ကျွန်တော်တို့ DRIVE ရဲ့ Reporter Yoon Mi Mi Htun က မြန်မာနိုင်ငံမှာ ပထမဆုံးဖွဲ့ထားတဲ့ 4×4 Myanmar အဖွဲ့ ဝင်တွေနဲ့ ရွှေကျင်အကျော် ကျောက်ကြီးမြို့က ရေတံခွန်တစ်ခုဆီသို့ Offroad Trip အဖြစ်နဲ့ လွန်ခဲ့တဲ့ လက သွားရောက်ခဲ့ပါတယ်။ စုစုပေါင်း ကား၁၄စီးသွားရောက်ခဲ့ပြီး အဖွဲ့ဝင်အချို့နဲ့ တွေ့ဆုံကာ သူတို့ရဲ့ ဝါသနာတွေ အတွေ့အကြုံတွေနဲ့ သူတို့ရဲ့ကားတွေအကြောင်းအခုလို မေးမြန်းခဲ့ပါတယ်။

ကျွန်တော်တို့အဖွဲ့ဝင်အားလုံးက မြန်မာပြည်ထဲမှာရှိတဲ့ လူအရောက်အပေါက်နည်းပြီး ခက်ခက်ခဲခဲသွားရတဲ့ နေရာတွေကို သဘောကျတယ်။ အဲဒီလို ခရီးတွေကို တခြားလူတွေကိုလည်း ရောက်စေချင်တယ်။ Team တစ်ခုအနေနဲ့လည်း စည်းစည်းလုံးလုံးသွားချင်တယ်။ အဖွဲ့လေးဖွဲ့ပြီးခရီးတွေသွားကြတာထက်….dsc00164en

ခရီးတွေသွားရင်း ကားတွေမောင်းရင်း အဖွဲ့လေးလုပ်လိုက်ရင်း ကောင်းမလားဆိုပြီး တွေးမိရာက ကျွန်တော်ကိုသုရိန်ယုအပါအဝင် ကိုမျိုးအောင်သိမ်း ကိုသော်ဇင်တို့ ဦးဆောင်တိုင်ပင်ပြီး 4×4 Myanmar ကို လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် ဇန်နဝါရီလ နှစ်ရက်နေ့ ကတည်းက စဖွဲ့ခဲ့ပါတယ်။ အခုဆိုရင် အဖွဲ့ဝင် အယောက်သုံးဆယ်ရှိပါပြီ။ ကျွန်တော်တို့အဖွဲ့က အဖွဲ့ဝင်တွေကို Limit ထားပါတယ်။ ဖွဲ့ရတဲ့ ရယ်ရွယ်ချက်က 4×4ကားတွေနဲ့ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေကို သွားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ဖွဲ့ပြီးနောက် တစ်နှစ်ခွဲအတွင်းမှာ အဖွဲ့လိုက်ရောက်ခဲ့တာတွေဆိုရင် မော်တင်စွန်း ဂေါ်ရင်ဂျီကျွန်းအပြင် နာဂလူမျိုးတွေနေထိုင်တဲ့ လဟဲမြို့ကိုရောက်တယ်။ နာဂ trip ကတော့ ကျွန်တော်တို့ group အတွက် အကြီးဆုံးလိုပြောရမယ်။ ပြီးတော့  ကယားမှာဆိုရင် လွိုင်ကော် ဒီမော်ဆို ပင်လောင်တို့လည်း ရောက်ပြီးပြီ။ Trip အသေးအနေနဲ့ဆိုရင် တောင်ငူမြို့က သံတောင်လည်း ရောက်တယ်။ 4×4 Myanmar ရဲ့ နောက်ပိုင်း Planning ဆိုရင် အခုနှစ်အကုန်နဲ့ နောက်နှစ်အစောပိုင်းလောက်မှာ 4×4 Myanmar အနေနဲ့ Trip အကြီးတစ်ခု သွားဖို့ စီစဉ်နေပါတယ်။

We started driving off-road to get practice & experience.  We also started with purpose to form Myanmar’s “First Off-Road League”. This League & it’s 30 members would travel through tough terrain to reach destinations with unspoiled nature.  Our team members also hope to wheel beyond borders & wish to participate in international off-road challenges to represent our country on behalf of all 4X4 enthusiasts in Myanmar.  This was the general idea since day 1.

Personally, I also like to spend my holiday cash all over the country – it just feels like I’m making donations to remote places.

And now that we are a group, we can always help far away people more than I can do on my own.

————–

ကိုမျိုးအောင်သိမ်း

4×4 Member No.A-003

4×4 Myanmar

received_524786824397653

၁။ ကားအမျိုးအစားလေးသိပါရစေ။

၂။ 4×4 ကားတွေရဲ့ အားသာချက်တွေက…

4×4 လို့ခေါ်တဲ့ 4WD ကားတွေဟာ ပုံမှန် ကားတွေဖြစ်တဲ့ 2WD ကားတွေထက် အားသာချက် ကတော့  ဘီးလေးဘီးစလုံး အလုပ်လုပ်ပေးတာဖြစ်ပါတယ်။ အဲဒီအတွက် လမ်းကြမ်း ရွံ့နွံသဲ စတဲ့ခက်ခဲတဲ့လမ်းမျက်နှာပြင်တွေမှာ ကုတ်အားရုန်းအားကောင်းစွာ သွားနိုင်တာအားသာချက်ဖြစ်ပါတယ်။

၃။ 4×4 Myanmar အနေနဲ့ သွားခဲ့တဲ့ ခရီးတွေထဲက အမှတ်တရ ခရီးလေးရှိရင်လည်း ပြောပြပေးပါ။

နာဂTrip ကတော့ အမှတ်တရ အဖြစ်ဆုံးပါပဲ။ တော်တော်လည်းပျော်တယ်။ အဖွဲ့ဝင်တွေအားလုံး ကလည်း အရမ်းစည်းလုံးခဲ့တယ်။ ခရီးက အသွားအပြန် ၁၁ရက်ကြာတယ်။ ၁၁ရက်လုံးလုံး အတူအိပ်အတူစား ကားတစ်ခုခုဖြစ်တော့လည်း အကုန်အတူတူ ဖြေရှင်းခဲ့ရတာတွေက တစ်ကယ့်ကို အမှတ်တရတွေပါပဲ။

၎။ ကားနဲ့ပတ်သက်တဲ့ အမှတ်တရ…

သီလဝါဘက်က မီးပြတိုက်ကိုသွားတုန်းက 4 Wheels ရုန်းရတဲ့ နေရာတွေရှိခဲ့တယ်။ 4 Wheels သုံးစရာမလိုတော့တဲ့အချိန်မှာ ကျွန်တော်ကားက 2Wheels ပြန်ပြောင်းလို့ မရတော့ဘူး။ ကံကောင်းတာက 4Wheels မှာလည်း High နဲ့ Low ရှိတယ်။ High ပြောင်းမိလို့သာ ကီလို ၆၀ နဲ့ ရန်ကုန်ရောက်တာ Low နဲ့သာဆိုရင် ကီလို၂၀ နဲ့ ရန်ကုန်အထိဘယ်လို မောင်းရမလဲတောင်မသိဘဲ ဖြစ်သွားမယ် ထင်တယ်။

၅။ ကားနဲ့ပတ်သက်ပြီး Modified ပြုလုပ်ထားတဲ့ အပိုင်းတွေ့အကြောင်းလည်း ပြောပြပေးပါ။

ပုံမှန် 4WD ကားတစ်စီးကို Off-road အတွက်သုံးတော့မယ်ဆိုရင် ကားရဲ့ Engine , Suspensions, Brakes တို့အပြင် 4WD ဂီယာတွေ ကောင်းဖို့လိုပါတယ်။ ဒီအခြေခံတွေကောင်းပြီးမှ အခြား တောတိုးဖို့လိုအပ်တဲ့ ပစည်းတွေကို ထပ်မံတပ်ဆင်လို့ရမှာပါ။ ကျွန်တော်ကားမှာဆိုရင် အရင်ဆုံး Ironman 4×4 Suspension တွေကိုပြောင်းလဲတတ်ဆင်ထားပါတယ်။ Foamcell Shockabsorbers , Uprated Torsion Bar, Performance Coilsprings စသဖြင့်ပေါ့။ ဒီလို Suspension ကို ပိုမိုတောင့်တင်းပြီးပိုမြင့်အောင် ပြောင်းလဲလိုက်ခြင်းဖြင့် ချိုင့်ဂမူတွေအပေါ် ကားဝမ်းဗိုက်ပိုင်းနဲ့ တိုက်မိခြင်းအခြေအနေက ကင်းဝေးသွားစေနိုင်သလို ကားပေါ်မှာလည်း လိုအပ်တဲ့အသုံးအဆောင်ကိရိယာတွေ ထပ်မံတပ်ဆင်နိုင်ပြီး အလေးချိန်ပိုသယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Suspension နဲ့လိုက်ဖက်မယ့် Alloy နဲ့ MT တာယာကို တပ်ဆင်ထားပါတယ်။

ဒါ့အပြင် လိုအပ်တဲ့ BULLBAR, WINCH, SNORKEL တို့ကိုလည်း တပ်ဆင်ထားပါတယ်။ ခေါင်မိုးပေါ်မှာတော့ ခရီးသွားရင် လိုအပ်နိုင်တဲ့ပစ္စည်းတွေတင်ဖို့ ROOFRACK ရယ် ကားရပ်ပြီးနားတဲ့အခါ အရိပ်ရအောင်မိုးကာပေးဖို့ AWNING ရယ်တပ်ထားပါတယ်။ ကားရဲ့အနောက်ပိုင်းမှာတော့ ခရီးဝေးသွားရင် ဆီအပိုသယ်သွားနိုင်အောင် JERRYCAN တတ်ထားပါတယ်။ မီးအလင်းရောင်ကလည်း ညအခါတောတောင်ထဲမှာတကယ့်ကိုလိုအပ်ပါတယ်။ ဒါကြောင့် ရှေ့ ဘေးနဲ့အနောက်ဘက်တွေမှာ LED LIGHTS တွေကိုဆင်ထားပါတယ်။

၆။ ကားနဲ့ ပတ်သက်တဲ့ လွန်လွန်ကျူးကျူး ဖြစ်ခဲ့ဖူးတဲ့ ရူးသွပ်မှုတစ်ခု…

ကားကိုတော့ငယ်စဉ်ကတည်းက ဝါသနာပါ နှစ်သက်ပါတယ်။ ဒါကြောင့်လည်း လူငယ်ဘဝကတည်းက  ကားလုပ်ငန်းထဲ ရောက်နေတာပါ။

၇။ 4×4 ကားတွေမှာ မပါမဖြစ်ဆောင်ထားရမယ် မရှိမဖြစ် ပစ္စည်းတွေက…

4X4 ကားထက် Offroad သုံးမယ် ခရီးဝေးသုံးမယ့် ကားတွေဆိုရင် အထက်မှာပြောခဲ့သလိုပါဘဲ ကားမှာပါတဲ့ ပစ္စည်းတွေကောင်းဖို့လိုပါတယ်။ ကိုယ်သွားမယ့် သုံးမယ့်နေရာဒေသမှာလိုအပ်မယ့် Offroad Suspension ရယ် Accessories တွေရယ်ကို တပ်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ကားအတွက် အပိုပစ္စည်းအဖြစ် Air Filter, Fuel Filter, Engine Oil, Oil Filter, Brake Fluid, Water Hose နဲ့ Fan Belts လေးတွေကိုဆောင်ထားမယ်ဆိုရင် သွားလိုတဲ့တောလမ်းခရီးကို စိတ်အေးလက်အေးသွားလာနိုင်မှာဖြစ်ပါတယ်။

၈။ အခွင့်အရေးသာရခဲ့မယ်ဆိုရင် ဘယ်လို 4×4ကားကို Modifiy လုပ်ချင်ပါသလဲ။

ကျွန်တော်အနေနဲ့ Mercedes G Wagon ကို Modify လုပ်ချင်ပါတယ်။

—————————

ကိုသော်ဇင်

4×4 Member No. A-002

4×4 Myanmardsc09231

၁။ကားအမျိုးအစားလေးသိပါရစေ။

ကျွန်တော်မှာ ကားနှစ်စီးရှိတယ်။ ပထမတစ်စီးက Mitsubishi Pajero NL SWB 3500GDI နဲ့ ဒုတိယတစ်စီးက Land Rover Discovery2 4.0 V8 ဖြစ်ပါတယ်။

၂။ 4×4 ကားတွေရဲ့ အားသာချက်တွေက..

4×4 ကားတွေဟာ ကျွန်တော်တို့ကို လူသူအရောက်အပေါက် နည်းပြီး သဘာဝအတိုင်းလှပနေသေးသည့် နေရာများနှင့် အရောင်မဆိုးသေးသော ယဉ်ကျေးမှုများကိုထိန်းသိမ်းထားသော လူမျိုးစုများ တည်ရှိသောနေရာများ ကိုပို့ဆောင်ပေးနိုင်မည်ဖြစ်ပါတယ်။

၃။ 4×4 Myanmar အနေနဲ့ သွားခဲ့တဲ့ ခရီးတွေထဲက အမှတ်တရ ခရီးလေးရှိရင်လည်း ပြောပြပေးပါ။၂၀၁၆ ခုနှစ် ဇန်နဝါရီလတုန်းကသွားခဲ့တဲ့ နာဂ နှစ်သစ်ကူး ပွဲတော်ကတော့ အမှတ်တရအဖြစ်ဆုံးပါ။ (Nagaland Expedition – Jan 2016)

ဒီ wetside တွေမှာလည်း ဝင်လေ့လာနိုင်ပါတယ်။https://www.facebook.com/4x4myanmar/photos/?tab=album&album_id=490573301124918

https://www.facebook.com/roadslesstraveledmyanmar/photos/?tab=album&album_id=1025508190877435

၎။ ကားနဲ့ပတ်သက်ပြီး Modified ပြုလုပ်ထားတဲ့ အပိုင်းတွေ့အကြောင်းလည်း ပြောပြပေးပါ။ ကျွန်တော်ကားတွေကို Off road မောင်းနိုင်အောင် Suspension and Tires လဲထားတယ်။ တခြား ပစ္စည်းတွေအနေနဲ့ကတော့ Winchတို့ Snorkelတို့ LED Lightsတို့ Roof Rackတို့ တပ်ထားပါတယ်။

၅။ ကားနဲ့ ပတ်သက်တဲ့ လွန်လွန်ကျူးကျူး ဖြစ်ခဲ့ဖူးတဲ့ ရူးသွပ်မှုတစ်ခု…

ကားနဲ့ ပတ်သက်တဲ့ လွန်လွန်ကျူးကျူး ဖြစ်ခဲ့ဖူးတဲ့ ရူးသွပ်မှုဆိုရင် ထွေထွေထူးထူး ရယ်လို မရှိခဲ့ပါဘူး။

၆။ 4×4 ကားတွေမှာ မပါမဖြစ်ဆောင်ထားရမယ် မရှိမဖြစ် ပစ္စည်းတွေက…

အပေါ်မှာပြောခဲ့သလို Off road လမ်းအတွက် Suspension and Tires ကတော့ သေချာပေါက် လိုမယ်။ ပြီးတော့ Winch နဲ့ Snorkelလည်း ပါသင့်တယ်။ အရေးအကြီးဆုံးကတော့ ကားတစ်ခုခုဖြစ်ခဲ့ရင် ကားကိုပြန်ပြင်နိုင်တဲ့ ပစ္စည်းကိရိယာတွေ ကားကိုအခက်အခဲထဲက ဆွဲ ထုတ်နိုင်တဲ့ ကိရိယာတွေ အစုံပါဖို့က ပို အရေးကြီးတယ်။

၇။ အခွင့်အရေးသာရခဲ့မယ်ဆိုရင် ဘယ်လို 4×4ကားကို Modify လုပ်ချင်ပါသလဲ။ အခွင့်အရေးသာရခဲ့မယ်ဆိုရင် Land Cruiser 6×6  ကားကို Modify လုပ်ချင်ပါတယ်။

—————————-

နေဝင်းလှိုင်

4×4 Member No.A-011

4×4 Myanmaruntitled

၁။ ကားအမျိုးအစားလေးသိပါရစေ။

ကျွန်တော့်ကားက NISSAN SAFARI

Y61 2001 MODEL လေးပါ။

၂။ 4×4 ကားတွေရဲ့ အားသာချက်တွေက…

4×4 တွေရဲ့ အားသာချက်က လမ်းမရွေးဘူး။ တခြား two wheels ကားတွေဆိုရင် တော်ရုံတန်ရုံ လမ်းတွေကိုတောင် သွားဖို့ခက်ခဲတယ်။ 4×4ကားတွေကျတော့ မတူဘူး။ ရွံတွေ ချိုင့်တွေလာမလား တောင်တွေ ချောင်းတွေ ဖြတ်မလား အေးဆေးပဲ။ အဲတာကြောင့်

ကွာခြားချက်ပြောဆိုရင် 4WD တွေက

အခက်အခဲ အကျပ်အတည်းတွေ ကြုံတွေ့ ရတဲ့အခါမှာ ရုန်းထွက်မှုအကောင်းဆုံးလို့ ပြောလိုရတာပါ။

၃။ 4×4 Myanmar အနေနဲ့ သွားခဲ့တဲ့ ခရီးတွေထဲက အမှတ်တရ ခရီးလေးရှိရင်လည်း ပြောပြပေးပါ။

ခန္တီးအထက်ဘက် နာဂလူမျိုးတွေနေတဲ့ လဟယ် မြို့ကို မိုင်ထောင်ချီခရီးအဖြစ် နာဂနှစ်သစ်ကူးပွဲတော်ကို ၁၁ရက်ကြာ သွားခဲ့တာကတော့ လုံးဝအမှတ်တရပါ။ အဲတုန်းက အဖွဲ့ဝင် ငါးယောက် ကားငါးစီး ပဲသွားခဲ့တယ်။ ပွဲတော်ကအပြန် ကားတစ်စီးကအရင်ဆုံး ဂတ်စကပ် ပျက်တယ်။ တောင်အဆင်းကျတော့ ဘရိတ်ရှုးကနေ ကားဘီးမီးထလောင်တယ် အများကြီးတော့မဟုတ်ပေမဲ့ အားလုံး ပြာပြာသလဲတော့ ဖြစ်ခဲ့ရတယ်။  ကားကတော့ လုံးဝဆက်မောင်းဖို့ အဆင်မပြေတာနဲ့ ဇက်(သင်္ဘော) နဲ့ ရန်ကုန်ပြန်သယ်ခဲ့ရတဲ့အထိဖြစ်ခဲ့တာကလည်း အခက်အခဲထဲက အမှတ်တရတစ်ခုပါပဲ။

၎။ 4×4 Driving နဲ့ပတ်သက်ရင် အဖွဲ့ထဲမှာ risk ယူရတာကိုအနှစ်သက်ဆုံး အသစ်အဆန်းမောင်းနှင်တတ်တဲ့အပြင် ခက်ခဲပြီး ကြမ်းတမ်းတဲ့လမ်းကို အကြိုက်ဆုံးဆိုတဲ့ ကိုယ့်ရဲ့ ရှုးသွပ်မှုလေးကိုလည်း ပြောပြပေးပါ။

ကျွန်တော်က ကားနဲ့ ပတ်သက်တဲ့ ပညာပိုင်းတွေမှာတော့ ပညာပိုင်းအရကော အတွေ့အကြုံပိုင်းအရကော ထင်သလောက်မကောင်းပါဘူး။ ဒါပေမဲ့ ကားမောင်းတဲ့ နေရာမှာတော့ တခြားအဖွဲ့ဝင်တွေထက်ပိုရဲတာပဲရှိပါတယ်။  လူငယ်ဖြစ်တာကြောင့်လည်းပါမယ်ထင်တယ်။ ကားမောင်းရင်လည်း သာမာန်ရိုးရိုးကြီးမောင်းတာမျိုးဆိုရင်လည်း မကြိုက်တော့ ကိုယ့်ဘာသာအမြဲ အသစ်အဆန်းတွေလုပ်ပီး မောင်းတော့ သူများတွေကလည်း ကျွန်တော်သိပ်ရဲတယ်လို့ ပြောကြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲလို မောင်းရတာကိုမှ ပိုကြိုက်တာလည်းပါတယ်။

၅။ ပြီးခဲ့တဲ့လက Mud Challenges မောင်းနေရင်းနဲ့မှ ထိခိုက်မှုလေးဖြစ်ခဲ့တယ်လို့ ကြားခဲ့တယ်။ အဲတာနဲ့ ပတ်သက်ပြီးလည်း အတွေ့အကြုံ တစ်ခုအနေနဲ့ ပြောပြပေးပါ။

ကြီးကြီးမားမားဖြစ်သွားတာတော့မဟုတ်ပေမဲ့ အတွေ့အကြုံ အသစ်တစ်ခုလို့ပဲ ပြောရမယ်ထင်ပါတယ်။ ရွံ့တွေထဲမှာဆိုပေမဲ့ လမ်းက အဆိုးကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘယ်သူနဲ့မှမတူချင်လို့ စတန့်ထွင်ပြီး မောင်းလိုက်တဲ့အခါ ကားမှောက်သွားပါတယ်။ အများကြီးဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ကားနဲ့လူ တုံးလုံးလေးလဲသွားရုံပါ။ ကျွန်တော်ဘဝမှာ တစ်ခါမှကားမမှောက်ခဲ့ဖူးဘူး။ မတော်တဆဆိုတာလည်း လုံးဝမဖြစ်ဖူးဘူး။ အဲတစ်ခေါက်ကတော့ လုံးဝအမှတ်တရပဲ။ သင်ခန်းစာကောင်းကောင်းတစ်ခုရလိုက်တယ်လို့ပဲ မြင်ပါတယ်။

၅။ 4x4Myanmar အဖွဲ့ဝင်အဖြစ် ဝင်ဖြစ်သွားတာက…

ကိုစိုင်းလုံးကျောက်ဆိုတဲ့အကိုနဲ့ ဖေ့ဘွတ်မှာ ခင်မင်ခဲ့ရာက 4×4 Myanmar အဖွဲ့လေးရှိတယ်။ ကားမောင်းကြရအောင် လိုက်ခဲ့ပါလားဆိုတာနဲ့ လိုက်သွားခဲ့တယ်။ အဲနေ trip က အဖွဲ့ဝင်အားလုံးအတွက်လည်း ပထမဆုံး ကျွန်တော်အတွက်လည်း ပထမဆုံးခရီးဖြစ်ခဲ့တယ်။ အဲနေ့မှာပဲ 4×4ကားပိုးတွေ နိုးထလာတယ်။ အဲကနေ့ ဒီအဖွဲ့ထဲ ဝင်ဖြစ်ခဲ့ပါတယ်။

၆။ ကားနဲ့ပတ်သက်ပြီး modified ပြုလုပ်ထားတဲ့ အပိုင်းတွေ့အကြောင်းလည်း ပြောပြပေးပါ။

အင်ဂျင်ပိုင်းနဲ့ ဂီယာပိုင်းတွေကိုတော့ ဘာမှမပြောင်း ထားပါဘူး။ ပြောင်းထားတဲ့ အပိုင်းဆိုရင် အောက်ပိုင်းကို လေးလက်မမြင့်ထားတယ်။ တာယာတွေပြောင်းထားတယ်။ ရွံ့တွေထဲမှာဆိုရင် နစ်ဝင်နိုင်မှု ရုန်းထွက်နိုင်မှုကောင်းအောင် 315 75 60 တာယာဗြက်ကော လုံးပတ်ကော ကြီးမှရုန်းအားကောင်းမယ်။ တာယာသေးရင် ရွံ့ထဲမှာဆိုရင် စွတ်မြောင်းလိုဖြစ်ပြီး တာယာနစ်နေတတ်လို့ ကျွန်တော်ကားတွေကို အနည်းဆုံး 315 တာယာလောက်တော့ သုံးတယ်။

၇။ 4×4 ကားတွေမှာ မပါမဖြစ်ဆောင်ထားရမယ် မရှိမဖြစ် ပစ္စည်းတွေက…

ခရီးဝေးသွားလို့ လမ်းမှာ ကားနစ်တာတွေ ဘာတွေဖြစ်ခဲ့ရင် ပထမဆုံးမရှိမဖြစ်လိုအပ်တာက 4×4ကားတော်တော်များများရဲ့ အရှေ့မှာပါတဲ့ wintch ကလည်း အရေးကြီးတယ်။ ပြီးတော့ ကားနဲ့ ပတ်သက်တဲ့ မီတာ ထောက်စက်တို့ ဂွင်ဂွအစုံတို့ စပန်းတာတို့ ဂျိုက်တို့ စကူတို့ ပလယာတို့ အစုံပါသင့်တယ်။ ပြီးတော့ ကားဆွဲကြိုးလည်း လိုတယ်။ ကိုယ့်ကားလေးတစ်ခုခုဖြစ်ရင် တခြားကားကဆွဲပေးမယ်ဆိုရင်တောင်း ကိုယ့်ကားကို ချည်ဖို့ ကြိုးမပါရင် ဘာမှလုပ်လို့မရနိုင်ပါဘူး။

၈။ အခွင့်အရေးသာရခဲ့မယ်ဆိုရင် ဘယ်လို 4×4ကားကို ပိုင်ဆိုင်ချင်ပါသလဲ။

ကျွန်တော်ကတော့ ရှေ့ဘီးနှစ်ဘီးစလုံး Solid Excel ကားကိုကြိုက်တယ်။ Butterfly ကားတွေကျတော့ ပျော့တယ်။ ကျွန်တော်တို့မောင်းတဲ့ပုံနဲ့လည်း မကိုက်ဘူး။ အဲတာကြောင့် ရှေ့Excel နောက် Excel ကားတွေကိုပိုသဘောကျတယ်။

—————————

Ko Zaw Nyi Nyi

4×4 Member No. A-018

4×4 Myanmar20160813_150629

၁။ ကားအမျိုးအစားလေးသိပါရစေ။

ကျွန်တော်ကားက Prado 1997 Model ပါ။

၂။ 4×4 ကားတွေရဲ့ အားသာချက်တွေက…

ကျွန်တော်အမြင်ပြောရရင် မြန်မာပြည်ရဲ့လမ်းအခြေအနေအရ 4×4 ကားတွေ သုံးတာ ပို အဆင်ပြေနိုင်တယ်လို မြင်ပါတယ်။ တချို့လမ်းအခြေအနေတွေဆိုရင် အိမ်စီး ဆလွန်းကားလေးတွေတောင်သွားလို့ မရတာတွေ ရှိတယ်။ အဲတော့ပြောချင်တာက ဘယ်လိုလမ်းခရီးကိုမဆို 4×4 ကားတွေသွားနိုင်တာက အားသာချက်ပါ။

၃။ 4×4 Myanmar အနေနဲ့ သွားခဲ့တဲ့ ခရီးတွေထဲက အမှတ်တရ ခရီးလေးရှိရင်လည်း ပြောပြပေးပါ။

ကျွန်တော်အနေနဲ့ 4×4 အဖွဲ့ဝင်အဖြစ် ပထမဆုံး သွားခဲ့တဲ့ ပဲခူးရိုးမနားက မဇင်းဆည် Trip ကတော့ အမှတ်တရပါပဲ။ အဲကိုသွားတုန်းက ကျွန်တော်ကားက ဘာမှပြင်ဆင်မထားရသေးဘူး။ သူငယ်ချင်းတွေကလည်း ဘာမှမဖြစ်ဘူး။ အဆင်ပြေသွားမယ်ဆိုတာနဲ့ 4×4ကားအဖြစ် တာယာလောက်ပဲ လဲထားတဲ့ ကားနဲ့ လိုက်သွားခဲ့တယ်။ လမ်းမှာတစ်ခုခုဖြစ်မှာ အရမ်းကြောက်ခဲ့တယ်။ ပြီးတော့ သူများတွေလုပ်တာလည်း ကိုယ်က အားလုံးလိုက်လုပ်ချင်တယ်။ ကိုယ့်ကားကလည်း ဘာမှသေချာမပြင်ထားရသေးဘူး။ အောက်ပိုင်း Suspension တစ်ခုခုဖြစ်သွားရင် ကားကိုအဲမှာပဲ ထားခဲ့ရမှာဆိုတော့ နည်းနည်းတော့လန့်တာပေါ့။ သူများတွေလို အကုန်လုံးလည်း လိုက်လုပ်ခဲ့တယ်။ ကားလည်းဘာမှမဖြစ်ဘဲ ခရီးတစ်ခုလုံး ချောချောမွေ့မွေ့ပဲ ပြန်ရောက်ခဲ့တယ်။ အဲခရီးက ကျွန်တော်အတွက် Offroad ပထမဆုံးခရီးဖြစ်သလို အမှတ်အရဆုံးခရီးဆိုလည်း မမှားပါဘူး။

၎။ 4x4Myanmar အဖွဲ့ဝင်အဖြစ် ဝင်ဖြစ်သွားတာက…

ကျွန်တော်က အမှန်တော့ Offroad သမားမဟုတ်ဘူး။ ကျွန်တော်က အရင်က Sport ပြိုင်ကားသမားတစ်ယောက်ပါ။ ဒီအဖွဲ့နဲ့တွေ့ပြီးတော့မှ Offroad ကို တအားကြိုက်သွားတာပါ။ အဖွဲ့ ရဲ့ စည်းလုံးမှုတွေ အခက်အခဲတွေ ဖြစ်လာရင်လည်း တစ်ယောက်နဲ့တစ်ယောက်ကူညီတာတွေ ဖေးမတာတွေ လက်တွဲတာတွေအပြင် Offroad မောင်းတဲ့အချိန်မှာမှ ရနိုင်တဲ့ စိတ်လှုပ်ရှားမှုတွေကို သဘောကျလာတာကြောင့် ကျွန်တော် ဒီအဖွဲ့ထဲ ဝင်ဖြစ်သွားတာပါ။ နောက်ပိုင်းမှာ ဘယ်လောက်ထိ အရူးအမူးဖြစ်လဲဆိုရင် 4×4နဲ့ ပတ်သက်တဲ့ အရာတွေအားလုံးလိုလို အရူးအမူးဖြစ်လာတဲ့အထိ ပါပဲ။

၅။ ကားနဲ့ပတ်သက်ပြီး Modified ပြုလုပ်ထားတဲ့ အပိုင်းတွေ့အကြောင်းလည်း ပြောပြပေးပါ။

အောက်ပိုင်း Suspension ကိုတော့ Ironman က Suspension ပြောင်းထားတယ်။ အမြင့်ကိုတော့ သုံးလက်မမြောက်ထားတယ်။ Winchတွေ Bull Barတွေ Roof Rack တွေလည်း ထပ်ထည့်ထားတယ်။

၆။ ကားနဲ့ ပတ်သက်တဲ့ လွန်လွန်ကျူးကျူး ဖြစ်ခဲ့ဖူးတဲ့ ရူးသွပ်မှုတစ်ခု…

ကျွန်တော်ကိုယ်တိုင်ရှာထားတဲ့ ငွေတွေနဲ့ ပထမဆုံး ကားလေးတစ်စီးဝယ်တုန်းက အိမ်ပေါ်ကနေပြီး ကျွန်တော်ကားလေးကို ဝယ်တဲ့နေ့ညမှာပဲ တစ်ညလုံး မအိပ်ဘဲ ထိုင်ကြည့်နေခဲ့ဖူးတယ်။

၇။ 4×4 ကားတွေမှာ မပါမဖြစ်ဆောင်ထားရမယ် မရှိမဖြစ် ပစ္စည်းတွေက…

Offroad Trip အနေနဲ့ သွားတာမျိုးမဟုတ်ဘူးဆိုရင်တောင် ကားနဲ့သွားတဲ့ ဘယ်Trip မဆို Safety is first က အရေးအကြီးဆုံးပါ။ အဲတော့ ကားရဲ့ကြံ့ခိုင်မှုက သိပ်ကိုအရေးပါတယ်။ မပါမဖြစ်ဆိုရင်တော့ ကားဘီးအပိုကတော့ မဖြစ်မနေထည့်သင့်တယ်။ ဂျိုက်လညိးပါရမယ်။ ဂျိုက်မှာလည်း ရိုးရိုးဂျိုက်ကအဆင်မပြေဘူး။ 4×4ကားတွေက ပုံမှန်ကားတွေထက် အမြင့်ကို မြင့်ထားတာဆိုတော့ Hight Lift ဂျိုက်မှအဆင်ပြေနိုင်မယ်။ ပြီးတော့သွားမယ့်ခရီးရဲ့နေရာဒေသနဲ့ ရာသီဥတုကိုလိုက်ပြီး ထီး မိုးကားနဲ့ လမ်းပန်းဆက်သွယ်ရေးအပေါ်မူတည်ပြီးလည်း အစားအသောက်တွေကအစ ပြင်ဆင်သွားသင့်ပါတယ်။

၈။ အခွင့်အရေးသာရခဲ့မယ်ဆိုရင် ဘယ်လို 4×4ကားကို Modify လုပ်ချင်ပါသလဲ။

ကျွန်တော်အခု Short Wheels Base လုပ်ဖို့ စဉ်းစားနေတယ်။ လတ်ရှိကျွန်တော် ကားက four doors ဆိုတော့ Long Wheels Base ဖြစ်နေတယ်။ အဲတော့ Two Doors တစ်စီးလောက် ထပ်ပြီး Modify လုပ်ချင်ပါတယ်။

————————————

ကိုနိုင်လင်း

4×4 Member No. A-025

4×4 Myanmarimg_7710

၁။ ကားအမျိုးအစားလေးသိပါရစေ။

Misubishi Pajero 1996 Model ဖြစ်ပါတယ်။

၂။ 4×4 ကားတွေရဲ့ အားသာချက်တွေက…

ဘယ်လိုနေရာကိုသွားသွား 4×4 ကားဆိုရင် စိတ်ပူစရာမလိုတာကတော့ အားသာချက်ဖြစ်မှာပါ။

ရွံ့တွေနစ်တဲ့နေရာတွေ ချိုင့်တွေဖြစ်နေတဲ့ နေရာတွေမှာ တခြားအိမ်စီးကားတွေဆိုရင် ကိုယ့်ကားလေး တစ်ခုခုဖြစ်သွားမလားဆိုတဲ့စိတ်နဲ့ အားနာနေရတတ်တယ်။ 4×4 ကားဖြစ်နေရင်တော့ ဘယ်လို ချိုင့်တွေဖြစ်ဖြစ် ဘယ်လိုရွံ့တွေဖြစ်ဖြစ် အေးအေးဆေးဆေးပဲ။ အားနားစရာမလိုအောင် ကြိုက်သလို မောင်းပစ်လို့ရတယ်။

၃။ 4×4 Myanmar အနေနဲ့ သွားခဲ့တဲ့ ခရီးတွေထဲက အမှတ်တရ ခရီးလေးရှိရင်လည်း ပြောပြပေးပါ။

ခုတစ်ခေါက်သွားခဲ့တဲ့ ခရီးအမှတ်တရလေး ရေးပေးနော်

၎။ 4x4Myanmar အဖွဲ့ဝင်အဖြစ် ဝင်ဖြစ်သွားတာက…

4×4 Myanmar အဖွဲ့ စဖွဲ့ပြီး တစ်လအကြာမှာပဲ အဖွဲ့ဝင် ၂၅ ယောက်မြောက်အနေနဲ့ အဖွဲ့ဝင် အမှတ် ၀၂၅ အဖြစ် အဖွဲ့ထဲ စရောက်ခဲ့ပါတယ်။ ကျွန်တော်မှာ တခြားဝါသနာပါတာမရှိခဲ့ဘူး။ အရင်တုန်းကတော့ လှော်ကားမှာ သေနတ်တွေ ဘာတွေ ပစ်ခဲ့ဖူးပေမဲ့ နောက်ပိုင်း အခြေအနေအရ သွားဆော့လို့ မရတော့တဲ့နောက်မှာ တစ်ခုခုတော့ လုပ်မှပဲဆိုပြီး Relax လည်းဖြစ်အောင် Adventure လည်းဖြစ်အောင်ဆိုပြီး ဒီအဖွဲ့နဲ့ ချိတ်ဆက်ရင်းကနေ အဖွဲ့ဝင်ဖြစ်လာပါတယ်။

၅။ ကားနဲ့ပတ်သက်ပြီး Modified ပြုလုပ်ထားတဲ့ အပိုင်းတွေ့အကြောင်းလည်း ပြောပြပေးပါ။

4×4 စီးတဲ့လူတိုင်းကတော့ သူတိုကားကို သူတို့ စိတ်တိုင်းကျ မျိုးစုံ Modify လုပ်ကြတတ်တယ်။ သူ့တို့ စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ အမျိုးမျိုးစိတ်ကူး ပုံဖော်ကြတယ်။ 4×4 ကားကတော့ အနည်းဆုံး ဗွက်ထဲတော့ ဖြတ်ရမှာ သေချာပေါက်ဆိုတော့ ကျွန်တော်ကားကိုတော့ Mudတာရာ လဲထားတယ်။

ပြီးတော့ Suspension လေးလက်မအထိ မြင့်ထားတယ်။

၆။ ကားနဲ့ ပတ်သက်တဲ့ လွန်လွန်ကျူးကျူး ဖြစ်ခဲ့ဖူးတဲ့ ရူးသွပ်မှုတစ်ခု…

ရူးသွပ်မှု တစ်ခုဆိုတာထက်စာရင် ကိုယ့်ကိုယ်တိုင် ရူးသွားချင်မှု တစ်ခုတော့ရှိခဲ့တယ်။ အခုလက်ရှိကားလေးကို ဝယ်ပြီးပြီးချင်းမှာပဲ အရှေ့Bumper နဲ့ Platform ကျွေးလိုက်တာ ဆေးအက်သွားတယ်။ ကျွန်တော်လည်း ရူးချင်ချင်ဖြစ်သွားတယ်။

၇။ 4×4 ကားတွေမှာ မပါမဖြစ်ဆောင်ထားရမယ် မရှိမဖြစ် ပစ္စည်းတွေက…

4×4 ကားတိုင်းမှာကတော့ Winch ကတော့ မပါမဖြစ်ပါပဲ။ မီးကောင်းဖို့လည်းလိုတယ်ဆိုတော့ မီးကောင်းကောင်း တပ်ဆင်ထားဖို့လည်း လိုပါတယ်။

Group အလိုက်သွားတာဖြစ်တဲ့အတွက် ကားတစ်စီးနဲ့ တစ်စီး ဆက်သွယ်လို့ရအောင် စကားပြောစက်တွေလည်း ဆောင်ထားရမယ်။ ပြီးတော့ ခရီးသွားတယ်ဆိုတာ ကြိုတင်မှန်းဆလို့ မရနိုင်တဲ့အတွက် စားစရာသောက်စရာတွေလည်း ယူသွားသင့်ပါတယ်။ ကျွန်တော်ကားမှာဆိုရင် ရေခဲပုံးနဲ့ စားစရာကတော့ မပါမဖြစ်ပဲ။

၈။ အခွင့်အရေးသာရခဲ့မယ်ဆိုရင် ဘယ်လို 4×4ကားကို Modify လုပ်ချင်ပါသလဲ။

နောက်ပိုင်း အချိန်ရမယ်ဆိုရင် Wrangler jeep ကို modify ထပ်လုပ်ဖို့ တွေးထားတယ်။