Unicode version…
မော်တော်ဆိုင်ကယ်ကလပ်အဖွဲ့တွေကမြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာဆို ကလပ် ၃၀ကျော်ရှိတယ်။သူမြို့လေးနဲ့သူ ဆိုင်ကယ်ဝါသနာပါတဲ့သူတွေစုပြီး ကလပ်အဖွဲ့တွေလိုထောင်ထားကြတယ်။လူတန်းစားမရွေးဘူး။ဆိုင်ကယ်မျိုးစားမရွေးဘူး။ အဲ့လိုဆိုင်ကယ်ကလပ်တွေစုပြီးစီးရင်း ခရီးလမ်းတစ်လျှောက်လည်းပရဟိတအလုပ်တွေလုပ်သွားတယ်။သူများနိုင်ငံတွေလိုမူးယစ်ဆေးဝါးကိစ္စတွေနဲ့ လည်းမပတ်သက်ဘူး။ဂန်းစတား ပုံစံတွေလို မိုက်ကြေးခွဲတဲ့ကိစ္စတွေလည်းမရှိဘူး။ဆိုင်ကယ် Bike Weekပွဲတွေ စုပြီးလုပ်ကြတယ်။အဲ့ချိန်မှာ ရံပုံငွေလိုပိုက်ဆံကောက်ကျတယ်။ မြတ်တဲ့ ပိုက်ဆံတွေကိုလိုအပ်တဲ့ဒေသတွေမှာသွားလှူကြတယ်။သူတို့နဲ့ခဏတာတွေ့ဆုံခိုက်မှာတော့…
ကိုတင့်(ဆိုင်ကယ်စုဆောင်းတာ ၀ါသနာပါသူ)
ကျွန်တော်က မော်တော်ဆိုင်ကယ်ကလပ်မထောင်ထားဘူး။စိတ်ကူးပေါက်ရင်သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်စုစီးတယ်။ဆိုင်ကယ်စီးရတာကြိုက်တယ်။ ဆိုင်ကယ်အမျိုးစားကောင်းကောင်းတွေ ပိုင်ဆိုင်စုဆောင်းရတာကြိုက်တယ်။၀ါသနာပါတယ်။၀ါသနာကလည်း တန်းဖိုးကြီးတဲ့ဝါသနာ ဖြစ်နေတယ်။ကျွန်တော်ဆိုင်ကယ်စီးဝါသနာပါတာက၉နှစ်သားထဲကပါ။ ဆိုင်ကယ် Bike Week တွေနဲ့ပတ်သက်ပြီး အမေရိကထိ သွားတက်ခဲ့တယ်။အာဆီယံနိုင်ငံတိုင်းကလုပ်တဲ့ ဆိုင်ကယ်ပွဲတွေအားလုံးတက်ဖြစ်တယ်။ဆိုင်ကယ်စစီးဖြစ်တာတော့ ၈၈ လောက်ကစစီးဖြစ်တယ်။ဆိုင်ကယ်တွေစုဆောင်းဖြစ်တာတော့ ဆိုင်ကယ်တွေစီးခွင့်မရတော့တဲ့ ၉၈ လောက်ကစမှာပေါ့ အခုဆို ဆိုင်ကယ်အသေးအလတ် အကြီး Classic ဆိုင်ကယ်တွေ အားလုံးစုထားတာ အစီး ၈၀ ကျော်လောက်ရှိပြီ။ ကျွန်တော့ဝါသနာကသူများတွေလို ရွှေစုတာတို့ ဘဏ်မှာ ပိုက်ဆံစုတာတို့လိုမဟုတ်ဖူး ဆိုင်ကယ် တစ်စီးရတစ်စီးဝယ်စုတာ။
တစ်ကမ္ဘာလုံးမှာဆိုင်ကယ်မစီးရတဲ့မြို့မရှိဘူး ရန်ကုန်တစ်မြို့ထဲရှိနေတာဆိုတော့ တိုင်းဒေသကြီးအစိုးရဘက်က တာဝန်ယူမှုအပိုင်းဆောင်ရွက်ပြီး ရန်ကုန်မှာဆိုင်ကယ်စီးခွင့်တော့ပေးစေချင်တယ်။ ဆိုင်ကယ်နဲ့ပတ်သက်ပြီးဘာပေါ်လစီမှမရှိဘူး။အခုလက်ရှိမှာ Without တွေရော လိုင်စင်ဘီးတွေရောအကုန်ရောစီးနေကျတာ။အဲ့အတွက် လိုင်စင်ဘီးဖြစ်လို့လည်းအားသာချက်မရှိသလို Withoutဘီးဖြစ်လို့လည်း အားနည်းချက်ဖြစ်မနေဘူး။ပိုစိုးတာက ရန်ကုန်မြို့မှာ စည်ပင်သာယာနယ်နိမိတ်အတွင်းမစီးရဆိုတာက ဒေသန္တရအမိန့်နဲ့ ထုတ်ပြန်ထားတာ ဥပဒေနဲ့မဟုတ်ဖူး ပုဒ်မမရှိဘူး။ ဒါပေမယ့်ဖမ်းရင်ဘာနဲ့ဖမ်းလည်းဆိုတော့ ဒေသန္တရအမိန့် နဲ့ဖမ်းတယ်။စည်ပင်ဥပဒေနဲ့ဖမ်းတယ်။တကယ်က Withoutဆိုင်ကယ်တွေကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့အညီဖမ်းလို့ရပါတယ်။
ကိုမျိုးဇော်ဦး (ဆိုင်ကယ်ချစ်သူ)
ဆိုင်ကယ်တင်သွင်းတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တိကျတဲ့ပေါ်လစီ ဟုတ်တိပတ်တိမရှိဘူး။Export ,Inport လိုင်စင် ရှိတဲ့သူတိုင်း ဆိုင်ကယ်တင်သွင်းခွင့်ရှိတယ်။သူတို့တင်သွင်းရင် ကာစတန် အခွန်ဆောင်ပြီး ကိုယ့်လိုင်စင်ကိုယ်လုပ်ပြီးတင်သွင်းကြတယ်။ဒါကတစ်လိုင်းသတ်သတ်။ များသောအားဖြင့် မြန်မာပြည်ကိုရောက်လာတဲ့ ဆိုင်ကယ်အများစုက Border Trade ကနေလာတယ်။Border Trade ကနေလာတယ်ဆိုက ဂျပန်မှာလေလံဆွဲတယ် အသစ်လည်းပါပါတယ်။အဟောင်းတွေလည်း ပါတယ်။အဲ့မှာလေလံဆွဲပြီးတော့ ဘန်ကောက်ကို ကွန်တင်နာနဲ့သယ်လာတယ်။ ဘန်ကောက်ကမှမဲဆောက်ကိုကားနဲ့သယ်လာပြီးတော့မဲဆောက်မှာ အဲ့ကွန်တိန်နာ ပုံးထဲကဆိုင်ကယ်ကိုထုတ်ပြီးတော့ သောင်ရင်းမြစ်ကိုကူးပြီးမြဝတီဘက်ရောက်လာတယ်။အဲ့တော့အများစုက မြဝတီဘက်ကိုသွားပြီး ၀ယ်ကြတယ်။ဒါပေမယ့်အဲ့ဒီဆိုင်ကယ်တွေက လိုင်စင်မရှိတာများတယ်။လိုင်စင်ကရောလုပ်လို့မရဘူးလားဆိုတော့ မဟုတ်ဘူး ရတယ်။အဲ့လိုနည်းလမ်းနဲ့ ၀င်လာတဲ့ဆိုင်ကယ်တွေကိုလည်း Customs duty ဆောင်ပြီး လိုင်စင်လုပ်လို့ရပါတယ်။လက်ရှိမှာက အများစုက without ပဲစီးကြတယ်။ဆိုင်ကယ်တစ်စီးကိုသိန်း ၄၀နဲ့စီးလို့ရနေတဲ့အခြေအနေမှာ လိုင်စင်ဆောင်လိုက်ရင် သိန်းရ၀ လောက်ကျသွားမယ်။နောက်ပြီး လိုင်စင်လုပ်ပြီးသားဆိုင်ကယ်တွေက ပြန်ရောင်းမယ်ဆိုလည်း သိပ်မဝယ်ကြဘူး ဆိုတော့ တော်ရုံ လိုင်စင်မလုပ်ကြတော့ဘူး။ အခုနောက်ပိုင်း ဘာတွေဖွ့ံဖြိုးလာလဲဆိုတော့ Showroom စလာပြီ။အခု Kawasaki Showroom ဖွင့်ပြီးနောက် သြစတြေးလျ က KTM ရှိမယ်။အိန္ဒိယ ဆိုင်ကယ်တွေဘတ်ဂျားတို့ လည်း ၀င်လာပြီ။Honda ကတော့ မိန်းမစီးဆိုင်ကယ်လေးတွေသွင်းတယ်။Showroom ကစျေးတွေကတော့ Border Trade ကသွင်းတာထက် ထက်ဝက်နီးနီး စျေးများတယ်။ဒါကလည်း သူတို့အနေနဲ့က မြေဌားခတွေ အဆောက်အဦးခတွေ အခွန်ဆောင်ရတာတွေ လိုင်စင်ဝင်ရတာတွေ အဲ့ကုန်ကျစရိတ်တွေရှိမယ်ပေါ့။ပြိုင်ပွဲကျတော့လည်း ဒီမှာဟုတ်တိပတ်တိ ဘာမှမရှိဘူး။ စတန့်နဲ့ပတ်သက်ပြီး မြန်မာမှာတစ်ခါလုပ်ဖူးတယ်လို့တော့ကြားတယ်။ဒါပေမယ့်ကြီးကြီးကျယ်ကျယ်မဟုတ်လိုက်ဖူး။ အဲ့တော့ မန္တလေးဘက်မှာက Customize Showဆိုပြီးတစ်ခါလုပ်တယ်။အဲ့တာက ကိုယ်ကစက်ရုံကထုတ်တဲ့အတိုင်းဝယ်လာတယ်။ အဲ့တာကို စိတ်ကြိုက် အစိတ်အပိုင်းတွေဖြတ်တောက်လဲလှယ်ပြီးထည့် တပ်တာကို Customize လုပ်တယ်လို့ခေါ်တယ်။အဲ့လို Customize လုပ်တဲ့သူတွေ ဘယ်သူကဘယ်လောက်ထိလုပ်နိုင်လဲဆိုတာ ပြိုင်ကြတယ်။ အများလက်ခံတဲ့ဘီးကို ဆုပေးတယ်။ဆိုင်ကယ်နဲ့ပတ်သက်တဲ့ပြိုင်ပွဲဆိုလို့ အဲ့တာပဲရှိသေးတယ်။ဒါတောင် ကိုယ့်ဝါသနာရှင်တွေ စုပြီးလုပ်ရတာ။
ဆိုင်ကယ်အပိုပစ္စည်းတွေနဲ့ပတ်သက်ပြီး အခက်ခဲကရှိတာပေါ့။ဒါကတော့အမျိုးအစားပေါ်လည်းမူတည်ပါမယ်။ အရင်ကဆိုမြန်မာပြည်မှာ ဂျပန်အမျိုးစားတွေပဲစီးကြတယ်။နောက် BSA တို့ထရန့်တို့ရှိမယ်။ဒါတွေကလည်း အပိုပစ္စည်းမရှိလို့ ဆိုင်ကယ်လောကကပျောက်လုဖြစ်သွားပြီ။ဒါပေမယ့်အခုဒီပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်အတွင်းမှာ တဖြည်းဖြည်း နိုင်ငံခြားကနေသွင်းလာတဲ့သူတွေရှိလာတယ်။နိုင်ငံခြားမှာလေလံဆွဲတဲ့သူတွေ လည်းဂျပန်ဘီးအစား အမေရိကန် Hartey- Davidson တို့၊ အီတလီက Ducati တို့ Vespz တို့ လို၊ သြစတြေးလျက KTM တို့လို သွင်းလာကြတော့ မြန်မာ တွေစီးရကောင်း မှန်းသိ လာကြပြီ။ဒါပေမယ့်အပိုပစ္စည်းကတော့ အနည်းနဲ့အများ ရှိနေတုန်းပဲ။အဲ့လိုဘီးကြီးတွေစီးတဲ့သူအများစုက သူတို့မှာ အသိုင်းဝိုင်းရှိရမယ်၊ အဆက်သွယ်ကောင်းရှိရမယ်။ကိုယ့်အသိုင်းဝိုင်းနဲ့ကိုယ် မင်းဘီးမှာဘာလိုလဲ ငါ့မှာ ဘာပစ္စည်းရှိတယ်ဆိုပြီး ကူညီကြတယ်။မကူညီနိုင်လဲ နိုင်ငံခြား အဆက်သွယ်ရှိတဲ့သူကလှမ်းမှာကြတယ်။ အစ်ကိုတို့လိုဆိုင်ကယ်ချစ်မြတ်နိုးသူတွေ ဆိုင်ကယ်ကြီးစီးတဲ့သူတွေကတော့ ဒါကို သည်းခံနိုင်ကြတယ်။ပိုက်ဆံစျေးကြီးပေးပြီးလဲ ၀ယ်ယူကြတယ်။
ကိုအောင်ဆန်း (On The Rod MC ဥက္ကဋ္ဌ)
ကျွန်တော်ကတော့ ရန်ကုန်မြို့မှာဆိုင်ကယ်စီးခွင့်ရဖို့ပဲစိတ်ဝင်စားတယ်။ ရန်ကုန်သားကိုး။ဘာလို့စီးလို့မရလဲဆိုရင် အစိုးရရဲ့နှုတ်မိန့်ကြောင့် စီးခွင့်မရတာ။ လူ့အခွင့်ရေးအရ ဆိုင်ကယ်သမားတွေက ဆိုင်ကယ်ချစ်လို့ ရန်ကုန်မြို့မှာနေတဲ့ ဆိုင်ကယ်သမားတွေက ဆိုင်ကယ်မစီးရဘူးဆိုတော့ ကိုယ်ပိုင်အခွင့်ရေးကိုချိုး နှီမ်ခံထားရသလိုဘဲ ခံစားရတယ်။ လွှတ်တော်မှာ လည်းရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပြန်ပေးဖို့ အဆိုတင်သွင်းတယ် နိုင်ခဲ့တယ်။နိုင်ပေမယ့် ပေးမစီးဘူး။သူတို့ပြောတဲ့အကြောင်းပြချက်တွေက သိပ်လှပတဲ့Reason မဟုတ်တော့ ကျွန်တော်တို့နှလုံးသားကိုမရိုက်ခတ်နိုင်ဘူး။ရှင်းရှင်းလေးပြောရရင် ဆိုင်ကယ် စီးခွင့်ပေးဖ်ို့ ပထမဆုံးလုပ်ရမှာက အစိုးရဘက်က ခိုင်မာတဲ့ဥပဒေစည်းကမ်းထုတ်ပြန်ဖို့ စည်း ကြပ်ရမှာအစိုးရအလုပ်၊ဆိုင်ကယ်စီးတဲ့သူတွေဘက်က လိုင်စင်နဲ့စီးမယ် ဥပဒေလေးစားပြီးစည်းကမ်းလိုက်နာမယ်ဆိုရင် အစိုးရကလည်းတာဝန်ယူမှုအပိုင်းရှိရ မယ်ကျွန်တော်တို့ဘက်ကလည်း တာဝန်ယူမှုအပိုင်းရှိရမယ်။ အဲ့အပိုင်း၂ပိုင်းတာ ညီမျျှရင် ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးခွင့်ပေးကိုပေးရမယ်။ဒါက တစ်အချက်။ဒုတ်ယအချက်က သူတို့ပြောတဲ့ဒုစရိုက် မှုတွေ အရမ်းဆိုင်ကယ်နဲ့ ဖြစ်တယ် ဆိုတာ အစ်ကိုတို့လို ဆိုင်ကယ်အကြီးကြီးတွေစီးတဲ့သူတွေပဲဖြစ်ခဲ့ရင် ဒုစရိုက်အမှုက ကျွန်တော်ထင်တယ် ၅၀ %လောက်လျော့ကျသွားမယ်။ ဘာလို့လဲဆိုတော့ အခုက ဘီးသေးတွေဖြစ်နေတယ် အများစုက Withoutတွေဖြစ်နေတော့ နောက်ကြောင်းစစ်ဆေးဖမ်းဖို့ကလဲ မလွယ်ဘူး။ဒါတွေဘာလို့ဖြစ်နေလဲဆိုရင် အစိုးရက တာဝန်မယူလို့ပဲ။ ဘီးကြီးစီးတဲ့သူတွေ ကဘီးကြည့်လိုက်တာနဲ့ ဘယ်သူစီးတဲ့ဘီးဆိုတာ ကြည့်လိုက်တာနဲ့သိတယ်။အစိုးရကသာ မျှတတဲ့အခွန်နှုန်းနဲ့ လိုင်စင်တွေအားလုံးရှိအောင် ဆောင်ရွက်ပေးမယ်ဆိုရင် ရန်ကုန်မှာရှိတဲ့ ဆိုင်ကယ်တွေအားလုံး ကိုလည်းမြို့နယ်တွေမကန့်သတ်ဘဲ YGN ဆိုလည်းတစ်ခုထဲ ထုတ်ပေးသင့်တယ်။အဲ့တော့ တစ်စုံတစ်ခုဖြစ်လာခဲ့ရင်လည်း လိုင်စင်နံပါတ်နဲ့လိုက်လို့ရတယ်။ ဒုစရိုက်မှုလုပ်ချင်တဲ့သူက သူ့ရဲ့အလွယ်ကူဆုံးလမ်းကို ရွေးပြီးလုပ်တယ်။အခု Withoutဆိုင်ကယ်တွေဖြစ်နေတော့ သူတို့အတွက် လွယ်ကူနေတယ်လေ။တတိယအချက် ဆိုင်ကယ် ဘီးကြီးစီးနေတဲ့သူတွေက ဆိုင်ကယ်နဲ့စီးပွားရေးရှာစားနေတဲ့သူတစ်ယောက်မှမပါဘူး။ အပျော်စီးတာ ။ကျွန်တော်တို့က ဆိုင်ကယ်မစီးရလည်း ကားစီးလို့ရတယ်။တကယ့်တကယ် အခုရွှေပြည်သာတို့ တောင်ဒဂုံ မြောက်ဒဂုံတို့မှာ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့သူတွေက ဆိုင်ကယ်Taxi တွေဆွဲကျတယ်။အဲ့လူတွေသည် တစ်နေ့ကို ၄၀၀၀၊၅၀၀၀ ရလို့ရှိရင် မိသားစုအတွက် ထမင်းစားလို့ရတယ်။ဆိုင်ကယ်Taxi မဆွဲရဘူးဆိုလို့ ခိုးချောင်ခိုးဝှက်စီးနေကျတာ ပိုပြီးပြဿနာများတယ်။အဲ့တော့မြို့နယ်အလိုက် ဆိုက်ကယ်ဂိတ်လေးတွေ လုပ်ပေးလိုက်ရင် ပိုအဆင်မပြေဘူးလား။ဆိုင်ကယ် MC အဖွဲ့တွေက စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ဖွဲ့စည်း စီးနင်းကျတာပါ။ကျွန်တော်တို့ On The Rod MC အဖွဲ့ဆိုရင်လည်း သီးသန့် သတ်မှတ်ချက်တွေရှိတယ်။အဖွဲ့လိုက်စီးမယ်ဆိုရင် Logo တစ်ခုထဲနဲ့စည်းတယ်။ အဖွဲ့လိုက်ဆို On The Rod ဂျာစီဝတ်ပြီးစီးကျတယ် ။တစ်ယောက်ထဲဆိုမဝတ်ရတာမျိုးတို့ရှိတယ်။ညဘက်ဘီယာဆိုင်သွားထိုင်ရင်
On The Rod ဂျာစီမဝတ်ရဘူး။ဒါအသင်းရဲ့ယူနီဖောင်းပဲလေ။ ဒါကြောင့် ယူနီဖောင်းကိုလေးစားတယ်။ဒါကျွန်တော်တို့အဖွဲ့ပဲမဟုတ်ပါဘူး။ ရန်ကုန်က MC တွေအကုန်ပါပဲ။
Bunning Naing (INDIAU Skull MCဥက္ကဋ္ဌ)
ကျွန်တော်တို့အဖွဲ့ကို ၂၀၁၅ ၁၂လပိုင်းက စပြီးဖွဲ့စည်းဖြစ်တာပါ။အဓိက ကတော့ကျွန်တော်တို့ ဆိုင်ကယ်အပျော်တမ်းစီးမယ်။ပရဟိတ စုပေါင်းလုပ်ကြမယ်။ဒီလိုမျိုး အစုအဖွဲ့နဲ့ ညီအစ်ကိုတွေစုစုစည်းစည်း စုပေါင်းလုပ်ကျမယ်ဆိုပြီး လုပ်ဖြစ်တာပါ။အခုလက်ရှိ ရန်ကုန်အခြေစိုက်ပါ အားလုံး ၂၂ယောက်ရှိပါတယ်။ ဒီဇင်ဘာ ၂၅ရက်မှာ တစ်နှစ်ပြည့် နှစ်ပတ်လည်ပွဲလေး လှော်ကားဥယျာဉ်မှာလုပ်ခဲ့တယ်။ ရန်ကုန်သားတစ်ယောက်က ရန်ကုန်မြို ့ထဲမှာ ဆိုင်ကယ်မစီးရဘူးဆိုတော့ တော်တော်တော့အခက်ခဲတွေဖြစ်ပါတယ်။လက်ရှိထုတ်ပြန်ထားတဲ့ဥပဒေတိုင်းဆိုရင် ကျွန်တော်တို့က ဒီမှာမစီးရရင် မြို့ပြင်ထွက်စီးလို့ရတယ်လေ။ရန်ကုန်ကထွက်တာနဲ့ ကြိုက်တဲ့မြို့မှာစီးလို့ရတယ်။ဒါပေမယ့် ရန်ကုန်မှာနေပြီးတော့ ရန်ကုန်မှာစီးလို့မရတာတော့ မကောင်းဘူး။သူများတန်းတူစီးခွင့်တော့ရချင်တယ်။လက်ရှိ ဆိုင်ကယ်ဘီးအကြီးစားတွေ စီးကြပါတယ်။ ဒါပေသိ ကျွန်တော်တို့တွေက
ဒီလိုဆိုင်ကယ်တရားဝင်တင်သွင်းခွင့်မရတဲ့အခါကျတော့ မြဝတီဘက်ကနေသွင်းပြီးစီးနေကျတယ်။တချို့တွေလိုင်စင်လုပ်လို့ မရကြသေးဘူး။ပြောရရင် အခက်ခဲပေါင်းစုံကြားကနေ ဆိုင်ကယ်လေးစီးခဲ့ရတာပါ။ကားဆိုရင် ကားShowroom တွေရှိတယ် ။Service Center တွေရှိတယ်။နယ်တွေမှာလည်း ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Service Center တွေ၊Showroom တွေရှိပါတယ်။ရန်ကုန်မှာပဲမရှိတာ။ရန်ကုန်မှာစီးခွင့်မပေးထားတဲ့အတွက် Service Centerတွေ၊Showroom တွေလည်းမရှိသေးဘူး။လက်ရှိကတော့ ကျွန်တော်တို့လိုအပ်ရင် ကိုယ့်ဆိုင်ကယ်စီးသမားအချင်းချင်း ဆိုင်ကယ်တင်သွင်းတဲ့ သူတွေဆီကနေ လိုတဲ့ပစ္စည်းလေးတွေလှမ်းမှာရတယ်။ပြီးမှဒီမှာ စက်ပိုင်းနားလည်တဲ့သူတွေနဲ့ ပြင်ဆင်ရတယ်။ကျွန်တော့်အနေနဲ့ အဓိက ပြောချင်တာကတော့ ရန်ကုန်မှာဆိုင်ကယ်ပေးစီးခွင့်ပေးစေချင်တယ်။တကယ်စီးနင်းခွင့်ပေးခဲ့ရင်လည်း စီးလာမယ့်သူတွေအားလုံးကလည်း ဥပဒေလေးစားပြီး စည်းကမ်းလိုက်နာပြီးစီးရင် ဘာမှဖြစ်လာနိုင်စရာမရှိပါဘူး။အခုက အစိုးရကပေးမစီးဘူး ။ပေးမစီးတော့ခိုးစီးတယ်။ ခိုးစီးတော့ ပြဿနာတတ်တယ်။ပြဿနာတတ်တော့ရှာတယ်။ရှာလို့မရတော့ ပတ်ပြီးတော့အကုန်လုံးကိုယုံထင် ကြောင်ထင် ထင်ကုန်ရော။
ဝင်းကို ( Wanviber MC ဥက္ကဋ္ဌ) ပဲခူး
ဆိုင်ကယ်စ စီးခဲ့တာက ၂၀၁၄လောက်ကမှပဲခူးမှာ သူငယ်ချင်းတွေနဲ့ စိတ်တူကိုယ်တူဆိုင်ကယ်စီးဖြစ်တယ်။ ၂၀၁၅မှာ MCတစ်ခုအဖြစ် ထောင်ဖြစ်ခဲ့တယ်။ Wanviber MCဆိုပြီး။ပဲခူးတစ်ဖွဲ့ မန္တလေးတစ်ဖွဲ့စုစုပေါင်း ၁၄ယောက်ရှိတယ်။ပဲခူးမှာအဖွဲ့ဝင် ၉ယောက် ရှိတယ်။အဲ့နောက်ပိုင်း တခြား MCအဖွဲ့တွေနဲ့တော်တော်များများမိတ်ဆက်ပြီးတော့ ခရီးတွေတော်တော်စုသွားဖြစ်တယ်။MC အဖွဲ့တိုင်းမှာ စည်းမျဉ်းတော့ရှိပါတယ်။ဒါပေမယ့်အားလုံးက နားလည်မှုကို အခြေခံပြီး ရှေ့ဆုံးက roat ကပ္ပတိန် ဆိုလည်း ရှေ့ဆုံးကသွား၊ကျန်တဲ့သူတွေကနောက်ကလိုက်ပြီး နောက်ဆုံးကနေ ထိန်းသိမ်းမှူးအဖြစ်လိုက်တ ဲ့သူက လိုက်ပေါ့ သူ့နေရာနဲ့ သွားကြတယ်။ကီလို ၆၀ဆို ၆၀ခရီးပေါ်မူတည်ပြီးမြန်နှုန်းတစ်ညီထဲမောင်းတယ် နားမယ့်နေရာတစ်ခုကို Target ထား ပြီးအဲ့နေရာအရောက်သွားပြီးအဲ့ရောက်မှ နားဖြစ်ကြတယ်။ ပဲခူးက ဆိုင်ကယ်စီးခွင့်တရားဝင်ရထားတဲ့မြို့ဖြစ်တဲ့အတွက် ရန်ကုန်လိုတော့ စိတ်ညစ်စရာမရှိဘူးပေါ့။ ဒါပေမယ့် ဆိုင်ကယ်အသေးစီးတဲ့သူတွေများတယ်။ ဆိုင်ကယ် ကယ်ရီ ဆွဲတာတွေများတယ်။ ကျွန်တော်တို့ဆိုင်ကယ် အပျော်စီးတဲ့သူတွေလည်းအမြဲတမ်းတော့ထွက်မစီးဖြစ်ဘူး။တစ်ပတ်မှတစ်ရက်လောက် ထွက်စီးဖြစ်တယ်။စီးရင်လည်းညပိုင်းပဲစီးတယ်။ လမ်းရှင်းတဲ့နေရာ နောက် ကျွန်တော်တို့ဘီးကြီးတွေအနေနဲ့မြို့ထဲမှာ တော်ရုံလူရှုတ် တဲ့နေရာသွားရင်အဆင််မပြေဘူး။ဘီးရဲ့အင်ဂျင်ပါဝါနဲ့ အသံထွက်တာတို့ Heat တက်တို့ဆိုကျွန်တော်တို့ ဘီးကြီးတွေအနေနဲ့ အဆင်မပြေလို့ညခင်း သီးသန့်ပဲ စီး တယ်။လူရှုတ်တဲ့နေရာတွေရှောင်ပြီးလူတော်တော်ရှင်း တဲ့ နေရာရွေးစီးတယ်။ဘာလို့လဲဆိုတော့ မလိုလား အပ်တဲ့ပြသနာတွေဖြစ်လာမှာစိုးလို့ပါ။MCအဖွဲ့အနေနဲ့သီးသန့်စီးဖို့ပဲထားတယ်။တစ်ပတ် တစ်ခါ စီးတာက အင်ဂျင်ကိုပုံမှန်လည်ပတ်နေအောင် ထုတ်စီးပေးတဲ့ သဘောပါ။ အဲ့တာကကိုယ်နဲ့တစ်သားထဲကျအောင် ရယ် သူ့မှာ လိုအပ်တာရှိရင်လည်း သိရအောင် မွမ်းလို့ရအောင်ပါ။မိန်းမစီးဆိုင်ကယ်တွေလဲ အိမ်မှာရှိတယ်။သူကျတော့ အိမ်မှာအထွေထွေ လိုအပ်ချက်တိုင်း စီးတာပေါ့ ။ဟိုနားဒီနားသွားဖို့ အတွက်ဆိုင်ကယ်ကြီးတွေမစီးဘူး။ ဆိုင်ကယ်ကြီးတွေစီးရတာ ဝါသနာပါတယ်၊ တန်ဖိုးလဲထားတယ်။ကျွန်တော်ဆို ဒီဆိုင်ကယ်အကြီးတစ်စီးရဖို့အတွက်ကို ကြိုးစားရတာ မလွယ်ဘူး ခင်ဗျ။အခုဆို ကျွန်တော့မှာ ၁၅စီးလောက်ရှိတယ်ဗျ။ Easy လည်းရှိတယ်။ လူငယ် အကြိုက်ပြိုင်ဘီးတွေလည်းရှိတယ်။ ဟာလီ လည်း ရှိတယ်။ လောလောဆယ် ဟာလီ ဂလိုက် နဲ့ 48 တွေတော့စီး ဖြစ်နေတယ်။
Bothein ( Eastern Eagle MC ) တာချီလိတ် အခြေစိုက်
အစ်ကိုတို့ Eastern Eagle MCဆိုရင် ၁၂နှစ်ကျော်ပြီ။၂၀၀၄ ခုနှစ်ကနေ ၂၀၁၆ဒီဇင်ဘာ ၁၂ရက်နေ့က ၁၂နှစ်ပြည့်ခဲ့ တယ်။ ၁၂နှစ်ပြည့်အနေနဲ့ တာချီလိတ်မှာ Second တာချီလိတ် Bike Weekဆိုပြီး လုပ်ခဲ့တယ်။နိုင်ငံတကာက Bikerတွေရောပြည်တွင်းက Bikerတွေရောလာကြ ပါတယ်။အားလုံးတွေ့ဆုံ တာပေါ့နော်။အတွေ့အကြုံတွေ ရှယ်ယာလုပ်ကျတယ်။ပိုက်ဆံတွေရှယ်လုပ်ပြီး ရတဲ့ အကျိုးမြတ် ကျပ်သိန်း ၁၀၀ကိုရှမ်းပြည်နယ် အရှေ့ပိုင်း က မိဘမဲ့ဂေဟာတွေ၊ တကယ်လိုအပ်နေတဲ့နေရာတွေ သွားပြီး ပရဟိတလုပ်ကြတယ်။ စိတ်တူ ကိုယ်တူ ညီအစ်ကိုတွေ စုပြီးတာချီလိတ်မှာအခြေစိုက်ပြီးဖွဲ့ ထားတယ်။ ခေါင်းဆောင်ကတော့ ကိုစိုင်းဟုမ်ပါ။ပြောရ ရင် မြန်မာပြည်မှာသက်တမ်းအကြာဆုံးပဲ။ အဖွဲ့ဝင်လည်း အများဆုံးပဲ။အခုလောလောဆယ် တင်းပြည့်အဖွဲ့ဝင် ၃၃ယောက်ရှိတယ်။ရိုးရိုးအဖွဲ့ဝင် ၃ဦးလောက်ရှိသေး တယ်။တင်းပြည့် မပြည့်က သူ့ရဲ့ဆိုင်ကယ်စီးမှုကျွမ်းကျင်နှုန်းရယ် ညီကိုစိတ်ဓါတ်ဘယ်လောက်ရှိတယ် ခရီးတွေသွားကြတဲ့အခါ နားလည်သည်းခံနိုင်မှု စိတ်တူ ကိုယ်တူ ပေါင်းလို့ ရ၏မရ၏ဆိုတဲ့ အပေါ် အများကြီး မူတည်ပါတယ်။နောက်ကီလိုမီတာ ငါးထောင်ရှိမှ အားလုံးက သဘောတူလက်ခံမှ တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံပါတယ်။အဖွဲ့ထဲကိုဝင်ရင် ပိုက်ဆံရှိလို့ပဲလာ ပိုက်ဆံမရှိပဲလာလာ ရတယ်။အစ်ကိုတို့အဖွဲ့ထဲကသူ အား လုံးက လည်းကိုယ်ပိုင်အလုပ်တွေ လုပ်ကိုင်နေတဲ့သူ တွေပဲ။ ဒါပေမယ့်အဖွဲ့ထဲရောက်လာပြီဆိုရင်အဲ့တာအ ကုန်လုံးထားခဲ့တော့။အကုန်လုံးကညီအစ်ကိုတွေပဲ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်။ ရိုင်းပင်းရမယ်။ MC က ချမှတ်ထားတဲ့စည်းကမ်းအတိုင်း နေရမယ်။ပထမ တာချီလိတ် Bike Week မှာ ကျတော့ကိုညီထွဋ် ( အဆိုတော် ဇော်ဝင်းထွဋ်)နဲ့အတူလုပ်ခဲ့ပါတယ်။အဲ့တုန်းကလည်းရတဲ့အမြတ်တွေကို ပရဟိတ လုပ်ခဲ့တယ်။ဒီလိုပွဲလုပ်ရတာက နိုင်ငံတကာကBikerတွေဖိတ်ပြီး မြန်မာနိုင်ငံမှာလည်းဒီလို ဆိုင်ကယ်ချစ်သူ တွေရှိပါလား။MCအဖွဲ့တွေရှိပါလား ဆိုတာ သိအောင်ပြတာပါ။နောက်ပြီးဒီကလူတွေကလည်း Biker Week ဆိုတာဘယ်လိုမျိုးလဲသိအောင် မိတ်ဆက်ပေးတဲ့ သဘောပဲ။နှစ်နှစ်တစ်ကြိမ်လုပ်ဖြစ်တယ် ။အစ်ကိုတို့အဖွဲ့ ဦးဆောင်ပြီး မြန်မာနိုင်ငံက MCတွေစုပြီး အိမ်နီးချင်း နိုင်ငံကMC အဖွဲ့တွေနဲ့ပူးပေါင်းပြီး နိုင်ငံ ဖြတ်ကျော် ဆိုင် ကယ်စီးနှင်းမှုတွေ လုပ်ခဲ့ပါတယ်။ထိုင်း၊မလေးရှား၊စင်္ကာပူ နိုင်ငံတွေမှာ ဆိုင်ကယ်နဲ့ပတ်သက်ပြီးလုပ်တဲ့ ပွဲတော်တော်များများ သူတို့ရဲ့ဖိတ်ကြားမှုတွေ ကြောင့် လည်းသွားဖူးပါတယ်။ကမ္ဘောဒီးယားမှာလုပ်တဲ့Bike Week ပွဲဆိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့တစ်ဖွဲ့အနေနဲ့ပါဝင်ဖူးပါတယ်။ပထမ တာချီလိတ်Bike Week တုန်းက မြန်မာနိုင်ငံမှာ အစ်ကိုတို့ အဖွဲ့ကဦးဆောင်ပြီး အာဆီယံနိုင်ငံတွေသာမက အမေရိကန်၊အင်္ဂလန်၊ အီတလီ၊သြစတြေးလျ၊ဂျာမနီတို့က Biker တွေအားလုံး ကိုဖိတ်ခေါ်ပြီး ဆိုင်ကယ်အစီး ၃၀၀ကျော် ၄၀၀လောက် နဲ့မိုင်းလားကို ၂ညအိပ်ဆိုင်ကယ်ခရီးစဉ်စီစဉ်ပေးဖူးတယ်။ ဒုတိယ ခေါက်မှာတော့ နယ်မြေအခြေအနေအရ အဲ့လို ခရီးစဉ်တော့မစီစဉ်ပေးနိုင်ခဲ့ဘူး။ကျွန်တော်တို့ MC တွေအနေနဲ့က လုံခြံုမှုရှိအောင် ပစ္စည်းစုံစုံလင်လင်နဲ့ ပြူးပြူးပြဲပြဲ မဟုတ်ဘဲ လူအမြင်ကြည်အောင် စီးပြရမှာပေါ့။
Zawgyi version…
ေမာ္ေတာ္ဆိုင္ကယ္ကလပ္အဖြဲ႔ေတြကျမန္မာနိုင္ငံတစ္နိုင္ငံလံုးမွာဆို ကလပ္ ၃၀ေက်ာ္ရွိတယ္။သူၿမိဳ႕ေလးနဲ့သူ ဆိုင္ကယ္၀ါသနာပါတဲ့သူေတြစုၿပီး ကလပ္အဖြဲ႔ေတြလိုေထာင္ထားၾကတယ္။လူတန္းစားမေရြးဘူး။ဆိုင္ကယ္မ်ိဳးစားမေရြးဘူး။ အဲ့လိုဆိုင္ကယ္ကလပ္ေတြစုၿပီးစီးရင္း ခရီးလမ္းတစ္ေလွ်ာက္လည္းပရဟိတအလုပ္ေတြလုပ္သြားတယ္။သူမ်ားနိုင္ငံေတြလိုမူးယစ္ေဆး၀ါးကိစၥေတြနဲ႔ လည္းမပတ္သက္ဘူး။ဂန္းစတား ပံုစံေတြလို မိုက္ေၾကးခြဲတဲ့ကိစၥေတြလည္းမရွိဘူး။ဆိုင္ကယ္ Bike Weekပြဲေတြ စုၿပီးလုပ္ၾကတယ္။အဲ့ခ်ိန္မွာ ရံပံုေငြလိုပိုက္ဆံေကာက္က်တယ္။ ျမတ္တဲ့ ပိုက္ဆံေတြကိုလိုအပ္တဲ့ေဒသေတြမွာသြားလွဴၾကတယ္။သူတုိ႔နဲ႔ခဏတာေတြ႔ဆုံခုိက္မွာေတာ႔…
ကိုတင့္(ဆိုင္ကယ္စုေဆာင္းတာ ၀ါသနာပါသူ)
ကၽြန္ေတာ္က ေမာ္ေတာ္ဆိုင္ကယ္ကလပ္မေထာင္ထားဘူး။စိတ္ကူးေပါက္ရင္သူငယ္ခ်င္းေတြနဲ႔ ဆိုင္ကယ္စုစီးတယ္။ဆိုင္ကယ္စီးရတာႀကိဳက္တယ္။ ဆိုင္ကယ္အမ်ိဳးစားေကာင္းေကာင္းေတြ ပိုင္ဆိုင္စုေဆာင္းရတာႀကိဳက္တယ္။၀ါသနာပါတယ္။၀ါသနာကလည္း တန္းဖိုးႀကီးတဲ့၀ါသနာ ျဖစ္ေနတယ္။ကၽြန္ေတာ္ဆိုင္ကယ္စီး၀ါသနာပါတာက၉ႏွစ္သားထဲကပါ။ ဆိုင္ကယ္ Bike Week ေတြနဲ႔ပတ္သက္ၿပီး အေမရိကထိ သြားတက္ခဲ႔တယ္။အာဆီယံနိုင္ငံတိုင္းကလုပ္တဲ့ ဆိုင္ကယ္ပြဲေတြအားလံုးတက္ျဖစ္တယ္။ဆိုင္ကယ္စစီးျဖစ္တာေတာ့ ၈၈ ေလာက္ကစစီးျဖစ္တယ္။ဆိုင္ကယ္ေတြစုေဆာင္းျဖစ္တာေတာ့ ဆိုင္ကယ္ေတြစီးခြင့္မရေတာ့တဲ့ ၉၈ ေလာက္ကစမွာေပါ့ အခုဆို ဆိုင္ကယ္အေသးအလတ္ အႀကီး Classic ဆိုင္ကယ္ေတြ အားလံုးစုထားတာ အစီး ၈၀ ေက်ာ္ေလာက္ရွိၿပီ။ ကၽြန္ေတာ့၀ါသနာကသူမ်ားေတြလို ေရႊစုတာတို႔ ဘဏ္မွာ ပိုက္ဆံစုတာတို႔လိုမဟုတ္ဖူး ဆိုင္ကယ္ တစ္စီးရတစ္စီး၀ယ္စုတာ။
တစ္ကမာၻလံုးမွာဆိုင္ကယ္မစီးရတဲ့ၿမိဳ႕မရွိဘူး ရန္ကုန္တစ္ၿမိဳ႔ထဲရွိေနတာဆိုေတာ့ တိုင္းေဒသႀကီးအစိုးရဘက္က တာ၀န္ယူမႈအပိုင္းေဆာင္ရြက္ၿပီး ရန္ကုန္မွာဆိုင္ကယ္စီးခြင့္ေတာ့ေပးေစခ်င္တယ္။ ဆိုင္ကယ္နဲ႔ပတ္သက္ၿပီးဘာေပၚလစီမွမရွိဘူး။အခုလက္ရွိမွာ Without ေတြေရာ လိုင္စင္ဘီးေတြေရာအကုန္ေရာစီးေနက်တာ။အဲ့အတြက္ လိုင္စင္ဘီးျဖစ္လို႔လည္းအားသာခ်က္မရွိသလို Withoutဘီးျဖစ္လို႔လည္း အားနည္းခ်က္ျဖစ္မေနဘူး။ပိုစိုးတာက ရန္ကုန္ၿမိဳ႕မွာ စည္ပင္သာယာနယ္နိမိတ္အတြင္းမစီးရဆိုတာက ေဒသႏၱရအမိန္႔န႕ဲ ထုတ္ျပန္ထားတာ ဥပေဒနဲ့မဟုတ္ဖူး ပုဒ္မမရွိဘူး။ ဒါေပမယ့္ဖမ္းရင္ဘာနဲ႔ဖမ္းလည္းဆိုေတာ့ ေဒသႏၱရအမိန္႔ နဲ႔ဖမ္းတယ္။စည္ပင္ဥပေဒနဲ႔ဖမ္းတယ္။တကယ္က Withoutဆိုင္ကယ္ေတြကို သြင္းကုန္ထုတ္ကုန္ ဥပေဒနဲ့အညီဖမ္းလို႔ရပါတယ္။
ကိုမ်ိဳးေဇာ္ဦး (ဆိုင္ကယ္ခ်စ္သူ)
ဆိုင္ကယ္တင္သြင္းတာနဲ့ပတ္သက္ၿပီး ျမန္မာနိုင္ငံမွာ တိက်တဲ့ေပၚလစီ ဟုတ္တိပတ္တိမရွိဘူး။Export ,Inport လိုင္စင္ ရွိတဲ့သူတိုင္း ဆိုင္ကယ္တင္သြင္းခြင့္ရွိတယ္။သူတို႔တင္သြင္းရင္ ကာစတန္ အခြန္ေဆာင္ၿပီး ကုိယ္႕လိုင္စင္ကိုယ္လုပ္ၿပီးတင္သြင္းၾကတယ္။ဒါကတစ္လိုင္းသတ္သတ္။ မ်ားေသာအားျဖင့္ ျမန္မာျပည္ကိုေရာက္လာတဲ့ ဆိုင္ကယ္အမ်ားစုက Border Trade ကေနလာတယ္။Border Trade ကေနလာတယ္ဆိုက ဂ်ပန္မွာေလလံဆြဲတယ္ အသစ္လည္းပါပါတယ္။အေဟာင္းေတြလည္း ပါတယ္။အဲ့မွာေလလံဆြဲၿပီးေတာ့ ဘန္ေကာက္ကို ကြန္တင္နာနဲ႕သယ္လာတယ္။ ဘန္ေကာက္ကမွမဲေဆာက္ကိုကားနဲ႕သယ္လာၿပီးေတာ့မဲေဆာက္မွာ အဲ႕ကြန္တိန္နာ ပံုးထဲကဆိုင္ကယ္ကိုထုတ္ၿပီးေတာ့ ေသာင္ရင္းျမစ္ကိုကူးၿပီးျမ၀တီဘက္ေရာက္လာတယ္။အဲ့ေတာ့အမ်ားစုက ျမ၀တီဘက္ကိုသြားၿပီး ၀ယ္ၾကတယ္။ဒါေပမယ့္အဲ့ဒီဆိုင္ကယ္ေတြက လိုင္စင္မရွိတာမ်ားတယ္။လိုင္စင္ကေရာလုပ္လို႔မရဘူးလားဆိုေတာ့ မဟုတ္ဘူး ရတယ္။အဲ့လိုနည္းလမ္းနဲ႔ ၀င္လာတဲ့ဆိုင္ကယ္ေတြကိုလည္း Customs duty ေဆာင္ၿပီး လိုင္စင္လုပ္လို႔ရပါတယ္။လက္ရွိမွာက အမ်ားစုက without ပဲစီးၾကတယ္။ဆိုင္ကယ္တစ္စီးကိုသိန္း ၄၀နဲ႔စီးလို႔ရေနတဲ့အေျခအေနမွာ လိုင္စင္ေဆာင္လိုက္ရင္ သိန္း၇၀ ေလာက္က်သြားမယ္။ေနာက္ၿပီး လိုင္စင္လုပ္ၿပီးသားဆိုင္ကယ္ေတြက ျပန္ေရာင္းမယ္ဆိုလည္း သိပ္မ၀ယ္ၾကဘူး ဆိုေတာ့ ေတာ္ရံု လိုင္စင္မလုပ္ၾကေတာ့ဘူး။ အခုေနာက္ပိုင္း ဘာေတြဖြ႕ံျဖိဳးလာလဲဆိုေတာ့ Showroom စလာၿပီ။အခု Kawasaki Showroom ဖြင့္ၿပီးေနာက္ ၾသစေၾတးလ် က KTM ရွိမယ္။အိႏိၵယ ဆိုင္ကယ္ေတြဘတ္ဂ်ားတို႔ လည္း ၀င္လာၿပီ။Honda ကေတာ့ မိန္းမစီးဆိုင္ကယ္ေလးေတြသြင္းတယ္။Showroom ကေစ်းေတြကေတာ့ Border Trade ကသြင္းတာထက္ ထက္၀က္နီးနီး ေစ်းမ်ားတယ္။ဒါကလည္း သူတို႔အေနနဲ႔က ေျမဌားခေတြ အေဆာက္အဦးခေတြ အခြန္ေဆာင္ရတာေတြ လိုင္စင္၀င္ရတာေတြ အဲ့ကုန္က်စရိတ္ေတြရွိမယ္ေပါ့။ၿပိဳင္ပြဲက်ေတာ့လည္း ဒီမွာဟုတ္တိပတ္တိ ဘာမွမရွိဘူး။ စတန္႔နဲ႔ပတ္သက္ၿပီး ျမန္မာမွာတစ္ခါလုပ္ဖူးတယ္လို႔ေတာ့ၾကားတယ္။ဒါေပမယ့္ႀကီးႀကီးက်ယ္က်ယ္မဟုတ္လိုက္ဖူး။ အဲ့ေတာ့ မႏၱေလးဘက္မွာက Customize Showဆိုၿပီးတစ္ခါလုပ္တယ္။အဲ့တာက ကိုယ္ကစက္ရံုကထုတ္တဲ့အတိုင္း၀ယ္လာတယ္။ အဲ့တာကို စိတ္ႀကိဳက္ အစိတ္အပိုင္းေတြျဖတ္ေတာက္လဲလွယ္ၿပီးထည့္ တပ္တာကို Customize လုပ္တယ္လို႔ေခၚတယ္။အဲ့လို Customize လုပ္တဲ့သူေတြ ဘယ္သူကဘယ္ေလာက္ထိလုပ္နိုင္လဲဆိုတာ ၿပိဳင္ၾကတယ္။ အမ်ားလက္ခံတဲ့ဘီးကို ဆုေပးတယ္။ဆိုင္ကယ္နဲ့ပတ္သက္တဲ့ၿပိဳင္ပြဲဆိုလို႔ အဲ့တာပဲရွိေသးတယ္။ဒါေတာင္ ကိုယ့္၀ါသနာရွင္ေတြ စုျပီးလုပ္ရတာ။
ဆိုင္ကယ္အပိုပစၥည္းေတြနဲ႔ပတ္သက္ၿပီး အခက္ခဲကရွိတာေပါ့။ဒါကေတာ့အမ်ိဳးအစားေပၚလည္းမူတည္ပါမယ္။ အရင္ကဆိုျမန္မာျပည္မွာ ဂ်ပန္အမ်ိဳးစားေတြပဲစီးၾကတယ္။ေနာက္ BSA တို႔ထရန္႔တို႔ရွိမယ္။ဒါေတြကလည္း အပိုပစၥည္းမရွိလို႔ ဆိုင္ကယ္ေလာကကေပ်ာက္လုျဖစ္သြားၿပီ။ဒါေပမယ့္အခုဒီၿပီးခဲ့တဲ့ နွစ္ႏွစ္ သံုးႏွစ္အတြင္းမွာ တျဖည္းျဖည္း နိုင္ငံျခားကေနသြင္းလာတဲ့သူေတြရွိလာတယ္။နိုင္ငံျခားမွာေလလံဆြဲတဲ့သူေတြ လည္းဂ်ပန္ဘီးအစား အေမရိကန္ Hartey- Davidson တို႔၊ အီတလီက Ducati တို႔ Vespz တို႔ လို၊ ၾသစေၾတးလ်က KTM တို႔လို သြင္းလာၾကေတာ့ ျမန္မာ ေတြစီးရေကာင္း မွန္းသိ လာၾကၿပီ။ဒါေပမယ့္အပိုပစၥည္းကေတာ့ အနည္းနဲ႔အမ်ား ရွိေနတုန္းပဲ။အဲ့လိုဘီးႀကီးေတြစီးတဲ့သူအမ်ားစုက သူတို႔မွာ အသိုင္း၀ိုင္းရွိရမယ္၊ အဆက္သြယ္ေကာင္းရွိရမယ္။ကိုယ့္အသိုင္း၀ိုင္းနဲ့ကိုယ္ မင္းဘီးမွာဘာလိုလဲ ငါ့မွာ ဘာပစၥည္းရွိတယ္ဆိုၿပီး ကူညီၾကတယ္။မကူညီနိုင္လဲ နိုင္ငံျခား အဆက္သြယ္ရွိတဲ့သူကလွမ္းမွာၾကတယ္။ အစ္ကိုတို႔လိုဆိုင္ကယ္ခ်စ္ျမတ္နိုးသူေတြ ဆိုင္ကယ္ႀကီးစီးတဲ့သူေတြကေတာ့ ဒါကို သည္းခံနိုင္ၾကတယ္။ပိုက္ဆံေစ်းႀကီးေပးၿပီးလဲ ၀ယ္ယူၾကတယ္။
ကိုေအာင္ဆန္း (On The Rod MC ဥကၠ႒)
ကၽြန္ေတာ္ကေတာ့ ရန္ကုန္ၿမိဳ႕မွာဆိုင္ကယ္စီးခြင့္ရဖို႔ပဲစိတ္၀င္စားတယ္။ ရန္ကုန္သားကိုး။ဘာလို႔စီးလို႔မရလဲဆိုရင္ အစိုးရရဲ႕ႏႈတ္မိန္႔ေၾကာင့္ စီးခြင့္မရတာ။ လူ႕အခြင့္ေရးအရ ဆိုင္ကယ္သမားေတြက ဆိုင္ကယ္ခ်စ္လို႔ ရန္ကုန္ၿမိဳ႔မွာေနတဲ႔ ဆိုင္ကယ္သမားေတြက ဆိုင္ကယ္မစီးရဘူးဆိုေတာ့ ကိုယ္ပိုင္အခြင့္ေရးကိုခ်ိဳး ႏွီမ္ခံထားရသလိုဘဲ ခံစားရတယ္။ လႊတ္ေတာ္မွာ လည္းရန္ကုန္မွာဆိုင္ကယ္စီးခြင့္ျပန္ေပးဖို႔ အဆိုတင္သြင္းတယ္ နိုင္ခဲ့တယ္။နိုင္ေပမယ့္ ေပးမစီးဘူး။သူတို႔ေျပာတဲ့အေၾကာင္းျပခ်က္ေတြက သိပ္လွပတဲ့Reason မဟုတ္ေတာ့ ကၽြန္ေတာ္တို႔နွလံုးသားကိုမရိုက္ခတ္နိုင္ဘူး။ရွင္းရွင္းေလးေျပာရရင္ ဆိုင္ကယ္ စီးခြင့္ေပးဖ္ို႕ ပထမဆံုးလုပ္ရမွာက အစိုးရဘက္က ခိုင္မာတဲ့ဥပေဒစည္းကမ္းထုတ္ျပန္ဖို႔ စည္း ၾကပ္ရမွာအစိုးရအလုပ္၊ဆိုင္ကယ္စီးတဲ့သူေတြဘက္က လိုင္စင္နဲ႔စီးမယ္ ဥပေဒေလးစားၿပီးစည္းကမ္းလိုက္နာမယ္ဆိုရင္ အစိုးရကလည္းတာ၀န္ယူမႈအပိုင္းရွိရ မယ္ကၽြန္ေတာ္တို႔ဘက္ကလည္း တာ၀န္ယူမႈအပိုင္းရွိရမယ္။ အဲ့အပိုင္း၂ပိုင္းတာ ညီမၽွ်ရင္ ရန္ကုန္ၿမိဳ႔မွာ ဆိုင္ကယ္စီးခြင့္ေပးကိုေပးရမယ္။ဒါက တစ္အခ်က္။ဒုတ္ယအခ်က္က သူတို႔ေျပာတဲ့ဒုစရိုက္ မႈေတြ အရမ္းဆိုင္ကယ္နဲ႔ ျဖစ္တယ္ ဆိုတာ အစ္ကိုတို႔လို ဆိုင္ကယ္အႀကီးႀကီးေတြစီးတဲ့သူေတြပဲျဖစ္ခဲ့ရင္ ဒုစရိုက္အမႈက ကၽြန္ေတာ္ထင္တယ္ ၅၀ %ေလာက္ေလ်ာ့က်သြားမယ္။ ဘာလို႔လဲဆိုေတာ့ အခုက ဘီးေသးေတြျဖစ္ေနတယ္ အမ်ားစုက Withoutေတြျဖစ္ေနေတာ့ ေနာက္ေၾကာင္းစစ္ေဆးဖမ္းဖို႔ကလဲ မလြယ္ဘူး။ဒါေတြဘာလို႔ျဖစ္ေနလဲဆိုရင္ အစိုးရက တာ၀န္မယူလို႔ပဲ။ ဘီးႀကီးစီးတဲ့သူေတြ ကဘီးၾကည့္လိုက္တာနဲ႔ ဘယ္သူစီးတဲ့ဘီးဆိုတာ ၾကည့္လိုက္တာနဲ႔သိတယ္။အစိုးရကသာ မွ်တတဲ့အခြန္နႈန္းနဲ႔ လိုင္စင္ေတြအားလံုးရွိေအာင္ ေဆာင္ရြက္ေပးမယ္ဆိုရင္ ရန္ကုန္မွာရွိတဲ႔ ဆိုင္ကယ္ေတြအားလံုး ကိုလည္းၿမိဳ႔နယ္ေတြမကန္႔သတ္ဘဲ YGN ဆိုလည္းတစ္ခုထဲ ထုတ္ေပးသင့္တယ္။အဲ့ေတာ့ တစ္စံုတစ္ခုျဖစ္လာခဲ့ရင္လည္း လိုင္စင္နံပါတ္နဲ႔လိုက္လို႔ရတယ္။ ဒုစရိုက္မႈလုပ္ခ်င္တဲ့သူက သူ႔ရဲ႕အလြယ္ကူဆံုးလမ္းကို ေရြးၿပီးလုပ္တယ္။အခု Withoutဆိုင္ကယ္ေတြျဖစ္ေနေတာ့ သူတို႔အတြက္ လြယ္ကူေနတယ္ေလ။တတိယအခ်က္ ဆိုင္ကယ္ ဘီးႀကီးစီးေနတဲ့သူေတြက ဆိုင္ကယ္နဲ႔စီးပြားေရးရွာစားေနတဲ့သူတစ္ေယာက္မွမပါဘူး။ အေပ်ာ္စီးတာ ။ကၽြန္ေတာ္တို႔က ဆိုင္ကယ္မစီးရလည္း ကားစီးလို႔ရတယ္။တကယ့္တကယ္ အခုေရႊျပည္သာတို႔ ေတာင္ဒဂံု ေျမာက္ဒဂံုတို႔မွာ အသက္ေမြး၀မ္းေၾကာင္းျပဳေနရတဲ့သူေတြက ဆိုင္ကယ္Taxi ေတြဆြဲက်တယ္။အဲ့လူေတြသည္ တစ္ေန႔ကို ၄၀၀၀၊၅၀၀၀ ရလို႕ရွိရင္ မိသားစုအတြက္ ထမင္းစားလို႔ရတယ္။ဆိုင္ကယ္Taxi မဆြဲရဘူးဆိုလို႔ ခိုးေခ်ာင္ခိုး၀ွက္စီးေနက်တာ ပိုၿပီးျပႆနာမ်ားတယ္။အဲ့ေတာ့ၿမိဳ႔နယ္အလိုက္ ဆိုက္ကယ္ဂိတ္ေလးေတြ လုပ္ေပးလိုက္ရင္ ပိုအဆင္မေျပဘူးလား။ဆိုင္ကယ္ MC အဖြဲ႔ေတြက စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ ဖြဲ႔စည္း စီးနင္းက်တာပါ။ကၽြန္ေတာ္တို႔ On The Rod MC အဖြဲ႔ဆိုရင္လည္း သီးသန္႕ သတ္မွတ္ခ်က္ေတြရွိတယ္။အဖြဲ႔လိုက္စီးမယ္ဆိုရင္ Logo တစ္ခုထဲနဲ့စည္းတယ္။ အဖြဲ႔လိုက္ဆို On The Rod ဂ်ာစီ၀တ္ၿပီးစီးက်တယ္ ။တစ္ေယာက္ထဲဆိုမ၀တ္ရတာမ်ိဳးတို႔ရွိတယ္။ညဘက္ဘီယာဆိုင္သြားထိုင္ရင္
On The Rod ဂ်ာစီမ၀တ္ရဘူး။ဒါအသင္းရဲ႕ယူနီေဖာင္းပဲေလ။ ဒါေၾကာင့္ ယူနီေဖာင္းကိုေလးစားတယ္။ဒါကၽြန္ေတာ္တို႔အဖြဲ႔ပဲမဟုတ္ပါဘူး။ ရန္ကုန္က MC ေတြအကုန္ပါပဲ။
Bunning Naing (INDIAU Skull MCဥကၠ႒)
ကၽြန္ေတာ္တို႔အဖြဲ႔ကို ၂၀၁၅ ၁၂လပိုင္းက စၿပီးဖြဲ႔စည္းျဖစ္တာပါ။အဓိက ကေတာ့ကၽြန္ေတာ္တို႔ ဆိုင္ကယ္အေပ်ာ္တမ္းစီးမယ္။ပရဟိတ စုေပါင္းလုပ္ၾကမယ္။ဒီလိုမ်ိဳး အစုအဖြဲ႔နဲ႔ ညီအစ္ကိုေတြစုစုစည္းစည္း စုေပါင္းလုပ္က်မယ္ဆိုၿပီး လုပ္ျဖစ္တာပါ။အခုလက္ရွိ ရန္ကုန္အေျခစိုက္ပါ အားလံုး ၂၂ေယာက္ရွိပါတယ္။ ဒီဇင္ဘာ ၂၅ရက္မွာ တစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္ပြဲေလး ေလွာ္ကားဥယ်ာဥ္မွာလုပ္ခဲ့တယ္။ ရန္ကုန္သားတစ္ေယာက္က ရန္ကုန္ၿမိဳ ႔ထဲမွာ ဆိုင္ကယ္မစီးရဘူးဆိုေတာ့ ေတာ္ေတာ္ေတာ့အခက္ခဲေတြျဖစ္ပါတယ္။လက္ရွိထုတ္ျပန္ထားတဲ့ဥပေဒတိုင္းဆိုရင္ ကၽြန္ေတာ္တို႕က ဒီမွာမစီးရရင္ ျမိဳ႕ျပင္ထြက္စီးလို႔ရတယ္ေလ။ရန္ကုန္ကထြက္တာနဲ႔ ၾကိဳက္တဲ႔ၿမိဳ႕မွာစီးလို႔ရတယ္။ဒါေပမယ့္ ရန္ကုန္မွာေနၿပီးေတာ့ ရန္ကုန္မွာစီးလို႔မရတာေတာ့ မေကာင္းဘူး။သူမ်ားတန္းတူစီးခြင့္ေတာ့ရခ်င္တယ္။လက္ရွိ ဆိုင္ကယ္ဘီးအႀကီးစားေတြ စီးၾကပါတယ္။ ဒါေပသိ ကၽြန္ေတာ္တို႔ေတြက
ဒီလိုဆိုင္ကယ္တရား၀င္တင္သြင္းခြင့္မရတဲ့အခါက်ေတာ့ ျမ၀တီဘက္ကေနသြင္းၿပီးစီးေနက်တယ္။တခ်ိဳ႕ေတြလိုင္စင္လုပ္လို႔ မရၾကေသးဘူး။ေျပာရရင္ အခက္ခဲေပါင္းစံုၾကားကေန ဆိုင္ကယ္ေလးစီးခဲ့ရတာပါ။ကားဆိုရင္ ကားShowroom ေတြရွိတယ္ ။Service Center ေတြရွိတယ္။နယ္ေတြမွာလည္း ဆိုင္ကယ္နဲ႔ ပတ္သက္တဲ႔ Service Center ေတြ၊Showroom ေတြရွိပါတယ္။ရန္ကုန္မွာပဲမရွိတာ။ရန္ကုန္မွာစီးခြင့္မေပးထားတဲ့အတြက္ Service Centerေတြ၊Showroom ေတြလည္းမရွိေသးဘူး။လက္ရွိကေတာ့ ကၽြန္ေတာ္တို႔လိုအပ္ရင္ ကိုယ့္ဆိုင္ကယ္စီးသမားအခ်င္းခ်င္း ဆိုင္ကယ္တင္သြင္းတဲ့ သူေတြဆီကေန လိုတဲ့ပစၥည္းေလးေတြလွမ္းမွာရတယ္။ၿပီးမွဒီမွာ စက္ပိုင္းနားလည္တဲ့သူေတြနဲ႔ ျပင္ဆင္ရတယ္။ကၽြန္ေတာ့္အေနနဲ႔ အဓိက ေျပာခ်င္တာကေတာ့ ရန္ကုန္မွာဆိုင္ကယ္ေပးစီးခြင့္ေပးေစခ်င္တယ္။တကယ္စီးနင္းခြင့္ေပးခဲ့ရင္လည္း စီးလာမယ့္သူေတြအားလံုးကလည္း ဥပေဒေလးစားၿပီး စည္းကမ္းလိုက္နာၿပီးစီးရင္ ဘာမွျဖစ္လာနိုင္စရာမရွိပါဘူး။အခုက အစိုးရကေပးမစီးဘူး ။ေပးမစီးေတာ့ခိုးစီးတယ္။ ခိုးစီးေတာ့ ျပႆနာတတ္တယ္။ျပႆနာတတ္ေတာ့ရွာတယ္။ရွာလို႔မရေတာ့ ပတ္ၿပီးေတာ့အကုန္လံုးကိုယံုထင္ ေၾကာင္ထင္ ထင္ကုန္ေရာ။
ဝင္းကို ( Wanviber MC ဥကၠ႒) ပဲခူး
ဆိုင္ကယ္စ စီးခဲ႔တာက ၂၀၁၄ေလာက္ကမွပဲခူးမွာ သူငယ္ခ်င္းေတြနဲ႔ စိတ္တူကိုယ္တူဆိုင္ကယ္စီးျဖစ္တယ္။ ၂၀၁၅မွာ MCတစ္ခုအျဖစ္ ေထာင္ျဖစ္ခဲ႔တယ္။ Wanviber MCဆိုျပီး။ပဲခူးတစ္ဖြဲ႕ မႏၲေလးတစ္ဖြဲ႔စုစုေပါင္း ၁၄ေယာက္ရွိတယ္။ပဲခူးမွာအဖြဲ႔ဝင္ ၉ေယာက္ ရွိတယ္။အဲ႔ေနာက္ပိုင္း တျခား MCအဖြဲ႔ေတြနဲ႔ေတာ္ေတာ္မ်ားမ်ားမိတ္ဆက္ျပီးေတာ့ ခရီးေတြေတာ္ေတာ္စုသြားျဖစ္တယ္။MC အဖြဲ႔တိုင္းမွာ စည္းမ်ဥ္းေတာ့ရွိပါတယ္။ဒါေပမယ့္အားလံုးက နားလည္မႈကို အေျခခံျပီး ေရွ႕ဆံုးက roat ကပၸတိန္ ဆိုလည္း ေရွ႕ဆံုးကသြား၊က်န္တဲ႔သူေတြကေနာက္ကလိုက္ျပီး ေနာက္ဆံုးကေန ထိန္းသိမ္းမွဴးအျဖစ္လိုက္တ ဲ႔သူက လိုက္ေပါ့ သူ႔ေနရာနဲ႔ သြားၾကတယ္။ကီလို ၆၀ဆို ၆၀ခရီးေပၚမူတည္ျပီးျမန္နႈန္းတစ္ညီထဲေမာင္းတယ္ နားမယ့္ေနရာတစ္ခုကို Target ထား ျပီးအဲ႔ေနရာအေရာက္သြားၿပီးအဲ႔ေရာက္မွ နားျဖစ္ၾကတယ္။ ပဲခူးက ဆိုင္ကယ္စီးခြင့္တရားဝင္ရထားတဲ႔ၿမိဳ႕ျဖစ္တဲ႔အတြက္ ရန္ကုန္လိုေတာ့ စိတ္ညစ္စရာမရွိဘူးေပါ့။ ဒါေပမယ့္ ဆိုင္ကယ္အေသးစီးတဲ႔သူေတြမ်ားတယ္။ ဆိုင္ကယ္ ကယ္ရီ ဆြဲတာေတြမ်ားတယ္။ ကြ်န္ေတာ္တို႔ဆိုင္ကယ္ အေပ်ာ္စီးတဲ႔သူေတြလည္းအျမဲတမ္းေတာ့ထြက္မစီးျဖစ္ဘူး။တစ္ပတ္မွတစ္ရက္ေလာက္ ထြက္စီးျဖစ္တယ္။စီးရင္လည္းညပိုင္းပဲစီးတယ္။ လမ္းရွင္းတဲ႔ေနရာ ေနာက္ ကြ်န္ေတာ္တို႔ဘီးႀကီးေတြအေနနဲ႔ျမိဳ႕ထဲမွာ ေတာ္ရံုလူရႈတ္ တဲ႔ေနရာသြားရင္အဆင္္မေျပဘူး။ဘီးရဲ႕အင္ဂ်င္ပါဝါနဲ႔ အသံထြက္တာတို႔ Heat တက္တို႔ဆိုက်ြန္ေတာ္တို႔ ဘီးႀကီးေတြအေနနဲ႕ အဆင္မေျပလို႔ညခင္း သီးသန္႔ပဲ စီး တယ္။လူရႈတ္တဲ႔ေနရာေတြေရွာင္ျပီးလူေတာ္ေတာ္ရွင္း တဲ႔ ေနရာေရြးစီးတယ္။ဘာလို႔လဲဆိုေတာ့ မလိုလား အပ္တဲ႔ျပသနာေတြျဖစ္လာမွာစိုးလို႔ပါ။MCအဖြဲ႕အေနနဲ႔သီးသန္႔စီးဖို႔ပဲထားတယ္။တစ္ပတ္ တစ္ခါ စီးတာက အင္ဂ်င္ကိုပံုမွန္လည္ပတ္ေနေအာင္ ထုတ္စီးေပးတဲ႔ သေဘာပါ။ အဲ႔တာကကိုယ္နဲ႔တစ္သားထဲက်ေအာင္ ရယ္ သူ႔မွာ လိုအပ္တာရွိရင္လည္း သိရေအာင္ မြမ္းလို႔ရေအာင္ပါ။မိန္းမစီးဆိုင္ကယ္ေတြလဲ အိမ္မွာရွိတယ္။သူက်ေတာ့ အိမ္မွာအေထြေထြ လိုအပ္ခ်က္တိုင္း စီးတာေပါ့ ။ဟိုနားဒီနားသြားဖို႔ အတြက္ဆိုင္ကယ္ႀကီးေတြမစီးဘူး။ ဆိုင္ကယ္ႀကီးေတြစီးရတာ ဝါသနာပါတယ္၊ တန္ဖိုးလဲထားတယ္။ကြ်န္ေတာ္ဆို ဒီဆိုင္ကယ္အႀကီးတစ္စီးရဖို႔အတြက္ကို ႀကိဳးစားရတာ မလြယ္ဘူး ခင္ဗ်။အခုဆို ကြ်န္ေတာ့မွာ ၁၅စီးေလာက္ရွိတယ္ဗ်။ Easy လည္းရွိတယ္။ လူငယ္ အႀကိဳက္ျပိဳင္ဘီးေတြလည္းရွိတယ္။ ဟာလီ လည္း ရွိတယ္။ ေလာေလာဆယ္ ဟာလီ ဂလိုက္ နဲ႔ 48 ေတြေတာ့စီး ျဖစ္ေနတယ္။
Bothein ( Eastern Eagle MC ) တာခ်ီလိတ္ အေျခစိုက္
အစ္ကိုတို႔ Eastern Eagle MCဆိုရင္ ၁၂ႏွစ္ေက်ာ္ျပီ။၂၀၀၄ ခုႏွစ္ကေန ၂၀၁၆ဒီဇင္ဘာ ၁၂ရက္ေန႔က ၁၂ႏွစ္ျပည့္ခဲ႔ တယ္။ ၁၂ႏွစ္ျပည့္အေနနဲ႔ တာခ်ီလိတ္မွာ Second တာခ်ီလိတ္ Bike Weekဆိုျပီး လုပ္ခဲ႔တယ္။နိုင္ငံတကာက Bikerေတြေရာျပည္တြင္းက Bikerေတြေရာလာၾက ပါတယ္။အားလံုးေတြ႔ဆံု တာေပါ့ေနာ္။အေတြ႔အႀကံဳေတြ ရွယ္ယာလုပ္က်တယ္။ပိုက္ဆံေတြရွယ္လုပ္ျပီး ရတဲ႔ အက်ိဳးျမတ္ က်ပ္သိန္း ၁၀၀ကိုရွမ္းျပည္နယ္ အေရွ႕ပိုင္း က မိဘမဲ႔ေဂဟာေတြ၊ တကယ္လိုအပ္ေနတဲ႔ေနရာေတြ သြားျပီး ပရဟိတလုပ္ၾကတယ္။ စိတ္တူ ကိုယ္တူ ညီအစ္ကိုေတြ စုျပီးတာခ်ီလိတ္မွာအေျခစိုက္ျပီးဖြဲ႔ ထားတယ္။ ေခါင္းေဆာင္ကေတာ့ ကိုစိုင္းဟုမ္ပါ။ေျပာရ ရင္ ျမန္မာျပည္မွာသက္တမ္းအၾကာဆံုးပဲ။ အဖြဲ႔ဝင္လည္း အမ်ားဆံုးပဲ။အခုေလာေလာဆယ္ တင္းျပည့္အဖြဲ႔ဝင္ ၃၃ေယာက္ရွိတယ္။ရိုးရိုးအဖြဲ႔ဝင္ ၃ဦးေလာက္ရွိေသး တယ္။တင္းျပည့္ မျပည့္က သူ႔ရဲ႕ဆိုင္ကယ္စီးမႈကြ်မ္းက်င္နႈန္းရယ္ ညီကိုစိတ္ဓါတ္ဘယ္ေလာက္ရွိတယ္ ခရီးေတြသြားၾကတဲ႔အခါ နားလည္သည္းခံနိုင္မႈ စိတ္တူ ကိုယ္တူ ေပါင္းလို႔ ရ၏မရ၏ဆိုတဲ႔ အေပၚ အမ်ားႀကီး မူတည္ပါတယ္။ေနာက္ကီလိုမီတာ ငါးေထာင္ရွိမွ အားလံုးက သေဘာတူလက္ခံမွ တင္းျပည့္အဖြဲ႔ဝင္အျဖစ္ လက္ခံပါတယ္။အဖြဲ႔ထဲကိုဝင္ရင္ ပိုက္ဆံရွိလို႔ပဲလာ ပိုက္ဆံမရွိပဲလာလာ ရတယ္။အစ္ကိုတို႔အဖြဲ႔ထဲကသူ အား လံုးက လည္းကိုယ္ပိုင္အလုပ္ေတြ လုပ္ကိုင္ေနတဲ႔သူ ေတြပဲ။ ဒါေပမယ့္အဖြဲ႔ထဲေရာက္လာျပီဆိုရင္အဲ႔တာအ ကုန္လံုးထားခဲ႔ေတာ့။အကုန္လံုးကညီအစ္ကိုေတြပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီရမယ္။ ရိုင္းပင္းရမယ္။ MC က ခ်မွတ္ထားတဲ႔စည္းကမ္းအတိုင္း ေနရမယ္။ပထမ တာခ်ီလိတ္ Bike Week မွာ က်ေတာ့ကိုညီထြဋ္ ( အဆိုေတာ္ ေဇာ္ဝင္းထြဋ္)နဲ႔အတူလုပ္ခဲ႔ပါတယ္။အဲ႔တုန္းကလည္းရတဲ႔အျမတ္ေတြကို ပရဟိတ လုပ္ခဲ႔တယ္။ဒီလိုပြဲလုပ္ရတာက နိုင္ငံတကာကBikerေတြဖိတ္ျပီး ျမန္မာနိုင္ငံမွာလည္းဒီလို ဆိုင္ကယ္ခ်စ္သူ ေတြရွိပါလား။MCအဖြဲ႔ေတြရွိပါလား ဆိုတာ သိေအာင္ျပတာပါ။ေနာက္ျပီးဒီကလူေတြကလည္း Biker Week ဆိုတာဘယ္လိုမ်ိဳးလဲသိေအာင္ မိတ္ဆက္ေပးတဲ႔ သေဘာပဲ။နွစ္ႏွစ္တစ္ႀကိမ္လုပ္ျဖစ္တယ္ ။အစ္ကိုတို႔အဖြဲ႔ ဦးေဆာင္ျပီး ျမန္မာနိုင္ငံက MCေတြစုျပီး အိမ္နီးခ်င္း နိုင္ငံကMC အဖြဲ႔ေတြနဲ႔ပူးေပါင္းျပီး နိုင္ငံ ျဖတ္ေက်ာ္ ဆိုင္ ကယ္စီးႏွင္းမႈေတြ လုပ္ခဲ႔ပါတယ္။ထိုင္း၊မေလးရွား၊စကၤာပူ နိုင္ငံေတြမွာ ဆိုင္ကယ္နဲ႔ပတ္သက္ျပီးလုပ္တဲ႔ ပြဲေတာ္ေတာ္မ်ားမ်ား သူတို႔ရဲ႕ဖိတ္ၾကားမႈေတြ ေၾကာင့္ လည္းသြားဖူးပါတယ္။ကေမာၻဒီးယားမွာလုပ္တဲ႔Bike Week ပြဲဆိုလည္း ျမန္မာနိုင္ငံ ကိုယ္စားျပဳအဖြဲ႔တစ္ဖြဲ႔အေနနဲ႔ပါဝင္ဖူးပါတယ္။ပထမ တာခ်ီလိတ္Bike Week တုန္းက ျမန္မာနိုင္ငံမွာ အစ္ကိုတို႔ အဖြဲ႔ကဦးေဆာင္ျပီး အာဆီယံနိုင္ငံေတြသာမက အေမရိကန္၊အဂၤလန္၊ အီတလီ၊ႀသစေၾတးလ်၊ဂ်ာမနီတို႔က Biker ေတြအားလံုး ကိုဖိတ္ေခၚျပီး ဆိုင္ကယ္အစီး ၃၀၀ေက်ာ္ ၄၀၀ေလာက္ နဲ႔မိုင္းလားကို ၂ညအိပ္ဆိုင္ကယ္ခရီးစဥ္စီစဥ္ေပးဖူးတယ္။ ဒုတိယ ေခါက္မွာေတာ့ နယ္ေျမအေျခအေနအရ အဲ႔လို ခရီးစဥ္ေတာ့မစီစဥ္ေပးနိုင္ခဲ႔ဘူး။ကြ်န္ေတာ္တို႔ MC ေတြအေနနဲ႔က လံုျခံဳမႈရွိေအာင္ ပစၥည္းစံုစံုလင္လင္နဲ႔ ျပဴးျပဴးျပဲျပဲ မဟုတ္ဘဲ လူအျမင္ၾကည္ေအာင္ စီးျပရမွာေပါ့။