Unicode version…
ကားတန်ဖိုး၏ ၂၅ % ပေးသွင်းပြီး ကျန်ငွေကို ၅ နှစ်အရစ်ကျပေးသွင်းရုံဖြင့် Suzuki ကားသစ်တစ်စီးကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို Suzuki Myanmar Motor မှ မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)နှင့်ပူးပေါင်းပြီး “Smart Auto Finance “ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုအစီအစဉ်သည် Suzuki ၏အရည်အသွေးမြင့်ကားများဖြစ်သော Suzuki Ciaz နှင့် ခုံ ၃ တန်းနှင့် ရယောက်စီး Suzuki Ertiga တို့အား ပိုမိုလွယ်ကူစွာဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးခြင်းလည်းဖြစ်သည်။ ထို “Smart Auto Finance “ တွင် ဝယ်ယူသူအနေဖြင့် (၁) အာမခံထားရှိမည့်သူကို မဖြစ်မနေတင်ပြရန်မလိုအပ်ခြင်း ၊ (၂) ဝန်ဆောင်ခနှင့် ဝယ်ယူသူမှအရောင်းကော်မရှင်ခပေးရန်မလိုတော့ခြင်း (ဝန်ဆောင်ခနှင့်အရောင်း ကော်မ ရှင်ခကို Suzuki နှင့် အရောင်းကိုယ်စားလှယ်များမှ MAB ဘဏ်သို့ပေးချေပေးသွားမည်ဖြစ်သည်။) (၃) လက်ငင်းငွေပေးချေမှုကို ၂၅ %ပေးရုံဖြင့် စတင်ဝယ်ယူနိုင်ခြင်း နှင့် (၄) အရစ်ကျပေးချေမှုကာလအတွက် အများဆုံး ၅ နှစ် အထိပေးချေခွင့်ပေးထားခြင်းစသော အချက်များပါဝင်ပြီး ဝယ်ယူသူများအတွက် အကောင်း ဆုံးသော ဝန်ဆောင်မှုပေးနိုင်ရန် အသင့်ပြင်ထားကြောင်း Suzuki မှဆိုသည်။
အဆိုပါ“Smart Auto Finance “ အစီအစဉ်အတိုင်း စက်တင်ဘာ ၂၅ ရက်မှစ၍စတင်ရောင်းချနေပြီဖြစ်ပြီး ဝယ်ယူမည့်သူများအနေဖြင့် လစာ ၁၀ သိန်းနှင့်အထက်ရရှိသူများဖြစ်ရန်လိုကြောင်း၊သို့သော်ခြွင်းချက် အနေဖြင့် မိသားစုလစာ ၁၀ သိန်းရရှိပါက ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
အသေးစိတ်အချက်အလက်များကို Suzuki Myanmar Motor Co.,Ltd. Facebook Page တွင်ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
https://www.facebook.com/suzukimyanmarmotorcoltd
Zawgyi version…
အရစ်ကျဝယ်လိုရသေးလား