Subaru သည် ၎င်း၏ Fifth-Generation Forster တွင် ( Turbocharged Flat – 4 ) ကို နောက်ဆုံးထည့်သွင်းမည်ဖြစ်သည်။ အဆိုပါ Model အား Forster Sport ဟု သတ်မှတ်ကာ ဂျပန်ဈေးကွက်တွင် စတင်ရောင်းချမည်ဖြစ်သည်။ Sport Model တွင် အင်ဂျင်အနေဖြင့် – ( 1.8 L Flat-4 Turbo Engine ) ၊ ( 175 hp ) နှင့် ( CVT Automatic Gear ) တို့ တွဲဖက်ထားမည်ဖြစ်ပြီး ( 5200 to 5600 rpm ) ၊ ( 221 lb – ft of Torque ) ရရှိမည်ဖြစ်သည်။ အဆိုပါ အင်ဂျင်အား Subaru Levorg Station Wagon တွင် တွေ့ရနိုင်ပါသည်။ Forester သည် Subaru ၏ ရောင်းအား အကောင်းဆုံး Crossover ဖြစ်ပြီး ၎င်းတွင် Driving ဆိုင်ရာ အခြေအနေများစွာ အတွက် အထူးကိုက်ညီသည့် Function များစွာလည်း ပါဝင်သည်။ Forester Sport တွင် အလွန် ကောင်းမွန်သည့် Handling ဆိုင်ရာ စွမ်းဆောင်ရည်နှင့် Suspension Setup ကို အဓိက ပါရှိမည် ဖြစ်ကာ SUV အနေဖြင့် Sporty ဆန်ဆန် ခံစားမှုကို ပေါင်းစပ်ထားသည့် အခင်းအကျင်းဖြင့် ထုတ်လုပ်ထားမည်ဖြစ်သည်။ Sport Model ၏ အပြင်ဖက်တွင်လည်း Sporty Features များစွာ ပါရှိမည်ဖြစ်ကာ – Black Grille and Wheels ၊ Sporty Accents စသည်တို့ ပါဝင်ပါမည်။ Subaru ၏ နာမည်ကျော် ( Symmetrical – AWD System) ကို Standard ထည့်သွင်းထားမည်ဖြစ်ကာ အတွင်းခန်းတွင် – ( Suede and Leather Upholstery ) ၊ ( Camera – Based Driver Monitor System – ၎င်းစနစ်သည် ယာဉ်မောင်း၏ ထိုင်ခုံအနေအထားနှင့် ကန့်သတ်ချက်များစွာကို မှတ်သားထားသည့် စနစ်ဖြစ်သည် ) အပါအဝင် ခေတ်မှီပါဝင်မှုများစွာပါရှမည်။ ၎င်းအား ဂျပန်တွင် ( ယန်းနှစ်ဆယ့်ကိုးသိန်း ကိုးသောင်း ) ဖြင့် စတင်ရောင်းချပြီးဖြစ်ပြီး ဂျပန်အပြင် Australia ကဲ့သို့ ဈေးကွက်များတွင်လည်း ရရှိနိုင်မည်ဖြစ်သည်။

06 Nov 2020
0