Unicode version…
Zawgyi Version..
ဆူဇူကီး (မြန်မာ) မော်တော်ယာဉ် Company Limited မှ နောက်ဆုံးပေါ် စတိုင်ဒီဇိုင်းနှင့် အရည်အသွေးမြင့် မောင်းနှင်စွမ်းဆောင်ရည် ပါရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်လုပ်ထားသည့် ကျစ်လစ်သိပ်သည်းသော ဆူဇူကီးကား အမျိုးအစား All New Suzuki Swift ကို တရားဝင်စတင်မိတ်ဆက်လိုက်ပါသည်။
“ဒီနေ့မြန်မာနိုင်ငံမှာ ဆူဇူကီးရဲ့ All New Swift မော်တော်ကားအမျိုးအစားကို ထုတ်ဖော်ပြရတဲ့အတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူမိပါသည်။ Swift ကားတွေကို ကျွန်တော်တို့ တခြားကား အမျိုးအစားတွေဖြစ်တဲ့ Ciaz နဲ့ Ertiga ကားတွေလိုမျိုးဘဲ ရန်ကုန် သီလဝါ စက်မှုဇုန်က အသစ်တည်တောက်ထားတဲ့ ကျွန်တော်တို့စက်ရုံမှာပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီအသစ် မိတ်ဆက်လိုက်တဲ့ All New Swift မော်တော်ကားဟာ ဆူဇူကီးရဲ့ ဆန်းသစ်ကွန့်မြူးတဲ့ မျိုးဆက်သစ် HEARTECT ပလက်ဖောင်းကို အခြေခံ ဆောက်လုပ်ထားတာဖြစ်ပြီး ဂျပန်နိုင်ငံအဆင့်အတန်းအတိုင်း ပိုစွမ်းအင်ကောင်းတဲ့၊ပိုစွမ်းဆောင်ရည်မြင့်မားပြီး လုံချြုံမှုအပိုင်းမှာလည်းပိုအဆင့်မြင့်အောင် မြန်မာနိုင်ငံတွင်းမှာဘဲ သေချာထုတ်လုပ်ထားတာဖြစ်ပါတယ်” ဟု ဆူဇူကီး(မြန်မာ) မော်တော်ယာဉ် ကုမ္ပဏီလီမီတက်၏ မန်နေဂျင်းဒါရိုက်တာ Mr. Keiichi Asano မှပြောကြားခဲ့ပါသည်။
All New Swift တွင် 1.2L Petrol Engine အမျိုးအစားကိုသုံးထားပြီး CVT transmissionစနစ်ပါဝင်သည်။ မြင်းကောင်ရေ 81 ကောင်အား ထွက်ရှိမည်ဖြစ်ပြီး Grade ခွဲနှစ်မျိုးထုတ်လုပ်ထားသည်။ ဆူဇူကီး၏ All New Swift မော်တော်ကားကို GL နှင့် GLX ဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ GL Grade တွင် Halogen Multi-reflector headlamp, Manual Air-con, 15 inches alloy wheels, Airbag နှစ်လုံး၊ ABS with EBD တို့ပါဝင်ပြီး ဈေးနှုန်းမှုာ မြန်မာငွေကျပ် ၁၉၉၀၀၀၀၀ ဖြစ်သည်။ GLX Grade တွင်မူ LED projector headlamps, Automatic air-con system, push-start, key-less entry,3.5 inches LCD,Cruise control, 16 inches alloy wheel တို့ပါဝင်ကာ ဈေးနှုန်းမှာ ၂၂၉၀၀၀၀၀ ကျပ်ဖြစ်ကာ ရန်ကုန်လိုင်စင်အလိုအလျောက်ရရှိမည်ဖြစ်သည်။