Unicode version…
ဒိန်းမတ်အခြေစိုက် (Spyker- ၄င်းသည် ပြိုင်ကားများသာ ထုတ်လုပ်ပါသည်) သည် ၄င်း၏
C8 Preliator Model တွင် Koenigsegg V8 Engine စနစ်အားစတင်အသုံးပြုမည်ဖြစ်ပါသည်။ အဆိုပါ သတင်းအား Geneva Motor Show တွင် ပြသခဲ့သည့် Spyker ၏ Preliator C8 Spyder မိတ်ဆက် ပြသပွဲ၌ Spyker နှင့် Koenigsegg တို့မှ ကြေငြာခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ Koenigsegg V8 Engine သည် (500 hp)(443 lb-ft of torque) စွမ်းဆောင်ရည်ရှိ မည်ဖြစ်ပြီး (6-Speed Manual Gear box )ကို တွဲဖက်ထားမည်ဖြစ်ပါသည်။ အဆိုပါအင်ဂျင်သည် C8 Preliator တွင် ယခင်ကအသုံးပြုခဲ့သည့် Audi A8 ၏ 5.0L V8 Engine အစား အသစ်ပြောင်း လဲ အသုံးပြု ခြင်းလည်းဖြစ်ပါသည်။
Spyker အနေဖြင့် Preliator Spyder အား အစင်းရေ (100)ခန့်သာထုတ်လုပ်ထားပြီး ၄င်းကား များသည် (Soft Top) ပြိုင်ကားများဖြစ်ကြပါသည်။ အဆိုပါကားများအား Lotus ကားများ၏ အောက်ပိုင်း ဆိုင်းထိန်းစနစ်များကို အသုံးပြုထားပြီး ၄င်းတို့တွင် (Carbon- fiber body) (Aluminum hood / deck lid) (Prominent Aerodynamic Treatments) စသည်တို့ဖြင့် ဖန်တီးထားပါသည်။
C8 Preliator အား(2018) နွေရာသီတွင် စတင်ရောင်းချမည်ဖြစ်ပါသည်။Spyker အနေဖြင့် ၄င်း၏ ကားများအား အနာဂတ်တွင် အင်္ဂလန်နိုင်ငံရှိ Coventry ဒေသတွင် ထုတ်လုပ်တပ်ဆင်မည်ဖြစ်ပါသည်။
(Koenigsegg Engine) များသည် ကမ္ဘာ့ကားလောကတွင် အထူးထင်ရှားသည့် စွမ်းအားမြင့် အင်ဂျင်များဖြစ်ပြီး (Mr Christian Von Koenigsegg ) မှ တိုးတက်တီထွင်ထားခြင်းဖြစ်ပါသည်။ အဆိုပါ အင်ဂျင်များအား ကမ္ဘာအနှ့ံရှိ Boutique Super Cars Brands များမှ အသုံးပြုကြပါသည်။
Zawgyi version…