Bentley ၏ In-House Customization Division ဖြစ်သည့် Mulliner မှ Unique Space-Themed အနေဖြင့် ဖန်တီးထားသည့် Bentayga Speed အား မိတ်ဆက်လိုက်ပါသည်။ ၎င်းအား U.S.A Bentley Orlando မှ လုပ်ငန်းအပ်နှံခဲ့ပြီး Cape Canaveral နှင့် Kennedy Space Center တို့အား အဓိကမှီငြမ်းကာ One-off Machine အနေဖြင့် အထူးတလည် ဖန်တီးခြင်းဖြစ်သည်။ ကား၏ အပြင်ဖက်ဆေးရောင်အား CYPRESS Special Metallic Grey Color နှင့် Backline Specification ဖြင့် လိုက်ဖက်ညီစွာ ပေါင်းစပ်ထား ပါသည်။ ထို့အပြင် ပြတင်းပေါက်၊ Diffuser Shrove နှင့် Front Splitter တို့တွင် Orange Flame Accents ဖြင့် တန်ဆာဆင်ထားပါမည်။

 

လှပသပ်ရပ်စွာ ခင်းကျင်းထားသည့် အတွင်းခန်းတွင် နေအဖွဲ့အစည်းကို ထင်ဟပ် စေမည့် illuminated tread plates များဖြင့် အဓိကဖန်တီးထားမည်ဖြစ်ပြီး Orange Bezels ဝိုင်းရံထားသည့် Galaxy Stone Facials အား Dashboard နှင့် Door Trims Pattern အနေဖြင့် ပေါင်းစပ်ထည့်သွင်း ထားပါမည်။ လိမ္မော်ရောင်လိုင်းများအား ထိုင်ခုံများ Door Cards နှင့် Unique Bentley Badge တို့တွင် ထည့်သွင်း ထားပြီး Steering နှင့် Gear Lever တို့တွင်လည်း Orange Trim များပေါင်းစပ်ထားပါမည်။ Porpoise Leather Seat တွင် Beluga Trim ကိုလှပစွာ ပေါင်းစပ်ထားသောကြောင့် Dark Sky Theme ကိုပေါ်လွင်စေရန် ရည်ရွယ် ဖန်တီးခြင်းဖြစ်သည်။  Bentayga Speed တွင် – (6.0 L W 12 Twin Turbo Engine ) ပါဝင်ကာ Top Speed သည် (190 mph) ဖြစ်ပါသည်။

#DriveMediaMyanmar