Unicode version…
သူက အသက်ငယ်ရွယ်ချိန်ကတည်းက Drift တွေကိုကြိုက်နှစ်သက်ပြီး ထူးချွန်တဲ့ပြိုင်ကားမောင်းသူအဖြစ် ရောက်ဖို့ ရည်မှန်းချက်ရှိသူတစ်ဦးဖြစ်ပါတယ်။ အရင်ကတော့ ရန်ကုန်မှာလေ့ကျင့်ကွင်းရှိလို့ ဝါသနာအရ လေ့ ကျင့်သင်ယူမှုတွေလုပ်ခဲ့တယ်။နောက်ပိုင်း သူတို့လု်ိ Racer တွေအတွက် ဘာထောက်ပံ့မှုမှမရတော့ အိမ်နီး ချင်းနိုင်ငံထိုင်းမှာရှိတဲ့ ပြိုင်ပွဲတွေဆီချီတက်ခဲ့ရတယ်။ အဲဒီမှာလည်း မဆုတ်မနစ်တဲ့စိတ်ဓါတ်၊ ဇွဲရှိရှိနဲ့ ကြိုးစား လေ့ကျင့်ခဲ့တယ်။ သူ့ရဲ့အားလပ်ချိန်တွေကို လေ့ကျင့်ရင်းနဲ့ပဲကုန်လွန်စေခဲ့ပါတယ်။ အဲဒီရဲ့အကျိုးရလဒ်က တော့ ပြိုင်ပွဲတိုင်းမှာ အောင်မြင်တွေရခဲ့တာပါပဲ။ နောက်ဆုံးပြိုင်ပွဲမှာဆိုရင် ဒဏ်ရာအနာတရရှိလျက်နဲ့ ဆုရ အောင်ပြိုင်ခဲ့တဲ့ သူ့ရဲ့စိတ်ဓါတ်မာကျောမှုကတော့ အ့ံအားသင့်စရာကောင်းပါတယ်။ သူ့နာမည်က ကျော် ဇင်ဦးဖြစ်ပါတယ်။ သူဘယ်လို စိတ်ဓါတ်ပြင်းပြတယ်။ ဘယ်လိုလေ့ကျင့်ခဲ့ရတယ်။ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ရတယ်၊နောက်ပြီးတော့ ရည်မှန်းချက်တွေ ဘယ်လိုထားရှိသလဲဆိုတာကို သူနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းမိခဲ့ပါတယ်။
၁- မင်္ဂလာပါ ကိုကျော်ဇင်ဦးရေ။ ဘယ်တုန်းထဲကစပြီး Drift ကိုဝါသနာပါပြီး စမောင်းခဲ့တာလဲ။ ဘယ်လိုလေ့ ကျင့်ခဲ့ရသလဲ။ နောက်ပြီးပြိုင်ပွဲဝင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
ဟုတ်ကဲ့။ကျွန်တော်ပြိုင်ကားမောင်းတာကို စပြီးဝါသနာပါခဲ့တာကတော့ ၁၇နှစ်လောက်ကတည်းပါ။ ရန်ကုန်မှာ Gold cup ကွင်းလေးရှိတယ်။ အဲဒီမှာသွားပြီးမောင်းရင်းမောင်းရင်းနဲ့ တဖြည်းဖြည်းမောင်းတတ်လာတယ်။ သူ များတွေဆီကလည်း သင်ယူမှုတွေလုပ်ခဲ့ရတယ်။အရင်တုန်းကတော့ ရန်ကုန်မှာရှိတဲ့ Gold cup ကွင်းလေးမှာ ပြိုင်တာတွေ၊ဘာတွေလုပ်တယ်။ ဒါပေမဲ့ အဲဒီကွင်းလေးပိတ်သွားတဲ့အခါကျတော့ ဘန်ကောက်မှာကျွန်တော်စုံ စမ်းတယ်။ ပြီးတော့ အဲဒီမှာသွားပြိုင်ခဲ့ပါတယ်။ ဟိုမှာ ပိုပြီးကားတွေပိုစုံသလို တော်တော်လေးလည်းတော်ကြပါ တယ်။
၂- ပြိုင်ပွဲတွေကိုအတွေ့အကြုံတွေကိုပြောပြပေးပါဦး။
ပြိုင်ပွဲအတွေ့အကြံုကတော့ နိုင်ငံခြားမှာပြိုင်ရတော့ ဘာသာစကားဆက်သွယ်မှုကအစ ခက်ခဲတယ်။ အခြားအ ခက်အခဲတွေလည်း အများကြီးကြံုရတယ်။ စိတ်လှုပ်ရှားစရာတွေလည်း အများကြီးပါပဲ။ ပြိုင်ဘက်တွေအကုန် လုံးကလည်း သူမသာကိုယ်မသာ အနေအထားပါပဲ။အရမ်းကို ကားမောင်းကျွမ်းကျင်ကြသူတွေချည်းဖြစ်လို့ ခက်ခက်ခဲခဲပြိုင်ခဲ့ရပါတယ်။အဖိုးတန်အတွေ့အကြံုတွေအများကြီးရခဲ့ပါတယ်။ အမှတ်ရစရာဆိုလို့ ကျွန်တော် နောက်ဆုံးအခေါက်ပြိုင်ပွဲဝင်တော့ ပွဲစဖို့တစ်ရက်အလိုမှာ ကိုယ့်လက်ကိုယ် ကတ်ကြေးနဲ့ထိုးမိပါတယ်။ အဲတော့ Hand Brake တွေ၊ ဂီယာတွေထိုးဖို့အရမ်းခက်တယ်။ဒါပေမဲ့လည်း ရအောင်မောင်းမယ်ဆိုတဲ့ စိတ်နဲ့မောင်းခဲ့ တယ်။ ဆုအနေနဲ့ကတော့ First runner up ရယ်ပြီးရင် Class C မှာ နံပါတ် ၄ ရခဲ့ပါတယ်။
၃-ဘယ်လိုလေ့ကျင့်မှုတွေလုပ်ခဲ့ရပါသလဲ။
ပြိုင်ပွဲမတိုင်ခင် နှစ်ပတ်၊သုံးပတ်လောက်အလိုကတည်းက ကွင်းကို နှစ်ရက်တစ်ခါ၊တစ်ရက်တစ်ခါလောက် ဆက်တိုက်သွားဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်လေးလေ့ကျင့်မှုတွေလုပ်ခဲ့ရပါတယ်။ လေ့ကျင့်မှုများခဲ့လို့ အခုလိုဆုတွေရခဲ့တာလို့လည်း ပြောရင်ရပါတယ်။
၄-မြန်မာပြည်ကိုယ်စားပြုအနေနဲ့ဆုရခဲ့တဲ့ ခံစားချက်လေး။
ဘယ်လိုပြောရမလဲဆိုရင် ပြောမပြတတ်အောင်ဝမ်းသာပါတယ်။ ပြီးတော့ ဒါကကျွန်တော်ငယ်ငယ်လေးထဲက အိပ်မက်ပါပဲ။အဲလိုမျိုးဆုတွေဘာတွေရပြီး international အဆင့်ပြိုင်ဖို့ဆိုတာ ကျွန်တော်အိပ်မက်ဖြစ်ပါတယ်။
၅-နောက်ပြီးကိုကျော်ဇင်ဦးအနေနဲ့ ဘန်ကောက်မှာ ပြိုင်ပွဲဝင်ခဲ့တုန်းက ဘာကားကိုအသုံးပြုခဲ့ပါသလဲ၊ ပြီးတော့ ပြိုင်ပွဲပုံစံလေးပြောပြပေးပါလား။
ဘန်ကောက်မှာ ကျွန်တော့်ကားက Nissan 180sx ကို 1JZ engine ထိုင်ထားပါတယ်။ ပြိုင်ပွဲပုံစံကတော့ Class တွေအများကြီးခွဲထားပါတယ်။ ပြိုင်တဲ့ပုံစံကတော့ နှစ်စီးနှစ်စီးမောင်းရတာပေါ့။အဲလိုမောင်းတာကို ဒိုင်တွေက အမှတ်ပေးတာပါ။
Processed with VSCO with f2 preset
၆-ဒီမှာပြိုင်ပွဲတွေရှိလာရင်ရောဝင်ပြိုင်ဖို့ အစီအစဉ်ရှိပါသလား ။
ရှိပါတယ်။ ကိုယ်မွေးတဲ့နိုင်ငံဆိုတော့ ပိုတောင်မှပြိုင်ချင်ပါသေးတယ်။ ဒါပေမဲ့ ကွင်းတွေမရှိတော့ ပြိုင်ပွဲဝင်ချင် သူတွေအတွက် အရမ်းကို ခက်ခဲပါတယ်။အဲဒါမျိုးကွင်းတွေ လုပ်ပေးရင်တော့ ဒီမှာ Racer တွေအများကြီးထွက် ပေါ်လာမှာပါ။
၇- ပြိုင်ပွဲဝင်ဖို့အတွက် ကားကိုရောဘယ်လို Modified ပြန်လုပ်ရပါသလဲ။ပြီးတော့ ကုန်ကျစရိတ် ဘယ် လောက်ရှိပါသလဲ။
လိုအပ်တာကတော့ သေးသေးလေးတွေနဲ့ အများကြီးပါ။ အောက်ပိုင်းကောင်းဖို့ကလည်း အရမ်းအရေးကြီးပါ တယ်။ အင်ဂျင်နဲ့ သက်ဆိုင်တဲ့ Upgrade တွေအများကြီးလိုတယ်။ပြီးရင် ကိုယ်ကိုယ်တိုင်လည်း ပြင်ဆင်ဖို့လို အပ်ပါတယ်။ ကွင်းထဲသွားပြီးလေ့ကျင့်ရမယ်။ တတ်မြောက်ပြီးသားသူတွေဆီကလည်း သင်ယူရမယ်။ ကုန်ကျ စရိတ်အနေနဲ့ဆိုရင် အောက်ပိုင်းကတော့ ကိုယ်စိတ်ကြိုက်မောင်းလို့ရတဲ့အနေအထားဆိုရင် သိန်း ၂၀ လောက် တော့ကုန်မယ်။ အင်ဂျင်ကတော့ ကိုယ်လိုအပ်တဲ့ပါဝါထွက်ဖို့အတွက်ကျတော့ သိန်း ၅၀ လည်းဖြစ်နိုင်တယ်။ သိန်း ၁၀၀ လည်းဖြစ်နိုင်ပါတယ်။ ၁၅၀ လည်းဖြစ်နိုင်တယ်။ ကိုယ့်ထည့်သလောက်ကုန်ကျသွားနိုင်ပါတယ်။
၈-ကိုကျော်ဇင်ဦးအနေနဲ့ ထိုင်းမှာဘယ်နှစ်ပွဲဝင်ပြိုင်ခဲ့ပြီး ဘာဆုတွေရရှိခဲ့ပါသလဲ။
ဟုတ်ကဲ့။ကျွန်တော့်အနေနဲ့ ၂ ပွဲပြိုင်ခဲ့ပါတယ်။ ပထမပွဲက ဘူရီရန်ဆိုတဲ့မြို့က chang international circuit မှာလုပ်တဲ့ Drift ပြိုင်ပွဲမှာ Class C မှာ first runner up ရခဲ့ပါတယ်။ အခုနောက်ဆုံးတစ်ခေါက်သွားပြိုင်ခဲ့တဲ့ North East Underground Drift ပြိုင်ပွဲမှာတော့ ကျွန်တော် new generation မှာတော့ First runner up ရခဲ့ပါတယ်။ Class C မှာတော့ နံပါတ်လေး ရခဲ့ပါတယ်။
၉- Racer တစ်ယောက်အနေနဲ့အနာဂတ်ရည်မှန်းချက်လေး။
ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ Formula Drift ဆိုတာရှိပါတယ်။ အဲဒါကတော့ တကယ့် Professional Drift သမားတွေချည်းပဲစုပြီးတော့ ပြိုင်တဲဲ့ပိုင်ပွဲပါ။ကျွန်တော့်ရည်မှန်းချက်ကတော့ အဲဒီကိုရောက်တဲ့အထိပြိုင် မှာပါ။
၁၀-ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလေ့ကျင့်မှုတွေ ပြုလုပ်ရမလဲဆိုတာ ဆွေးနွေးပေးပါဦး။
ကျွန်တော့်အတွက်ကကျတော့ ဘယ်လိုလေ့ကျင့်မှုတွေလုပ်ခဲ့ရသလဲဆိုရင် အဓိကကတော့ ဖြစ်အောင် လုပ် မယ်ဆိုတဲ့စိတ်ပါ။ ကိုယ်အားတာနဲ့ ကွင်းထဲသွားတယ်။လေ့ကျင့်တယ်။ လေ့လာတာတွေလုပ်ရမယ်။ သင် ယူရ မယ်ပေါ့။ကိုယ်အားတဲ့အချိန်တွေကို ကွင်းထဲမှာပဲကုန်ဆုံးသင့်တယ်။ ပြီးတော့ ငွေကုန်ခံနိုင်ရမယ်။ ဘာလို့လဲဆို တော့ ပြင်ဆင်စရိတ်ကကြီးလို့ပါ။ ဒီအချက်တွေပြည့်စုံရင် သူ့အလိုလိုတတ်မြောက် ကျွမ်းကျင်လာပါလိမ့်မယ်။
Zawgyi version..
သူက အသက္ငယ္ရြယ္ခ်ိန္ကတည္းက Drift ေတြကုိၾကိဳက္ႏွစ္သက္ျပီး ထူးခြ်န္တဲ့ျပိဳင္ကားေမာင္းသူအျဖစ္ ေရာက္ဖုိ႔ ရည္မွန္းခ်က္ရွိသူတစ္ဦးျဖစ္ပါတယ္။ အရင္ကေတာ့ ရန္ကုန္မွာေလ့က်င့္ကြင္းရွိလုိ႔ ဝါသနာအရ ေလ့ က်င့္သင္ယူမွဳေတြလုပ္ခဲ့တယ္။ေနာက္ပုိင္း သူတုိ႔လု္ိ Racer ေတြအတြက္ ဘာေထာက္ပံ့မွဳမွမရေတာ့ အိမ္နီး ခ်င္းႏိုင္ငံထုိင္းမွာရွိတဲ့ ျပိဳင္ပဲြေတြဆီခ်ီတက္ခဲ့ရတယ္။ အဲဒီမွာလည္း မဆုတ္မနစ္တဲ့စိတ္ဓါတ္၊ ဇြဲရွိရွိနဲ႕ ၾကိဳးစား ေလ့က်င့္ခဲ့တယ္။ သူ႔ရဲ႕အားလပ္ခ်ိန္ေတြကုိ ေလ့က်င့္ရင္းနဲ႕ပဲကုန္လြန္ေစခဲ့ပါတယ္။ အဲဒီရဲ႕အက်ိဳးရလဒ္က ေတာ့ ျပိဳင္ပဲြတုိင္းမွာ ေအာင္ျမင္ေတြရခဲ့တာပါပဲ။ ေနာက္ဆုံးျပိဳင္ပဲြမွာဆုိရင္ ဒဏ္ရာအနာတရရွိလ်က္နဲ႔ ဆုရ ေအာင္ျပိဳင္ခဲ့တဲ့ သူ႕ရဲ႕စိတ္ဓါတ္မာေက်ာမွဳကေတာ့ အ့ံအားသင့္စရာေကာင္းပါတယ္။ သူ႕နာမည္က ေက်ာ္ ဇင္ဦးျဖစ္ပါတယ္။ သူဘယ္လုိ စိတ္ဓါတ္ျပင္းျပတယ္။ ဘယ္လုိေလ့က်င့္ခဲ့ရတယ္။ အခက္အခဲေတြကုိ ဘယ္လုိ ေက်ာ္ျဖတ္ခဲ့ရတယ္၊ေနာက္ျပီးေတာ့ ရည္မွန္းခ်က္ေတြ ဘယ္လုိထားရွိသလဲဆုိတာကုိ သူနဲ႔ေတြ႔ဆုံခုိက္မွာ ေမးျမန္းမိခဲ့ပါတယ္။
၁- မဂၤလာပါ ကုိေက်ာ္ဇင္ဦးေရ။ ဘယ္တုန္းထဲကစျပီး Drift ကုိဝါသနာပါျပီး စေမာင္းခဲ့တာလဲ။ ဘယ္လုိေလ့ က်င့္ခဲ့ရသလဲ။ ေနာက္ျပီးျပိဳင္ပဲြဝင္ျဖစ္ခဲ့ပုံေလးကုိ ေျပာျပေပးပါဦး။
ဟုတ္ကဲ့။ကြ်န္ေတာ္ျပိဳင္ကားေမာင္းတာကုိ စျပီးဝါသနာပါခဲ့တာကေတာ့ ၁၇ႏွစ္ေလာက္ကတည္းပါ။ ရန္ကုန္မွာ Gold cup ကြင္းေလးရွိတယ္။ အဲဒီမွာသြားျပီးေမာင္းရင္းေမာင္းရင္းနဲ႔ တျဖည္းျဖည္းေမာင္းတတ္လာတယ္။ သူ မ်ားေတြဆီကလည္း သင္ယူမွဳေတြလုပ္ခဲ့ရတယ္။အရင္တုန္းကေတာ့ ရန္ကုန္မွာရွိတဲ့ Gold cup ကြင္းေလးမွာ ျပိဳင္တာေတြ၊ဘာေတြလုပ္တယ္။ ဒါေပမဲ့ အဲဒီကြင္းေလးပိတ္သြားတဲ့အခါက်ေတာ့ ဘန္ေကာက္မွာက်ြန္ေတာ္စုံ စမ္းတယ္။ ျပီးေတာ့ အဲဒီမွာသြားျပိဳင္ခဲ့ပါတယ္။ ဟုိမွာ ပုိျပီးကားေတြပုိစုံသလုိ ေတာ္ေတာ္ေလးလည္းေတာ္ၾကပါ တယ္။
၂- ျပိဳင္ပြဲေတြကုိအေတြ႔အၾကံဳေတြကုိေျပာျပေပးပါဦး။
ျပိဳင္ပဲြအေတြ႔အၾကံဳကေတာ့ ႏိုင္ငံျခားမွာျပိဳင္ရေတာ့ ဘာသာစကားဆက္သြယ္မွဳကအစ ခက္ခဲတယ္။ အျခားအ ခက္အခဲေတြလည္း အမ်ားၾကီးၾကံဳရတယ္။ စိတ္လွဳပ္ရွားစရာေတြလည္း အမ်ားၾကီးပါပဲ။ ျပိဳင္ဘက္ေတြအကုန္ လုံးကလည္း သူမသာကုိယ္မသာ အေနအထားပါပဲ။အရမ္းကုိ ကားေမာင္းကြ်မ္းက်င္ၾကသူေတြခ်ည္းျဖစ္လုိ႔ ခက္ခက္ခဲခဲျပိဳင္ခဲ့ရပါတယ္။အဖုိးတန္အေတြ႔အၾကံဳေတြအမ်ားၾကီးရခဲ့ပါတယ္။ အမွတ္ရစရာဆုိလုိ႔ က်ြန္ေတာ္ ေနာက္ဆုံးအေခါက္ျပိဳင္ပဲြဝင္ေတာ့ ပြဲစဖုိ႔တစ္ရက္အလုိမွာ ကုိယ့္လက္ကုိယ္ ကတ္ေၾကးနဲ႔ထုိးမိပါတယ္။ အဲေတာ့ Hand Brake ေတြ၊ ဂီယာေတြထုိးဖုိ႔အရမ္းခက္တယ္။ဒါေပမဲ့လည္း ရေအာင္ေမာင္းမယ္ဆုိတဲ့ စိတ္နဲ႔ေမာင္းခဲ့ တယ္။ ဆုအေနနဲ႔ကေတာ့ First runner up ရယ္ျပီးရင္ Class C မွာ နံပါတ္ ၄ ရခဲ့ပါတယ္။
၃-ဘယ္လုိေလ့က်င့္မွဳေတြလုပ္ခဲ့ရပါသလဲ။
ျပိဳင္ပဲြမတုိင္ခင္ ႏွစ္ပတ္၊သုံးပတ္ေလာက္အလုိကတည္းက ကြင္းကုိ ႏွစ္ရက္တစ္ခါ၊တစ္ရက္တစ္ခါေလာက္ ဆက္တုိက္သြားျဖစ္ပါတယ္။ ျပင္းျပင္းထန္ထန္ေလးေလ့က်င့္မွဳေတြလုပ္ခဲ့ရပါတယ္။ ေလ့က်င့္မွဳမ်ားခဲ့လုိ႔ အခုလုိဆုေတြရခဲ့တာလုိ႔လည္း ေျပာရင္ရပါတယ္။
၄-ျမန္မာျပည္ကုိယ္စားျပဳအေနနဲ႕ဆုရခဲ့တဲ့ ခံစားခ်က္ေလး။
ဘယ္လုိေျပာရမလဲဆုိရင္ ေျပာမျပတတ္ေအာင္ဝမ္းသာပါတယ္။ ျပီးေတာ့ ဒါကကြ်န္ေတာ္ငယ္ငယ္ေလးထဲက အိပ္မက္ပါပဲ။အဲလုိမ်ိဳးဆုေတြဘာေတြရျပီး international အဆင့္ျပိဳင္ဖုိ႔ဆုိတာ ကြ်န္ေတာ္အိပ္မက္ျဖစ္ပါတယ္။
၅-ေနာက္ျပီးကုိေက်ာ္ဇင္ဦးအေနနဲ႔ ဘန္ေကာက္မွာ ျပိဳင္ပဲြဝင္ခဲ့တုန္းက ဘာကားကုိအသုံးျပဳခဲ့ပါသလဲ၊ ျပီးေတာ့ ျပိဳင္ပဲြပုံစံေလးေျပာျပေပးပါလား။
ဘန္ေကာက္မွာ ကြ်န္ေတာ့္ကားက Nissan 180sx ကုိ 1JZ engine ထုိင္ထားပါတယ္။ ျပိဳင္ပဲြပုံစံကေတာ့ Class ေတြအမ်ားၾကီးခဲြထားပါတယ္။ ျပိဳင္တဲ့ပုံစံကေတာ့ ႏွစ္စီးႏွစ္စီးေမာင္းရတာေပါ့။အဲလုိေမာင္းတာကုိ ဒုိင္ေတြက အမွတ္ေပးတာပါ။
၆-ဒီမွာျပိဳင္ပဲြေတြရွိလာရင္ေရာဝင္ျပိဳင္ဖုိ႔ အစီအစဥ္ရွိပါသလား ။
ရွိပါတယ္။ ကုိယ္ေမြးတဲ့ႏုိင္ငံဆုိေတာ့ ပုိေတာင္မွျပိဳင္ခ်င္ပါေသးတယ္။ ဒါေပမဲ့ ကြင္းေတြမရွိေတာ့ ျပိဳင္ပြဲဝင္ခ်င္ သူေတြအတြက္ အရမ္းကုိ ခက္ခဲပါတယ္။အဲဒါမ်ိဳးကြင္းေတြ လုပ္ေပးရင္ေတာ့ ဒီမွာ Racer ေတြအမ်ားၾကီးထြက္ ေပၚလာမွာပါ။
၇- ျပိဳင္ပဲြဝင္ဖုိ႔အတြက္ ကားကုိေရာဘယ္လုိ Modified ျပန္လုပ္ရပါသလဲ။ျပီးေတာ့ ကုန္က်စရိတ္ ဘယ္ ေလာက္ရွိပါသလဲ။
လုိအပ္တာကေတာ့ ေသးေသးေလးေတြနဲ႔ အမ်ားၾကီးပါ။ ေအာက္ပုိင္းေကာင္းဖုိ႔ကလည္း အရမ္းအေရးၾကီးပါ တယ္။ အင္ဂ်င္နဲ႕ သက္ဆုိင္တဲ့ Upgrade ေတြအမ်ားၾကီးလုိတယ္။ျပီးရင္ ကုိယ္ကုိယ္တုိင္လည္း ျပင္ဆင္ဖုိ႔လုိ အပ္ပါတယ္။ ကြင္းထဲသြားျပီးေလ့က်င့္ရမယ္။ တတ္ေျမာက္ျပီးသားသူေတြဆီကလည္း သင္ယူရမယ္။ ကုန္က် စရိတ္အေနနဲ႔ဆုိရင္ ေအာက္ပုိင္းကေတာ့ ကုိယ္စိတ္ၾကိဳက္ေမာင္းလုိ႔ရတဲ့အေနအထားဆုိရင္ သိန္း ၂၀ ေလာက္ ေတာ့ကုန္မယ္။ အင္ဂ်င္ကေတာ့ ကုိယ္လုိအပ္တဲ့ပါဝါထြက္ဖုိ႔အတြက္က်ေတာ့ သိန္း ၅၀ လည္းျဖစ္ႏုိင္တယ္။ သိန္း ၁၀၀ လည္းျဖစ္ႏုိင္ပါတယ္။ ၁၅၀ လည္းျဖစ္ႏုိင္တယ္။ ကုိယ့္ထည့္သေလာက္ကုန္က်သြားႏိုင္ပါတယ္။
၈-ကုိေက်ာ္ဇင္ဦးအေနနဲ႔ ထုိင္းမွာဘယ္ႏွစ္ပဲြဝင္ျပိဳင္ခဲ့ျပီး ဘာဆုေတြရရွိခဲ့ပါသလဲ။
ဟုတ္ကဲ့။ကြ်န္ေတာ့္အေနနဲ႔ ၂ ပဲြျပိဳင္ခဲ့ပါတယ္။ ပထမပဲြက ဘူရီရန္ဆုိတဲ့ျမိဳ႕က chang international circuit မွာလုပ္တဲ့ Drift ျပိဳင္ပဲြမွာ Class C မွာ first runner up ရခဲ့ပါတယ္။ အခုေနာက္ဆုံးတစ္ေခါက္သြားျပိဳင္ခဲ့တဲ့ North East Underground Drift ျပိဳင္ပဲြမွာေတာ့ က်ြန္ေတာ္ new generation မွာေတာ့ First runner up ရခဲ့ပါတယ္။ Class C မွာေတာ့ နံပါတ္ေလး ရခဲ့ပါတယ္။
၉- Racer တစ္ေယာက္အေနနဲ႕အနာဂတ္ရည္မွန္းခ်က္ေလး။
ကြ်န္ေတာ့္ရဲ႕ရည္မွန္းခ်က္ကေတာ့ Formula Drift ဆုိတာရွိပါတယ္။ အဲဒါကေတာ့ တကယ့္ Professional Drift သမားေတြခ်ည္းပဲစုျပီးေတာ့ ျပိဳင္တဲ့ဲပိဳင္ပဲြပါ။က်ြန္ေတာ့္ရည္မွန္းခ်က္ကေတာ့ အဲဒီကုိေရာက္တဲ့အထိျပိဳင္ မွာပါ။
၁၀-ျပိဳင္ကားေမာင္းသူတစ္ေယာက္ျဖစ္လာေအာင္ ဘယ္လုိေလ့က်င့္မွဳေတြ ျပဳလုပ္ရမလဲဆုိတာ ေဆြးေႏြးေပးပါဦး။
ကြ်န္ေတာ့္အတြက္ကက်ေတာ့ ဘယ္လုိေလ့က်င့္မွဳေတြလုပ္ခဲ့ရသလဲဆုိရင္ အဓိကကေတာ့ ျဖစ္ေအာင္ လုပ္ မယ္ဆုိတဲ့စိတ္ပါ။ ကုိယ္အားတာနဲ႔ ကြင္းထဲသြားတယ္။ေလ့က်င့္တယ္။ ေလ့လာတာေတြလုပ္ရမယ္။ သင္ ယူရ မယ္ေပါ့။ကုိယ္အားတဲ့အခ်ိန္ေတြကုိ ကြင္းထဲမွာပဲကုန္ဆုံးသင့္တယ္။ ျပီးေတာ့ ေငြကုန္ခံႏိုင္ရမယ္။ ဘာလုိ႔လဲဆုိ ေတာ့ ျပင္ဆင္စရိတ္ကၾကီးလုိ႔ပါ။ ဒီအခ်က္ေတြျပည့္စုံရင္ သူ႕အလုိလုိတတ္ေျမာက္ ကြ်မ္းက်င္လာပါလိမ့္မယ္။