Unicode version…









profilo alto 001




front alto 015
front alto 015








xf_16my_006_gbl











aventador-01568



Spec Sheet Lamborghini Aventador LP700






0-100km/hr <3 seconds

Quarter Mile: 10.6 seconds


Cornering: > 1.0g



Zawgyi version…

အလန်းဆုံးစပေါ့ကားဆိုတာဘယ်လိုဟာမျိုးလဲဆိုတာကို လန်ဘိုဂီနီဟာ ဖယ်ရာရီကိုပြသဖို့ ၎င်းရဲ့ကိုယ်ပိုင်စပေါ့ကားထုတ်လုပ်မှုအခွဲကို ဖွဲ့စည်းခဲ့ပါတယ်။4178970-2012-lamborghini-aventador-lp700-4

ချင့်ချိန်စဉ်းစားတတ်ပြီး ခံစားမှုရှိတဲ့ စူပါကား

ကျွန်ုပ်တို့ရဲ့ Drive မဂ္ဂဇင်းမှ သတင်းထောက်မှနေ  Lamborghini Aventador လို့အမည်ရှိတဲ့ ရူးသွယ်စရာ

ကောင်းတဲ့ သမိုင်းရှည်ကြီးရှိတဲ့ စူပါကားတစ်စီးကို ကြည့်ရူမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။200102

လန်ဘိုဂီနီ။ စကားလုံးကတစ်လုံးတည်းပါပဲ။ လက်ထွန်စက်တွေကို တီထွင်ခဲ့တဲ့ အီတလီလူမျိုးတစ်ဦးရဲ့

မိသားစုမျိုးရိုးနာမည်တစ်ခုမှ မူရင်းယူပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ လန်ဘိုဂီနီဟာ တစ်ကမ္ဘာလုံးမှာ

နာမည်ကြီးပြီး စိတ်ခံစားမှုနဲ့ဆိုင်တဲ့ချီးကျူးမှုကိုရယူနိုင်ခဲ့ပါတယ်။ တစ်နှစ်ကိုမှ ကားအစီးရေ (၃,၀၀၀) ခန့်

ကိုသာ ထုတ်လုပ်သော်လည်း ( ထိုအရေအတွက်သည် ကုမ္ပဏီတိုင်းလိုလိုမှ ၀န်ထမ်း၂ယောက်စာအတွက်သာ) ကားတွေကို တစ်ခဏဖြစ်ဖြစ်စိတ်ဝင်စားတဲ့သူတောင်မှ စိတ်ဝင်စားစေနိုင်အောင် ဆွဲဆောင်မှုရှိပြီး၊ ဘာပဲဖြစ်နေပါစေ အဆုံးစွန်ဆုံး စူပါကားဘရန်ဖြစ်ပြီးတော့ အခုထိ ပြင်းပြတဲ့ဆန္ဒတစ်ခုအနေနဲ့ လူတို့ ဘ၀မှာ ဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခုအနေနဲ့ရှိနေဆဲ ဖြစ်ပါတယ်။

profilo alto 001

လန်ဘိုဂီနီများသည် သူရဲ့ အသွင်အပြင်နဲ့ စွမ်းဆောင်ရည်တွင် တရားလွန်ဖြစ်ပြီးလက်ခံနိုင်ဖွယ်မရှိတဲ့

ယာဉ်များဖြစ်တယ်ဆိုတဲ့အချက်ကနေ အဓိကကျော်ကြားမှုရရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်ကားမှာတော့ လန်ဘိုဂီနီကားလို ” ကျွန်တော်ဟာ အရမ်းကို မြန်တယ်။ မောင်းဖို့အရမ်းကို အန္တာရယ်များတယ်။ လှပတဲ့ မိန်းမပျိုလေးတွေကို တွေ့ဆုံဖို့လွယ်ကူတယ်ဆိုတာကို အော်ဟစ်ပြောဆိုနေမှာ မဟုတ်ပါဘူး။

လန်ဘိုဂီနီ ကုမ္ပဏီဟာ အမြဲတမ်းလိုလို လှပပြီး တစ်ခါတစ်ရံအရမ်းကို မိုက်တဲ့ကားတွေကို ထုတ်လုပ်သော်လည်း ၁၉၇၄ ခုနှစ်မှာ ထုတ်လုပ်တဲ့ Lamborghini Countach သည် စူပါကားလို့ မီဒီယာတွေထဲမှာ ရည်ညွှန်းကြတဲ့ ပထမဦးဆုံး စူပါကားကို ထုတ်လုပ်တဲ့ ဦးတည်ရာတစ်ခုကို တည်ရှိစေခဲ့ပါတယ်။  အော်တိုမိုတစ်သမိုင်းထဲမှာ ကားတွေ ပျင်းစရာအကောင်းဆုံးအဆင့်မှာပဲ ရှိနေသေးတဲ့အချိန်မှာ ထိုကားဟာ mid-70s နှုန်းရှိပြီး အန္တာရယ်ရှိတဲ့ အင်ဂျင်ကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ အကျိုးသက်ရောက်မှုကို ပုံကြီးချဲ့ပြဖို့တော့ ခက်ပါတယ်။

front alto 015
front alto 015

လန်ဘိုဂီနီရဲ့ Countach ဟာဆိုရင် သချာင်္အတန်းချိန်မှာ စာကိုအာရုံမစိုက်ဘဲ ၁၂ နှစ်သားအရွယ်ကလေး

တစ်ယောက်ကချရေးခဲ့တဲ့ စိတ်ကူးယဉ် ကားတစ်စီးကဲ့သို့ဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးကားတစ်စီးကဲ့သို့ ပေါ်ထွက်လာတဲ့ ကားအမျိုးအစားတစ်ခုဖြစ်ပါတယ်။ လန်ဘိုဂီနီကတော့ တကယ့်တမ်းကို တည်ဆောက်ခဲ့တာ

ဖြစ်ပြီး ရောင်းလည်းရောင်းချခဲ့ရပါတယ်။ သူရဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ဟာဆိုရင် သူခေတ်သူအခါနဲ့စာ

လျှင်များစွာ ခြားနားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ သူရဲ့ ထုတ်လုပ်လည်ပတ်ခြင်း ပြီးဆုံးမှု

နောက်ဆုံးမတိုင်ခင်အထိ (၁၆)နှစ်လောက်ကို ရှေ့ပြေးအလင်းတစ်ခုဖြစ်စေခဲ့ပါတယ်။aventador-5

`အဲဒီကတည်းက လန်ဘိုဂီနီဟာ အမြဲတမ်းထိုသို့လုပ်ဆောင်မှုကို ရရှိဖို့ ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။

လောလောဆယ်အထင်ကရဖြစ်နေတဲ့ ကားကတော့ Aventador လိုအမည်ရတဲ့ကားဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကတည်းကရေရှည်ရှိခဲ့တာ ဖြစ်ပြီး ရူးလောက်တဲ့ ဒီဇိုင်းဖြင့် စွမ်းဆောက်ရည်ဆိုတဲ့ စကားရပ်ထဲမှာနှစ်ပေါင်းများစွာ ပြိုင်ဖက်တွေကို အနိုင်ယူမဲ့ကားများထဲက တစ်စီးပဲဖြစ်ပါတယ်။

xf_16my_006_gbl

ဘရန်ရဲ့ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ လန်ဘိုဂီနီကို နေရာတစ်နေရာတွင် ဂုဏ်ယူစွာရရှိပြီးနာမည်ကျော်ကြားအောင် စတင်ဖန်တီးခဲ့သူ မစ္စတာ Ferruccio Lamborghini ရဲ့မျက်နှာထားကိုတိုက်ရိုက်ယူထားတာဖြစ်ပါတယ်။ မစ္စတာ Ferruccio ဟာ  ဖယ်ရာရီရဲ့ တည်ထောင်သူဖြစ်တဲ့ မစ္စတာ Enzo Ferrari နဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။နောက်ပြီးသူဟာ အစောပိုင်း နှစ်(၆၀) ကာလအတွင်း စပေါ့ကားတွေရဲ့ထိပ်ဆုံးမှာ ဖြစ်စေတဲ့ တည်ထောင်သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့  မစ္စတာ Ferruccio ဟာ လယ်ထွန်စက်များနဲ့ အခြားလယ်ယာသုံးစက်ပစ္စည်းတွေရဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်ပါတယ်။ ( ဟုတ်ပါတယ်။ သင်ဆီမှာ “လန်ဘိုဂီနီ” လို့ခေါ်တဲ့ လက်ထွန်စက်ကြီးတစ်လုံးရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ မြန်ဆန်ပြီး လှပတင့်တယ်မှာ မဟုတ်ပါဘူး)။ မစ္စတာ Ferruccio မှာ နောက်ဆုံးပေါ် ဖယ်ရာရီကားနှစ်စီးကို ၀ယ်ယူတာနဲ့ပတ်သက်ပြီး ပြဿနာဖြစ်စရာ တစ်ခုရှိပါတယ်။ မစ္စတာ Enzo သည် စိတ်ကြီးဝင်နေသူတစ်ယောက်ဖြစ်ပြီး မိမိကိုယ်ကိုဂုဏ်ယူတတ်တဲ့သူတစ်ယောက်ဖြစ်သည့်နဲ့အညီ မစ္စတာ Lamborghini အပေါ်မှာ ” ခင်ဗျာ။ လယ်ထွန်စက်တစ်လုံးကို မောင်းနှင်နိုင်ပေမဲ့ ဖယ်ရာရီတစ်စီးကိုတော့ ဘယ်တော့မှ မောင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပြီး စိတ်ဆိုးစရာ တစ်ခုကိုဖြစ်စေခဲ့ပါတယ်။aventador-01556

အဲဒါနဲ့ ၁၉၆၃ ခုနှစ်မှာ အလန်းဆုံးစပေါ့ကားဆိုတာဘယ်လိုဟာမျိုးလဲဆိုတာကို လန်ဘိုဂီနီဟာ ဖယ်ရာရီကိုပြသဖို့ ဌင်းရဲ့ကိုယ်ပိုင်စပေါ့ကားထုတ်လုပ်မှုအခွဲကို ဖွဲ့စည်းခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ Audi သည် မော်တော်ကားအမှတ်တံဆိပ်ကို လန်ဘိုဂီနီဆီကနေ လေ့လာဆည်းပူးခဲ့ပါတယ်။ နောက်တော့ အကောင်းဆုံးတွေကိုဆက်လက်လုပ်ဆောင်ဖို့ ငွေကြေးကြွယ်ဝတဲ့ မိခင်ကုမ္ပဏီတစ်ခုဆီမှ အကူအညီအနည်းငယ်နဲ့အတူ သူဘာသာသူ ခွဲထွက်ခဲ့ပါတယ်။aventador-01533

အခုကတော့ Aventador ရဲ့အလှည့်ဖြစ်ပါတယ်။ အခုမှလေ့လာမဲ့သူများအတွက်ဖော်ပြရမဲ့ဆိုလျှင် Aventador ကို ကာဗွန်ဖိုင်ဘာ monocaque (ချဲဆီးနဲ့ကိုယ်ထည်ကိုပါ ထည့်သွင်းထားသည့်) ကိုယ်ထည်ဖြင့်တည်ဆောက်ထားပြီး၆.၅ လီတာ super-smooth V12 အင်ဂျင်၊ မြင်းကောင်းရေအား ၇၀၀ နဲ့ထည့်သွင်းထားပါတယ်။ (ဒါကတော့ ရန်ကုန်မှာ ရှိတဲ့ တိုယိုတာ တက္ကစီတွေထက် ၈ ဆလောက်မြန်တဲ့အင်ဂျင်ဖြစ်ပါတယ်။)

Aventador တွင်ကားတည်ငြိမ်မှုအတွက် လေးဘီးမောင်းစနစ်ကိုသုံးထားပြီး နောက်ထိုင်ခုံမှာ သင်ပခုံးကိုကပ်နေအောင် ပြုလုပ်ပေးထားပါတယ်။ တစ်စက္ကန့်အတွင်း အကြိမ် (၅၀)လောက် တစ်ခနဲ တစ်ခနဲ့ ပြောင်းနိုင်တဲ့ single clutch 7-speed transmission ကိုလည်းစီစဉ်ပေးထားပါတယ်။ ဒုံးပျံတစ်ခုထက်တောင်ပိုတဲ့ လေခွင်ကရိယာတန်ဆာပလာတွေပါရှိပါတယ်။သင်ရဲ့နောက်မှာ ရှိတဲ့ ပူနွေးပြီး ဆာလောင်နေတဲ့အင်ဂျင်ဆီကို ဘေးဖက်ကနေ လေတွေမြန်ဆန်စွာရွေ့လျားနိုင်အောင် ပိုက်တွေသွယ်တန်ထားပါသေးတယ်။ အမြန်ဆုံးနှုန်းတွင် လေကိုဖြတ်ပြီး ဌင်းရဲ့ချောမွတ်ဖြောင့်တန်းမှုကို အမြင့်ဆုံးကိုကျော်လွန်စေပါတယ်။aventador-01528

ကတ္တရာလမ်းပေါ်တွင် ကားဝပ်နေမှုကို ထိန်းဖို့ အတွက် ကားရဲ့ လေခွင်နှုန်းကိုတိုးတက်စေတဲ့ (ကားကိုယ်ထည်အနောက်ဖက်မှာရှိတဲ့) diffuser ကိုထိထိရောက်ရောက်အသုံးချထားပါတယ်။ အရှိန်နှုန်းအမျိုးမျိုးတွင် အသင့်လျော်ဆုံး Downforce ကိုလုပ်ဆောင်ပေးဖို့အတွက် Angle အချိုးကိုပြောင်းလဲထားပါတယ်။

ပြီးတော့ ၎င်းဟာ ခင်ဗျာမြင်တွေ့ရတဲ့အတိုင်းပဲ အရမ်းကိုလှပပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က စတင်ဖြန့်ချီတုန်းက ၅ နှစ်လောက်စာကိုကြိုပြီး ဒီဇိုင်းဆင်ထားတဲ့ပုံစံမျိုးပါ။ အရှည်ကတော့ ပုံမှန်ပါပဲ။ အကျယ်ကတော့ ၂၂၆ စင်တီမီတာ ( ဖို့ဒ်ရဲ့ F250 ပစ်ကပ်ထရပ်ထက်အနည်းငယ်ပိုကျယ်ပါတယ်)။ ဒါပေမဲ့ အမြင့်ကတော့ ၁၁၃ စင်တီမီတာထဲပါပဲ။ ပီဇာလိုပဲ ပြားပြားလေးပေါ့။aventador-01548

တံခါးက အပေါ်ကိုလှန်ပြီးဖွင့်ရတာမျိုးပါ။ ဒါကတော့ ပါကင်အတွက်များစွာ အထောက်အကူပြုပါတယ်။ အသင့်အတင့်ဖြစ်စေတဲ့ လေထဲမှာ ဆိုင်းငံ့ပြီးကြည့်ကောင်းခြင်းဖြင့် ကားမောင်းသူအတွက် အ၀င်အထွက်တွေမှာ လွယ်ကူအောင် ၀င်ထွက်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ တံခါးတွေရဲ့ ပုံစံကတော့ အမိုက်စားပါပဲ။

သတိပေးစရာတစ်ခုကတော့ ထိုစူပါကားသည် မြို့တွင်းစီးကားအမျိုးအစား မဟုတ်ဘူးဆိုတာပါပဲ။ ယနေ့အချိန်မှာတော့ အင်ဂျင်ထိန်းချုပ်မှုကို ကွန်ပျူတာဖြင့်ထိန်းချုပ်လာကြပြီး မီးပ္ပိုင့်မီးနီတုန်းမှာ ခင်ဗျားရှေ့ကကားကို တိုက်မိဖို့ဝေးစွ ထိဖို့ကပ်တောင်ကပ်မိမှာ မဟုတ်ပါဘူး။ ဂီယာတွေကလည်း အော်တိုတွေဖြစ်လာကြပါပြီ။ ဒီတော့ ခင်ဗျာရဲ့ ဘယ်ဘက်ခြေထောက်နဲ့ အပြည့်အ၀တစ်ချိန်လုံးနင်းနေရမဲ့ လေးလံလှတဲ့ကလပ်နင်းပြိုင်ကားတွေဆိုတာ မရှိတော့ပါဘူး။ “အနောက်မှာ ဘာရှိလဲဆိုတာက အရေးမကြီးပါဘူး။” ဆိုတဲ့ အီတလီ မော်တော်ကား အတွေးအခေါ်ထဲမှာ အနောက်ဖက်မြင်ကွင်းတွေက အရေးမပါတော့ပါဘူး။

ခင်ဗျားဟာ ဖြေးဖြေးလေးသွားနေတယ်ဆိုရင် အရှေ့မှာရှိတဲ့ယာဉ်တွေအားလုံးကို တိုက်ရိုက်မြင်နိုင်ပါပြီ။ ဒါပေမဲ့သူတို့က ခင်ဗျားကို မြင်မှာတော့ မဟုတ်ပါဘူး။ ဆိုလိုတာက အရှေ့ကိုသာ ဂရုစိုက်မောင်းဖို့သာ အရေးကြီးတယ်လို့ ပြောလိုတာပါဗျာ။

aventador-01568

ဟိုင်းဝေးလမ်းမကြီးတစ်ခုပေါ် (ဒါမှမဟုတ်) မြို့တွင်းမှ ညသန်းခေါင်ချိန်မောင်းနှင်ခြင်းဖြင့် ( လန်ဘိုဂီနီိပိုင်ရှင်တော်တော်များများဟာ မနက် ၂နာရီလောက်မှာ မောင်းနှင်ကြပါတယ်) Aventador ရဲ့စွမ်းရည်တွေမှာ ပျော်ရွှင်စွာ မောင်းနှင်နိုင်ပါတယ်။ ၃ စက္ကန့်အောက်မှာပဲ သုညမိုင်ကနေ ကီလိုမီတာ ၁၀၀ ကိုမောင်းနှင်နိုင်ပြီး တစ်နာရီကို ၃၅၀ ကီလိုမီတာထက်ပိုတဲ့ မြန်နှုန်းမြင့်အရှိန်ဖြင့် မောင်းနှင်နိုင်ပါတယ်။ ဒါဟာ ခင်ဗျားမောင်းနှင်နိုင်တဲ့ လုံးဝအမိုက်စား မြန်နှုန်းတစ်ခုပါပဲ။ တကယ့်ကို အရသာရှိပြီးပျော်ရွှင်စရာ မောင်းနှင်မှုပါ။

Aventador ရဲ့နောက်မှထွက်ရှိမဲ့ ကားမော်ဒယ်ကတော့ ကြော်ငြာခြင်းမရှိသေးပါဘူး။ ကျွန်တော်တို့တော့ နောက်ထွက်မဲ့ကားမော်ဒယ်ကို ၂၀၂၀ ခုနှစ်မတိုင်ခင်အထိကို မြင်ရမှာ မဟုတ်သေးဘူးနဲ့တူပါတယ်။ ( လန်ဘိုဂီနီက ‘speciale’ ဗားရှင်းကိုဌင်းရဲ့ ယာဉ်များအတွက် ထုတ်လုပ်ဖို့ဆက်လက်လုပ်ဆောင်နေသည့်နည်းတူစွာ၊ အကောင်းဆုံး စူပါ စပေါ့ ဗားရှင်း) ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတွေအဖြစ်နဲ့ ပေါ်ထွက်လာမှာ ဖြစ်ပြီး ထိုသို့အကောင်းဆုံးဖြစ်ရဖို့လည်းရှိပါတယ်။ Aventador ကတော့ ထိုးနက်ချက်အချို့ကိုပြုလုပ်တော့မှာ ဖြစ်ပါတယ်။aventador-01564

Spec Sheet Lamborghini Aventador LP700

အင်ဂျင်: 6.5 litre V-12

မြင်းကောင်ရေအား: 700hp (515 kW) @ 8,250 rpm

လိမ်အား: 507 lb-ft (690 Nm) @ 5,500 rpm

ဂီယာ: AWD 7-Speed Automatic

အလေးချိန်: 1731kg (wet)

0-100km/hr <3 seconds

Quarter Mile: 10.6 seconds

အမြင့်ဆုံးအမြန်နှုန်း: >350km/hr

Cornering: > 1.0g

လောင်စာဆီ သုံးစွဲမှု: 16 lt/100km (combined)

အခြေခံဈေးနှုန်း (ဥရောပ): $400,000