Subaru သည် အလွန်ထင်ရှားသည့် BRZ Model ၏ 2022 BRZ အား လာမည့် နိုင်ဝင်ဘာလ ၁၈ တွင် Online မှ တဆင့် မိတ်ဆက်မည်ဟု ကြေငြာလိုက်ပါသည်။ BRZ သည် Subaru Lineup များတွင် အလွန်ထင်ရှားသည့် လူငယ်ကြိုက် ကားဖြစ်သည်။ New Subaru BRZ သည် Toyota 86 နှင့် (ညီအစ်ကိုကား) အနေဖြင့်လည်း ဖန်တီးမည်ဟု အများက ယူဆထား ပါသည်။ New BRZ Model တွင် Toyota ၏ နောက်ဆုံးပေါ် ( Turbocharged 4-Cylinder ) အင်ဂျင်အသစ်များကို ထည့်သွင်းထားမည်ဟုလည်း ကားချစ်သူများမှ ထင်ကြေးပေးထားသည်။ Toyota သည် Turbo – 4 Engine များအား Supra Model တွင် အသုံးပြုထားပါသည်။ Subaru သည် ယခု 2022 BRZ တွင် အသုံးပြုမည့် အင်ဂျင်ကို အခြား Model များဖြစ်သည့် WRX နှင့် STI တို့တွင်လည်း ဆက်လက် အသုံးပြုမည်ဖြစ်သည်။ သို့သော် အင်ဂျင်၏ Power နှင့် Performance တို့သည် ကွာခြားမည်ဖြစ်သည်။ New Subaru ၏ Prototype Model ကို လမ်းမထက်တွင် စမ်းသပ်စဉ်က ၎င်း၏ Performance ကို Ford Mustang ကဲ့သို့ ကောင်းမွန်မှုရှိကြောင်း အများက သုံးသပ်ခဲ့ကြပါသည်။ သို့သော် ပေါ့ပါးသွက်လက်မှုကို အထူးဦးစားပေး ဖန်တီးလေ့ရှိသည့် Subaru နှင့် Toyota တို့၏ Coupe Model များအတွက် စွမ်းဆောင်ရည်မြင့်မားသည့် Engine များကို မလိုအပ်ပါ။ ကျစ်လစ်ပြီး Power Output အထူးမွန်ကောင်းမွန်သည့် Turbo Engine များသည် အသင့်တော်ဆုံးဖြစ်မည်။ New BRZ ၏ အတွင်းခန်းနှင့် အပြင်ဖက် ဒီဇိုင်းတို့အား Refresh အနေဖြင့် ဆန်းသစ်စွာ ဖန်တီးထားပြီး ထူးခြားသည့် Features များလည်း ပါဝင်မည်ဖြစ်သည်။

11 Nov 2020
0