ်။ဒါတွေကို မေ့ထား ပြီး လေ့ကျင့်ရတာပါ။အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြိုင်ပြီးဆုတစ်ခုရချင်တယ်။အိမ်နီးချင်းနိုင်ငံတွေမှာက လစဉ် လိုလို ပြိုင်ပွဲတွေ ရှိတယ်။ပြိုင်ပွဲဝင်နိုင်ဖို့က အဆင့်သင့်ဆိုပေမယ့် မသွားနိုင်သေးဘူး။နိုင်ငံခြားသွားပြိုင်ရင် အဲဒီ မှာ ကားဝယ်လို့ရတယ်။ကျနော်လည်း ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေပါပြီ။

××××××××××××××××××××××××××××××××××××××××××××

ကိုဖြိုး။Class B , First Winner (MSAM-2017 in Mandalay)

ကျနော်ဝါသနာပါတာက ကလေးဘဝကတည်းက ဆိုပေမယ့် ကားစတင်မောင်းလို့ရတဲ့အရွယ်မှာ သူများတွေ Drift ဆွဲတာကြည့်ပြီး အဲဒီဘက်ကို စိတ်သန်ခဲ့တာ။ရိုးရိုးမောင်းတာထက် အတတ်ပညာပိုင်းနဲ့ ကျွမ်းကျင်မှုပိုင်း ဖေါ်ထုတ်နိုင်တယ်လို့ ထင်တယ်။Drif ဆွဲတဲ့ အတွေ့ အကြံုကတော့ ၂ နှစ်လောက်ရှိပြီး တစ်လကို ၂ ရက် လေ့ကျင့်ဖြစ်တယ်။

Drift မောင်းနိုင်ဖို့ ပြင်ဆင်

ကားမှာ Drift ဆွဲဖို့ဆိုရင် လိုအပ်တာ အကုန်လုံးလုပ်တဲ့နေရာမှာ အင်ဂျင်ပိုင်းအဓိကပဲ။လိုအပ်ချက်မှန်သမျှ ပြင်ဆင်ရတာက ကုန်ကျငွေရှိတယ်။နောက်ပြီး တာဗိုတွေ တပ်ထားတယ်။စီယာတိုင်ကအစ လဲထားတယ်။ ကျနော်ကားက ဂျပန်မှာ ကတည်းက အားလုံးနီးပါး အဆင်ပြေပြီးသား ဆိုတော့ ထပ်ပြီကုန်တာသိပ်မရှိပါဘူး။

ပြိုင်ပွဲအတွေ့အကြံု

MSAM(Motor Sport Association of Mandalay-က ပြင်ဦးလွင်မှာကျင်းပတဲ့ MDC(Myanmar Drift Championship-2017) ပွဲမှာ B Class ကနေ ပထမဆုရခဲ့တယ်။ ဒိုင်တွေရဲ့အမှတ် ပေးစည်း မျဉ်းရှိမှာပေါ့။ ကိုယ်ကတော့ ကိုယ်လုပ်နိုင်သမျှ ကြိုးစားခဲ့တာပဲ။အကောင်းဆုံးလုပ်ခဲ့တယ်။၀ါသနာအရင်းခံဆိုတော့ ငွေကုန် ပေမယ့် ဒီလို မောင်းနေရတာကို ကျေနပ်နေတယ်။မျှော်မှန်းထားတာက အိမ်နီးချင်းနိုင်ငံတွေက ပြိုင်ပွဲတွေ မှာဝင်ပြိုင်ဖို့ဆိုတာ တော်ရုံနဲ့ မလွယ်ဘူး။ကျနော့်အဖို့ လိုပါသေးတယ်။ အများကြီးကြိုးစားရအုံးမယ်။

လေ့ကျင့်မောင်းနှင် ။

အားတဲ့သူတွေစုပြီး ပြင်ဦးလွင် ဆိုင်ဘာစီးတင်းထဲသွားကျင့်ကြတာပါ။ကိုယ့်အချင်းချင်း မတိုက်မိအောင် သတိထားရတယ်။စီနီယာသမားတွေထံကသင်ယူရတာပါ။ သူတို့မောင်းရင် ကိုယ်က ဘေးကနေထိုင်လိုက်ပြီး ဘာတွေလုပ် သလဲ။ဘယ်လိုမောင်းလဲပေါ့။နားမလည်ရင် မေးရတယ်။အားလုံးက ကူညီတယ်။သင်ပေးကြ တယ်။တစ်ရက် လေ့ကျင့်ချိန်မှာ ကားတာ ယာတွေလဲရတော့၂ သိန်းကျော်ဆိုတာ အနည်းဆုံးပဲ။ လေ့ကျင် ပြီးတိုင်း ကားကို ပြန်ပြီးစစ်ရတယ်။အောက်ပိုင်းနဲ့ ကလပ်ပြားတွေ စစ်ရတယ်။ဂီယာပေါက်ပျက်တတ်တယ်။ ကလပ်ပြားက ၂ ခါလောက် လေ့ကျင့်ပြီးရင် တစ်ခါအသစ်လဲရတယ်။

ရည်မှန်းချက်။

နိုင်ငံတကာမှာ ပြိုင်ပွဲတွေကျင်းပလေ့ရှိပါတယ်။သူတို့ ပွဲတွေကြည့်ပြီး အားရတယ်။စိတ်ဓါတ်တွေ တက်ကြွလာ တယ်။ကျနော်တို့ဆီမှာတော့ မထွန်းကားသေးဘူး။လေ့ကျင့်ကွင်းလည်း မရှိဘူး။နိုင်ငံတကာမှာလို ကားမောင်း ပြိုင်ပွဲကို အားကစားတစ်ရပ်ဖြစ်လာစေချင်တယ်။အိမ်နီးခြင်းနိုင်ငံတွေမှာ ပြိုင်ပွဲတွေ လုပ်နေတော့ ကိုယ်လဲ ၀င်ပြိုင်ချင်တယ်လေ။လေ့ကျင့်ချိန်များများနဲ့လုပ်ဖို့လိုတယ်။ငွေလည်း လိုတယ်လေ။

××××××××××××××××××××××××××××××

ကိုရန်ကျော်ဝေ(Pius Yan) – Class B , Second Winner (MDC – 2017 )

ကျနော်က Drift အုပ်စုမှာ အသက်အငယ်ဆုံးပဲ။ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့တာပါ။အကိုဖြစ်သူ က လည်း ကားDrift ဆွဲတယ်။ကားဝယ်ပြီး ကတည်းက အကိုနဲ့ လိုက်မောင်းတယ်။လေ့ကျင့်တယ်။သင်တယ်ပေါ့။ ပုံမှန်ကားကို လိုရာခရီးမောင်းတာနဲ့ မတူဘူးလေ။နိုင်ငံတကာ ရုပ်သံတွေမှာ မြင်တွေ့နေရတဲ့ ကားမောင်းပြိုင်ပွဲ တွေကို အားကျတယ်။သူတို့လို ကိုယ်လည်း လုပ်ချင်လာတာပေါ့။

Drift မောင်းနိုင်ဖို့ ပြင်ဆင်

ပုံမှန််ထက် ပိုမိုခက်ခဲတာနဲ့ အမျှှ Drift ဆွဲဖို့ ကားထဲက ပစ္စည်းအစိပ်အပိုင်းအတော်များများကို Modifie လုပ်ရ တယ်။ကျနောကားကို ရေတိုင်ကီအကြိးလဲထားတယ်။အင်ဂျင်ပါ၀ါလည်း မြှင့်ထားတဲ့အပြင် အင်ဂျင်တစ်လုံးကို Control လုပ်နိုင်အောင် Computer စနစ်နဲ့ချိတ်ဆက်ထားတယ်။ကိုယ်လိုချင်တဲ့ပုံစံထိ မောင်းလို့ရအောင်ပေါ့။ တာဗိုတော့ တပ်မထားဘူး။ဂျပန်ကလာတဲ့ ပုံစံအတိုင်းပဲ။ခုတော့ သိပ်အဆင်မပြေလို့ ကွင်းအနေအထားနဲ့ Drift ကို စိတ်ရှိတိုင်းဆွဲလို့ မရလို့ အင်ဂျင်အလုံးလိုက်လဲဖို့ စိတ်ကူးထားတယ်။ အဲဒါမျိုးလုပ်ရင် သိန်း ၆၀ လောက် သုံးရမှာ။

ပြိုင်ပွဲဝင် ။

Drift နဲ့ပတ်သက်ပြီး အတွေ့အကြံု ၂ နစ်လောက်ပဲရှိသေးတယ်။Turbo Nos ကလုပ်တဲ့ပြိုင်ပွဲမှာဝင်ခဲ့တယ်။ နောက်တစ်ခု ပြိုင်ပွဲဝင်ခဲ့တဲ့ MDC(Myanmar Drift Championship-2017)မှာ B Class မှာဒုတိယ ရတယ်။ဒရစ်ဆွဲတာ ဒိုင်တွေ ပေးတဲ့အမှတ်ထဲမှာပါတဲ့ အတိုင်းတော့လုပ်နိုင်လို့ ဆုရတယ်ထင်တယ်။ အတွေ့ အကြံုနည်းသေးတော့ ၀င်ပြိုင်ဖြစ်ခဲ့ပေမယ့် ဆုတွေဘာတွေ မှန်းမထားပါဘူး။အဓိက ပြိုင်ပွဲအတွေ့အကြံုရဖို့ပါ။

လေ့ကျင့်မောင်းနှင် ။

ကိုယ့် အထက်က စီနီယာတွေနဲ့ တစ်လ ၂ ကြိမ် လေ့ကျင့်တယ်။သင်ယူတယ်အနီးကပ်တော့ အကိုက သင်ပေး တယ်။လေ့ကျင့်တယ်ဆိုတာ အချိန်ကုန်သွးရုံနဲ့ မပြီးဘူး။တာယာတွေလဲရတယ်။ကလပ်ပြားတွေ ပျက်စီးတယ်။ ဒီအတွက် ကုန်ကျစရိတ်က တစ်ရက်လေ့ကျင့်မှုမှာ တာယာဖိုးက၂ သိန်းကျော်ပြီ။ ပြင်ဦးလွင်ဘက်သွားရတာ ကြောင့် ဆီဖိုးနဲ့ တနေကုန်အတွက် တခြားကုန်ကျမှုတွေနဲ့ဆိုရင် သုံးသိန်းလောက်တော့ ကုန်တယ်လေ။ အမှတ်တရဘာရှိလဲ ဆိုရင် လေ့ကျင့်ကွင်းမှာ ဒရစ်ဆွဲရင် တာယာတွေလဲဖို့ နောက်ဘီးဖြုတ်တယ်။အဲလို ဖြုတ်လဲရင် ကျနော်က ခဏခဏအဖြုတ်အတတ်လုပ်ရတယ်။ဘီးဖြုတ်ပြီးရင် ကိုယ်ပြန်တပ်တဲ့အခါ သူများ ကားရဲ့နောက်ဘီးကို မှားတပ်မိတာနဲ့ ပြန်ပြန်ဖြုတ်ရတာလေ။

ရည်မှန်းချက်။

မန္တလေးမြို့အနီးမှာ လေ့ကျင့်ဖို့ နေရာမရှိဘူးလေ။လေ့ကျင့်ဖို့ အတွက် သွားရတာကိုက အချိ်န်ပေးရတယ်။ တစ်ယောက်ထဲမဟုတ်ဘဲ အုပ်စုနဲ့ သွားပြီး လေ့ကျင့်မောင်းနှင်ကြတယ်။တစ်ယောက်နဲ့ တစ်ယောက်အတွေ့ အကြံုတွေ ဖလှယ်ရင်း ကိုယ်လုပ်နိုင်မှုစွမ်းရည် မြင့်အောင် ကြိုးစားရတာလေ။ဒါကလည်း ပြည်တွင်းမှာ ရပ်မနေဘဲ နိုင်ငံရပ်ခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့အတွက်ပါ။ပြိုင်ချင်တယ်ဆိုပေမယ့် လက်ရှိမှာတော့ နိုင်ငံ ခြားပြိုင်ပွဲမှာ ၀င်ပြိုင်နိုင်ဖို့ထိ အဆင့်သင့်မဖြစ်သေးဘူးလို့ ထင်ပါတယ်။လေ့ကျင့်မှုများများနဲ့ ပြည်တွင်း ပြိုင်ပွဲတွေမှာ အတွေ့အကြံုရအောင် လုပ်အုံးမယ်။

×××××××××××××××××××××××××××××××××××××

ကိုအေရွန်(Aron) Class A – Third Winner (MCW -2016)

Drift ဆွဲမောင်းတဲ့ သက်တမ်းက ၆ နှစ်လောက်ရှိပါပြီ။၀ါသနာပါတာက ပြိုင်ကားမောင်းတဲ့ ရုပ်သံတွေ ကြည့် ရင်း ဘယ်လိုမောင်းလဲ ဆိုတာကနေစပြီးရူးသွပ်ခဲ့တာ။သူတို့လို မောင်းတတ်ချင်လာတယ်။၂၀၁၁ လောက်က စခဲ့တယ်လို့ ပြောရမယ်။အဲဒီတုန်းက ဘာအတွေ့အကြံုမှ မရှိဘူး။နိုင်ငံခြားပြိုင်ပွဲတွေကို ထိုင်ကြည့်လေ့လာပြီး တော့ အပြင်မှာ လက်တွေ့မောင်းကြည့်တာပေါ့။၂၀၁၄ မှာ ကောင်းကောင်းကျွမ််း ကျင်လာပြီလေ။

Drift မောင်းနိုင်ဖို့ ပြင်ဆင်

Drift မောင်းနိုင်ဖို့အတွက် ကားအောက်ပိုင်းတွေ ကောင်းဖို့၊လိုက်ဖက်ဖို့လိုတယ်။ပြောရရင် Modified လုပ်ရပါ တယ်။ဒါမှလည်း ကိုယ်မောင်းချင်သလို ဖြစ်လာမယ်။အဓိကတော့ ကားအောက်ပိုင်း Suspension တွေပြောင်း ရတာပေါ့။ကျနော့ကားမှာ ပိုပြီး Angle ချိုးနိုုင်ဖို့အတွက် စီယာတိုင်ကို ရ၅ Angle ပြောင်ထားတယ်။ ကားနှစ်စီး ကပ်လိုက်ရင် ပိုပြီးလွယ်အောင် ကလပ်ပြားတွေ၊ဖင်းဂါးတွေ လဲထားတယ်။Modified လုပ်တဲ့ကုန်ကျစရိတ်က ကိုယ်ထည့်တဲ့ပေါ်မှာ မူတည်တယ်။ကျနော့ခု ၀ယ်ထားတဲ့ကားက ဂျပန်ကတည်းက ပြိုင်ကားအတွက် ပြင်ဆင် ထားတဲ့အတိုင်း ၀ယ်ထားလို့ ပြင်ဆင်မှုကုန်ကျငွေ သိပ်မလိုက်ရဘူး။

ပြိုင်ပွဲဝင်

ကားပြိုင်ပွဲတွေ ရှိရင ်မရောက်ရောက်အောင် သွားကြည့်တယ်။ကိုယ်ဆိုရင် ဘယ်လိုမောင်းမလဲ၊ဘာတွေ အား နည်းချက်ရှိလဲဆိုတာတွေက အတွေ့အကြံုရတယ်လေ။ပြည်တွင်းပြိုင်ပွဲတွေမှဝင်ပြိုင်ခဲ့တယ်။၂၀၁၂ ကားအလှ ပြိုင်ပွဲမှာ(Engine Performance )အနေနဲ့ ဆုရခဲ့တယ်။ရန်ကုန်မှာ၂၀၁၅ တုန်းက လုပ်ခဲ့တဲ့ Auto Drive ပြိုင်ပွဲ မှာ Drift အတွက် Shell Co.,Ltd က အားရနှစ်သက်လို့ အားအရဆုံးဆုဆိုပြီး ပေးခဲ့တာက ကျနော်ရခဲ့တယ်။ ၂၀၁၆ ဒီဇင်ဘာက ပြင်ဦးလွင်(ပြင်စာ)Cyber City မှာလုပ်တဲ့ MCW(Myanmar Car WeeK)ပြိုင်ပွဲမှာတော့ Drift ပြိုင်ပွဲ Class A မှာ တတိယရခဲ့ပါတယ်။ဒီအတွေ့အကြံုတွေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ထိ စဉ်းစားထားတယ်။

လေ့ကျင့်မောင်းနှင် ။

အစတုန်းကတော့ တစ်ယောက်ထဲ လေ့ကျင့်ရာက နိုင်ငံတကာ ပြိုင်မယ်ဆိုရင် တစ်စီးထဲမရလို့ သူငယ်ချင်း ခေါ်ပြီး ၂ စီးလေ့ကျင့်တယ်။အချင်းချင်းတိုက်မိတာလည်းရှိတာပေါ့ ။နောက်ပိုင်းမှာ အမြဲတမ်းတွဲတဲ့ အဖွဲ့လည််း ရှိလာပြီး ဥပုသ်နေ့လို အားတဲ့ရက်မှာ တစ်လသုံးကြိမ်လောက်ပေါ့။တစ်ရက်ကို ဆီဖိုးနဲ့ တာယာဖိုးက မနည်း ဘူး။ လက်ရှိတာယာ တစ်လုံးပေါက်စျေးက ငါးသောင်းလေ။Drift မောင်းရင် ဘီးလေးဘီးက တာယာတွေ လဲ ရတဲ့ စရိတ်နဲ့ တခါတ လေ ကလပ်ပြားတွေ လဲရတာလည်းရှိတယ််။ကလပ်ပြားပျက်ရင် သုံသိန်းမကတော့ဘူး။ တခါလဲပြီးရင် ၁၀ ခါလောက်ထိပဲ Drift မောင်းလို့ရတယ်။

မျှော်မှန်းချက် ။

အိမ်နီးချင်းနိုင်ငံတွေမှာ လစဉ် ပြိုင်ပွဲတွေရှိသလို နိုင်ငံတကာမှာလည်း ပြိုင်ပွဲတွေရှိတယ်။ပြိုင်ပွဲဝင်ဖို့ လည်း အစီအစဉ်ရှိပြီး ကိုယ်ဘက်က အကောင်းဆုံးဖြည့်ဆည်းဖို့ လုပ်နေတာပါ။ဒီလိုပြိုင်ပွဲဝင်ဖို့ဆိုတာ ကိုယ့်ဘက်က လေ့ကျင့်မှုအား ကောင်းဖို့၊ကားရဲ့ အခြေအနေတွေကောင်းဖို့လိုတယ်။Drift မောင်းကတည်းက ကိုယ့်ဝါသနာ ကြောင့် နိုင်ငံတကာ ပြိုင်ကားမောင်းတဲ့ရုပ်သံ တွေကြည့်ပြီးလေ့ကျင့်ခဲ့တယ်။လက်တွေ့လုပ်နိိုင်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပျော်တာပေါ့။အန္တရာယ်ကြီးပေမယ့် ထိခိုက်မှုတွေမရှိခဲ့ဘူး။မျိုးဆက်သစ်တွေကို ကျနော် တတ်သလောက် သိသလောက် သင်ပေးတယ်။အတူတွဲခေါ်သွုားမယ်ပေါ့။

Zawgyi version…

၀ါသနာဆိုသည္မွာ တားမရဟုဆိုေသာ ဆိုရိုးစကားတစ္ခုရွိေလသည္။လူတစ္ဦးတစ္ေယာက္တိုင္းတြင္  ၀ါသနာ တစ္ခုေတာ့ရွိၾကရာ အသက္အရြယ္နွင့္ စီးပြားေရးအေျခအေနသည္ မိမိ၀ါသနာကို ျဖည့္စြမ္းနိဳင္မွဳရွိရန္ လိုအပ္ ခ်က္ျဖစ္သည္။အားကစားတြင္ အမ်ိဳးအစားကြဲျပားသကဲ့သုိ႔ ကားသမားမ်ား တြင္လည္း အမ်ိဳးမ်ိဳးကြဲျပားေလရာ မႏၱေလးျမိဳ႕က ျပိဳင္ကားေမာင္းရသည့္ အေတြ႔အၾကံဳ အေျခအေနတို႔ကို နွစ္သက္ ျမတ္နိဳးသူမ်ားလည္း ရွိသည္။

ကမၻာတြင္လည္း ျပိဳင္ကားေမာင္းျခင္းသည္ အားကစားတစ္ရပ္အျဖစ္ ျပိဳင္ပြဲမ်ားက်င္းပေနျပီး ျမန္မာနိဳင္ငံနွင့္ အိမ္နီးျခင္းနိဳင္ငံမ်ားတြင္လည္း အလားတူက်င္းပလ်က္ရွိရာ ဒီဇင္ဘာလအတြင္းက ထိုင္းနိဳင္ငံတြင္ က်င္းပခဲ့ သည့္ ကားျပိဳင္ပြဲတြင္ ျမန္မာနိဳင္ငံမွ နွစ္ဦးသြားေရာက္ယွဥ္ျပိဳင္ရာ ဆုမ်ားရယူခဲ့သည္ဟု သိရသည္။

မႏၱေလးျမိဳ႕မွ ျပိဳင္ကားေမာင္း၀ါသနာအရင္းခံမ်ားက ျပင္ဦးလြင္၊ျပင္စာ(Cyber City)ကြင္းသို႔ သြားေရာက္ကာ တစ္ပတ္လ်င္ တစ္ၾကိမ္ေလ့က်င့္ေမာင္းနွင္ေနၾကသည္။ယင္းေနရာတြင္ ျပိဳင္ပြဲျပဳလုပ္ခဲ့သည္မွာ ၂ ၾကိမ္ရွိခဲ့ျပီး ဆုရရွိသူမ်ား၏ အေတြ႔အၾကံဳနွင့္ ၄င္းတို႔ သေဘာထားမ်ားက တူညီတစ္ခုေတြ႔လိုက္ရသည္မွာ နိဳင္ငံတကာ ျပိဳင္ပြဲမ်ားတြင္ ၀င္ေရာက္ယွဥ္ျပိဳင္လိုသည္ဟူ၍ ျဖစ္ေလသည္။

သူတို႔၏ ေလ့က်င့္ေမာင္းနွင္မွဳမ်ားတြင္ စီနီယာက ဂ်ဴနီယာသမားမ်ားအား ေဖးမကူညီကာ လက္ဆင့္ကမ္းသင္ ေပးၾကသည္။ေလ့က်င့္ေမာင္းနွင္မွဳက အႏၱရာယ္ၾကီးသည္။ေငြကုန္ေၾကးက်မ်ားသည္။သုိ႔ေသာ္သူတို႔ေမွ်ာ္လင့္ ခ်က္တြင္ နိဳင္ငံတကာျပိဳင္ပြဲမ်ား၌ ျမန္မာနိဳင္ငံ ကုိယ္စားျပဳယွဥ္ျပိဳင္အနိဳင္ယူလိုေသာ စိတ္ဓါတ္မ်ားကို ေတြ႔ရ ေလသည္။

××××××××××××××××××××××××××××××××××××××××××××××××××××

ကို၀င္းတင့္ထြန္း။ Class A , First Winner ( MCW -2017 in Mandalay)

၀ါသနာဆိုတာက ကိုယ့္ပတ္၀န္းက်င္အေနအထားနဲ႔လည္းဆိုင္မယ္ထင္တယ္။ငယ္စဥ္ကတည္းက ကားနဲ႔ ေနခဲ့ရာက ကားကို ၀ါသနာပါခဲ့တယ္။ရူးလို႔ လို႔ ေျပာရမလားပဲ။နိဳင္ငံျခားက ကားျပိဳင္ပြဲေတြ ၾကည့္ရင္းနဲ႔ သူတို႔လို ေမာင္းတတ္္ခ်င္လာတယ္။ကားေမာင္းတဲ့ထဲမွာ Drip ကို ၀ါသနာပါတယ္။အႏၱရာယ္ၾကီးေပမယ့္ စြန္႔စားခ်င္တယ္။သူတို႔လိုေမာင္းခ်င္ လာရာက ၀ါသနာ တစ္ခုျဖစ္လာတယ္။

 Drift ေမာင္းနိဳင္ဖို႔ ျပင္ဆင္

 

Drip ဆြဲနိဳင္ဖို႔ ကားအင္ဂ်င္၊ ေအာက္ပိုင္း၊ဂီယာေဘာက္တို႔ စပ္စပန္းရွင္းေတြ အကုန္လုပ္ရတယ္။ ပထမစျပီး ျဖည့္ေတာ့ သိန္း ၂၀ ေလာက္ကုန္တယ္။ဒါကို စိတ္မေၾကနပ္ေသးလို႔ ထပ္ထည့္တာက သိန္း ၄၀ ေလာက္ဆို ေတာ့ စုစုေပါင္း သိန္း ၆၀ ေလာက္ျဖည့္ထားရတယ္။ကုိယ္လုပ္ခ်င္သလို လုပ္နိဳင္ဖို႔အတြက္ ကားရဲ့ စြမ္းေဆာင္ ရည္ကို ျဖည့္ဆည္းရတာက က်ေနာ္တို႔တြင္ အလုပ္တစ္ခုနဲ႔ စရိတ္ကုန္္က်မွဳရွိတယ္။ကားဒရစ္ဆြဲဖို႔က ကားအင္ ဂ်င္ပိုင္းမွာ Horse Power ျမွင့္မွရတယ္။ခု ေလ့က်င့္ေနတဲ့ကြင္းက က်ဥ္းေတာ့ အင္တာေနရွင္နယ္အတြက္ ျပိဳင္မယ္ဆိုရင္ ကားပိုင္းမွာ ျပင္ဆင္မွဳေတြလိုပါတယ္။

ျပိဳင္ပြဲအေတြ႔အၾကံဳ။

ကားေမာင္းတဲ့အေတြ႔အၾကံဳ ၁၀ နွစ္ေလာက္ရွိျပီ။ ျပည္တြင္းျပိဳင္ပြဲ MCW(Mandalay Car Week-2016) မွာ ျပိဳင္ပြဲမွာက A နဲ႔ B ဆိုျပီး Class ခြဲျပိဳင္ရတယ္။အဲဒီျပိဳင္ပြဲတုန္းက A Class မွာ ပထမဆုရခဲ့တယ္။ျပိဳင္ပြဲ၀င္ျပိဳင္ဖို႔ အတြက္ လုပ္ခဲ့ရတာက စိတ္ပင္ပမ္း ၊လူပင္ပမ္းခဲ့ရျပီး ဆုရေတာ့ အေမာေျပခဲ့တာေပါ့။ျပိဳင္ပြဲမွာ ဒိုင္ေတြမွာ အမွတ္ေပးစည္းမ်ဥ္းေတြရွိတယ္။သူတို႔သတ္မွတ္ေမာင္းခိုင္းတဲ့ Corner  မွာကပ္နိဳင္ျပီးအခ်ိဳးအစားညီရမယ္။ အမွတ္နဲ႔ ဆုေပးတာေပါ့။

ေလ့က်င့္ေမာင္းနွင္ ။

ေလ့က်င့္တာေတာ့ ျပတ္သြားလို႔မျဖစ္ဘူး။မႏၱေလးကေန ျပင္ဦးလြင္တက္ျပီး Cyber City ကြင္းထဲမွာ သြားရ တယ္။မႏၱေလးမွာက ေလ့က်င့္ကြင္းမရွိဘူးေလ။ဆီဖိုးနဲ႔တာယာဖိုးက တစ္ပတ္ကို သံုးသိန္းေလာက္ကုန္တယ္။ ဒါေတြကလည္း နိဳင္ငံျခားျပိဳင္ ပြဲေတြကို သြားခ်င္တယ္။ေလ့က်င့္မွဳ ကုန္က်စရိတ္ၾကီးတာကို ကုန္က်ခံေနတာက ျပိဳင္ပြဲ ၀င္နိဳင္ေအာင္ ေလ့က်င့္တဲ့ သေဘာပါ။ျပိဳင္ပြဲ၀င္ဖို႔ကေတာ့ အဆင္သင့္ျဖစ္ေပမယ့္။ျပိဳင္တဲ့ေနရာမွာ လူရဲ့ ကၽြမ္းက်င္မွဳအျပင္ ကားေပၚမွာလည္း မူတည္တယ္။

ရည္မွန္းခ်က္။

Drip ဆြဲရာမွာ အာရံုစူးစိုက္မွဳ အဓိကပဲ။ ေမာင္းခ်ိန္မွာ ခႏၶာကိုယ္တစ္ခုလံုး ဟန္ခ်က္ညီညီလွဳပ္ရွားေနရတာပါ။ အႏၱရာယ္ဆိုတာ မေမွွ်ာ္လင့္ပဲ ျဖစ္တတ္တာသိေပမယ့္ မျဖစ္ေအာင္ အာရံုစိုက္ထားရတယ္။ဒါေတြကို ေမ့ထား ျပီး ေလ့က်င့္ရတာပါ။အိမ္နီးခ်င္းနိဳင္ငံေတြမွာ သြားျပိဳင္ျပီးဆုတစ္ခုရခ်င္တယ္။အိမ္နီးခ်င္းနိဳင္ငံေတြမွာက လစဥ္ လိုလို ျပိဳင္ပြဲေတြ ရွိတယ္။ျပိဳင္ပြဲ၀င္နိဳင္ဖို႔က အဆင့္သင့္ဆိုေပမယ့္ မသြားနိဳင္ေသးဘူး။နိဳင္ငံျခားသြားျပိဳင္ရင္ အဲဒီ မွာ ကား၀ယ္လို႔ရတယ္။က်ေနာ္လည္း ျပိဳင္ပြဲ၀င္ဖို႔ ျပင္ဆင္ေနပါျပီ။

××××××××××××××××××××××××××××××××××××××××××××

ကိုျဖိဳး။Class B , First Winner (MSAM-2017 in Mandalay)

က်ေနာ္၀ါသနာပါတာက ကေလးဘ၀ကတည္းက ဆိုေပမယ့္ ကားစတင္ေမာင္းလို႔ရတဲ့အရြယ္မွာ သူမ်ားေတြ Drift ဆြဲတာၾကည့္ျပီး အဲဒီဘက္ကို စိတ္သန္ခဲ့တာ။ရိုးရိုးေမာင္းတာထက္ အတတ္ပညာပိုင္းနဲ႔ ကၽြမ္းက်င္မွဳပိုင္း ေဖၚထုတ္နိဳင္တယ္လို႔ ထင္တယ္။Drif ဆြဲတဲ့ အေတြ႔ အၾကံဳကေတာ့ ၂ နွစ္ေလာက္ရွိျပီး တစ္လကို ၂ ရက္ ေလ့က်င့္ျဖစ္တယ္။

Drift ေမာင္းနိဳင္ဖို႔ ျပင္ဆင္

ကားမွာ Drift ဆြဲဖို႔ဆိုရင္ လုိအပ္တာ အကုန္လံုးလုပ္တဲ့ေနရာမွာ အင္ဂ်င္ပိုင္းအဓိကပဲ။လိုအပ္ခ်က္မွန္သမွ် ျပင္ဆင္ရတာက ကုန္က်ေငြရွိတယ္။ေနာက္ျပီး တာဗိုေတြ တပ္ထားတယ္။စီယာတိုင္ကအစ လဲထားတယ္။ က်ေနာ္ကားက ဂ်ပန္မွာ ကတည္းက အားလံုးနီးပါး အဆင္ေျပျပီးသား ဆိုေတာ့ ထပ္ျပီကုန္တာသိပ္မရွိပါဘူး။

ျပိဳင္ပြဲအေတြ႔အၾကံဳ

MSAM(Motor Sport Association of Mandalay-က ျပင္ဦးလြင္မွာက်င္းပတဲ့ MDC(Myanmar Drift Championship-2017) ပြဲမွာ B Class ကေန  ပထမဆုရခဲ့တယ္။ ဒိုင္ေတြရဲ့အမွတ္ ေပးစည္း မ်ဥ္းရွိမွာေပါ့။ ကိုယ္ကေတာ့ ကိုယ္လုပ္နိဳင္သမွ် ၾကိဳးစားခဲ့တာပဲ။အေကာင္းဆံုးလုပ္ခဲ့တယ္။၀ါသနာအရင္းခံဆိုေတာ့ ေငြကုန္ ေပမယ့္ ဒီလို ေမာင္းေနရတာကို ေက်နပ္ေနတယ္။ေမွ်ာ္မွန္းထားတာက အိမ္နီးခ်င္းနိဳင္ငံေတြက ျပိဳင္ပြဲေတြ မွာ၀င္ျပိဳင္ဖို႔ဆိုတာ ေတာ္ရံုနဲ႔ မလြယ္ဘူး။က်ေနာ့္အဖို႔ လိုပါေသးတယ္။ အမ်ားၾကီးၾကိဳးစားရအံုးမယ္။

ေလ့က်င့္ေမာင္းနွင္ ။

အားတဲ့သူေတြစုျပီး ျပင္ဦးလြင္ ဆိုင္ဘာစီးတင္းထဲသြားက်င့္ၾကတာပါ။ကိုယ့္အခ်င္းခ်င္း မတိုက္မိေအာင္ သတိထားရတယ္။စီနီယာသမားေတြထံကသင္ယူရတာပါ။ သူတို႔ေမာင္းရင္ ကုိယ္က ေဘးကေနထိုင္လိုက္ျပီး ဘာေတြလုပ္ သလဲ။ဘယ္လိုေမာင္းလဲေပါ့။နားမလည္ရင္ ေမးရတယ္။အားလံုးက ကူညီတယ္။သင္ေပးၾက တယ္။တစ္ရက္ ေလ့က်င့္ခ်ိန္မွာ ကားတာ ယာေတြလဲရေတာ့၂ သိန္းေက်ာ္ဆိုတာ အနည္းဆံုးပဲ။ ေလ့က်င္ ျပီးတိုင္း ကားကုိ ျပန္ျပီးစစ္ရတယ္။ေအာက္ပိုင္းနဲ႔ ကလပ္ျပားေတြ စစ္ရတယ္။ဂီယာေပါက္ပ်က္တတ္တယ္။ ကလပ္ျပားက ၂ ခါေလာက္ ေလ့က်င့္ျပီးရင္ တစ္ခါအသစ္လဲရတယ္။

ရည္မွန္းခ်က္။

နိဳင္ငံတကာမွာ ျပိဳင္ပြဲေတြက်င္းပေလ့ရွိပါတယ္။သူတို႔ ပြဲေတြၾကည့္ျပီး အားရတယ္။စိတ္ဓါတ္ေတြ တက္ၾကြလာ တယ္။က်ေနာ္တို႔ဆီမွာေတာ့ မထြန္းကားေသးဘူး။ေလ့က်င့္ကြင္းလည္း မရွိဘူး။နိဳင္ငံတကာမွာလုိ ကားေမာင္း ျပိဳင္ပြဲကို အားကစားတစ္ရပ္ျဖစ္လာေစခ်င္တယ္။အိမ္နီးျခင္းနိဳင္ငံေတြမွာ ျပိဳင္ပြဲေတြ လုပ္ေနေတာ့ ကိုယ္လဲ ၀င္ျပိဳင္ခ်င္တယ္ေလ။ေလ့က်င့္ခ်ိန္မ်ားမ်ားနဲ႔လုပ္ဖို႔လိုတယ္။ေငြလည္း လုိတယ္ေလ။

××××××××××××××××××××××××××××××

ကိုရန္ေက်ာ္ေ၀(Pius Yan)      –  Class B , Second Winner (MDC – 2017 )

က်ေနာ္က Drift အုပ္စုမွာ အသက္အငယ္ဆံုးပဲ။ငယ္ငယ္ကတည္းက စိတ္ကူးယဥ္ခဲ့တာပါ။အကုိျဖစ္သူ က လည္း ကားDrift ဆြဲတယ္။ကား၀ယ္ျပီး ကတည္းက အကိုနဲ႔ လိုက္ေမာင္းတယ္။ေလ့က်င့္တယ္။သင္တယ္ေပါ့။ ပံုမွန္ကားကို လိုရာခရီးေမာင္းတာနဲ႔ မတူဘူးေလ။နိဳင္ငံတကာ ရုပ္သံေတြမွာ ျမင္ေတြ႔ေနရတဲ့ ကားေမာင္းျပိဳင္ပြဲ ေတြကို အားက်တယ္။သူတို႔လို ကိုယ္လည္း လုပ္ခ်င္လာတာေပါ့။

Drift ေမာင္းနိဳင္ဖို႔ ျပင္ဆင္

ပုံမွန္္ထက္ ပိုမိုခက္ခဲတာနဲ႔ အမွွ် Drift ဆြဲဖုိ႔ ကားထဲက ပစၥည္းအစိပ္အပိုင္းအေတာ္မ်ားမ်ားကို Modifie လုပ္ရ တယ္။က်ေနာကားကို ေရတိုင္ကီအၾကိးလဲထားတယ္။အင္ဂ်င္ပါ၀ါလည္း ျမွင့္ထားတဲ့အျပင္ အင္ဂ်င္တစ္လံုးကို Control လုပ္နိဳင္ေအာင္ Computer စနစ္နဲ႔ခ်ိတ္ဆက္ထားတယ္။ကိုယ္လိုခ်င္တဲ့ပံုစံထိ ေမာင္းလို႔ရေအာင္ေပါ့။ တာဗိုေတာ့ တပ္မထားဘူး။ဂ်ပန္ကလာတဲ့ ပံုစံအတုိင္းပဲ။ခုေတာ့ သိပ္အဆင္မေျပလို႔ ကြင္းအေနအထားနဲ႔ Drift  ကို စိတ္ရွိတိုင္းဆြဲလို႔ မရလို႔ အင္ဂ်င္အလံုးလိုက္လဲဖုိ႔ စိတ္ကူးထားတယ္။ အဲဒါမ်ိဳးလုပ္ရင္ သိန္း ၆၀ ေလာက္ သံုးရမွာ။

ျပိဳင္ပြဲ၀င္ ။

Drift နဲ႔ပတ္သက္ျပီး အေတြ႔အၾကံဳ ၂ နစ္ေလာက္ပဲရွိေသးတယ္။Turbo Nos ကလုပ္တဲ့ျပိဳင္ပြဲမွာ၀င္ခဲ့တယ္။ ေနာက္တစ္ခု ျပိဳင္ပြဲ၀င္ခဲ့တဲ့ MDC(Myanmar Drift Championship-2017)မွာ B Class မွာဒုတိယ ရတယ္။ဒရစ္ဆြဲတာ ဒိုင္ေတြ ေပးတဲ့အမွတ္ထဲမွာပါတဲ့ အတိုင္းေတာ့လုပ္နိဳင္လို႔ ဆုရတယ္ထင္တယ္။ အေတြ႔ အၾကံဳနည္းေသးေတာ့ ၀င္ျပိဳင္ျဖစ္ခဲ့ေပမယ့္ ဆုေတြဘာေတြ မွန္းမထားပါဘူး။အဓိက ျပိဳင္ပြဲအေတြ႔အၾကံဳရဖို႔ပါ။

ေလ့က်င့္ေမာင္းနွင္

ကိုယ့္ အထက္က စီနီယာေတြနဲ႔ တစ္လ ၂ ၾကိမ္ ေလ့က်င့္တယ္။သင္ယူတယ္အနီးကပ္ေတာ့ အကိုက သင္ေပး တယ္။ေလ့က်င့္တယ္ဆိုတာ အခ်ိန္ကုန္သြးရံုနဲ႔ မျပီးဘူး။တာယာေတြလဲရတယ္။ကလပ္ျပားေတြ ပ်က္စီးတယ္။ ဒီအတြက္ ကုန္က်စရိတ္က တစ္ရက္ေလ့က်င့္မွဳမွာ တာယာဖိုးက၂ သိန္းေက်ာ္ျပီ။ ျပင္ဦးလြင္ဘက္သြားရတာ ေၾကာင့္ ဆီဖိုးနဲ႔ တေနကုန္အတြက္ တျခားကုန္က်မွဳေတြနဲ႔ဆိုရင္ သံုးသိန္းေလာက္ေတာ့ ကုန္တယ္ေလ။ အမွတ္တရဘာရွိလဲ ဆိုရင္ ေလ့က်င့္ကြင္းမွာ ဒရစ္ဆြဲရင္ တာယာေတြလဲဖို႔ ေနာက္ဘီးျဖဳတ္တယ္။အဲလို ျဖဳတ္လဲရင္ က်ေနာ္က ခဏခဏအျဖဳတ္အတတ္လုပ္ရတယ္။ဘီးျဖဳတ္ျပီးရင္ ကိုယ္ျပန္တပ္တဲ့အခါ သူမ်ား ကားရဲ့ေနာက္ဘီးကို မွားတပ္မိတာနဲ႔ ျပန္ျပန္ျဖဳတ္ရတာေလ။

ရည္မွန္းခ်က္။

မႏၱေလးျမိဳ႕အနီးမွာ ေလ့က်င့္ဖို႔ ေနရာမရွိဘူးေလ။ေလ့က်င့္ဖို႔ အတြက္ သြားရတာကိုက အခ်ိ္န္ေပးရတယ္။ တစ္ေယာက္ထဲမဟုတ္ဘဲ အုပ္စုနဲ႔ သြားျပီး ေလ့က်င့္ေမာင္းနွင္ၾကတယ္။တစ္ေယာက္နဲ႔ တစ္ေယာက္အေတြ႔ အၾကံဳေတြ ဖလွယ္ရင္း ကိုယ္လုပ္နိဳင္မွဳစြမ္းရည္ ျမင့္ေအာင္ ၾကိဳးစားရတာေလ။ဒါကလည္း ျပည္တြင္းမွာ ရပ္မေနဘဲ နိဳင္ငံရပ္ျခားျပိဳင္ပြဲေတြမွာ ယွဥ္ျပိဳင္ဖို႔အတြက္ပါ။ျပိဳင္ခ်င္တယ္ဆိုေပမယ့္ လက္ရွိမွာေတာ့ နိဳင္ငံ ျခားျပိဳင္ပြဲမွာ ၀င္ျပိဳင္နိဳင္ဖို႔ထိ အဆင့္သင့္မျဖစ္ေသးဘူးလို႔ ထင္ပါတယ္။ေလ့က်င့္မွဳမ်ားမ်ားနဲ႔ ျပည္တြင္း ျပိဳင္ပြဲေတြမွာ အေတြ႔အၾကံဳရေအာင္ လုပ္အံုးမယ္။

×××××××××××××××××××××××××××××××××××××

ကိုေအရြန္(Aron) Class A – Third Winner (MCW -2016)

Drift ဆြဲေမာင္းတဲ့ သက္တမ္းက ၆ နွစ္ေလာက္ရွိပါျပီ။၀ါသနာပါတာက ျပိဳင္ကားေမာင္းတဲ့ ရုပ္သံေတြ ၾကည့္ ရင္း ဘယ္လိုေမာင္းလဲ ဆိုတာကေနစျပီးရူးသြပ္ခဲ့တာ။သူတို႔လို ေမာင္းတတ္ခ်င္လာတယ္။၂၀၁၁ ေလာက္က စခဲ့တယ္လို႔ ေျပာရမယ္။အဲဒီတုန္းက ဘာအေတြ႔အၾကံဳမွ မရွိဘူး။နိဳင္ငံျခားျပိဳင္ပြဲေတြကို ထိုင္ၾကည့္ေလ့လာျပီး ေတာ့ အျပင္မွာ လက္ေတြ႔ေမာင္းၾကည့္တာေပါ့။၂၀၁၄ မွာ ေကာင္းေကာင္းကၽြမ္္း က်င္လာျပီေလ။

Drift ေမာင္းနိဳင္ဖို႔ ျပင္ဆင္

Drift ေမာင္းနိဳင္ဖို႔အတြက္ ကားေအာက္ပိုင္းေတြ ေကာင္းဖို႔၊လိုက္ဖက္ဖို႔လိုတယ္။ေျပာရရင္ Modified လုပ္ရပါ တယ္။ဒါမွလည္း ကိုယ္ေမာင္းခ်င္သလို ျဖစ္လာမယ္။အဓိကေတာ့ ကားေအာက္ပိုင္း Suspension ေတြေျပာင္း ရတာေပါ့။က်ေနာ့ကားမွာ ပိုျပီး Angle ခ်ိဳးနိုုင္ဖို႔အတြက္ စီယာတိုင္ကို ၇၅ Angle ေျပာင္ထားတယ္။ ကားနွစ္စီး ကပ္လုိက္ရင္ ပိုျပီးလြယ္ေအာင္ ကလပ္ျပားေတြ၊ဖင္းဂါးေတြ လဲထားတယ္။Modified လုပ္တဲ့ကုန္က်စရိတ္က ကိုယ္ထည့္တဲ့ေပၚမွာ မူတည္တယ္။က်ေနာ့ခု ၀ယ္ထားတဲ့ကားက ဂ်ပန္ကတည္းက ျပိဳင္ကားအတြက္ ျပင္ဆင္ ထားတဲ့အတိုင္း ၀ယ္ထားလို႔ ျပင္ဆင္မွဳကုန္က်ေငြ သိပ္မလိုက္ရဘူး။

ျပိဳင္ပြဲ၀င္

ကားျပိဳင္ပြဲေတြ ရွိရင ္မေရာက္ေရာက္ေအာင္ သြားၾကည့္တယ္။ကိုယ္ဆိုရင္ ဘယ္လိုေမာင္းမလဲ၊ဘာေတြ အား နည္းခ်က္ရွိလဲဆိုတာေတြက အေတြ႔အၾကံဳရတယ္ေလ။ျပည္တြင္းျပိဳင္ပြဲေတြမွ၀င္ျပိဳင္ခဲ့တယ္။၂၀၁၂ ကားအလွ ျပိဳင္ပြဲမွာ(Engine Performance )အေနနဲ႔ ဆုရခဲ့တယ္။ရန္ကုန္မွာ၂၀၁၅ တုန္းက လုပ္ခဲ့တဲ့ Auto Drive ျပိဳင္ပြဲ မွာ Drift အတြက္ Shell Co.,Ltd က အားရနွစ္သက္လို႔ အားအရဆံုးဆုဆိုျပီး ေပးခဲ့တာက က်ေနာ္ရခဲ့တယ္။ ၂၀၁၆ ဒီဇင္ဘာက ျပင္ဦးလြင္(ျပင္စာ)Cyber City မွာလုပ္တဲ့ MCW(Myanmar Car WeeK)ျပိဳင္ပြဲမွာေတာ့ Drift ျပိဳင္ပြဲ Class A မွာ တတိယရခဲ့ပါတယ္။ဒီအေတြ႔အၾကံဳေတြနဲ႕ နိဳင္ငံတကာ ျပိဳင္ပြဲေတြ ယွဥ္ျပိဳင္ဖို႔ထိ စဥ္းစားထားတယ္။

ေလ့က်င့္ေမာင္းနွင္

အစတုန္းကေတာ့ တစ္ေယာက္ထဲ ေလ့က်င့္ရာက နိဳင္ငံတကာ ျပိဳင္မယ္ဆိုရင္ တစ္စီးထဲမရလို႔ သူငယ္ခ်င္း ေခၚျပီး ၂ စီးေလ့က်င့္တယ္။အခ်င္းခ်င္းတိုက္မိတာလည္းရွိတာေပါ့ ။ေနာက္ပိုင္းမွာ အျမဲတမ္းတြဲတဲ့ အဖြဲ႔လည္္း ရွိလာျပီး ဥပုသ္ေန႔လို အားတဲ့ရက္မွာ တစ္လသံုးၾကိမ္ေလာက္ေပါ့။တစ္ရက္ကို ဆီဖိုးနဲ႔ တာယာဖိုးက မနည္း ဘူး။ လက္ရွိတာယာ တစ္လံုးေပါက္ေစ်းက ငါးေသာင္းေလ။Drift ေမာင္းရင္ ဘီးေလးဘီးက တာယာေတြ လဲ ရတဲ့ စရိတ္နဲ႔ တခါတ ေလ ကလပ္ျပားေတြ လဲရတာလည္းရွိတယ္္။ကလပ္ျပားပ်က္ရင္ သံုသိန္းမကေတာ့ဘူး။ တခါလဲျပီးရင္ ၁၀ ခါေလာက္ထိပဲ Drift ေမာင္းလို႔ရတယ္။

ေမွ်ာ္မွန္းခ်က္ ။

အိမ္နီးခ်င္းနိဳင္ငံေတြမွာ လစဥ္ ျပိဳင္ပြဲေတြရွိသလို နိဳင္ငံတကာမွာလည္း ျပိဳင္ပြဲေတြရွိတယ္။ျပိဳင္ပြဲ၀င္ဖို႔ လည္း အစီအစဥ္ရွိျပီး ကိုယ္ဘက္က အေကာင္းဆံုးျဖည့္ဆည္းဖို႔ လုပ္ေနတာပါ။ဒီလိုျပိဳင္ပြဲ၀င္ဖို႔ဆိုတာ ကိုယ့္ဘက္က ေလ့က်င့္မွဳအား ေကာင္းဖို႔၊ကားရဲ့ အေျခအေနေတြေကာင္းဖို႔လိုတယ္။Drift ေမာင္းကတည္းက ကိုယ့္၀ါသနာ ေၾကာင့္ နိဳင္ငံတကာ ျပိဳင္ကားေမာင္းတဲ့ရုပ္သံ ေတြၾကည့္ျပီးေလ့က်င့္ခဲ့တယ္။လက္ေတြ႔လုပ္နိိဳင္တဲ့ အခ်ိန္မွာ ကိုယ့္ကိုယ္ကို ေပ်ာ္တာေပါ့။အႏၱရာယ္ၾကီးေပမယ့္ ထိခိုက္မွဳေတြမရွိခဲ့ဘူး။မ်ိဳးဆက္သစ္ေတြကို က်ေနာ္ တတ္သေလာက္ သိသေလာက္ သင္ေပးတယ္။အတူတြဲေခၚသြုားမယ္ေပါ့။