Unicode version…
မြန်မာရဲ့ကားမောင်းသူများကို အန္တာရယ်ကင်းရှင်းစေခြင်း
အရှေ့တောင်အာရှမှာရှိတဲ့ အန္တာရယ်အများဆုံးလမ်းတွေလိုယူဆရမှုနဲ့အတူ လမ်းရဲ့အခြေခံဖွဲ့စည်းမှုတွေကို တိုးတက်စေဖို့၊ မီးပ္ပိုင့်စည်းကမ်းတွေကို လိုက်နာစေဖို့ စတဲ့ ယာဉ်တွေကိုလမ်းတွေပေါ်မှာ တာဝန်ယူတဲ့ အရည်အသွေးရှိဖို့ မြန်မာအတွက် အခုထက်ပိုကောင်းတဲ့အချိန်မရှိတော့ပါဘူး။ ဒါတွေကတော့ Centurion Auto Group ရဲ့ CEO မစ္စတာ Carleton Matson ဟာ၂၀၁၃ခုနှစ်၊ မြန်မာနိုင်ငံမှာ Driving- training စီးပွားရေးလာရောက် အခြေချလုပ်ကိုင်တဲ့အခါက တကယ့်စိတ်ထဲရှိတဲ့အရာတွေ ဖြစ်ပါတယ်။ သူဘာလို ကုမ္ပဏီကားဒရိုင်ဘာတွေဟာ အားနည်းချက်ရှိတဲ့ လမ်းအသုံးပြုသူတွေဖြစ်တယ်ဆိုတာကို ယုုံကြည်နေတာလဲဆိုတာနဲ့ သူနဲ့သူရဲ့ အသင်းဟာဘာတွေ လုပ်ပေးနိုင်သလဲဆိုတာကို Drive မဂ္ဂဇင်းက မစ္စတာ Matson နဲ့မေးမြန်းထားပါတယ်။ မစ္စတာ Matson ကတော့ အော်တိုမိုဘိုင်း နယ်ပယ်ထဲမှာ အတွေ့အကြံုအများကြီး ရှိသူတစ်ယောက်ဖြစ်ပြီး ယခင် ယူအက်စ် အမျိုးသားချန်ပီယံ Pro Stock drag racer မိသားစုရဲ့မျိုးဆက်လည်း ဖြစ်ပါတယ်။
အခုဟာ မြန်မာကားမောင်းသူတွေအတွက် အကောင်းဆုံးအချိန်လိုဘာလို့ထင်တာပါလဲ ။ပြောပါဦး ?
မြန်မာဟာ အချိန်တိုင်းမှာ ကားမောင်းသူတွေအတွက် စိန်ခေါ်မှုအသစ်တွေကိုယူဆောင်လာပါတယ်။
နိုင်ငံဟာ သဘာဝတရားနဲ့ ဓလေ့ထုံတမ်းအစဉ်အလာမှာ လှပပေမဲ့ ဒါဟာ ယာဉ်မောင်းနှင်တဲ့အခါ ဇာတ်လမ်းပမာ အကျိုးသက်ရောက်မှုမျိုးကို ဖန်တီးပါတယ်။ လမ်းတွေရဲ့ ဖွဲ့စည်းမှုတွေဟာ သက်တမ်းရင့်နေပြီး အရည်အသွေးတွေလည်း ကျဆင်းလျက်ရှိပါတယ်။ ဒရိုင်ဘာတွေကလည်း မောင်းနှင်မှုဆိုင်ရာ သိမြင်မှုတွေ လိုအပ်နေပါတယ်။ ငွေကြေးသုံးနိုင်တဲ့လူတန်းစားတွေကတော့ ပိုမြန်ပိုလေးတဲ့ အကောင်းစားယာဉ်တွေကို ပိုမိုရရှိလာနိုင်ပါတယ်။ ထိုအချက် (၃)ချက်သည် လတ်တလော စစ်တမ်းတွေအရ တစ်နေ့ကို လူ (၁၄)ယောက်ကျော်သေဆုံးမှုနဲ့အတူ မြန်မာရဲ့ လမ်းတွေကို ကမ္ဘာမှာရှိတဲ့အန္တာရယ်အများဆုံးအကြောင်းအရာအချို့ကို ဖြစ်စေပါတယ်။
ထိုအချက် (၃)ချက်ထဲက ချက်ချင်း အကျိုးကို ခံစားနိုင်တဲ့ လူမှုရေးနဲ့ဆိုင်တဲ့ အချက်တစ်ခုသည် မြန်မာရဲ့ ယာဉ်မောင်းနှင်ခြင်း စံနှုန်းကို မြင့်တင်ပေးတာ ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေပေးပြီး လုပ်ဆောင်လိုရအောင် ဆောက်ရွက်နိုင်ပြီး အံ့သြဖွယ်ကောင်းတဲ့ ရလဒ်တွေ လျှင်မြန်စွာ လုပ်ဆောင်နိုင်ပါတယ်။
ဘီးတွေပေါ်ကို ရောက်တဲ့အခါ ကားမောင်းသူတိုင်းလုပ်ရမဲ့ ပထမဆုံးအရာအနေနဲ့ ဖြစ်ပါတယ်။ ပြိုင်ပွဲထဲမှာ ကျွန်တော်တို့ ပြောမယ်ဆိုရင် စွမ်းဆောင်ရည်ကောင်းကောင်းတွေ ပြသဖို့ ပြုပြင်မွမ်းမံခြင်းမပြုလုပ်ရသေးခင် ဘီးရဲ့ အနောက်မှာ မူလီခေါင်းကို ရင်းနှီးထားရပါ။ လမ်းတွေပေါ်မှာလည်း ဒီလိုပါပဲ။ မြန်မာဟာ သူရဲ့လမ်းတွေ စံနှုန်းမြင့်ဖို့အတွက် နှစ်များစွာ အချိန်ကြာပါဦးမယ်။ ၀င်ငွေမြင့်တာနဲ့အမျှ ယာဉ်တွေရဲ့ တင်ပို့မှုဟာလည်း တိုးလာဦးမှာပါ။ လမ်းရဲ့ အန္တာရယ်ကင်းရှင်းရေးကိုတိုးတက်စေမဲ့ ချက်ချင်းအဖြေတစ်ခုကတော့ ဘီးတွရဲ့အနောက်မှာ ရှိနေတဲ့ မြန်မာကားမောင်းသူတွေရဲ့ လုပ်နိုင်စွမ်းကို တိုးတက်စေတာပဲ ဖြစ်ပါတယ်။
ခင်ဗျားရဲ့ ဖောက်သည်တွေကို ပြောပြပါဦး ?
ကားဌားရမ်းခြင်း၊ ဟိုတယ်၊ အစိုးရမဟုတ်တဲ့ အေဂျင်စီတွေ၊ နိုင်ငံတကာ အစားအစာနဲ့ သောက်စရာတွေ၊ ဘဏ်တွေ၊ နိုင်ငံတကာလုံခြံုရေး၊ ဆေးရုံတွေ၊ သံရုံးတွေနဲ့ ကားကုမ္ပဏီတွေစတာတွေမှာ ကျွန်တော်တို့ ဖောက်သည်တွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ customizable packages တွေသည် ကော်ပိုရိတ်တွရဲ့ လုံခြံုရေး၊
ကျင်လည်မှုနဲ့ အခြေခံအမြတ်အစွန်းတို့ကိုတိုးတက်စေတဲ့ ရလဒ်တွေကို ဆောင်ရွက်ရာမှာ ကုမ္ပဏီတစ်ခုစီရဲ့တိကျတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ရဲ့ သင်ကြားမှုတွေကို သင်ကြားပေးသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၃) နှစ်ထဲမှာ ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်း ဘယ်လိုပြောင်းလဲမှုတွေ ရှိခဲ့ပါသလဲ ?
Centurion Auto ကို ၂၀၁၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး တက္ကစီဝန်ဆောင်မှုကို အဓိကစီစဉ်ပေးဖို့ စောဦးဆုံးဦးတည်ချက်အနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ စီးပွားရေးပြောင်းလဲမှုတွေ ကြောင်း နိုင်ငံခြား မာတီးနေရှင်နယ် ကော်ပိုရေးရှင်းတွေကို ပရောဖယ်ရှင်နယ် ကားဌားရမ်းခြင်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့ လအနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ ကားမောင်းတွေရဲ့ စွမ်းဆောင်ရည်ကို ချီးမွမ်းမှုတွေရရှိဖို့ စတင်လာပါတယ်။ ပြီးတော့ ဖောက်သည်တွေဆီကနေ သူတို့ရဲ့ ကော်ပိုရိတ် ကားမောင်းသူတွေအတွက် သင်တန်းပေးဖို့ မေးမြန်းခြင်းတွေရရှိလာခဲ့ပါတယ်။
ကျွန်တော်တို့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလထဲမှာ အပြင်ဘက်ကော်ပိုရေးရှင်းတွေ အတွက် အယူအဆပိုင်းဆိုင်ရာ ဒရိုင်ဘာ လေ့ကျင့်သင်ကြားမှုတွေ စတင်ခဲ့ပါတယ်။ မတော်တဆဖြစ်မှုတွေကို လျော့ကျစေပြီး ကိုယ်ပိုင် တွန်းအားပေးမှုကို မြင့်တက်စေတဲ့ ကျွန်တော်တို့ရဲ့ သင်ကြားမှုတွေကို ကားမောင်းသူတွေကောင်းစွာ သင်ကြားခဲ့ကြပါတယ်။ ကျောင်းသားတွေကို ပိုပြီး ဗဟုသုတတွေပေးဖို့ လက်တွေ့လေ့ကျင့်မှု ဒုတိယသင်တန်းတွေကို သင်ကြားပေးနေပါပြီ။ ဒါဟာ private သင်ကြားမှုတစ်ခုဖြစ်ပါတယ်။ ယာဉ်နဲ့ကားမောင်းသူတွေရဲ့ အရင်က လုံခြံုရေးနဲ့ အမူအကျင့်တွေကို ထိန်းချုပ်ရန် ဖြစ်ပါတယ်။ ဒီသင်ကြားမှုတွေသည် ကျောင်းသားကို အန္တာရယ်ဖြစ်စေတဲ့့အနေအထားတွေကို ဘယ်လိုတားဆီးပြီး ဘယ်လိုမှန်ကန်အောင် ဆောင်ရွက်ရမယ်ဆိုတာကို အတွေ့အကြံုရရှိစေပါတယ်။ ထိုသင်ကြားမှုဟာ ဆရာနဲ့ကျောင်းသားနှစ်ဦးလုံးကို ပျော်ရွှင်မှုအများကြီး ရရှိစေခဲ့ပါတယ်။
ကုမ္ပဏီကားမောင်းသူတွေဟာ အားနည်းချက်အများဆုံးရှိတဲ့ လမ်းအသုံးပြုသူတွေအဖြစ်ဘာလို့ လေ့လာခံရတာပါလဲ ?
ကုမ္ပဏီကားမောင်းသူတွေဟာ အားနည်းချက်အများဆုံးရှိတဲ့ လမ်းအသုံးပြုသူတွေထဲကတစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ နိုင်ငံအနှံ ကားမောင်းနေရလို့ပါ။ ရန်ကုန်မြို့ထဲမှာမောင်းတဲ့ တက္ကစီကားမောင်းသူတွေနဲ့မတူပါဘူး။ ကော်ပိုရိတ် ကားမောင်းသူတွေဟာ နိုင်ငံအနှံမှာ ရှိတဲ့ မြို့တွေမှာရော၊ ကျေးလက်ဒေသတွေမှာပါ ကုမ္ပဏီရဲ့ လိုအပ်ချက်ကို လိုက်ပြီးမောင်းနှင်ရမဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုမောင်းနှင်ရမှုဟာ လမ်းအခြေအနေတွေ မတူညီမှုကြောင့် မတော်တဆဖြစ်ပွားမှု အလားအလာကို ပိုများစေပါတယ်။ အထိုင်များခြင်း၊ ငိုက်မြည်းခြင်း၊နဲ့ မြန်မာရဲ့ လမ်းအခြေအနေဆိုးရွားမှုတွေကြောင့် လည်း ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ထိုသို့စွန့်စားမှုတွေကို တယ်လီကွန်၊ ဆောက်လုပ်ရေး၊နဲ့ အခြား လမ်းကြမ်းတဲ့အခြေအနေတွေမှာ မကြာခဏ ခရီးထွက်ဖို့လိုတဲ့ လုပ်ငန်းတွေနဲ့ အလုပ်လုပ်ကိုင်တဲ့ အခါ ပိုပြီး ကြားရပါတယ်။
သင်ကြားရာမှာ သုံးတဲ့စနစ်တွေကို ဘယ်လိုသင်ကြားပါသလဲ ပြီးတော့ နည်းလမ်းတွေရဲ့အနောက်မှာ အကြောင်းအရာတွေကို ဘယ်လို ဖြည့်သွင်းပါသလဲ ?
ကျွန်တော်တို့ရဲ့ မောင်းနှင်မူ သင်ကြားရေးသင်ရိုးတွေကို ကျွန်တော်တို့ရဲ့ ကားမောင်းသူများနဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်းများရဲ့ ဖြည့်သွင်းခြင်းနဲ့အတူ ကျွန်တော်နဲ့ ပြည်တွင်း Operations Manager ဖြစ်တဲ့ ကိုရဲကျော်စွာတို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သင်ရိုးသည် အရမ်းတင်းကျပ်တာမျိုးမဟုတ်ဘဲ မြန်မာ ဘာသာနဲ့ပဲ သင်ကြားတာ ဖြစ်ပြီး Topics တွေကို ဆွေးနွေးတဲ့ နေရာမှာ လက်ထပ်သင်ကြားပေးပြီး ့လေ့လာသင်ကြားမှုတစ်ခုလုံး ပိုပြီး အဆင်ပြေအောင်နဲ့ ဆက်သွယ်ချိတ်ဆက်မှု ဖြစ်အောင် ကျွန်တော်တို့ ကျောင်းသားတွေကို ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အဓိကကတော့ Topics တွေကို ကျောင်းသားတွေကို နားလည်စေတာ ဖြစ်ပြီး open communication နဲ့ personal experiences ထဲကိုဆွဲခေါ်ရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ့တာကတော့ မြန်မာကားမောင်းသူတွေကို ကားမောင်းတဲ့အခါ ကားပတ်ပတ်ဖို့လောက်ပဲ ပြောရတာပါ။ အရမ်းကြီးတော့ မပြောရပါဘူး။ဥပမာအားဖြင့် ထိုင်ခုံခါးပတ်၊ မတော်တဆဖြစ်မှုထဲမှာ လေအိတ်တို့ဟာ ဘာလိုအရေးကြီးလဲဆိုတာကို ရှင်းပြပါတယ်။ ကားမောင်းသူရဲ့ လုံခြံုရေးအတွက် ခါးပတ်ကို ဘာလို အရေးကြီးမှုတစ်ခုအနေနဲ့ ၀တ်ဆင်ရလဲဆိုတာမျိုးကို ရှင်းပြပါတယ်။
လုပ်ငန်းထဲမှာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု မတူညီမှုကို ဘယ်လိိုုင်တွယ်ပါသလဲ ?
Centurion ရဲ့ကားမောင်းနှင်မှုသင်ကြားရေး ပရိုဂရမ်သည် ပုံမှန်သင်တန်းကျောင်းလိုမျိုးတော့မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ ကားမောင်းသူတွေအတွက် သင်ရိုးတွေရေးတဲ့အခါ ပရောဖယ်ရှင်နယ် ကားမောင်းသူတစ်ယောက်ဖြစ်ဖို့ အရေးကြီးတဲ့ Items တွေကိုဖြည့်သွင်းထားပါတယ်။ ယာဉ်တစ်စီးကိုဘယ်လိုမောင်းနှင်ရမယ်ဆိုတာ နားလည်ပြီးသားဖြစ်ဖို့နဲ့ နိုင်ငံတကာ hospitality စံနှုန်းတွေ၊ vehicle maintenance procedures ၊ professional race driving နည်းလမ်းတွေ၊ and U.S. military security procedures တွေကိုနားလည်ပြီး သူတို့ရဲ့ယာဉ်တွေမှာ အများဆုံးအသုံးပြုဖို့ ရှင်းပြတာတွေကို နားလည်စေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ hospitality ကတော့ အမူအရာတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့ ထုံးစံမတူညီမှုတွေ၊ သူတို့ကို မရှင်းပြထားတဲ့ ကွန်မြူနစ်ကေရှင်းနည်းလမ်းတွေကို ခြံုငုံထားပါတယ်။
ပရောဖယ်ရှင်နယ် ကားမောင်းသမားတစ်ယောက်ဖြစ်ဖို့အတွက် ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သင်ရိုးတွေသည် အဓိကကျတဲ့ လုပ်ရိုးလုပ်စဉ်ကျတဲ့ ပြုပြင်မှုရဲ့ ကျယ်ပြန့်တဲ့ Overview ကိုပေးပါတယ်။ တားဆီးကာကွယ်ရေး ထိန်းသိမ်းပြုပြင်မှုရဲ့ ကျောရိုးဆက်နွယ်မှုတစ်ခုအပေါ်မှာ အခြေခံထားပါတယ်။ ကျောင်းသားသည် နေ့စဉ်နဲ့ လစဉ် ထိန်းသိမ်းပြုပြင်မှု လုပ်ရိုးလုပ်စဉ်တွေကို ထိတွေ့ရမှာ ဖြစ်ပြီး နားမလည်တာတွေကိုလည်း အမြဲတမ်း စက်ပြင်သင်တန်းဆရာတွေဆီမှာ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ လုံခြံုရေးအပိုင်းကတော့ ကာကွယ်ရေး မောင်းနှင်မှုနည်းလမ်းတွေနဲ့ များပြားလှစွာသော ယူအက်စ် စစ်ဖက်ဆိုင်ရာ လုံခြံုရေး ပရိုစီဂျာတွေကို ဖြည့်သွင်းထားပါတယ်။ ကျောင်းသားတွေသည် ယာဉ် နေရာယူခြင်း၊ ကားမောင်းသူ နားလည်မှုဆိုင်ရာ၊ ထိုင်ခုံ၊ မှန် အနေအထား၊ ဝေ့လည်ကြောင်ပတ်နိုင်တဲ့ မောင်းနင်ရွေ့လျားမှုများနဲ့ သတိထားမှုများကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပုံမှန် ဖောက်သည်တွေကတော့ ထိုအချက်အလက်တွေသည် သိပ်အရေးမကြီးပေးမဲ့လို့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးနဲ့ဆိုင်ပြီး လုံခြံုရေး၊ အရင်းအနှီးများတဲ့ ဖောက်သည်များအတွက်ကတော့ အရေးကြီးလှပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဘဝတွေ ဆုံးရူံးခြင်းမှာ ထိုအချက်တွေသည် ကာကွယ်ထားနို်င်ပါတယ်။
ကားမောင်းသူအမျိုးအစားအတွက် သင်ရိုးတွေကို သီးသန့်လုပ်ထားတာတွေမျိုးရှိပါသလား (သို့) ကားမောင်းသူတွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုကို ပြန်လည်ကိုယ်ရေးသွေးဖို့ ပြုလုပ်တာမျိုးရော ရှိပါသလား ?
Centurion ရဲ့ သင်တန်းတွေဟာ ယာဉ်မောင်းလိုင်စင်ရှိပြီးသာသူတွေနဲ့လည်း ဆိုင်ပါတယ်။ သူတို့မှာ ရှိနေတဲ့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေအပေါ်မှာ တိုးတက်အောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ အတွေ့အကြံုအမျိုးမျိုးရှိတဲ့ ကားမောင်းသူတွေကိုလည်း လေ့ကျင့်ပေးပါတယ်။သေချာသင်ကြားပေးတာဖြစ်ပြီးတော့ ( အများဆုံး သင်တန်းတစ်ခုကို ၁၅ယောက်လက်ခံသင်ကြားပါတယ်။) သူတို့သင်ကြားနိုင်သလောက်ကိုပဲ အဆင်ပြေအောင် သင်ကြားမှုတွေပေးပါတယ်။ တကယ်အရေးကြီးတဲ့သင်ရိုးတွေကို သင်ကြားတာမျိုးဆိုရင် မပျင်းရိစေဘဲ ပျော်ရွှင်မှုပေးတဲ့ပုံစံမျိုးဖြင့် သင်ကြားပေးပါတယ်။ သင်ကြားခဲ့သမျှ သင်တန်းတွေကတော့ ရယ်မောမှုတွေ၊ နောက်ပြောင်ခြင်းတွေနဲ့အမြဲတမ်းပျော်ရွှင်စေပါတယ်။
ခင်ဗျားရဲ့ နောက်ခံအကြောင်းလေးပြောပြပါဦး
ကျွန်တော်ဟာ ဘွန်စတွန်ရဲ့အပြင်မှာရှိတဲ့ ကားနဲ့ဆိုင်တဲ့ မိသားစုထဲမှာ ကံကောင်းစွာ ကြီးပြင်ခဲ့ပါတယ်။ ကျွန်တော်အဖေဟာ ၁၉၇၀ လောက်တုန်းက ယူအက်စ် အမျိုးသားချန်ပီယံ Pro Stock drag racer ဖြစ်ပါတယ်။သူဟာ ဓာတ်ဆီဆိုင်တွေဖွင့်ခြင်းနဲ့ အော်တိုမိုဘိုင်း ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းထဲမှာ နှစ်ပေါင်း ၅၀ လောက် ပါ၀င်ခဲ့ခြင်းတို့ဖြင့် အော်တိုမိုဘိုင်း လုပ်ငန်းထဲမှာ အမြဲတမ်းလေးနက်စွာ ပါ၀င်ခဲ့ပါတယ်။ အဖေရဲ့ ကားပြင်ခြင်းလုပ်ငန်းထဲမှာ ကူညီပြီး ကျွန်တော်အားတဲ့အချိန်တိုင်း ဆိုင်နားကို ကားဖြင့်သွားလိုက်လာလိုက်လုပ်ခြင်းဖြင့် ကျွန်တော်ကြီးပြင်ခဲ့ပါတယ်။ ကျွန်တော်အရင်က လျှပ်စစ်စွမ်းအင်ဖြင့်မောင်းနှင်တဲ့ ယာဉ်များကို အကေင်အထည်ဖော်တဲ့ GM ၊ Tesla မော်တော်နဲ့အတူ ပါ၀င်တဲ့ မန်ဆာချူးဆက်ရဲ့ Institute of Technology Media Lab’s Smart Car ပရောဂျက်မှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ များပြားလှတဲ့ အော်တိုမိုဘိုင်းကားထုတ်လုပ်သူ (BMW, Chevrolet, Cadillac, McLaren) တွေရဲ့ ဖွံ့ဖြိုးရေးနဲ့ ၎င်းတို့ရဲ့ စပေါ့ကားတွေကို Feedback ပေးတဲ့နေရာမှာ စမ်းသပ်ပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ အံ့သြဖွယ်ကောင်းတဲ့လမ်းတွေနဲ့ကားတွေကို မောင်းနှင်နိုင်ပါတယ်။
ကျွန်တော်အကြိုက်ဆုံးကားကတော့ နောက်ဘီးယက် စပေါ့ကားတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ကားမောင်းနှင်မှုအတွက် ၀မ်းသာပျော်ရွှင်လျက်ရှိပြီး ထရပ်ကားတွေမောင်းဖို့နှိုင်းယှဉ်တဲ့အခါ မတူတဲ့ နည်းတွေလိုအပ်တာကို လေ့လာနေပြီး ထိုသို့လုပ်ဆောင်နိုင်အောင်ပြုလုပ်ပေးတဲ့ စက်ပြင်ဗဟုသုတတွေကိုလည်း ကျေးဇူးတင်နေမိပါတယ်။
Chief Executive Officer မစ္စတာ Carleton Matson ရဲ့နောက်ခံ :
အော်တိုမိုဘိုင်း Performance ကဏ္ဍထဲမှာ နှစ်ပေါင်း ၁၅ နှစ်ကျော်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ (ကားပြုပြင်ထိန်းသိမ်းခြင်း၊ ထုတ်လုပ်မှုစမ်းသပ်ခြင်းနဲ့ ပြိုင်ပွဲ) စတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ မြန်မာတွင် Centurion Auto Group (ကားဌားရမ်းခြင်း၊ ကားမောင်းလေ့ကျင့်ပေးခြင်း၊သယ်ယူပို့ဆောင်ရေး အတိုင်ပင်ခံ)အတွက် လုပ်ငန်းများကိုလည်းဖွဲ့စည်းလည်ပတ်နေစဉ်အတွင်း bespoke ယာဉ်ဝန်ဆောင်မှုများကို အထူးပြုတဲ့ သူရဲ့ အမေရိက အခြေစိုက် နိုင်ငံတကာ မော်တော်ယာဉ် စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ဆက်လက်စီစဉ်လျက်ရှိပါတယ်။
အတွေ့အကြံု :
အမေရိကန်နိုင်ငံ၊ ဘော်စတွန်မှာ ASE စက်ပြင်နဲ့ဆိုင်တဲ့ အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပြီး ၁၅ နှစ်ကျော်လောက်လုပ်ငန်းထဲမှာ ကျင်လည်ခဲ့ပါတယ်။ ထိုအတွေ့အကြံုက ယာဉ်ရဲ့အစိတ်အပိုင်းတွေဟာ ၀န်အောက်မှာ ဘယ်လို စွမ်းဆောင်သလဲဆိုတာကို အကောင်းဆုံးနားလည်စေခဲ့ပါတယ်။ များပြားလှတဲ့ အော်တိုမိုဘိုင်းကားထုတ်လုပ်သူ (BMW, Chevrolet, Cadillac, McLaren) တွေရဲ့ ဖွံ့ဖြိုးရေးနဲ့ ၎င်းတို့ရဲ့ စပေါ့ကားတွေကို Feedback ပေးတဲ့နေရာမှာ စမ်းသပ်ပေးခဲ့ပါတယ်။ General Motors၊ Tesla အင်ဂျင်၊ A123 ဘတ္တရီများကိုသုံးပြီးအလုပ်လုပ်တဲ့ ပြန်လည်အားသွင်းနိုင်တဲ့ ဘတ္တရီရှိတဲ့ စီးတီးယာဉ်များကိုဖန်တီးတဲ့ မန်ဆာချူးဆက်ရဲ့ Institute of Technology Smart Cities အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါတယ်။လတ်တလောမှာတော့ individual vehicle consulting ၀န်ဆောင်မှုတွေကို Centurion Auto Group မှာလုပ်ကိုင်ကတည်းက စီစဉ်ပေးလျက်ရှိပါတယ်။
စီမံကိန်းနဲ့ဆက်နွယ်တဲ့ အတွေ့အကြံု :
Centurion Auto ကိုတည်ဆောက်ဖွဲ့စည်းခြင်းနဲ့ တိုးတက်ရေးတို့ကိုလုပ်ဆောင်ရင်း မြန်မာမှာအလုပ်လုပ်ကိုင်ခဲ့တာ ၃ နှစ်ကျော်သွားပါပြီ။ မြန်မာမှာ ရှိနေစဉ်အတွင်း မာတီးနေရှင်းနယ် အဖွဲ့အစည်းများအတွက် ပရောဖယ်ရှင်နယ် ဒရိုင်ဘာ ၁၀၀ လောက်ကိုသင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ဆိုင်တဲ့အရာတွေကိုလည်း စိတ်ဝင်တစားလေ့လာတတ်သူတစ်ယောက်ဖြစ်ပြီး သင်ကြားပေးတဲ့ မောင်းနှင်မှုနည်းလမ်းတွေရဲ့အနောက်က အကြောင်းအရာတွေကို ဒရိုင်ဘာတွေကို နားလည်စေဖို့ ကောင်းကောင်း သင်ကြားပေးနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။
Centurion Auto ရဲ့ Chief operating officer
Centurion Auto ကိုထိန်းသိမ်းလှုပ်ဆောင်ပေးနေတာကတော့ မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်တဲ့ ကိုရဲကျော်စွာ ဖြစ်ပါတယ်။ သူကတော့ ကုမ္ပဏီကို ဖွဲ့စည်းရာမှာ ကူညီခဲ့သူတစ်ယောက်ဖြစ်ပြီး လုပ်ငန်းရဲ့ နေ့စဉ်လည်ပတ်မှုတွေကို စီမံရာမှာ ကျယ်ပြန့်စွာ ပါ၀င်နေသူတစ်ဦးပါ။ မန္တလေးတက္ကသိုလ်ကနေ ရှေ့နေဘွဲ့ရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး ဂျပန်မှာရှိတဲ့ အကြီးဆုံး department store group ရဲ့စင်ကာပူ
လက်အောက်ခံကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်ဖူးတဲ့ အတွေ့အကြံုရှိသူတစ်ဦးပါ။ သူဟာ မြန်မာမှာ ရှိတဲ့ မာတီးနေရှင်နယ် ကော်ပိုရေးရှင်းတွေအတွက် တစ်ရာကျော်တဲ့ Driver training တွေကိုကူညီနေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပြည်တွင်း Content ၀န်ဆောင်မှုတွေနဲ့ ဘာသာပြန်တွေအတွက် တာဝန်ရှိသူတစ်ယောက်ပါ။img_2397_1024
Zawgyi version..
ကားဌားရမ်းခြင်း၊ ဟိုတယ်၊ အစိုးရမဟုတ်တဲ့ အေဂျင်စီတွေ၊ နိုင်ငံတကာ အစားအစာနဲ့ သောက်စရာတွေ၊ ဘဏ်တွေ၊ နိုင်ငံတကာလုံခြုံရေး၊ ဆေးရုံတွေ၊ သံရုံးတွေနဲ့ ကားကုမ္ပဏီတွေစတာတွေမှာ ကျွန်တော်တို့ ဖောက်သည်တွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ customizable packages တွေသည် ကော်ပိုရိတ်တွရဲ့ လုံခြုံရေး၊
လုပ်ငန်းထဲမှာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု မတူညီမှုကို ဘယ်လိုင်တွယ်ပါသလဲ ?
အတွေ့အကြုံ :
စီမံကိန်းနဲ့ဆက်နွယ်တဲ့ အတွေ့အကြုံ :