Dutch အခြေစိုက် EV Brand ဖြစ်သည့် Light year သည်၎င်း၏ပထမဆုံး Concept Model အား 2019 တွင်မိတ်ဆက်ခဲ့ပြီး၎င်းသည် Solar Panel များပါဝင်သည့် Seden ဖြစ်ကာ In – wheel Motor လည်းပေါင်းစပ်ထားပါသည်။ ယခုအခါအဆိုပါ Concept ၏ Production Version အား Light year 0 အနေဖြင့်မိတ်ဆက်လိုက်ပြီး 2022 November တွင်စတင်ရောင်းချမည်ဖြစ်သည်။ Light year 0 တွင် – ( Range of 388 Miles on WLTP Test ) အသုံးချနိုင်သည့် 60.0 – kWh Battery ပါဝင်မည်ဖြစ်ကာအဆိုပါ Battery အားကျစ်လစ်သည့်ပုံစံဖြင့် ဖန်တီးထားပါသည်။ ထို့အပြင်ထူးခြားမှုအနေဖြင့် – ( Drag Coefficient of Less than 0.19 Cd ) အဆင့်ရရှိထားသည့်ဖန်တီးမှုလည်း ပါဝင်ပါသည်။ Light year 0 တွင်တမူထူးခြားသည့် Inverter နှင့် Tyres များလည်းပါဝင်ပါသည်။ In – Wheel Motor ပုံစံခင်းကျင်းထားရခြင်းမှာ ကား၏အလေးချိန်ကို အထူးပေါ့ပါးစေရန်ဖြစ်ပြီး Light year 0 ၏အလေးချိန်သည် – ( ၃၄၇၂ ပေါင် ) ခန့်သာရှိသည့်အတွက် 5 – Seat EV Model အနေဖြင့် များစွာပေါ့ပါးသည်ဟုဆိုရပါမည်။

 

၎င်းတွင် Bridgestone မှအထူးစီမံဖန်တီးပေးသည့် တာယာများလည်းပါဝင်မည်ဖြစ်ပါသည်။ အဓိကထူးခြားချက်အနေဖြင့် Light year 0 တွင်ဆိုလာစွမ်းအင်စနစ်ပါဝင်ခြင်းဖြစ်ပြီး 53.0 Square Feet Solar Line အား Hood နှင့်အမိုးတွင်တပ်ဆင်ထားမည်ဖြစ်ကာအဆိုပါ Solar စနစ်မှ ( Rate of  1.0 S kw ) စွမ်းအင်ကိုရယူနိုင်ပါမည်။ Light year သည် 0 Model အား Special Pioneer Edition အနေဖြင့်အစင်းရေ – 150 ကိုနမူနာထုတ်လုပ်မည်ဖြစ်ပြီး တန်ဖိုးအား ( ယူရိုတသိန်း ငါးသောင်း ) ဝန်းကျင်ဖြင့်ရောင်းချမည်ဖြစ်ကာ U.S. Marked အတွက် Finland’s Volment Automotive မှတဆင့်တင်သွင်းမည်ဖြစ်ကာ အဆိုပါ Automotive သည် Fisker Karma Sedan ကိုလည်းရောင်းချထားပါသည်။

#DriveMediaMyanmar