Unicode version…
SUV Class Pikes Peak Record ၏ ထိပ်ဆုံး၌ ရှိသည့် Bentley သည် မကြာခင်က မိတ်ဆက်ထားခဲ့သည့် ၎င်း၏ Super Luxury Crossover ကား Bentayga ၏ အထူးထုတ်အနေဖြင့် ပစ္စည်းစုံပါရှိပြီး အထူးဖန်တီးမှုလက်ရာများဖြင့် မွမ်းမံထားသည့် Special Edition Bentayga အား အစင်းရေ ( ၁၀ ) စင်းသာ သီးသန့်ထုတ်လုပ်မည်ဖြစ်ပြီး Pikes Peak အမည် နှင့် တံဆိပ်များဖြင့် ကားအား လွှမ်းခြုံထားမည်။
အဆိုပါ အထူးထုတ် Bentayga Model တွင် ( 6.0 L Twin Turbo V12 Engine ) ၊ ( 600 hp ) အင်ဂျင်နှင့် ( 8 – Speed Auto gearbox ) တို့ တွဲဖက်တပ်ဆင်ထားပြီး ( 4WD System ) ကို အသုံးပြုထားပါသည်။ ထို့အပြင် Bentley ၏ (48 V Dynamic Ride Active Anti – roll System ) နှင့် ( Adaptive Air Suspension ) စနစ်များပါရှိမည်ဖြစ်သည်။ Special Edition ကားအများစုတွင် အထူးဆေးရောင်ဖြစ်သည့် – Dazzling Radium Satin Lime Green ဖြင့် ဖန်တီးထားကာ Beluga Black Paint ကိုလည်း အပိုမှာယူနိုင်ပါမည်။ Carbon Body kit သည် Standard ဖြစ်ပြီး Mulliner Interior Package တိ့ုထည့်သွင်းထားကာ ၎င်းတွင် Line – colored Accents နှင့် Alcantora Leather တို့ ဖွဲ့စည်းပါ၀င်ပါမည်။ ဘီးဖုံးများသည် (၂) ရောင်စပ်ဖြစ်ပြီး – ( Beluga with Lime Green Accents ) တွဲစပ်မှုဖြင့် ဖန်တီးထားပါမည်။ အဆိုပါ အထူးထုတ်ကားများအား ယခုနှစ် August မှ စတင်၍ Order တင်နိုင်မည်ဖြစ်ပြီး ( U. S . A ) နှင့် ဥရောပစျေးကွက်များတွင်ရောင်းချမည်ဖြစ် ပါသည်။
Zawgyi version..