Soueast Motor Myanmar သည် ပြီးခဲ့သည့် ဇန်နဝါရီလ (၅)ရက်နေ့က Time City outdoor promotion area တွင် အသစ်ထွက်ရှိထားသော Soueast မော်တော်ယာဉ်များ တင်သွင်းတပ်ဆင်ရောင်းချခြင်း (၁)နှစ်ပြည့် အခမ်းအနားနှင့်အတူ Brand New Sedan အမျိုးအစားဖြစ်သည့် Brand New Soueast A5 မော်ဒယ်သစ်အား ပြည်တွင်းဈေးကွက်ထဲသို့ စတင်မိတ်ဆက်သွားခဲ့သည်။
အဆိုပါအခမ်းအနားတွင် Soueast Motor Myanmar မှ ကားဝယ်ယူထားခဲ့ပြီးသော customers များနှင့် တကွ A5 မော်ဒယ်သစ်အား အထူးစိတ်ဝင်စားလျက်ရှိသော customers များကိုပါ ဖိတ်ကြားခဲ့ပြီး Soueast Motor Myanmar ၏ မိတ်ဟောင်း မိတ်သစ် customers တွေကို တစ်နှစ်ပြည့် ကျေးဇူးတင်သည့်အနေဖြင့် Luckydraw များကိုလည်း မဲဖောက်ပေးခဲ့သည်။
Soueast Motor Myanmar မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် မော်ဒယ်သစ် A5 သည် ၁၆လက်မ ရှိအလွိုင်းနှင့် Wheelbase အကွာအဝေး ၂၆၅၅ မီလီမီတာ ကျယ်ပြန့်ပြီး ကားအနောက်ဖက်ခြမ်းတွင် Led combination tail light ကို အသုံးပြုထားကာ ဒီဇိုင်းပိုင်း သေသပ်လှပစွာ ဖွဲ့စည်းထားသည့် မော်ဒယ်သစ်ကားတစ်စီးဖြစ်သည်။
ကားရဲ့အတွင်းပိုင်းကို ဇိမ်ကျကျလိုက်ပါစီးနင်းနိုင်မည့် Leather ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နည်းပညာပိုင်းအရ Parking sensor အပြင် Hands-free trunk အဖွင့်အပိတ် အတွက် Kick Sensor ကို အသုံးပြုထားသည်။
Soueast A5 သည် စွမ်းဆောင်ရည်ပိုင်းအရ 1.5L ဓါတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 120 Hp နှင့် ရုန်းအား 143 NM ထိ စွမ်းဆောင်ပေးနိုင်မည်ဖြစ်ကာ CVT ဂီယာကို အသုံးပြုထားတာကြောင့် ဆီစားသက်သာစေမည်ဖြစ်သည်။
Soueast Motor Myanmar မှ Brand New Model A5 ကို ဝင်ငွေခွန်မပါ သိန်း(၂၅၀)ဝန်းကျင်ဖြင့် ပြည်တွင်းဈေးကွက်ထဲ ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Soueast Motor Myanmar မှ တာဝန်ရှိသူ ဒေါက်တာစိုးသန့်ဇော် ကလည်း “ဒီနေ့ပွဲလေးကို ကျင်းပဖြစ်တဲ့ရည်ရွယ်ချက် လေးကတော့ လူအများစိတ်ဝင်စားနေတဲ့ ဒီ မော်ဒယ်သစ် A5 လေးကို မိတ်ဆက်ရင်း မိတ်ဟောင်း မိတ်သစ် customers တွေကို ကျွန်တော်တို့Soueast Motor Myanmar တစ်နှစ်ပြည့်မှာ ကျေးဇူးတင်တဲ့အနေနဲ့Luckydraw ဖောက်ပေးတာပါ။ ပေါက်မဲတွေအနေနဲ့Brand New Soueast A5 Saloon တစ်စီး၊ Galaxy Note 10 တစ်လုံး၊ ပြည်ပတရုတ်နိုင်ငံခရီးစဉ် ၁ဆု နှင့် ပြည်တွင်း မြိတ်ခရီးစဉ် ၁၀ဆု တို့ပါရှိပါတယ်။ ကျွန်တော်တို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ညီတဲ့ ပါဝင်သူတွေကို ဒီမိတ်ဆက်ပွဲ အခမ်းအနားမှာ တစ်ခါတည်း မဲဖောက်ပေးသွားမှာပါ။” ဟုပြောကြားခဲ့ပါသည်။
Soueast Motor Myanmar 1st anniversary & Road Show Event တွင် A5 မော်ဒယ်သစ်မိတ်ဆက်ခဲ့သည့်အပြင် Soueast Motor Myanmar customers များအား ဆုမဲပေါင်းများစွာ LuckyDraw ဖောက်ပေးခြင်း နှင့် နာမည်ကျော် အနုပညာရှင်များ ဖြစ်တဲ့ မျိုးကျော့မြိုင်နှင့် ရဲလေးတို့မှ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

Zawgyi Version….
Soueast Motor Myanmar မွ ေမာ္ဒယ္သစ္ A5 ကို ျပည္တြင္းေစ်းကြက္ထဲ စတင္မိတ္ဆက္

Soueast Motor Myanmar သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ (၅)ရက္ေန႔က Time City outdoor promotion area တြင္ အသစ္ထြက္ရွိထားေသာ Soueast ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းတပ္ဆင္ေရာင္းခ်ျခင္း (၁)ႏွစ္ျပည့္ အခမ္းအနားႏွင့္အတူ Brand New Sedan အမ်ိဳးအစားျဖစ္သည့္ Brand New Soueast A5 ေမာ္ဒယ္သစ္အား ျပည္တြင္းေစ်းကြက္ထဲသို႔ စတင္မိတ္ဆက္သြားခဲ့သည္။
အဆုိပါအခမ္းအနားတြင္ Soueast Motor Myanmar မွ ကားဝယ္ယူထားခဲ့ၿပီးေသာ customers မ်ားႏွင့္ တကြ A5 ေမာ္ဒယ္သစ္အား အထူးစိတ္ဝင္စားလ်က္ရွိေသာ customers မ်ားကိုပါ ဖိတ္ၾကားခဲ့ၿပီး Soueast Motor Myanmar ၏ မိတ္ေဟာင္း မိတ္သစ္ customers ေတြကို တစ္ႏွစ္ျပည့္ ေက်းဇူးတင္သည့္အေနျဖင့္ Luckydraw မ်ားကိုလည္း မဲေဖာက္ေပးခဲ့သည္။
Soueast Motor Myanmar မွ အသစ္ထပ္မံ မိတ္ဆက္လိုက္သည့္ ေမာ္ဒယ္သစ္ A5 သည္ ၁၆လက္မ ရွိအလြိဳင္းႏွင့္ Wheelbase အကြာအေဝး ၂၆၅၅ မီလီမီတာ က်ယ္ျပန္႔ၿပီး ကားအေနာက္ဖက္ျခမ္းတြင္ Led combination tail light ကို အသုံးျပဳထားကာ ဒီဇုိင္းပိုင္း ေသသပ္လွပစြာ ဖြဲ႕စည္းထားသည့္ ေမာ္ဒယ္သစ္ကားတစ္စီးျဖစ္သည္။
ကားရဲ႕အတြင္းပိုင္းကို ဇိမ္က်က်လိုက္ပါစီးနင္းႏုိင္မည့္ Leather ျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားၿပီး နည္းပညာပိုင္းအရ Parking sensor အျပင္ Hands-free trunk အဖြင့္အပိတ္ အတြက္ Kick Sensor ကို အသုံးျပဳထားသည္။
Soueast A5 သည္ စြမ္းေဆာင္ရည္ပိုင္းအရ 1.5L ဓါတ္ဆီအင္ဂ်င္ကို အသံုးျပဳထားၿပီး ျမင္းေကာင္ေရ 120 Hp ႏွင့္ ႐ုန္းအား 143 NM ထိ စြမ္းေဆာင္ေပးႏုိင္မည္ျဖစ္ကာ CVT ဂီယာကို အသံုးျပဳထားတာေၾကာင့္ ဆီစားသက္သာေစမည္ျဖစ္သည္။
Soueast Motor Myanmar မွ Brand New Model A5 ကို ဝင္ေငြခြန္မပါ သိန္း(၂၅၀)ဝန္းက်င္ျဖင့္ ျပည္တြင္းေစ်းကြက္ထဲ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
Soueast Motor Myanmar မွ တာဝန္ရွိသူ ေဒါက္တာစိုးသန႔္ေဇာ္ ကလည္း “ဒီေန႔ပြဲေလးကို က်င္းပျဖစ္တဲ့ရည္႐ြယ္ခ်က္ ေလးကေတာ့ လူအမ်ားစိတ္ဝင္စားေနတဲ့ ဒီ ေမာ္ဒယ္သစ္ A5 ေလးကို မိတ္ဆက္ရင္း မိတ္ေဟာင္း မိတ္သစ္ customers ေတြကို ကြၽန္ေတာ္တို႔Soueast Motor Myanmar တစ္ႏွစ္ျပည့္မွာ ေက်းဇူးတင္တဲ့အေနနဲ႔Luckydraw ေဖာက္ေပးတာပါ။ ေပါက္မဲေတြအေနနဲ႔Brand New Soueast A5 Saloon တစ္စီး၊ Galaxy Note 10 တစ္လုံး၊ ျပည္ပတ႐ုတ္ႏိုင္ငံခရီးစဥ္ ၁ဆု ႏွင့္ ျပည္တြင္း ၿမိတ္ခရီးစဥ္ ၁၀ဆု တို႔ပါရွိပါတယ္။ ကြၽန္ေတာ္တို႔သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းနဲ႔ညီတဲ့ ပါဝင္သူေတြကို ဒီမိတ္ဆက္ပြဲ အခမ္းအနားမွာ တစ္ခါတည္း မဲေဖာက္ေပးသြားမွာပါ။” ဟုေျပာၾကားခဲ့ပါသည္။
Soueast Motor Myanmar 1st anniversary & Road Show Event တြင္ A5 ေမာ္ဒယ္သစ္မိတ္ဆက္ခဲ့သည့္အျပင္ Soueast Motor Myanmar customers မ်ားအား ဆုမဲေပါင္းမ်ားစြာ LuckyDraw ေဖာက္ေပးျခင္း ႏွင့္ နာမည္ေက်ာ္ အႏုပညာရွင္မ်ား ျဖစ္တဲ့ မ်ိဳးေက်ာ့ၿမိဳင္ႏွင့္ ရဲေလးတို႔မွ သီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ျခင္းတို႔ ျပဳလုပ္ခဲ့ၾကပါသည္။