တကယ်တော့ ကိုယ့်ကားမှာပါဝင်တဲ့စနစ်‌‌ေတွအ‌ေကြာင်းကိုသိဖို့အတွက် ကိုယ်တိုင်ကကျွမ်းကျင်သူဖြစ်နေဖို့မလိုပါဘူး။ ကားပြုပြင်ထိန်းသိမ်းရေးပညာပေး Content တွေက‌ေန၊ ကားကျွမ်းကျင်သူတွေဆီက‌ေန လေ့လာမယ်ဆိုရင် တဖြည်းဖြည်းနားလည်လာမှာပါ။ဒီနေ့အတွက်တော့ ကားရဲ့အ‌ေရးအကြီးဆုံးစနစ်‌ေတွထဲက တစ်ခုကဖြစ်တဲ့ Steering စနစ်အ‌ေကြာင်းကို Drive ပရိသတ်တွေ လေ့လာနိုင်‌ေအာင်ဖော်ပြပေးလိုက်ပါတယ်။

Steering စနစ်မှာပါဝင်‌တဲ့အစိတ်အပိုင်းများ

ကမ္ဘာမှာရှိနေတဲ့ကားအတော်များများက Steering စနစ်ရဲ့အ‌ေခြခံအစိတ်အပိုင်း‌ေတွက အတူတူပါပဲ။ Steering Wheel က ကားတစ်စီးရဲ့ မြင်သာထင်သာအရှိဆုံးအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး Track Rod, Tie Rod နဲ့ Steering Arm တွေနဲ့ချိတ်ဆက်ထားတဲ့ Steering System နဲ့ ဆက်သွယ်ထားတာပါ။ Steering Wheel က Track Rod ကို ဘယ် ညာရွေ့လျားစေပြီး Steering Arm‌ တွေကတော့ Steering Geometry အမျိုးမျိုးရအောင်စွမ်းဆောင်ပေး‌ေနတဲ့ Tie Rod၊ Track Rod တွေနဲ့ ချိတ်ဆက်ထားပါတယ်။

စတီယာရင်စနစ်အမျိုးမျိုး

ဒီနေ့ခေတ်ကားတွေမှာ အဓိကအသုံးပြုထားတဲ့ Steering System ‌တွေက‌‌ေတာ့ Pitman, Rack နဲ့ Pinion စနစ်တွေပဲဖြစ်ပါတယ်။ Pitman System မှာ Steering Box တစ်ခုနဲ့အတူ SteeringArm တွေပါရှိ‌‌ေနပြီး ဒီစနစ်ကို သက်တမ်းရင့်ကားတွေနဲ့ တချို့ truck ကားတွေမှာ‌ အသုံးများပါတယ်။ Pitman system အသုံးပြုထားတဲ့ယာဉ်အများစုရဲ့Steering Wheel တွေမှာ Dead Spot (ကားဘီးတွေမရွေ့လျားမီ ကိုလှည့်နိုင်‌ေစသည့်စနစ်) တစ်ခုပါရှိ‌ေနပါတယ်။ အလေးချိန်များပြားတဲ့ယာဉ်‌အကြီးစားတွရဲ့ စက်စွမ်းဆောင်ရည်‌ပိုင်းပို‌ေကာင်းအောင် အကျိုးပြုနိုင်‌ေပမဲ့လည်း Power Steering ‌ပေါ်‌လာခဲ့ချိန်နောက်ပိုင်းကလို့ Pitman System ကိုအသုံးပြုမှုနည်းသွားခဲ့ပါတယ်။ ဒီနေ့ခေတ်‌ေပါ်ကားအများစုက Rack နဲ့ Pinion System တွေကိုအဓိကအသုံးပြုထားတာဖြစ်ပါတယ်။ ဒီစနစ်‌ေတွဟာ ရိုးရှင်းပြီး ဈေးသက်သာတဲ့အပြင် မောင်းနှင်တဲ့အခါမှာ ပိုပြီးသက်တောင့်သက်သာရှိစေတဲ့အတွက်ကြောင့်လည်း အသုံးများ‌ေနတာပါ။ Pitman System နဲ့ ဒီစနစ်နှစ်ခုတို့အကြား ကွဲပြားချက်ကတော့ rack နဲ့ pinion စနစ်တို့ရဲ့အစိတ်အပိုင်းတွေက ပျက်စီးသွားတာနဲ့ အားလုံးအသစ်လဲလိုက်ဖို့လိုအပ်ခြင်း ပါပဲ။


Power Steering ရဲ့စွမ်းဆောင်မှု

Power Steering နည်းပညာ‌ေပါ်လာခဲ့တာ‌‌ေကြာင့် ကျွန်တော်တို့ရဲ့ယာဉ်မောင်းနှင်မှုအ‌ေတွ့အကြုံလုံးဝကွဲပြားပြောင်းလဲသွား‌ခဲ့ပါတယ်။ Power Steering ရဲ့ အကူအညီကြောင့် ယာဉ်မောင်းသူအနေနဲ့ Steering လှည့်တဲ့အခါ အားစိုက်ရသက်သာ‌သွားပါတယ်။ လမ်းအဖြောင့်မောင်း‌တဲ့အခါမျိုးမှာတော့ Power Steering စနစ်က အကျိုးသက်‌ေရာက်မှုရှိနိုင်မှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်ကားတွေမှာ‌က Power-steering Pump ရဲ့ စနစ်အသုံးမပြုထားချိန်ထိ‌ေအာင်ဆက်အလုပ်လုပ်နေ‌ခြင်း ကြောင့် လောင်စာကိုအလဟဿကုန်‌ေစတဲ့ပြဿနာတစ်ခု‌ရှိနေပြီး ဒါကိုအမြန်ဆုံးပြင်ဆင်နိုင်ဖို့‌ေတာ့ ကျွမ်းကျင်သူတွေကကြိုးစားနေကြပါတယ်။

စနစ်ချွတ်ယွင်းချက်များကိုပြင်ဆင်ခြင်း

steering ကိုဘယ် ညာ‌ လှည့်တဲ့အခါမှာလေးနေတာ၊ abnormal noise ယာဉ်ရဲ့အောက်ပိုင်းကအသံထွက်နေတာ‌ေတွဖြစ်လာပြီဆိုရင် ဒါက ချောဆီခမ်းခြောက်နေတာနဲ့ ဟန်ချက်မညီမျှမှုရှိ‌ေနတာ စတဲ့ Component Wear ပိုင်းပြဿနာ‌ေတွရှိလာတော့မှာကိုအချက်ပြနေတာလို့သိသင့်ပါတယ်။ အဲဒီလိုမျိုး Steering Wheel Action မူမမှန်မှုတွေကိုကြုံလာရပြီဆိုရင်တော့ ချက်ချင်းပဲ Service Centre ကိုပို့ပြီးစစ်ဆေးပြုပြင်ဖို့လိုပါတယ်။

Ref: motorama
Thiha