Unicode version…

ကမ္ဘာထိပ်တန်း (Brand)တစ်ခုဖြစ်သည့် Bentley ၏ ပထမဆုံးသော Luxury SUV ကားဖြစ်သည့် Bentley Bentayga အား ရယူပိုင်ဆိုင်ခွင့်ရသည့် ကနဦး ကားချစ်သူအနည်းငယ်စာရင်း ၌ ဘရူနိုင်းနိုင်ငံရှိ Sultan ဘုရင်လည်းပါ၀င်ပါသည်။
အာဆီယံအသင်းဝင်နိုင်ငံဖြစ်ပြီး ရေနံပေါကြွယ်ဝသည့် ဘရူနိုင်းနိုင်ငံ၏ Sultan ဘုရင်ဖြစ်သူ ဟာဆာနယ်ဘိုလ်ကီးယား နှင့် ၄င်း၏ ညီတော်တစ်ဦးဖြစ်သူ ဂျီဖရီဘိုလ်ကီးယား တို့သည် ကားချစ်သူများ ဖြစ်ကြပြီး ၄င်းတို့သည် ကမ္ဘာအနှ့ံမှ တန်ဖိုးကြီးကားပေါင်းမြောက်မြားစွာ ပိုင်ဆိုင်ထားကြပါသည်။ ၄င်းတို့ ထံတွင် သာမန်တန်ဖိုးမြင့်ကားများအပါအဝင် အထူးသီးသန့်ထုတ်လုပ်သည့် Customer Vehicle / Special Vehicle) အမျိုးအစား မော်တော်ယာဉ်များစွာလည်းရှိပါသည်။ကမ္ဘာ့ထိပ်တန်း Brands များဖြစ်ကြသည့် Ferrari / Maybach / Bentley / Rolls-Royce / Aston Martin) အစရှိသည့် ကားကုမ္ပဏီများမှ အထူးထုတ်ကားများ၊ Concept Cars စသည်တို့ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထို့အပြင် အထူးဖန်တီး ထားသည့်ကားများဖြစ်သြည့် Mercedes – Benz S-Class Station Wagon ၊ Ferrari 456 ကိုအခြေခံ ထားသည့် Ferrari Sedan စသည့် ကားများကိုလည်း ပိုင်ဆိုင်ထားပါသည်။၄င်းတို့ထံ ၌ Bentley ၏ ထူးခြားသည့် Coupe / Convertible ကားများအပြင် Custom Bentley Station Wagon ကိုလည်း အထူး သီးသန့်အနေဖြင့် ၀ယ်ယူထားပါသည်။အဆိုပါကားသည် Midsize Bentley Concept Car ၏ အမျိုးတူစု စာရင်းဝင်ဖြစ်ပြီး Bentley Brooklands နှင့် Bentley Turbo R တို့ကို အခြေခံကာ ဖန်တီးထားခြင်းဖြစ်ပါ သည်။ အဆိုပါကားအား ဘုရင့်စိတ်ကြိုက်ဖြစ်သည့် အဝါရောင် ကို အသုံးပြုထားပါသည်။
Bentley အနေဖြင့် ထိုကဲ့သို့ နိုင်ငံအကြီးအကဲများနှင့် အရေးကြီးပုဂ္ဂိုလ်များအတွက် အထူးဖန်တီး ထားသည့် ကားများအား စီစဉ်ပေးမှုမှလွဲ၍ ပုံမှန်အားဖြင့် ၄င်း၏ Model Lineup အတိုင်းသာ ကားများကို ထုတ်လုပ်မှုပြုပါသည်။

Zawgyi version…

ကမၻာထိပ္တန္း (Brand)တစ္ခုျဖစ္သည့္ Bentley ၏ ပထမဆံုးေသာ Luxury SUV ကားျဖစ္သည့္ Bentley Bentayga အား ရယူပိုင္ဆိုင္ခြင့္ရသည့္ ကနဦး ကားခ်စ္သူအနည္းငယ္စာရင္း ၌ ဘ႐ူႏိုင္းႏိုင္ငံ႐ွိ Sultan ဘုရင္လည္းပါ၀င္ပါသည္။
အာဆီယံအသင္း၀င္ႏုိင္ငံျဖစ္ၿပီး ေရနံေပါႀကြယ္၀သည့္ ဘ႐ူႏိုင္းႏိုင္ငံ၏ Sultan ဘုရင္ျဖစ္သူ ဟာဆာနယ္ဘိုလ္ကီးယား ႏွင့္ ၄င္း၏ ညီေတာ္တစ္ဦးျဖစ္သူ ဂ်ီဖရီဘိုလ္ကီးယား တို႕သည္ ကားခ်စ္သူမ်ား ျဖစ္ၾကၿပီး ၄င္းတို႕သည္ ကမၻာအႏွ႔ံမွ တန္ဖိုးႀကီးကားေပါင္းေျမာက္ျမားစြာ ပိုင္ဆိုင္ထားၾကပါသည္။ ၄င္းတို႕ ထံတြင္ သာမန္တန္ဖိုးျမင့္ကားမ်ားအပါအ၀င္ အထူးသီးသန္႕ထုတ္လုပ္သည့္ Customer Vehicle / Special Vehicle) အမ်ိဳးအစား ေမာ္ေတာ္ယာဥ္မ်ားစြာလည္း႐ွိပါသည္။ကမၻာ့ထိပ္တန္း Brands မ်ားျဖစ္ၾကသည့္ Ferrari / Maybach / Bentley / Rolls-Royce / Aston Martin) အစ႐ွိသည့္ ကားကုမၸဏီမ်ားမွ အထူးထုတ္ကားမ်ား၊ Concept Cars စသည္တို႕ကိုလည္း ပိုင္ဆိုင္ထားပါသည္။ ထို႔အျပင္ အထူးဖန္တီး ထားသည့္ကားမ်ားျဖစ္ၾသည့္ Mercedes – Benz S-Class Station Wagon ၊ Ferrari 456 ကိုအေျခခံ ထားသည့္ Ferrari Sedan စသည့္ ကားမ်ားကိုလည္း ပိုင္ဆိုင္ထားပါသည္။၄င္းတို႕ထံ ၌ Bentley ၏ ထူးျခားသည့္ Coupe / Convertible ကားမ်ားအျပင္ Custom Bentley Station Wagon ကိုလည္း အထူး သီးသန္႕အေနျဖင့္ ၀ယ္ယူထားပါသည္။အဆိုပါကားသည္ Midsize Bentley Concept Car ၏ အမ်ိဳးတူစု စာရင္း၀င္ျဖစ္ၿပီး Bentley Brooklands ႏွင့္ Bentley Turbo R တို႕ကို အေျခခံကာ ဖန္တီးထားျခင္းျဖစ္ပါ သည္။ အဆိုပါကားအား ဘုရင့္စိတ္ႀကိဳက္ျဖစ္သည့္ အ၀ါေရာင္ ကို အသံုးျပဳထားပါသည္။
Bentley အေနျဖင့္ ထိုကဲ့သို႕ ႏိုင္ငံအႀကီးအကဲမ်ားႏွင့္ အေရးႀကီးပုဂၢိဳလ္မ်ားအတြက္ အထူးဖန္တီး ထားသည့္ ကားမ်ားအား စီစဥ္ေပးမႈမွလြဲ၍ ပံုမွန္အားျဖင့္ ၄င္း၏ Model Lineup အတိုင္းသာ ကားမ်ားကို ထုတ္လုပ္မႈျပဳပါသည္။