အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ကား ထုတ်လုပ် ရေးလောကမှာ Top Ten စာရင်းဝင်ထားတဲ့ General Motors Group (GM)ရဲ့ အဖွဲ့ဝင် Chevrolet ကား ကုမ္ပဏီ က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပပြု လုပ်တဲ့ Auto Shanghai 2017 ကားပြပွဲမှာ Sports Concept ကားတစ်စီးကို မိတ်ဆက်ပြသခဲ့ပါတယ်။ Auto Shanghai 2015 ပြပွဲမှာတုန်းကတော့ GM ရဲ့ Pan Asia Technical Automotive Center (PATAC)နဲ့ တွဲဖက်ပြီး Chevrolet – FNR (Find New Road) Concept ကားကို ပြသခဲ့တာ ဖြစ်ပါတယ်။
Chevrolet – FNR ကားက Chevrolet ရဲ့ အနာ ဂတ် စိတ်ကူးတွေကို ပုံဖော်ထားတဲ့ Concept ကား ဖြစ်ပြီး Brand ရဲ့ ဂုဏ်သတင်းကျော်ကြားစေမှု အတွက် ဦးတည် ချက်ထားခဲ့တဲ့ စံနမူနာပြ တီထွင်မှု အသစ်ဖြစ်ပါတယ်လို့ GM ရဲ့ Vice President နဲ့ President of GM North America and Global Chevrolet တို့က ပြောကြားခဲ့ပါ တယ်။ အသစ်ထပ်မံထုတ်လုပ်ခဲ့တဲ့ FNR-X Concept ကားကတော့ 2017 ခုနှစ်မှာ ရုပ်လုံးဖော်ခဲ့တာ ဖြစ်ပြီး Chevrolet ရဲ့ အဓိကကျတဲ့ ပြီးပြည့်စုံမှုတွေ ကိုလုပ် ဆောင်ပေးနိုင်မယ့် ဆန်းသစ်မှုတစ်ခုအဖြစ် ယုံကြည်မှု ရှိ တယ်လို့ဆိုခဲ့ပါတယ်။
အနာဂတ်မှာ တွေ့မြင်ရမယ့် FNR – X ကို ရာစုနှစ် အတွင်းမှာ ထုတ်လုပ်ထားတဲ့ ကား Brand အဟောင်း တွေရဲ့ စွမ်းဆောင်နိုင်ရည်တွေ ပေါင်းစပ်ပေးထားပြီး စွယ်စုံ ရ ကားတစ်စီးအဖြစ် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း ပေးသွားမှာ ဖြစ်ပါတယ်။
FNR – X ကားက Chevrolet ရဲ့စွမ်းအား ပြည့်ဝ တဲ့အမှတ်အသား၊ ထင်ရှားပေါ်လွင်ပြီး စွဲဆောင်မှုရှိတဲ့ ဒီဇိုင်း နဲ့ ခွန်အားရှိတဲ့ ကြံ့ခိုင်မှုအသွင်သဏ္ဍာန်တွေ ကို ထိန်းထား ပေးနိုင်မှာပါ။ Dynamic digital LED headlight ရှေ့မီးကြီး နဲ့ Taillights နောက်မီးတန်းတွေမှာ Brand စာတမ်းကို ပေါင်းစပ်ထည့်သွင်း တပ်ဆင်ထားပါတယ်။ dual-element light design ကိုတပ်ဆင်ရာမှာလည်း တရုတ်ရိုးရာ သစ် သားထည် စရွေးဖေါက်ဆက်နည်းကို အသုံးပြုပြီး ဆက် ထားပါတယ်။ အဆင့်မြင့်နည်းပညာ ကို လက်မှုအနုပညာ စွမ်း က ပေါင်းစပ်ပံ့ပိုးခိုင်မာ စေတာကြောင့် တီထွင်ဖန်တီး မှုက တွေ့မြင်ရသူတွေကို အနုပညာရသမြောက်ခံစားမှု တွေဖြန့်ဝေပေးနိုင်ပါလိမ့်မယ်။
ကားတံခါး တပ်ဆင် မှုမှာ အလယ်ကထောက်တိုင်မပါဘဲ ရှေ့ နဲ့ နောက် တံခါးနှစ်ချပ် စလုံး တစ်ပြိုင်တည်း ပွင့်စေနိုင်တဲ့ rear-hinged doors စနစ် ကို တပ်ဆင် ထားပြီး အဝေးကနေ remote control စနစ် နဲ့ ဖွင့်နိုင်ပါတယ်။ ကားအတွင်းထဲကို လွယ်ကူစွာ ၀င်နိုင် ထွက်နိုင်ပါတယ်။
FNR – X ရဲ့ Plug-in Hybrid Electric ကားက အင်ဂျင် နဲ့ လျှပ်စစ်မော်တာကို အသုံးပြုပြီး မောင်းနှင်ရမှာ ဖြစ်ပေမယ့် နှစ်မျိုးလုံးကို ပြောင်းပြီး မောင်းနိုင်မယ့် driving modes တွေ ပါရှိပါတယ်။ V (Versatility) စွယ်စုံသုံး mode နဲ့ S (Sport) mode တွေကို အသုံးပြု နိုင်ပါတယ်။ FNR – X ကားရဲ့ Suspension စနစ်နဲ့ handling စနစ်တွေကို ပြုပြင်မွမ်းမံထားပြီး Adaptive Suspension System က မြေမျက်နှာပြင် အမျိုးမျိုး အတွက် အခက် အခဲမရှိ မောင်းနှင်နိုင်ဖို့ လိုအပ်သလို ချိန်ညှိလုပ်ဆောင် ပေးသွားနိုင်ပါလိမ့်မယ်။
FNR – X model မှာ Adaptive Control System ကို အသုံးပြုထားလို့ Active grille Shutters နဲ့ ပြောင်းလဲနိုင်တဲ့ Wheel blades တွေကို အလိုအ လျောက်စနစ်နဲ့ ထိန်းညှိပြုလုပ်ပေးသွားနိုင်မှာပါ။ အထူး သဖြင့် high-speed နဲ့ မောင်းနေချိန်မှာ လေခုခံမှုဆွဲအား drag တွေကို လျော့ချပေးသွားနိုင်မှာ ဖြစ်ပါတယ်။ လေခွင်းအားကို ပိုမိုကောင်းမွန်စေမယ့် ထင်ရှားတဲ့ လုပ် ဆောင်ချက်တွေ ရှိနေပါသေးတယ်။ အရှေ့နဲ့ အနောက် ဘက်မှာရှိတဲ့ Spoilers တွေနဲ့ Side Skirts တွေ တပ်ဆင် ပေးထားလို့ ကွဲပြားခြားနားတဲ့ driving modes တွေအတွက် လေ၀င် လေထွက်စနစ်ကို ညီညွတ်မျှတမှု ဖြစ်စေပါလိမ့်မယ်။
FNR-X ကားရဲ့အတွင်းခန်း ဒီဇိုင်းစိတ်ကူး ပုံဖော် မှုက ကားရဲ့ အပြင်ဖက်ပိုင်းနဲ့ လိုက်လျောညီထွေ လုပ် ဆောင်နိုင်အောင် ဖန်တီးခဲ့ပါတယ်။ Driving modes နဲ့ လိုက်ဖက်ညီအောင် အရောင်တွေကို ပြောင်းလဲပေးနိုင်တဲ့ Intelligent ambient lighting စနစ်ကို အသုံးပြု ထားပါတယ်။ အတွင်းခန်းဖွဲ့စည်းပုံကို အသုံးပြုသူလွယ်ကူ စေဖို့ လုပ်ဆောင်ပေးထားပြီး အဆင့်မြင့်နည်းပညာရဲ့ ဆန်း သစ်မှု တစ်ခုအဖြစ် ခြောက်ထောင့်ပုံ (ဆဋ္ဌဂံပုံ) Screen ကို ပြောင်းလဲတပ်ဆင်ပေးထားလို့ စိတ်ရွှင်လန်းတက်ကြွမှုကို ဖြစ်စေတဲ့အပြင် Cabin အခန်းရဲ့ ဖွဲ့စည်းပုံကို ထင်ရှား ပေါ်လွင်လာစေပါတယ်။
စတီယာရင်ကွင်းနဲ့ ဒက်ရှ်ဘုတ်ကို Sporty ကားရဲ့ ဒီဇိုင်းနဲ့ ပေါင်းစပ်လုပ်ဆောင်ထားပါတယ်။ ထိုင်ခုံ စနစ်မှာ အမျိုးမျိုး အသုံးပြုလို့ရအောင် ရည်ရွယ်လုပ်ဆောင်ထား တဲ့အတွက် လက်တန်းနဲ့ ထိုင်ခုံအစိတ်အပိုင်း တွေကို ဖြုတ်နိုင် တပ်နိုင်ပါတယ်။ ထိုင်ခုံရဲ့လက်တန်းတွေမှာတစ်ဦး ချင်းစီအတွက် သီးသန့်ပစ္စည်း သိမ်းထားနိုင်တဲ့ နေရာ လွတ်တွေကို ပြုလုပ်ပေးထားပါတယ်။ ဒုတိယတန်းမှာ ရှိတဲ့ ထိုင်ခုံတွေကို ခေါက်သိမ်းပြီး ပစ္စည်းတင်တဲ့အခန်း အဖြစ် လည်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။
FNR – X ကားမှာ Intelligent Connected Mobility System ကိုအသုံးပြုသူ တစ်ဦးချင်းစီရဲ့ လိုအပ် ချက် အတိုင်း လုပ်ဆောင်ပေးသွားနိုင်မှာပါ။ Organic Light Emitting Diode (OLED) မီးစနစ်ကို အသုံးပြု သွားမှာ ဖြစ်ပြီး အရွေ့စွမ်းအင်ဆိုင်ရာ နည်းပညာသစ်အဖြစ် လုပ် ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Dynamic Display System က Unique Intelligent Speech Interaction System နဲ့ ID – Customizable Information System ကို ပေါင်းစပ်ထားတာပါ။
မြေပြင်အနေအထား အမျိုးမျိုးမှာ အသုံးပြုနိုင်မယ့် Advanced Driver Assist System (ADAS) အတွက် ယာဉ်လမ်းကြောင်း တစ်လျှောက် တွေ့မြင်ရတဲ့ မြင်ကွင်း တွေ နဲ့ ကြားသိမှုဆိုင်ရာတွေကို မှတ်သားထား နိုင်တဲ့ Sensors တွေကို ယာဉ်ရဲ့ကိုယ်ထည်ပေါ်မှာ ပေါင်းစပ်တပ် ဆင် ပေးထားပါတယ်။ Highly Autonomous Driver Assistance System ကို အသုံး ပြုဖို့ အထောက်အကူ ပြုပေးနိုင်မှာဖြစ်ပြီး လမ်းပေါ်က ရှုပ်ထွေးမှုအခြေအနေ တွေကို ကြိုတင်ထောက်လှမ်းနိုင်လို့ အကောင်းဆုံး လမ်း ကြောင်းကို ရွေးချယ်သွားနိုင်မှာ ဖြစ်ပါတယ်။
မြင်ကွင်းကျယ်တွေ မြင်နိုင်ပြီး များပြားတဲ့သတင်း အချက်အလက်တွေကို ပေးစွမ်းနိုင်တဲ့ Panoramic Intelligent Augmented Reality Head-Up Display system ကိုတပ်ဆင်ထားတာကြောင့် 270 ဒီကရီ နောက် ဖက်နဲ့ ဘေးဖက်မြင်ကွင်း တွေကိုပါ တွေ့မြင်နိုင်ပါတယ်။ မြင့်မားတဲ့ ဘေးကင်းလုံခြုံမှုစနစ်က စိတ်လုံခြုံမှုကို ရရှိစေပြီး ယာဉ်မောင်းနေစဉ် ပျော်ရွှင်ကျေနပ်မှုကို ခံစား ရရှိစေ ပါလိမ့်မယ်။
Chevrolet ကုမ္ပဏီကို 1911 ခုနှစ်ကတည်းက Detroit မြို့မှာ စတင်တည်ထောင်ခဲ့တာပါ။ Chevrolet ကားကုမ္ပဏီက ကမ္ဘာ့ကားထုတ်လုပ်ရေး လောကမှာ အကြီးမားဆုံး Brands တစ်ခုအဖြစ် ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း 100 ကျော် လောက်မှာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့သလို တစ်နှစ် ကို လူစီးကား နဲ့ ထရပ်ကား 4.0 သန်းလောက် ကမ္ဘာ တစ်ဝှမ်း မှာ ရောင်းချနေရတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Customers တွေအတွက် လောင်စာစွမ်းအင် ချွေ တာ နိုင်တဲ့ fuel-efficient ကားတွေကို ထုတ်လုပ်ပေးခဲ့ ရာမှာ စွမ်းဆောင်နိုင်ရည်မြင့်မားတဲ့ Features တွေကို ပေါင်းစပ်ပြုလုပ်ပေးခဲ့ပြီး အသုံးပြုသူတွေ နှစ်သက်မှု ရှိစေ မယ့် ဒီဇိုင်းမျိုးတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လိုအပ်တာမှန်သမျှကို လျင်မြန်သွက်လက်စွာ လုပ်ဆောင် ပေးနိုင်တဲ့ Passive and Active Safety Features တွေကို တီထွင်ဖန်တီး ပေးနိုင်ခဲ့ပြီး နည်းပညာသစ်တွေ ကို ကား အမျိုးအစားများစွာမှာ လွယ်ကူစွာ အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကုမ္ပဏီကြီး တစ်ခုလည်း ဖြစ်ပါ တယ်။ Chevrolet Models ကား အမျိုးအစားတွေရဲ့ သတင်းအချက်အလက်တွေကို အသေးစိတ်သိရှိလိုသူ တွေက www.chevrolet.com မှာဝင်ရောက်လေ့လာ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပါဝါ