Unicode version…
အမြန်တကာ အမြန်ဆုံး
၁၀နှစ်ကျော်ကြာပြီးနောက် Bugatti သည် ကားလောကကို ကိုင်လှုပ်လိုက်တဲ့ 400km/hr အတားဆီးကို ချိုးဖြတ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး Veyron ကားကိုထုတ်လုပ်ပြီးနောက် သူတို့ရဲ့ စံချိန်ကို ပြန်ချိုးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
၂၀၁၄ခုနှစ်တွင် Bugatti Veyron ကိုထုတ်လုပ်မှု ရပ်ဆိုင်းလိုက်လို့ ပြတိုက်မှာထားရမလိုဖြစ်လာနေပေမယ့်၊ အမြန်ဆုံးကားဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ အခွင့်လမ်းသာမှုတွေကတော့ နည်းလာပြီးဖြစ်ပါတယ်။
၂၀၀၅ခုနှစ်တွင် Bugatti Veyron ကို ပွဲဦးထွက်မိတ်ဆက်ပြီးနောက်ပိုင်း၊ ပြောင်းလဲမှုတွေအများကြီး ဖြစ်လာခဲ့ပါတယ်။အများအားဖြင့်ဘောက်စ်ဝက်ဂွန်ကားက ထိပ်တန်းနေရာရောက်လာပြီးနောက်မှာ ပြောင်းလဲလာခဲ့တာပါ။ ဒီအံ့သြဖွယ်စက်ကြီးက လုပ်ကိုင်နိုင်၊ တွေးတောနိုင်မှုတွေကို ကျော်လွန်ပြီးကို လုပ်ဆောင်နိုင်ခဲ့တာပါ။ ဥပမာပြရမယ်ဆိုုုုုုုုုုုုုုုုုုုုုုုရင် ကားလောကအတွက်တော့၊ သံလက်အိတ်စွပ်ပြီး ထိုးကြိတ်ကြသလိုပေါ့။2017-bugatti-chiron-center-stack
ကမ္ဘာ့အမြန်ဆုံးကားဆိုတဲ့ ဂုဏ်သိက္ခာအတွက် ဘယ်ကားအမှတ်တံဆိပ်ကမှာ ယှဉ်ပြိုင်ဖို့ သိပ်မလေးမထားခဲ့ပါဘူး။ ဌင်းအမြန်ဆုံးကားကို ထုတ်လုပ်လိုက်ရင် ငွေကြေးအစုအပုံလိုက် ကုန်ဆုံးသွားမယ်ဆိုပြီး စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုတော့မဟုတ်ပါဘူး။ Veyron ကတော့ အနာဂတ်ကားဆိုင်ရာနည်းပညာအတွက် အကောင်းဆုံးလုပ်ဆောင်တယ်ဆိုတာ လူတိုင်းကို သဘောပေါက်စေခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ်စုနှစ်မှာ လေကြောင်းပညာရပ်ဆိုင်ရာနဲ့ အဆင့်မြင့်ကားဆိုင်ရာ တိုးတက်မှုတွေ မြန်နှုန်းမြင့်၊ အင်ဂျင်ကောင်းကောင်းဖြင့် တည်ငြိမ်စွာမောင်းနိုင်မှုတွေ၊ ခုန်ပျံကျော်လွှားတိုးတက်တာတွေကို မြင်ခဲ့ရပါတယ်။ (စူပါကားတွေကို စူပါစျေးဝယ်စင်တာတွေကို သွားဖို့ အသုံးပြုခဲ့ကြပါတယ်။) ရိုးရိုးသားသားပြောရရင် Bugatti ကလဲ အဆင့်မြင့်နည်းပညာတွေကြောင့် မျက်နှာပန်းလှခဲ့ပါတယ်။
အနာဂတ်ကို မြန်နှုန်းဖြင့်ချီတက်ခြင်း
ထိပ်တန်းကားကုမ္ပဏီတွေက McLaren P1, Ferrari’s LaFerrari နဲ့ Porsche’s 918 တို့ကို ထုတ်လုပ်ခဲ့တယ်။ (အားလုံးက ဓာတ်ဆီနဲ့ လျှပ်စစ်သုံး စတဲ့ နှစ်မျိုးလုံးသုံးနိုင်တဲ့ ကားတွေဖြစ်ပြီး၊ ဒါမှမဟုတ် ဓာတ်ဆီသီးသန့်သုံး Bugattis) Veyron ကတော့ ၂၀၁၄ခုနှစ်မှာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီး၊ ပြတိုက်မှာထားရမလိုဖြစ်လာနေပေမယ့်၊ အမြန်ဆုံးကားဖြစ်နေဆဲပါပဲ။ အခွင့်လမ်းသာမှုတွေတော့ နည်းလာပြီးဖြစ်ပါတယ်။2017-bugatti-chiron-interior
Bugattis Chiron အမျိုးအစားကားထဲကို ၀င်လိုက်ပါ။(Bruce Lee ရုပ်ရုပ်ကားအတွက် အကောင်းဆုံးဇာတ်ကားနာမည်ဖြစ်နို်င်ပါတယ်။ Veyron Daddyနဲ့ မတူတာက၊ Chiron က အကောင်းဆုံးအရည်သွေး၊ ပေါ့ပါးမှုနဲ့ စတိုင်အရ ဆွဲဆောင်အောင် ပြုလုပ်ရာမှာ ရုတ်တရက်မပြောင်းလဲပဲ၊ ဆင့်ကဲပြောင်းလဲမှုနဲ့ ပြောင်းလဲခဲ့တာပါ။) ဒီအတွက် အငြင်းပွားလိုတယ်ဆိုရင်တော့ ဓာတ်ပုံတွေကြည့်ပြီး၊ ကိုယ့်ဘာသာဆုံးဖြတ်လိုရပါတယ်။ ကျွန်တော်တို့ DRIVE ကားမဂ္ဂဇင်း ကတော့ သဘောကျတယ်။ အရေးကြီးဆုံးကတော့ မြန်နှုန်းမြင့်စွမ်းအားကိုရရှိခဲ့ပြီး(ခင်ဗျားမှာ ၁၀ကီလိုမီတာ ဘဲဥပုံ စမ်းသပ်လမ်းကြောင်းရှိတယ်လို့ ယူဆပါစို့ဗျာ။) ဂရင်းနစ်မှတ်တမ်းဝင်ဖို့ဆိုရင်တော့ ၄၆၈ km/hr လောက်တော့ရှိရမယ်။ အရင်စံချိန်ဝင်တဲ့ ၄၃၁ km/hr ဆိုတာနဲ့ ယှဉ်ကြည့်လေ။ အိုးးး ဟိုးးး။
နံပါတ်တွေ ထပ်ထည့်စို့
ဒါကို ခင်ဗျား၊ ဘယ်လို စီမံခန့်ခွဲပါသလဲ။ ကား စတင်မောင်းသူတွေအတွက်ဆိုရင်တော့ ၈.၁ လီတာမှာ စလင်ဒါ ၁၆လုံးတပ် စကွပ်တာဘိုအင်ဂျင်က မြင်းကောင်ရေ ၁၅၀၀ ထုတ်ပေးပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Veyron Supersport ထက် အဆပေါင်း ၃၀၀ ကျော်ပါတယ်။
ဒါက အမြန်ဆုံးနှုန်းမဟုတ်သေးဘူးနော်။ ၂.၅ စက္ကန့်အတွင်းလောက်မှာ ၀-၁၀၀ km/hr သွားပြီး၊ ၆.၅စက္ကန့်အတွင်းလောက်မှာ ၀-၂၀၀ km/hrသွားပါတယ်။ ၁၃.၅ စက္ကန့်ဆိုရင်တော့ ၀-၃၀၀ km/hrသွားပါတယ်။
မြန်နှုန်းအမြင့်ဆုံးမှာဆိုရင်၊ မိနစ်တိုင်းမှာ လီတာ ခြောက်သောင်းသော လေတွေက အင်ဂျင်ထဲကို စုပြုံနင်းကန်တိုးဝင်နေကြတယ်။ ပန့်ကလဲ အင်ဂျင်ကို အအေးပေးတဲ့အရည်တွေ(coolant) တွေ လီတာ ၈၀၀ လောက်နဲ့ လည်ပတ်နေတယ်။ ပြင်းထန်တဲ့အပူဒဏ်ကကာကွယ်ဖို့အတွက် အင်ဂျင်ကိုအအေးပေးသည့်ကိရိယာ(radiators) တွေ ၁၀ ခုလောက် ကားမှာ ဖြန့်ကျက်ထားတယ်။
အရှိန်အမြင့်ဆုံးဆိုရင်၊ ၈မိနစ်အတွင်း လီတာ ၁၀၀ ရှိတဲ့ လောင်စာဆီကန် ကုန်သွားမှှာဖြစ်ပါတယ်။ (တာယာတွေလဲ စတင်ပြိုအက်လာလိမ့်မယ်။) ဒါက 190lt/100km ပဲ။ တစ်ကီလိုမီတာကို နှစ်လီတာနှုန်းလောက် စားတာပဲ။ ထုတ်လုပ်တဲ့ကားတွေထဲမှာ ဆီအစားဆုံးကားအဖြစ် စံချိန်ချိုးပြီး ကမ္ဘာ့မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ Bugatti အနေနဲ့ကတော့ ဒီလို ထူးခြားဆန်းပြားတဲ့ အသိအမှတ်ပြု လက်မှတ်တစ်ခုရဖို့လည်း ကြိုးစားမှာ မဟုတ်ပါဘူး။
အလေးချိန်က ၂၀၀၀ကီလိုဂရမ်လောက်ရှိပြီး၊ သရုပ်ပြကားတွေအတွက်ဆိုရင်တော့ မပေါ့ပါးလှဘူးပေါ့။ အကြီးစားဘင်အမျိုးအစားကားလောက်ဖြစ်နေတယ်။ ဒါပေမယ့် ဒီနှုန်းနဲ့ ဆိုရင်တော့၊ မြေပြင်မှာ သွားလာနိုင်ဖို့ကို အလေးချိန်အနည်းငယ်တော့ရှိရမယ်လေ။2017-bugatti-chiron-rear-three-quarter
ရူံးနိမ့်သူ မဟုတ်တော့ဘူး။
နောက်ဆုံးအကြိမ်တုန်းကနဲ့ မတူတာက ဒီတစ်ကြိမ်တော့ အမြတ်ရတော့မယ်။ ဒေါ်လာ ၂ သန်းလောက်နဲ့ အရှုံးကို မယူတော့ဘူး။ ကမ္ဘာ့အချမ်းသာဆုံးလူတွေရဲ့ ကားစုဆောင်းမှုကို ထောက်ပံ့ကူညီပေးမှာလေ။ မဟုတ်ဘူးလား ဆရာရေ။ Bugatti က အခုဆို ကျော်ကြားပြီးလူလေးစားလောက်တဲ့ ကြီးကျယ်တဲ့ ဒဏ္ဍာရီကားအမှတ်တံဆိပ်ဖြစ်နေပြီ။
Bugatti Chiron နဲ့အတူတူပါပဲ၊ နည်းပညာအရ ထိပ်တန်းအဆင့်မှာရပ်တည်နေပြီး၊ တီထွင်ဆန်းသစ်မှုအတွက် ငွေတွေ သုံးစွဲရဦးမယ်လေ။ ပထမဆုံးအကြိမ်လိုတော့ မဟုတ်ပါဘူး။
တီထွင်ဆန်းသစ်မှုတွေ အတွက်အနည်းဆုံး ဒေါ်လာ ၂.၇ သန်းလောက်တော့ကုန်ကျလိမ့်မယ်။ မြန်မာပြည်မှာဆိုရင်တော့ သုံးဆလောက်ပိုများနိုင်တယ်။ ဒါက တရားမျှတရဲ့လား။ အမြတ်နည်းနည်းရအောင်တော့ ကုမ္ပဏီတွေမှာ လုပ်ပိုင်ခွင့်ရှိတယ်မဟုတ်လား။
Zawgyi version…
အျမန္တကာ အျမန္ဆံုး