Unicode version…

ဥရောပတိုက် ဒိန်းမတ်နိုင်ငံတွင် Sommer’s Automobile Museum အမည်ရှိ ကားပြတိုက်တစ်ခု ရှိပါသည်။ ၄င်းသည် Copenhogen ဒေသအပြင်ဘက်ရှိ Naerum တွင်တည်ရှိပါသည်။ အဆိုပါပြတိုက်၏ ပိုင်ရှင်ဖြစ်သူ Mr Ole Sommer သည် 86နှစ်အရွယ်ရှိပါသည်။ ၄င်းအား 1931 တွင် ဒိန်းမတ်ရှိ Automotive Industry တွင်မွေးဖွားခဲ့ပြီး မိဘမျိုးရိုးသည် Ford Dealership ဖြစ်ခဲ့ပြီး ၄င်းမိဘလက်ထက် တွင် ပိုင်ဆိုင်ခဲ့ပါသည်။1949 တွင် Mr Sommer သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး Jaguar စက်ရုံတွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ထို့နောက် ၄င်းအသက် 21 နှစ်အရွယ်တွက် ဒိန်းမတ်သို့ ပြန်လာခဲ့ပြီး မိဘလုပ်ငန်းအား ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ထိုနောက်ပိုင်း ကာလများတွင် ၄င်းသည် Volvo နှင့် Jaguar Brands များအား ဒိန်းမတ်သို့တင်ပို့သည့် အကြီးဆုံးလုပ်ငန်းရှင် ဖြစ်ခဲ့ပြီး Truck / Marine engine များကိုလည်း အလားတူတင်သွင်းခဲ့ပါသည်။

ကားတင်သွင်းခြင်းသာမကဘဲ Limited Production cars များဖန်တီးထုတ်လုပ်ခြင်းသို့ Mr Sommer သည် တက်လှမ်းနိုင်ခဲ့ပြီး Ole Sommer’s Collection of 80 Veteran cars များအား နှစ်ပေါင်း 60ခန့် ဖန်တီးခဲ့ပါသည်။ ၄င်းသည် English / French / Italian ကားများအား အဓိကဖန်တီးနိုင်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် Mr Sommer သည် Golden Age of Automobile အမည်ရှိ ကားသီးသန့်စုဆောင်းသည့် ကားပြတိုက်အား တည်ထောင်ခဲ့ပြီး ၄င်းတင်သွင်းခဲ့သည့် Volvo Models များ၊ ၄င်းဒီဇိုင်းထုတ်ခဲ့သည့်ကားများ၊ Unique cars၊ Concept cars များ စသည်ဖြင့် စုဆောင်းနိုင်ခဲ့ပါသည်။ထို့အတူ ၄င်းသည် ဒိန်းမတ်၏ အကြီးဆုံး Volvo တင်သွင်းသူဖြစ်၍ ၄င်း၏အချို့ကားများအား Volvo အင်ဂျင်နှင့် အစိတ်အပိုင်းအချို့တို့အား ထည့်သွင်းအသုံးပြုခဲ့ပါသည်။ထိုမျှ မက Volvo ၏ အထူးထုတ်ကားဖြစ်သည့် Volvo Amazon Sports Coupe ဖြစ်သည့် Volvo PI900 ကိုလည်း စုဆောင်းနိုင်ခဲ့ပါသည်။

Golden Age of Automobile အတွက် စုဆောင်းထားသည့် ကားများမှာ Mr Sommer ၏ အောင်မြင်မှုအရှိဆုံး ကိုယ်ပိုင်ဒီဇိုင်းကားဖြစ်သည့် OS car – Ole Sommer car လက်ဖြင့်သီးသန့် ဖန်တီးထားကာ Berchetta Fiberglass Body ဖြင့် ထုတ်လုပ်ထားသည်(့ AC Cobra ၄င်းကားအား 1982 မှ 1985 အတွင်း တည်ထောင်ကာ အစင်းရေ 20ခန့်သာထုတ်လုပ်ထားပါသည်။) အပါအဝင် ရှေးဟောင်း ကားများစွာပင်ဖြစ်ပါသည်။

Sommer’s Automobile အတွက် အချိန်ပိုင်း Volunteers ဦးရေ 20 နှင့် Denmark’s Veteran car club မှ ပုဂ္ဂိုလ်များဖြင့် ပြတိုက်အား ကောင်းမွန်စွာ လည်ပတ်နေပါသည်။အဆိုပါကားပြတိုက်သည် ဒိန်းမတ်နိုင်ငံတွင်ထင်ရှားသည့် ရှေးဟောင်းကားများစွာကိုလေ့လာနိုင်သည့် နာမည်ကျော်ပြတိုက်တစ်ခု ပင်ဖြစ်ပါသည်။

Zawgyi version…



