Suzuki သည် နာမည်ကျော် Jimmy ၏ 4 Doors Jimmy Model အား India , Delhi တွင် ကျင်းပသည့် 2023 Auto Expo တွင် မိတ်ဆက်လိုက်ပါသည်။ ကား၏ အလျားသည် 2 Doors Jimmy ထက်  ( 100 inch ) ခန့်ပိုရှည်ပါသည်။ ကား၏အပြင်ဖက် Design သည် 3 Windows Profile ဖြစ်ပြီး အရှေ့နှင့် အနောက်ဖက် Design တို့သည် 2 Doors Jimmy နှင့်တူညီမည်ဖြစ်ကာ Spare Wheel ပေါင်းစပ်ထားသည့် Side-hinged Tailgate နှင့် Bumper တွင် တပ်ဆင်ထားသည့် Taillight တို့ ပါဝင်ပါမည်။

ထို့အတူ အတွင်းခန်း တွင်လည်း 3-Row Seats Type ကို Optional ရရှိနိုင် မည်ဖြစ်ပြီး အနောက်ခန်းခရီးသည်များအတွက် ကျယ်ဝန်းသည့် Legroom လည်း ပါဝင်ထား ပါသည်။ 4 Doors Jimmy အား Ladder-Frame SUV အနေဖြင့် ဖန်တီးထားကာ 2 Doors Jimmy ဖြစ်သည့် LCV Model အား ဥရောပသို့ တင်ပို့ရောင်းချပါသည်။ ကား၏ အတွင်းခန်း Design နှင့် Layout တို့သည် 2 Doors Jimmy နှင့်တူညီမည်ဖြစ်သော်လည်း ထူးခြားမှုများ အနေဖြင့် – Fresh 9-inch Infotainment Screen ကို တွေ့မြင်ရပါမည်။

ထို့အတူ 4×4 Suite ကိုလည်း ထည့်သွင်း ထားမည်ဖြစ်ကာ ၎င်းတွင် -Hill-Hold Assist , Hill Decent Control , Nifty System စသည့် Features များစွာ ပါဝင်ကာ ၎င်းတွင် အသက်ကယ်လေအိတ် ၆ လုံး ပါဝင်ပါမည်။ 2023 Jimmy  Doors Version တွင် Engine အနေဖြင့် – ( 1.5 L I4 Petrol Engine ) ကို တပ်ဆင်ထားပါသည်။ Suzuki သည် Jimmy အား U.S.A ဈေးကွက်သို့ တင်ပို့ရန် အစီအစဉ် မရှိထားပဲ လက်ရှိတွင် India ၊ လက်တင်အမေရိက ၊ ဈေးကွက်များတွင် အဓိက တင်ပို့ရောင်းချမည် ဟုသိရှိရပါသည်။

#DriveMediaMyanmar