ဂျပန်အခြေစိုက်နာမည်ကျော် SUBARU သည် 1953 တွင် စတင်တည်ထောင်ခဲ့ပြီး 1972 မတိုင်ခင်အထိ AWD Car များကို မထုတ်လုပ်ခဲ့ပါ။ သို့သော် 1972 မှ 2021 အချိန်အတွင်း Subaru သည် AWD Car အစင်းရေ ( သန်းနှစ်ဆယ် ) အထိ ထုတ်လုပ် ရောင်းချမှု စံချိန်တင်နိုင်ခဲ့ပါသည်။ Subaru ၏ AWD System သည် Brand ၏ Stand – Out Feature အနေဖြင့် အလွန်ထင်ရှား ကျော်ကြားသည် နည်းပညာတခုဖြစ်ပါသည်။ လက်ရှိတွင် Subaru ၏ AWD Car များသည် Brand စုစုပေါင်း ရောင်းအား၏ ( 98 % of Global Sales ) အထိရောက်ရှိနေပြီး Subaru ၏ AWD System နှင့် Boxer Engine တို့ တွဲစပ်မှုသည်လည်း ထင်ရှားပါသည်။ အဆိုပါ တွဲစပ်မှုမှ အလွန်ကောင်းမွန်သည် ကားအလေးချိန်မျှခြေဖြစ်မှုနှင့် Low Center of Gravity တို့ ကဲ့သို့ ရလဒ်ကောင်းများကို ဖြစ်ပေါ်စေပါသည့်အပြင် Handling စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်ပေး ပါသည်။ Subaru သည် Leone 4WD Estate Van အား ဂျပန်၏ ပထမဆုံးသော Mass – Produced AWD passenger car အနေဖြင့် 1972 တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ Subaru ၏ 4WD Model များအား 1976 တွင်မှ U.S.A သို့ စတင်ရောင်းချခဲ့ပါသည်။ Subaru သည် One Demand 4WD အား နောက်ပိုင်းတွင် Full – Time AWD သို့ ပြောင်းလဲခဲ့ကာ ယခုအခါ Symmetrical AWD System အဖြင့် တွေ့မြင်ရပါသည်။ 1996 မှစတင်ကာ U.S.A ရှိ Subaru Lineup အားလုံးတွင် AWD System တို့စတင် တပ်ဆင်ခဲ့ပါသည်။ သို့သော် Subaru တွင် နောက်ဘီးယက်စနစ်သုံး BRZ Model ကဲ့သို့ Model လည်း ရှိထားပါသည်။ Subaru အနေဖြင့် အနာဂတ်တွင် ထုတ်လုပ်မည့် EV Model များတွင်လည်း ( AWD Tech ) ကို ပေါင်းစပ်ထည့်သွင်းမည်ဟု ပြောကြားထားပါသည်။