Suzuki သည် Brand ၏ ( Electrification Plan for 2023 ) ကို ကြေငြာလိုက်ပြီး ၎င်းအစီအစဉ်တွင် ဥရောပ ၊ ဂျပန် ၊ India ၊ တို့တွင်ရောင်းချမည့် EV စနစ်သုံးကားများ ၊ ဆိုင်ကယ်နှင့် ATV များ အဓိက ပါဝင်ပါသည်။ လူစီးကားများအနေဖြင့် EV SUVs နှင့် EV Kei Cars များအား 2030 အတွင်း ကျယ်ပြန့်စွာ တိုးချဲ့ဖန်တီးမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် နာမည်ကျော် Suzuki Jimmy ၏ EV Version ကိုလည်း ထုတ်လုပ်မည် ဖြစ်ကာ Jimmy EV အား မကြာခင်က မိတ်ဆက်ထားသည့် Suzuki eVX Concept တွင် အခြေခံကာ ဖန်တီးမည်ဖြစ်သည်။

Suzuki သည် Jimmy EV အား India ၊ ဥရောပ ၊ ဂျပန် ၊ အာဖရိက ဒေသဈေးကွက်များတွင် ရောင်းချရန်ရည်ရွယ်ပြီး Suzuki ၏အနာဂတ်တွင် ဖန်တီးမည့် EV Model များ၏ ( Lighting Signature Model ) အနေဖြင့်လည်း ရည်ရွယ်ထားပါသည်။ Suzuki အနေဖြင့် အသစ်ဖန်တီးမည့် New Jimmy EV အား ဥရောပဈေးကွက်တွင် ပထမဆုံးအနေဖြင့် မိတ်ဆက်မည်ဖြစ်ကာ အသစ်မွေးဖွား လာမည့် Jimmy EV တွင် ( Illuminated Grille ) ၊ ( Modern LED Graphic Headlight ) အစရှိသည့် တမူထူးခြားသည့် အခင်းအကျင်းများ ထည့်သွင်းထားမည် ဟုဆိုထားပါသည်။

Suzuki သည် Mild – Hybrid Jimmy Model  ကို ဥရောပတွင် ရောင်းချရန် စီစဉ်ထားပြီး India တွင် အသစ်မိတ်ဆက်ထားသည့် Suzuki Fronx EV ကိုလည်း ဥရောပ ဈေးကွက်တွင် ဆက်လက်ရောင်းချမည်ဖြစ်သည်။ အသစ်ထွက်ရှိလာမည့် New Suzuki EV Model များတွင် Suzuki Igins ကဲ့သို့ EV Type City Car လည်း ပါဝင်ပါမည်။ Suzuki သည် ဥရောပအတွက် EV Model အသစ်အား 2024 တွင် ပထမဆုံး မိတ်ဆက်ရန် စီစဉ်ထားသည်ကိုသိရှိရပါသည်။

#DriveMediaMyanmar