Unicode version…



Zawgyi version…

(KIA) သည် (SUV – Inspired Model) ဖြစ်သည့် ( Picanto City Car Range) ၏ ဆန်းသစ်သည့် (New Picanto X – Line) အား မကြာမီကကျင်းပခဲ့သည့် ဂျာမနီနိုင်ငံရှိ (Frankfurt) ကားပြပွဲတွင် မိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းသည် (KIA)၏ နာမည်ကျော် (Sportage) နှင့် (Sorento) တို့ကဲ့သို့ (Crossover) ပုံစံဖြစ်ပြီး (Standard Picanto) ထက် (15 mm) ပို၍မြင့်မည် ဖြစ်ပြီး ကားအရှေ့ နှင့်အနောက်ဖက်များတွင် (SUV – Style bumpers) များနှင့် (Metal – look Skid plates) များဖြင့် တန်ဆာဆင်ထားပါမည်။ ( X- Line ) ဟုဆိုသည့်အတိုင်း ၄င်း၏ (Grille) နှင့် နှင်းခွဲမီးပတ်လည်တွင် (Green high lights)များ တပ်ဆင်ထားပါသည်။ အလားတူ (Wheel arches) များအား အနက်ရောင်ဖြင့် ဖုံးအုပ်ထားကာ (Picanto X – line) တွင် အင်ဂျင်အနေဖြင့် (1000 Ps) ၊ (1.0 L Engine) (98 hp) (127 lb – pt of torque)၊ (4.5 Liters / 100km) အင်ဂျင်အား ထည့်သွင်းထားပြီး ၄င်းအင်ဂျင်၏ စွမ်းဆောင်ရည်မှာ ( 0 to 62 mph) အား (10.1 Seconds) ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်ပါသည်။

( X – Line Version) တွင်သာမန် (Picanto Models) များထက် ပိုမိုသည့် ပါဝင်မှုအချို့အား ထည့်သွင်းထားမည်ဖြစ်ပါသည်။ ၄င်းတို့မှာ (16 – inch alloy wheels) ၊ (LED Daytime Running Lights)၊  (Shark – fin Antenna)၊ ( Keyless entry)၊ ( 7.0 inch touch screen)၊ (Satellite Navigation)၊ (Smartphone integration) တို့ ဖြစ်ကြပါသည်။ ထို့အပြင် (Rear – view parking camera) ၊ (Wireless Smartphone Charger)စသည့် ပါဝင်မှုမျာကိုလည်း အပိုဆောင်းမှာယူနိုင်ပါမည်။ ၄င်းတွင် (အသက်ကယ်လေအိတ်ခြောက်လုံး) ပါရှိမည်ဖြစ်ပြီး (အရှေ့ဒူးကာလေအိတ်)များအား အပိုဆောင်းမှာယူရနိုင်ပါမည်။ (Kia X – Line Picanto) အားယခုနှစ်ကုန်ပိုင်းခန့်တွင် (ဥရောပဒေသဈေး ကွက်) ၌ စတင်ရောင်းချပါမည်။