Unicode version…
နည်းပညာ
SUV ကားတွေရှိ ကွဲပြားတဲ့ မောင်းနှင်မှုစနစ်များ
SUV ဆိုတဲ့စကားရပ်ထဲမှာ all-wheel- drive ( ဘီးအားလုံးမောင်းနှင်မှုစနစ်)၊ 4×4 ၊ 4WD စတဲ့စကားလုံးများကို တွေ့ဖူးကြမှာ ဖြစ်ပါတယ်။ နောက်ကျန်တဲ့တစ်မျိုးကတော့ နှစ်ဘီးမောင်း၊လေးဘီးမောင်းကြိုက်သလိုပြောင်းနိုင်တဲ့အမျိုးအစားတို့ပဲဖြစ်ပါတယ်။ သူတို့ဘာကို တကယ်ဆိုလိုတာလဲ၊ သူတို့ဘယ်လိုအလုပ်လုပ်တာလဲ၊ ဘယ်လိုအမျိုးအစားကို ရွေးသင့်လဲဆိုတာ Centurion Auto ရဲ့ CEO မစ္စတာ Carleton Matson ကနေ အတိုချုံးရှင်းပြထားတာကို ဖော်ပြလိုက်ပါတယ်။
အချိန်ပိုင်း လေးဘီးမောင်းစနစ် (သို့) 4×4
အမေရိကန်ဂျစ်ကားတွေကနေ တွင်ကျယ်လာခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ ယနေ့အချိန်မှာ 4×4 ကို
မြေပြင်ကြမ်းတွေမှာ သုံးတဲ့ မောင်းနင်မှုစနစ်တစ်ခုအဖြစ် အများဆုံးတပ်ဆင်ကြပါတယ်။လမ်းပေါ်တွင် မောင်းနှင်တဲ့အခါ ယာဉ်ကို နောက်ဘီးဖွဲ့စည်းတည်ဆောက်မှုမှာ ပြေးဆွဲဖို့ ဒီဇိုင်းဆင်ထားတာဖြစ်ပါတယ်။ လေးဘီးမောင်းစနစ်ကိုလည်း ပြောင်းလို့ရပါတယ်။
ဘယ်လိုအလုပ်လုပ်ပါသလဲ:
နောက်ထပ် ဖမ်းယူမှုတစ်ခုကို လုပ်ဆောင်ပေးရန်အတွက် အရှေ့ဝင်ရိုးကို ဆုံစေနိုင်အောင်ပြုလုပ်ပေးတဲ့ ဂီယာရဲ့Output side ပေါ်မှာ ပြောင်းလဲနိုင်တဲ့ အရာတစ်ခုဖြင့် ယာဉ်ကို အကျိုးရှိစွာသုံးနိုင်ဖို့ ပြုလုပ်ထားပါတယ်။ ဒရိုင်ဘာက 4WD လုပ်ထားလျှင် ရှေ့ဘီးရဲ့ စွမ်းအားကို ၅၀ ရာခိုင်နှုန်းသာလျှင် Transfer case က လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ထိုလုပ်ဆောင်မှုသည် လမ်းကြမ်းတွေနဲ့ ချောမွတ်တဲ့ မျက်နှာပြင်တွေထက်မှာ ယာဉ်ကို လေးဘီးလုံးဖြင့် ခိုင်မြဲနေစေပါတယ်။ မောင်းနင်းမှုစွမ်းအားကို ၀င်ရိုး နှစ်ခုသာစီစဉ်ပေးခြင်းရဲ့ ပြဿကတော့ အလွန်ကြမ်းတဲ့မျက်နှာပြင်တွေကိုမောင်းတဲ့အခါ အလွန်အန္တာရယ်များတာ ဖြစ်ပါတယ်။
ယာဉ်တစ်စီးလှည့်ဖို့ဆိုလျှင် အတွင်းဖက် ဘီးတွေက
အခြားဘီးတွေထက် အနည်းငယ်သာလည်ပတ်သင့်ပါတယ်။ လေးဘီးမောင်းကို အသုံးမပြုတဲ့အချိန်ယာဉ်အတွက် မတည်ငြိမ်မှုတွေနဲ့ High wear level ကိုဖန်တီးပါတယ်။ ဒီလိုမဖြစ်စေဖို့ နောက်ထုတ်တဲ့ လေးဘီးမောင်းကားထုတ်လုပ်သူတွေက ဘယ်အမြန်နှုန်းမှာဘဲ ဖြစ်ဖြစ်ဘီးလည်ပတ်မှုကို ကျဆင်းအောင်လုပ်နိုင်တဲ့ ကလပ်တွေကို ထည့်သွင်းကြပါတယ်။ ယာဉ်ကိုလည်း တည်ငြိမ်ပြီး မြဲမြံစေပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ဒီစနစ်တွေသည် တစ်နာရီ မိုင် (၅၀) အောက် မောင်းနှင်တဲ့အခါမှာပဲ ပုံမှန်အသုံးပြုလိုရပါတယ်။
အားသာချက်: ကတ္တရားနည်းတဲ့မျက်နှာပြင်ရှိတဲ့ လမ်းပေါ်ကလမ်းကြမ်းမောင်းနှင်မှုအတွက် ကောင်းပါတယ်။ ခိုင်ခံ့ပြီး အသုံးပြုရတာကောင်းပါတယ်။ ပြင်ဆင်မှုစရိတ်လည်း နည်းပါတယ်။
အားနည်းချက် : ခြောက်သွေ့တဲ့ ကတ္တရားလမ်းတွေပေါ်မှာ အသုံးပြုလိုမရပါဘူး
မတည်ငြိမ်တဲ့ မောင်းနှင်မှုအခြေအနေတွေကို ဖန်တီးပါတယ်။ အသုံးပြုသူအနေနဲ့ ဗဟုသုတရှိရန်လိုအပ်ပါတယ်။
ထိုစနစ်ကို အသုံးပြုနေသော ယာဉ်များ : ဖို့ဒ် ရိုမ်းဂျာ၊ ဂျစ် ၀င်းဂလာ
အချိန်ပြည့် လေးဘီးမောင်းစနစ်
၁၉၇၀ ခုနှစ်မှာ လန်လိုဗာက ပထမဦးဆုံးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုစနစ်တွင် ကလပ်နဲ့ မတူညီတဲ့
ခေတ်မီနည်းပညာဖြင့် အချိန်ပြည့် လေးဘီးမောင်းစနစ်လုပ်ဆောင်မှုကို ပြုလုပ်ထားတာဖြစ်ပါတယ်။ ယနေ့အချိန်တွင် ထိုစနစ်ကို ခေတ်မီ ဇိမ်ခံ Full size SUV တော်တော်များများတွင် ရရှိနိုင်ပြီး ဖြစ်ပါတယ်။
စနစ်အလုပ်လုပ်ပုံ:
Concept ပိုင်းမှာတော့ အချိန်ပိုင်း 4WD နဲ့တူညီပါတယ်။ အချိန်ပြည့် 4WD စနစ်ကို ဂီယာကူးပြောင်းမှုကို လျော့ချပြီး မတူညီအောင်ပြုလုပ်ထားပြီး ဆွဲအားရရှိနိုင်အောင် ဘီးတိုင်းကို စွမ်းအားဆက်လက်ရရှိနိုင်စေဖို့ ယာဉ်ကို ပြုလုပ်ထားတာဖြစ်ပါတယ်။ ထိုစနစ်ကို ယာဉ်ရဲ့ ကွန်ပျူတာ စနစ်ဖြင့် ထိန်းချုပ်တာဖြစ်ပါတယ်။ ပါ၀ါပို့မဲ့နေရာကို ဆုံးဖြတ်ရန်ဘီးအရှိန်ဆင်ဆာကို ဖတ်စေခြင်းဖြင့် ပြုလုပ်ထားပါတယ်။
ပုံမှန်စည်းမျဉ်းအရ ဒီယာဉ်တွေအားလုံးသည် အနောက်ဘီးဆီကို အဓိကကျတဲ့ စွမ်းအားကိုပို့မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့အခါမှ အရှေ့ဝင်ရိုးဆီကို မောင်းနှင်တဲ့စွမ်းအားကို ပို့တာဖြစ်ပါတယ်။ မညီညာမှုမြင့်တဲ့ မျက်နှာပြင်နဲ့ ပတ်သတ်ပြီး ထိုစနစ်သည် ပြဿနာရှိလာတဲ့အခါ ထိုစနစ်သည် မတူညီတဲ့နည်းပညာရဲ့ မတူညီတဲ့ ပုံစံမျိုးဖြင့် ပြုလုပ်ပေးပါတယ်။ ပုံမှန်ကတော့ 4WD လုပ်ဆောင်မှု စနစ်တွေမှာ လမ်းပေါ်တွင် ပိုပြီးအဆင်ပြေပြေသွားလာနိုင်ဖို့အတွက် Slip angle ကိုလုပ်ဆောင်ပေးဖို့ ဘီးတစ်ဘီးချင်းစီမှာ Clutch pack တွေကို ဗဟိုချက်ထားလေ့ရှိပါတယ်။
ဒီ 4WD စနစ်တွေအကြောင်းဆက်လက်ပြောရသော် တကယ့် လမ်းကြမ်းမောင်းကားတော်တော်များများဟာ အများနဲ့မတူတဲ့ center-locking တစ်ခုရှိမှာ ဖြစ်ပါတယ်။ ထိုသို့ပြောင်းနိုင်တဲ့ center-locking သည် အရှေ့နဲ့ အနောက်ဝင်ရိုးကို အတူတကွချိတ်ဆက်မိရန် ပြုလုပ်ပေးပြီး အချိန်တိုင်း စွမ်းအင်ပမာဏကို တူညီစွာရရှိရန် ဘီးဝင်ရိုးတစ်ခုချင်းကို သေချာစေပါတယ်။ဒါဟာ ဘီးချော်မှုဖြစ်ပေါ်နိုင်တဲ့အနေနဲ့ အရှိန်လွန်တဲ့ဖြစ်ရပ်မျိုးတွေမှာ အရမ်းကို အရေးကြီးပြီး အဟုန်သည် မြေကြီးကိုဖြတ်ပြီး ရွေ့လျားလာတာဖြစ်လို့ဖြစ်ပါတယ်။ ထိုသို့သေချာတဲ့လုပ်ဆောင်မှုသည် ဘီးတိုင်းကို တူညီတဲ့စွမ်းအင်ပမာဏကို ရရှိစေ
ပြီး အကောင်းဆုံးကုန်းလမ်းသွားလာနိုင်မှုကို ပြုလုပ်ပေးပါတယ်။
အားသားချက် : ကုန်းလမ်းအတွက် အကောင်းဆုံးစနစ်
စက်ပိုင်းဆိုင်ရာ ခိုင်ခံပြီး ကြာရှည်ခံပါတယ်။ မောင်းနှင်သူအားစိုက်ထုတ်မှုကို သက်သာစေပါတယ်။
အချိန်ပိုင်း 4WD ကားတွေထက်စာလျှင် ပတ်ဝန်းကျင်နဲ့လိုက်ဖက်အောင်ပြုလုပ်နိုင်စွမ်းပိုများပါတယ်။
အားနည်းချက် : ပြန်လည်ပြုပြင်ပြင်ဆင်မှုများပြီး လမ်းကြမ်းတွေမှာရှေ့ကိုသွားတဲ့အခါ မညီမျှမှုတွေ ရှိပါတယ်။ဆီစားများပါတယ်။
ထိုစနစ်သုံးယာဉ်များ : ရိမ်းရိုဗာ၊ လန်လိုဗာ ဒီဖန်ဒါ၊ မားစီးဒီးဗန့်ဇ် ဂျီ ၀က်ဂ်ဂွန်
Microsoft Word – Drive_Sep_16.docx
အချိန်ပြည့် ဘီးအားလုံးမောင်းစနစ်
လောလောဆယ်ရှိနေတဲ့ ဘီးအားလုံးမောင်းနှင်တဲ့စနစ်ကို Audi “Quattro” ကနေမှတွင်ကျယ်လာတာ ဖြစ်ပါတယ်။ နောက်တော့ တစ်ခြားကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ထုတ်တဲ့ကားတွေတိုင်းမှာ ဘီးအားလုံးမောင်းနှင်တဲ့စနစ်ကိုစတင်တပ်ဆင်လာကြပါတယ်။ ထိုစနစ်သည် အထိန်းအကွပ်ပိုတစ်ခုကို လုပ်ဆောင်ပေးပါတယ်။ အန္တာရယ်ကင်းရှင်းမှုကိုလည်း ပိုပြီးအလေးပေးပါတယ်။ဒါကြောင့်လည်း ထိုစနစ်ပါတဲ့ကားတွေဟာ အရောင်းသွက်စေပါတယ်။ ထိုစနစ်တွေကို ယေဘူယျအားဖြင့်တော့ ယာဉ်ရဲ့ရှေ့ဘီးမောင်းနှင်မှု Layout ပေါ်မှာ အခြေခံထားပါတယ်။ ကလပ်နဲ့ ယာဉ်ရဲ့ ကွန်ပျူတာစနစ်ရဲ့အသုံးပြုမှုကနေတစ်ဆင့် အချိန်ပြည့် လေးဘီးလုံးကို ဆက်လက်ကာ စွမ်းအင်တွေကို ပိုပါတယ်။ စနစ်ရဲ့ ဒီဇိုင်းပေါ်မှာမှုတည်ပြီး ၂၀ ရာခိုင်နှုန်းကနေ ငါးဆယ်ရာခိုင်နှုန်းထိနှုန်းတစ်ခုခုဖြစ်တဲ့ စွမ်းအင်ရာခိုင်နှုန်းကို အနောက်ဘီးဆီသို့ ပို့ပါတယ်။
စနစ်အလုပ်လုပ်ပုံ :
ဘီးအားလုံးမောင်းနှင်တဲ့စနစ်သည် ကလပ်နဲ့ limited slip differentials ကိုကားရဲ့မောင်းနှင်တဲ့စနစ်ကနေတစ်ဆင့် ဘီးတွေအားလုံးဆီသို့ တည်ငြိမ်တဲ့စွမ်းအင်လက်ခံရရှိစေဖို့ ပြုလုပ်ထားတာဖြစ်ပါတယ်။ လေးဘီးမောင်းစနစ် (4WD)တွေနဲ့မတူဘဲ ဘီးအားလုံးမောင်းနှင်တဲ့စနစ်ရှိတဲ့ယာဉ်သည် မညီညာမှုများတဲ့မျက်နှာပြင်ရှိတဲ့လမ်းများနဲ့ အနည်းငယ်ကြမ်းတဲ့လမ်းတွေမောင်းနှင်တဲ့အခါ မတူညီတဲ့နှုန်းများတွင် ဘီးကိုလည်ပတ်စေဖို့ ကလပ် Slip ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ထိုစနစ်သည် လမ်းတွေပေါ်မှာ ရာသီဥတုဆိုးတွေနဲ့ကြံုတဲ့အခါ ဆက်စပ်မှုမရှိဘဲ ချက်ချင်း ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခုကို ပြုလုပ်ပေးပါတယ်။
ဘီးအားလုံးမောင်းနှင်တဲ့စနစ်ရဲ့အားနည်းချက်ကတော့ လမ်းအရမ်းကြမ်းတဲ့ အခြေအနေတွေမှာ ကောင်းမွန်စွာ မောင်းနှင်လို့မရနိုင်တာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စွမ်းအင်ကို အချိန်တိုင်း ဘီးတွေဆီကို ပို့နေလို့ဖြစ်ပါတယ်။ ဘီးအားလုံးမောင်းနှင်တဲ့စနစ်တွင် ကြမ်းတမ်းတဲ့လမ်းအခြေအနေတွေကို ကြံုရတဲ့အခါ တည်ငြိမ်တဲ့ ဘီးလှည့်ပတ်မှုကို လုပ်ဆောင်ပေးတဲ့ locking differentials မရှိပါဘူး။ ထိုစနစ်သည် ဘီးတွေကို Free လည်ပတ်စေမဲ့ စွမ်းအင်ကို ဖြတ်ပစ်ပြီး ဆွဲအားနှင့်အတူဘီးတွေကို ပို့ပေးရမဲ့အစား ဖြစ်ပါတယ်။
ဘီးသည် ကတ္တရားလမ်းကို Free လည်ပတ်ခြင်းဖြင့် နောက်ထပ်ထိမိသည့်အချိန် ယာဉ်ရဲ့ရွေ့လျားမှုကို သယ်ဆောင်ရန် လည်ပတ်ဖြင့်လုံးဝမရှိဘဲ ကပ်ပြီးပိတ်မိနေပါတယ်။ ဘီးအားလုံးမောင်းစနစ်ကို ယနေ့အချိန်မှာ အသုံးဝင်မှုကို အဓိကထားရမဲ့အစား ကားတိုင်းလိုလိုမှာ ( သို့) လမ်းကြမ်းတွေမှာ အသုံးပြုမှုအတွက် ဒီဇိုင်းထုတ်ထားတာမဟုတ်တဲ့ SUV အသေးစားတွေ မှာ တပ်ဆင်ထားလိုသာဖြစ်ပါတယ်။
အားသာချက် : နည်းပညာကိုတော့ ကားမောင်းသူတွေ သြချလောက်ပါတယ်။ ခရီးအရမ်းထွက်တာတွေမှလွဲပြီး အခြေအနေတိုင်းမှာ ကောင်းမွန်လှတဲ့ မြဲဲမြံမှုကို စီစဉ်ပေးပါတယ်။ ယာဉ်အသစ်တွေကိုကောင်းကောင်းယှဉ်နိုင်ပါတယ်။
အားနည်းချက် : ခရီးအလွန်အကျွံထွက်တာမျိုးတွေမရပါဘူး။ ပြင်ဆင်မှုစရိတ်များပါတယ်။ဆီစားများပါတယ်။
ယာဉ်ဘီးအုံးအတွက် နေရာအရမ်းစားပါတယ်။
ထိုစနစ်သုံးယာဉ်များ : အော်ဒီ ကွတ်ထရို၊ ဟွန်ဒါ စီအာဗီ၊ ဆုဗာရု ဆမ်မတ်ထရီကယ် AWD ၊ ဘီအမ်ဒဗလျူ အိတ်ချ် ဒရိုင်တ်
Microsoft Word – Drive_Sep_16.docx
ဒီတော့ ဘယ်စနစ်က အကောင်းဆုံးပါလဲခင်ဗျာ။ ? ဒါကတော့ မိတ်ဆွေတို့ရဲ့ လိုအပ်မှုပေါ်မှုတည်မှာပေါ့။ Off road မောင်းနှင်မှုတွေ အရမ်းမသုံးဘူးဆိုတဲ့ ပုံမှန်လူတစ်ယောက်အတွက်ကတော့ AWD က အရမ်းကိုကောင်းမွန်တဲ့ အဆင်ပြေမှုတစ်ရပ်ကို ပေးပြီး ကားမောင်းနှင်တဲ ယုံကြည်မှုကို တိုးတက်စေပါတယ်။ ကျွန်တော်ကို center locking diff ပါတဲ့ 4WD ကားတစ်စီးသာပေးပြီး အနီးဆုံးက Off road လမ်းတစ်ခုကိုသာညွှန်းပါတော့ဗျာ။ အကောင်းဆုံးပဲပေါ့။
Tyre = တာယာ
Transmission = ဂီယာ
Transfer Case =
Differential = အင်ဂျင်ရဲ့ လိမ်အားကိုခွဲပေးတဲ့ကရိယာ။ အမြန်နှုန်းအမျိုးမျိုးတွင်ဘီးလှည့်စေဖို့ ထုတ်ပေးတဲ့ပမာဏကိုခွင့်ပြုပေးတဲ့ ကရိယာ
Drive Wheels = ဘီးများကို မောင်းနှင်သည်
4WD when required = လိုအပ်တဲ့အခါ လေးဘီးမောင်းစနစ်
Reduction Gear = ဂီယာလျော့ခြင်း
Driveline Clutch Pack = ကလပ်အပြားဖြင့် မောင်းနှင်တဲ့စနစ်
Locking Differential = အင်ဂျင်ရဲ့ လိမ်အားကိုခွဲပေးတဲ့ကရိယာကို ပိတ်ထားခြင်းMicrosoft Word – Drive_Sep_16.docx
Zawgyi version…
နည်းပညာ
စနစ်အလုပ်လုပ်ပုံ:
စနစ်အလုပ်လုပ်ပုံ :
ထိုစနစ်သုံးယာဉ်များ : အော်ဒီ ကွတ်ထရို၊ ဟွန်ဒါ စီအာဗီ၊ ဆုဗာရု ဆမ်မတ်ထရီကယ် AWD ၊ ဘီအမ်ဒဗလျူ အိတ်ခ်ျ  ဒရိုင်တ်
Tyre = တာယာ
Transmission = ဂီယာ
Transfer Case =