တရုတ်အခြေစိုက် EV Brand ဖြစ်သည့် Nio သည် ၎င်း၏ ပထမဆုံးထုတ် EV Sedan ဖြစ်သည့် E T 7 ကို မိတ်ဆက်လိုက်ပါသည်။ E T 7 Model အား 2022 နှစ်ဦးပိုင်းလောက်ခန့်တွင် ဈေးကွက်၌ စတင်ဖြန့်ချီရန် Nio မှ စီစဉ်ထားပါသည်။ တရုတ်နိုင်ငံတွင် Sedan နှင့် SUV ရောင်းအားတို့သည် စုစုပေါင်းကားရောင်းအား၏ (46%) ခန့်ရှိပါသည်။ Nio E T 7 Sedan တွင် သိပ်သည်းဆ အလွန်မြင့်မားသည့် Solid state Battery နည်းပညာကို ထည့်သွင်းထားမည် ဖြစ်ကာ ( Driving Range of 621 Miles ) ခန့်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း Nio မှ ပြောထား ပါသည်။ အဆိုပါ Battery နည်းပညာအား Nio ၏ အခြားသော Model များတွင်လည်း ထည့်သွင်း တပ်ဆင်မည် ဖြစ်သည်။ Nio ET 7 Sedan အား ( ဒေါ်လာငါးသောင်း ရှစ်ထောင်) ဝန်းကျင်နှင့် ညီမျှသည့် ယွမ်ငွေဖြင့် ရောင်းချမည်ဖြစ်ကာ အဆိုပါ ဈေးနှုန်းသည် Battery Pack မပါသည့် ဈေးနှုန်းဖြစ်သည်။ ( 70 kWh ) နှင့် ( 100 kWh ) Battery Pack (၂)မျိုးကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အတူ Autonomous Car များတွင် ပါဝင်လေ့ရှိသည့် Lidar Sensor များကိုလည်း E T 7 တွင် တပ်ဆင်ထားမည့်အပြင် ယာဉ်မောင်းထောက်ပံ့မှုနည်းပညာများလည်း ပါဝင်မည်ဖြစ်သည်။ Nio သည် တရုတ်ဈေးကွက်တွင် လူကြိုက်များသည့် Tesla Model 3 ကို အဓိက ဈေးကွက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပါသည်။ Nio သည် 2020 တွင် တရုတ်ဈေးကွက်၌ ကားအစင်းရေ လေးသောင်း သုံးထောင်ကျော်ခန့် ရောင်းချခဲ့ပါသည်။ လက်ရှိတွင် SUV Model (၃)မျိုးကို ရောင်းချလျက်ရှိသည်။ Nio ၏ ပြည်တွင်းပြိုင်ဖက်ဖြစ်သည့် X peng မှလည်း Sedan Model အသစ်တမျိုးကို မကြာခင် ထုတ်လုပ်မည်ဟု ပြောကြားထားသည်။ Nio သည် Battery လဲလှယ်နိုင်သည့် နေရာ (၅၀၀)ခန့်အား တရုတ်နိုင်ငံတွင် 2021 နှစ်ကုန်၌ တပ်ဆင်ရန် အစီအစဉ်ပြုလုပ်ထားပါသည်။