Unicode version..

ရိုးရိုးအင်ဂျင်ဝိုင် နှင့် ဓာတုဗေဒဆင်သက်တစ် အင်ဂျင်ဝိုင်အင်ဂျင်ဝိုင်ခေါ် ချောဆီသည်အင်ဂျင် တစ်လုံး လည်ပတ်မှုတွင်

မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။ အင်ဂျင်ဝိုင် လျော့နည်းသွားပါက အင်ဂျင်အတွင်း အစိတ်အပိုင်းများသို့ အင်ဂျင်ဝိုင် မရောက်၍ အင်ဂျင်ပျက်စီး သွားနိုင်သည်။မော်တော်ယာဉ်တိုင်းအတွက် Mo-tor Oil (ခေါ်) အင်ဂျင်ဝို်င်သည်အသက် သွေးကြောဖြစ်သည်။ မှန်ကန်သော အင်ဂျင်ဝိုင်ကို ရွေးချယ်သုံးစွဲပါမှ အင်ဂျင်သက်တမ်း ရှည်ပါမည်။

စျေးကွက်ထဲတွင် အင်ဂျင်ဝိုင်ကုန်အမှတ်တံဆိပ် အမျိုးစုံ ရောင်းချနေကြသည်။ မိမိတို့ အင်ဂျင်ဝိုင်သည် အရည်အသွေး မည်မျှကောင်းကြောင်း အလွန် အမင်းညွန်းဆို၍ ကြော်ငြာကြ သည်။မားကတ်တင်း (Marketing) သဘောအရ မည်သည့် ထုတ်ကုန်ပစ္စည်းမဆို အရည်အသွေး အကောင်းဆုံး ဖြစ်သည်ဟု ကြောငြာကြသည်။ ထိုပစ္စည်းသည် ကြောငြာသည့်အတိုင်း အမှန် တကယ်ကောင်းနေပါသလား။ ကြော်ငြာသည် ကြော်ညာ ဖြစ်နေပါသလား။

စားသုံးသူများက စဉ်းစား ချင့်ချိန်၍ရွေးချယ်ဝယ်ယူရမည်။ကုန်ပစ္စည်း တစ်ခုသည် စျေးကွက်နေရာ တစ်ခုရ၍ စားသုံးသူ

များကလည်း အမှန်တကယ် နှစ်သက်ကြ၍ နာမည် ကျော်ကြားလာခြင်းသည် လုပ်ကြံ ဖန်တီး၍မရပါ။ အရည်အသွေး စစ်မှန်၍စားသုံးသူ မျှော်လင့်ထားသောအကျိုးရလဒ်ကို ပေးစွမ်း နိုင်၍သာထိုကုန်ပစ္စည်းသည် စျေးကွက်ထိုးဖောက် နိုင်ခြင်း၊ အောင်မြင်ကျော်ကြားခြင်း ဖြစ်သည်။ အချို့ကုန်ပစ္စည်း များသည် ကြောငြာအားကို မသုံးပါ။ ထုတ်လုပ်ထား သော ကုန်ပစ္စည်း၏ အရည်အသွေးအဆင့်အတန်း မြင့်မားမှု ကိုသာအစဉ် ထိန်းသိမ်းထား ပါသည်။အရည်အသွေး ကောင်းမွန်၍ ယုံကြည်စိတ်ချရလျှင် စားသူ ကျေနပ်သည်။ ချီးမွမ်းသည်။ ထို့နောက်အခမဲ့ကြော်ငြာ ပေးသည်။ စားသုံးသူတိုင်း၏ ယုံကြည် ထောက်ခံမှုရခြင်းသည် ငွေကုန်ကြေးကျ ခံ၍ကြော်ငြာခြင်းထက် ပို၍ ထိရောက်ပါသည်။

ကားပစ္စည်း စျေးကွက်တွင် အင်ဂျင်ဝိုင်အမျိုးမျိုးရှိသည်။ နိုင်ငံ မျိုးစုံမှ တံဆိပ် မျိုးစုံလာသည်။ ရိုးရိုးအင်ဂျင်ဝိုင်၊ မာတီဂရိတ် အင်ဂျင်ဝိုင်၊ Semi Synthetic, Fully Syn-thetic အင်ဂျင်ဝိုင်ဟူ၍ တံဆိပ်အမျိုးမျိုး စျေးအမျိုးမျိုး ရှိသည်။

အတွေ့ အကြုံရှိသော ယာဉ်ပိုင်ရှင်များသည် မိမိကား အတွက်သင့်တော်သောအင်ဂျင်ဝိုင်ကို ရွေးချယ်နိုင်ကြသည်။ အချို့သော ယာဉ်ပိုင်ရှင်များသည် အတွေ့ အကြံုမရှိ၊ အင်ဂျင်ဝိုင် အကြောင်းကိုနားမလည်ပါ။ မိမိကားအတွက်မည်သည့် အင်ဂျင်ဝိုင်ကို ရွေးချယ်ရမည်ကို မဆုံးဖြတ်နိုင် ဖြစ်တတ်ပါသည်။ရိုးရိုးအင်ဂျင်ဝိုင် ချောဆီိ ဆိုသည်မှာ ရေနံစိမ်းကို အခြေခံ ၍ချက်လုပ်ထားသော သာမန် ချောဆီဖြစ်ပါသည်။ အင်ဂျင်ဝိုင်၏ စေးပျစ်မှု (Viscosity) ကို SAE နံပါတ်ဖြင့်ဖော်ပြသည်။ SAE သည် (So-ciety of Automotive Engineer)မော်တော်ယာဉ် အင်ဂျင် နီဟာအသင်းမှ သတ်မှတ်သော အတိုကောက်စကားလုံး ဖြစ်သည်။ချောဆီတစ်ခု၏ စေးပျစ်မှုဆိုသည်မှာထိုအရည်၏စီးဆင်းမှုကိုအဟန့်အတား ဖြစ်စေသော စွမ်းရည်ဖြစ်သည်။ အင်ဂျင်ဝိုင် ချောဆီ တို့၏ သဘာဝသည် အပူချိန်မြင့်မားလျှင် ဆီကျဲသွားပြီး စီးဆင်းမှုမြန်သည်။ အင်ဂျင် အေးသွားလျှင်ဆီပျစ်သွားပြီး စီးဆင်းမှု နှေးကွေးသွားသည်။ ထို့ကြောင့် SAE30 ဆီထက် SAE 40 ဆီကပိုမိုပျစ်ချွဲပြီး ဆီသားပိုထူ သည်။SAE နံပါတ်မြင့်လေ ချောဆီပို၍ပျစ်လေဖြစ်သည်။ ဂီယာဝိုင် များသည် SAE 90 မှ SAE 140 အထိရှိသည်။ရိုးရိုးအင်ဂျင်ဝိုင်များ၏ စေးပျစ်မှုတန်ဖိုးကို SAE 20, SAE 30,SAE 40 ဟုုဖော်ပြသည်။ အင်ဂျင်ဝိုင်ချောဆီကို ရေနံစိမ်းမှ အခြေခံထုတ်လုပ်ထား သော်လည်း ဓာတုဒြပ်ပေါင်းပစ္စည်းများ ရောစပ်၍ ပိုမိုကောင်းမွန်အောင် ပြုပြင် ထားသော အင်ဂျင်ဝို်င်ကို Multi GradeMotor Oil ဟုခေါ်သည်။ 10W-30,15W-40, 20W-40 စသည်ဖြင့်ဖော်ပြသည်။ “W” စာလုံးမှာ Win-ter ၏ အဓိပ္ပယ်ဖြစ်သည်။ အလွန်အေးသော ဒေသများတွင် အပူချိန်သည် ရေခဲအမှတ်အောက် ကျဆင်းနိုင်သည်။ ရိုးရိုး အင်ဂျင်ဝိုင်များသည် အအေးဓာတ် လွန်ကဲသောဒေသများရှိ ကားအင်ဂျင်များတွင်သုံးစွဲ၍မရပါ။ အင်ဂျင်ဝိုင်များခဲနေ၍ဖြစ်ပါသည်။ ရာသီဥတုပြင်းထန်သော အအေးလွန် ဒေသများတွင် Synthetic ဓာတုဗေဒ အင်ဂျင်ဝိုင်ကိုသာသုံးရပါသည်။Synthetic Motor Oil သည်အရည် အသွေး ကောင်းသည်။စျေးကြီးသည်။ Synthetic MotorOil ဆိိုတာဘာလဲ။ ရိုးရိုးအင်ဂျင်ဝိုင်နှင့် မည်သို့ကွဲပြားခြား နေသနည်း။ အဘယ်ကြောင့် Syn-thetic Motor သုံးသင့်သနည်း။Synthetic Motor Oil သည် ဓာတ်ပေါင်းများကို အခြေခံ ပြီး ဓာတုအင်ဂျင်နီယာ နည်းစနစ်များဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ရိုးရိုးအင်ဂျင်ဝိုင် များ၏Base Oil မှာ ရေနံစိမ်းကို အခြေခံသည်။ Synthetic Oil သည်မီသိုင်း (Methane)၊ ကာဗွန်နိုက်အောက်ဆိုက် စသော ဓာတုအခြေခံ (Chemical Base) ကုန်ကြမ်းများနှင့် ဒြပ်ပေါင်း ပစ္စည်းများများကို အခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။Synthetic Motor Oil ချောဆီတွင် ပါဝင်ဖွဲ့စည်းထားသော Ch-mical Bases များမှာ-

– Alkylated Aromatice

– Olefin Polylmers

– Dibasic Acid Esters

– Neopentyl Poly Esters

– Poly Glycols

– Phosphate Esters

– Silicones

– Silicate Esters

– Fluoro Carbons

– Poly Phenyl Ethers တို့ဖြစ်သည်။Synthetic Engine Oil သည်တွင်းထွက် ရေနံစိမ်းများကို အခြေမခံဘဲ ဓာတုဓာတ်ပေါင်း ပစ္စည်းနှင့်သာ ထုတ်လုပ်ထားသဖြင့် ရိုးရိုးအင်ဂျင်ဝိုင်များထက် အပူချိန် အတက်အကျ အစွန်း ရောက်သောအခြေအနေတွင် အရည် အသွေးမကျဘဲ ချောဆီ၏ တာဝန်များကို ထမ်းဆောင်ပေး နိုင်သည်။ရေနံစိမ်းတွင် ဒြပ်ပေါင်းမော်လီကျူးများစွာ ပါဝင်သည်။ အချို့သော ဒြပ်ပေါင်းများသည် ချောဆီ၏ ရုပ်ဂုဏ်သတ္တိ၊ အရည်အသွေးကို ထိခိုက်ကျဆင်းစေသည်။ ပါရာဖင်နစ် ဖယောင်းများသည် ချောဆီ၏ အရည်အသွေးကို ကျဆင်းစေသည်။ ရေနံစိမ်းတွင် ပါဝင်သော ဟိုက်ဒြို ကာဗွန် (Hydrocarbon)မော်လီကျူးများ ဖွဲ့စည်းမှု သည်တစ်သတ်မတ်တည်း ညီညာမှု မရှိပါ။ Chemical Engineeringနည်းစနစ်များဖြင့် ပြုလုပ် ဖန်တီးထားသော Synthetic Oil များတွင် Paraffinnic Wax ဖယောင်းများကဲ့သို့ ချောဆီကို အနှောင့်အယှက်ဖြစ်စေသော ဓာတုု အညစ်အကြေးများမပါဝင်ပါ။

ရေနံကို အခြေခံထုတ်လုပ်ထားသော ရိုးရိုးအင်ဂျင်ဝိုင် များသည်အပူချိန်မြင့် တက်လာပါက စေးပျစ်မှု အရည်အသွေး ကျဆင်းသွားပြီးဆောင်းရာသီ အလွန် အေးသောဒေသများတွင် အေးခဲ သွားတတ်သည်။ Synthetic Motor Oilများ၏ ထူးခြားသော ဂုဏ်သတ္တိမှာအအေးဓာတ် လွန်ကဲ နေသော်လည်း ဆီများပျစ်ခဲမသွားဘဲ အင်ဂျင် အပူချိန်မြင့်လျှင်လည်း ချောဆီစေးပျစ်မှုမှာ ကျဲမသွားသည့် အပြင်ပိုမိုပျစ်လာသည်ကိုတွေ့ရသည်။ထို့ကြောင့် Synthetic အင်ဂျင်ဝိုင်သုံးကားများ၏ အင်ဂျင် သကတမ်းသည် ပို၍ ကြာရှည်ခံသည်။လေယာဉ်အင်ဂျင် များတွင် အရည်အသွေး ကောင်းသော SyntheticEngine Oil ကိုသာသုံးကြပါသည်။Synthetic Oil တွင် Semi-Synthetic Oil နှင့် Fully Synth-etic Oil ဟူ၍ နှစ်မျိုးရှိသည်။တွင်းထွက် ချောဆီ ( Mineral Oil)နှင့် Synthetic Oil (၃ဝ) ရာခိုင်နှုန်း ရောစပ်ထားသော ချောဆီကိုSemi-Synthetic Oil ဟုခေါ်သည်။ရိုးရိုးချောဆီနှင့် ရောနှောသုံးသဖြင့်ကုန်ကျစရိတ် သက်သာ သည်။Synthetic Motor Oil ၏အားသာချက်များ– မြင့်မားသော အပူချိန်နှင့်အလွန်အေးခဲသော အအေး ဒဏ် တို့တွင်ချောဆီ၏ ဂုဏ်သတ္တိ နှင့်စေးပျစ်မှုများ မပြောင်းလဲဘဲ စွမ်းဆောင်နိုင်သည်။ (သာမန်ဆီများထိုကဲ့သို့ အရည်အသွေး မရှိ။)- သာမန် ချောဆီများထက်အငွေ့ပျံဆုံးရှုံးမှု နည်းပါး သည်။ကြာကြာ အသုံးခံသည်။ (သာမန်ချောဆီများ အပူချိန် မြင့်လျှင်အငွေ့ပျံံ၍ ဆီလျော့နည်း သွားသည်။)

– Oxidation ခုခံမှုအားကောင်းံ၍ ချောဆီ အနှယ်အနှစ် ကျခြင်းမရှိ။ ဆီပါးလွှာ (Oil Film) ၏ခံနိုင်အား (Strength) မြင့်မားပြီး စက်အစိတ်အပိုင်းများ ပွန်းစားမှုမရှိ၍ သက်တမ်း ရှည်သည်။ ချောဆီ လဲလှယ်ပေးရသောသက်တမ်း (Oil Drain Intervals)မြင့်မား၍ အင်ဂျင် သက်တမ်းတာရှည်ခံသည်။Synthetic Motor Oilများသည်အမေရိကန် API (Amer-can Petroleum Institue) ၏အသိအမှတ်ပြု အရည် အသွေးမြင့်ချောဆီများ ဖြစ်၍ ယုံကြည်စိတ်ချရသော ချောဆီများ ဖြစ်သည်။ API အဖွဲ့အစည်းသည်ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းစု အားလုံး၌ သြဇာအာဏာရှိသောအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ကမ္ဘာ့ချောဆီ စက်ဆီလုပ်ငန်းများမှ ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ထောက်ခံချက်ကို API တွင် အစစ်ဆေးခံပြီးမှ ရရှိပါသည်။ API ၏ အင်ဂျင်ဝိုင် အစီအစဉ်တွင် အမေရိကန်ကား ကုမ္ပဏီများဖြစ်သော Ford,GM, Chrysler နှင့် ဂျပန်ကားထုတ်လုပ်သူများ အသင်း လည်းပူးပေါင်းပါဝင်ထားသည်။ဓာတ်ဆီ နှင့် ဒီဇယ်ပေါက်ကွဲလောင်ကျွမ်းပုံချင်း မတူ၍ အင်ဂျင်ဝိုင်ကိုလည်း ခွဲခြား ထုတ်လုပ်ထားသည်။ ဓာတ်ဆီကားများ အတွက်API ၏ သတ်မှတ်ချက်မှာ ‘S’ ကိုသုံးသည်။ API SF, API SM,API SD ဟူ၍ အမျိုးအစား ခွဲခြားထားသည်။ ဒီဇယ် ကားအတွက်‘C’ စကားလုံးကို သုံးပြီး API CF,API CI ဟူ၍ဖော်ပြသည်။မော်တော်ယာဉ် ထုတ်လုပ်သူများကလည်း ပိုင်ရှင်လက်စွဲစာအုပ်တွင်သုံးစွဲရမည့် အင်ဂျင်ဝိုင်အတန်းအစားနှင့် ဆီသစ်လဲလှယ် ပေးရမည့် ခရီးမိုင်များကို ဖော်ပြထားပါသည်။ Synthetic Motor Oilများကို သုံးစွဲ၍ သင်၏ တန်ဖိုးကြီးမားသောကား အင်ဂျင်ကို စောင့်ရှောက်ထိန်းသိမ်းပါ။

ဆရာ KMA ( သိပ္ပံနှင့် နည်းပညာ)

12.10.2016

Speciality lubricants from Klüber Lubrication are as varied as chain drive designs

Zawgyi version…

ရိုးရိုးအင္ဂ်င္ဝိုင္ ႏွင့္ ဓာတုေဗဒဆင္သက္တစ္ အင္ဂ်င္ဝိုင္အင္ဂ်င္ဝိုင္ေခၚ ေခ်ာဆီသည္အင္ဂ်င္ တစ္လံုး လည္ပတ္မႈတြင္

မရွိမျဖစ္ လိုအပ္ေသာ အရာျဖစ္သည္။ အင္ဂ်င္ဝိုင္ ေလ်ာ့နည္းသြားပါက အင္ဂ်င္အတြင္း အစိတ္အပိုင္းမ်ားသို႔ အင္ဂ်င္ဝိုင္ မေရာက္၍  အင္ဂ်င္ပ်က္စီး သြားႏိုင္သည္။ေမာ္ေတာ္ယာဥ္တိုင္းအတြက္ Mo-tor Oil (ေခၚ) အင္ဂ်င္ဝို္င္သည္အသက္ ေသြးေၾကာျဖစ္သည္။ မွန္ကန္ေသာ အင္ဂ်င္ဝိုင္ကို ေရြးခ်ယ္သံုးစဲြပါမွ အင္ဂ်င္သက္တမ္း ရွည္ပါမည္။

ေစ်းကြက္ထဲတြင္ အင္ဂ်င္ဝိုင္ကုန္အမွတ္တံဆိပ္ အမ်ဳိးစံု ေရာင္းခ်ေနၾကသည္။ မိမိတို႔ အင္ဂ်င္ဝိုင္သည္ အရည္အေသြး မည္မွ်ေကာင္းေၾကာင္း အလြန္ အမင္းၫြန္းဆို၍ ေၾကာ္ျငာၾက သည္။မားကတ္တင္း (Marketing) သေဘာအရ မည္သည့္ ထုတ္ကုန္ပစၥည္းမဆို အရည္အေသြး အေကာင္းဆံုး ျဖစ္သည္ဟု ေၾကာျငာၾကသည္။ ထုိပစၥည္းသည္ ေၾကာျငာသည့္အတိုင္း အမွန္ တကယ္ေကာင္းေနပါသလား။ ေၾကာ္ျငာသည္ ေၾကာ္ညာ ျဖစ္ေနပါသလား။

စားသံုးသူမ်ားက စဥ္းစား ခ်င့္ခ်ိန္၍ေရြးခ်ယ္ဝယ္ယူရမည္။ကုန္ပစၥည္း တစ္ခုသည္ ေစ်းကြက္ေနရာ တစ္ခုရ၍ စားသံုးသူ

မ်ားကလည္း အမွန္တကယ္ ႏွစ္သက္ၾက၍ နာမည္ ေက်ာ္ၾကားလာျခင္းသည္ လုပ္ႀကံ ဖန္တီး၍မရပါ။ အရည္အေသြး စစ္မွန္၍စားသံုးသူ ေမွ်ာ္လင့္ထားေသာအက်ဳိးရလဒ္ကို ေပးစြမ္း ႏိုင္၍သာထုိကုန္ပစၥည္းသည္ ေစ်းကြက္ထုိးေဖာက္ ႏိုင္ျခင္း၊ ေအာင္ျမင္ေက်ာ္ၾကားျခင္း ျဖစ္သည္။ အခ်ိဳ႕ကုန္ပစၥည္း မ်ားသည္ ေၾကာျငာအားကို မသံုးပါ။ ထုတ္လုပ္ထား ေသာ ကုန္ပစၥည္း၏ အရည္အေသြးအဆင့္အတန္း ျမင့္မားမႈ ကိုသာအစဥ္ ထိန္းသိမ္းထား ပါသည္။အရည္အေသြး ေကာင္းမြန္၍   ယံုၾကည္စိတ္ခ်ရလွ်င္ စားသူ ေက်နပ္သည္။ ခ်ီးမြမ္းသည္။ ထုိ႔ေနာက္အခမ့ဲေၾကာ္ျငာ ေပးသည္။ စားသံုးသူတိုင္း၏ ယံုၾကည္ ေထာက္ခံမႈရျခင္းသည္ ေငြကုန္ေၾကးက် ခံ၍ေၾကာ္ျငာျခင္းထက္ ပို၍  ထိေရာက္ပါသည္။

ကားပစၥည္း ေစ်းကြက္တြင္ အင္ဂ်င္ဝိုင္အမ်ိဳးမ်ဳိးရွိသည္။ ႏိုင္ငံ မ်ိဳးစံုမွ တံဆိပ္ မ်ဳိးစံုလာသည္။ ရိုးရိုးအင္ဂ်င္ဝိုင္၊ မာတီဂရိတ္ အင္ဂ်င္ဝိုင္၊ Semi Synthetic, Fully Syn-thetic အင္ဂ်င္ဝိုင္ဟူ၍   တံဆိပ္အမ်ဳိးမ်ိဳး ေစ်းအမ်ိဳးမ်ိဳး ရွိသည္။

အေတြ႕ အႀကံဳရွိေသာ ယာဥ္ပိုင္ရွင္မ်ားသည္ မိမိကား အတြက္သင့္ေတာ္ေသာအင္ဂ်င္ဝိုင္ကို ေရြးခ်ယ္ႏိုင္ၾကသည္။ အခ်ိဳ႕ေသာ ယာဥ္ပိုင္ရွင္မ်ားသည္ အေတြ႕ အႀကံဳမရွိ၊ အင္ဂ်င္ဝိုင္ အေၾကာင္းကိုနားမလည္ပါ။  မိမိကားအတြက္မည္သည့္ အင္ဂ်င္ဝိုင္ကုိ ေရြးခ်ယ္ရမည္ကို မဆံုးျဖတ္ႏိုင္ ျဖစ္တတ္ပါသည္။ရိုးရိုးအင္ဂ်င္ဝိုင္ ေခ်ာဆီိ ဆိုသည္မွာ ေရနံစိမ္းကို အေျခခံ ၍ခ်က္လုပ္ထားေသာ သာမန္ ေခ်ာဆီျဖစ္ပါသည္။ အင္ဂ်င္ဝိုင္၏ ေစးပ်စ္မႈ (Viscosity) ကို SAE နံပါတ္ျဖင့္ေဖာ္ျပသည္။ SAE သည္ (So-ciety of Automotive Engineer)ေမာ္ေတာ္ယာဥ္ အင္ဂ်င္ နီဟာအသင္းမွ သတ္မွတ္ေသာ အတိုေကာက္စကားလံုး ျဖစ္သည္။ေခ်ာဆီတစ္ခု၏ ေစးပ်စ္မႈဆိုသည္မွာထုိအရည္၏စီးဆင္းမႈကိုအဟန္႕အတား ျဖစ္ေစေသာ စြမ္းရည္ျဖစ္သည္။ အင္ဂ်င္ဝိုင္ ေခ်ာဆီ တို႔၏ သဘာဝသည္ အပူခ်ိန္ျမင့္မားလွ်င္ ဆီက်ဲသြားၿပီး စီးဆင္းမႈျမန္သည္။ အင္ဂ်င္ ေအးသြားလွ်င္ဆီပ်စ္သြားၿပီး စီးဆင္းမႈ ေႏွးေကြးသြားသည္။ ထုိ႕ေၾကာင့္ SAE30 ဆီထက္ SAE 40 ဆီကပိုမိုပ်စ္ခြၽဲၿပီး ဆီသားပိုထူ သည္။SAE နံပါတ္ျမင့္ေလ ေခ်ာဆီပို၍ပ်စ္ေလျဖစ္သည္။ ဂီယာဝိုင္ မ်ားသည္ SAE 90 မွ SAE 140 အထိရွိသည္။ရိုးရိုးအင္ဂ်င္ဝိုင္မ်ား၏ ေစးပ်စ္မႈတန္ဖိုးကို SAE 20, SAE 30,SAE 40 ဟုုေဖာ္ျပသည္။ အင္ဂ်င္ဝိုင္ေခ်ာဆီကို ေရနံစိမ္းမွ အေျခခံထုတ္လုပ္ထား ေသာ္လည္း ဓာတုျဒပ္ေပါင္းပစၥည္းမ်ား ေရာစပ္၍ ပိုမိုေကာင္းမြန္ေအာင္ ျပဳျပင္ ထားေသာ အင္ဂ်င္ဝို္င္ကို Multi GradeMotor Oil ဟုေခၚသည္။ 10W-30,15W-40, 20W-40 စသည္ျဖင့္ေဖာ္ျပသည္။ “W” စာလံုးမွာ Win-ter ၏ အဓိပၸယ္ျဖစ္သည္။ အလြန္ေအးေသာ ေဒသမ်ားတြင္ အပူခ်ိန္သည္ ေရခဲအမွတ္ေအာက္ က်ဆင္းႏိုင္သည္။ ရိုးရိုး အင္ဂ်င္ဝိုင္မ်ားသည္ အေအးဓာတ္ လြန္ကဲေသာေဒသမ်ားရွိ ကားအင္ဂ်င္မ်ားတြင္သံုးစဲြ၍မရပါ။ အင္ဂ်င္ဝိုင္မ်ားခဲေန၍ျဖစ္ပါသည္။ ရာသီဥတုျပင္းထန္ေသာ အေအးလြန္ ေဒသမ်ားတြင္ Synthetic ဓာတုေဗဒ အင္ဂ်င္ဝိုင္ကိုသာသံုးရပါသည္။Synthetic Motor Oil သည္အရည္ အေသြး ေကာင္းသည္။ေစ်းႀကီးသည္။ Synthetic MotorOil ဆိုိတာဘာလဲ။ ရိုးရိုးအင္ဂ်င္ဝိုင္ႏွင့္ မည္သို႔ကဲြျပားျခား ေနသနည္း။ အဘယ္ေၾကာင့္ Syn-thetic Motor သံုးသင့္သနည္း။Synthetic Motor Oil သည္ ဓာတ္ေပါင္းမ်ားကို အေျခခံ ၿပီး ဓာတုအင္ဂ်င္နီယာ နည္းစနစ္မ်ားျဖင့္ ထုတ္လုပ္ထားျခင္း ျဖစ္သည္။ ရိုးရိုးအင္ဂ်င္ဝိုင္ မ်ား၏Base Oil မွာ ေရနံစိမ္းကုိ အေျခခံသည္။ Synthetic Oil သည္မီသိုင္း (Methane)၊ ကာဗြန္ႏိုက္ေအာက္ဆိုက္ စေသာ ဓာတုအေျခခံ  (Chemical Base) ကုန္ၾကမ္းမ်ားႏွင့္ ျဒပ္ေပါင္း ပစၥည္းမ်ားမ်ားကို အေျခခံ၍ ထုတ္လုပ္ထားျခင္းျဖစ္သည္။Synthetic Motor Oil ေခ်ာဆီတြင္ ပါဝင္ဖဲြ႕စည္းထားေသာ Ch-mical Bases မ်ားမွာ-

– Alkylated Aromatice

– Olefin Polylmers

– Dibasic Acid Esters

– Neopentyl Poly Esters

– Poly Glycols

– Phosphate Esters

– Silicones

– Silicate Esters

– Fluoro Carbons

– Poly Phenyl Ethers တို႔ျဖစ္သည္။Synthetic Engine Oil သည္တြင္းထြက္ ေရနံစိမ္းမ်ားကို အေျခမခံဘဲ ဓာတုဓာတ္ေပါင္း ပစၥည္းႏွင့္သာ ထုတ္လုပ္ထားသျဖင့္ ရိုးရိုးအင္ဂ်င္ဝိုင္မ်ားထက္ အပူခ်ိန္ အတက္အက် အစြန္း ေရာက္ေသာအေျခအေနတြင္ အရည္ အေသြးမက်ဘဲ ေခ်ာဆီ၏ တာဝန္မ်ားကို ထမ္းေဆာင္ေပး ႏိုင္သည္။ေရနံစိမ္းတြင္ ျဒပ္ေပါင္းေမာ္လီက်ဴးမ်ားစြာ ပါဝင္သည္။ အခ်ဳိ႕ေသာ ျဒပ္ေပါင္းမ်ားသည္ ေခ်ာဆီ၏ ရုပ္ဂုဏ္သတၱိ၊ အရည္အေသြးကို ထိခိုက္က်ဆင္းေစသည္။ ပါရာဖင္နစ္ ဖေယာင္းမ်ားသည္ ေခ်ာဆီ၏ အရည္အေသြးကို က်ဆင္းေစသည္။ ေရနံစိမ္းတြင္ ပါဝင္ေသာ ဟိုက္ၿဒိဳ ကာဗြန္ (Hydrocarbon)ေမာ္လီက်ဴးမ်ား ဖဲြ႕စည္းမႈ သည္တစ္သတ္မတ္တည္း ညီညာမႈ မရွိပါ။ Chemical Engineeringနည္းစနစ္မ်ားျဖင့္ ျပဳလုပ္ ဖန္တီးထားေသာ Synthetic Oil မ်ားတြင္ Paraffinnic Wax ဖေယာင္းမ်ားကဲ့သို႔ ေခ်ာဆီကို အေႏွာင့္အယွက္ျဖစ္ေစေသာ ဓာတုု အညစ္အေၾကးမ်ားမပါဝင္ပါ။

ေရနံကို အေျခခံထုတ္လုပ္ထားေသာ ရိုးရိုးအင္ဂ်င္ဝိုင္ မ်ားသည္အပူခ်ိန္ျမင့္ တက္လာပါက ေစးပ်စ္မႈ အရည္အေသြး က်ဆင္းသြားၿပီးေဆာင္းရာသီ အလြန္ ေအးေသာေဒသမ်ားတြင္ ေအးခဲ သြားတတ္သည္။ Synthetic Motor Oilမ်ား၏ ထူးျခားေသာ ဂုဏ္သတၱိမွာအေအးဓာတ္ လြန္ကဲ ေနေသာ္လည္း ဆီမ်ားပ်စ္ခဲမသြားဘဲ အင္ဂ်င္ အပူခ်ိန္ျမင့္လွ်င္လည္း ေခ်ာဆီေစးပ်စ္မႈမွာ က်ဲမသြားသည့္ အျပင္ပိုမိုပ်စ္လာသည္ကိုေတြ႕ရသည္။ထုိ႔ေၾကာင့္ Synthetic အင္ဂ်င္ဝိုင္သံုးကားမ်ား၏ အင္ဂ်င္ သကတမ္းသည္ ပို၍ ၾကာရွည္ခံသည္။ေလယာဥ္အင္ဂ်င္ မ်ားတြင္ အရည္အေသြး ေကာင္းေသာ SyntheticEngine Oil ကိုသာသံုးၾကပါသည္။Synthetic Oil တြင္ Semi-Synthetic Oil ႏွင့္ Fully Synth-etic Oil ဟူ၍ ႏွစ္မ်ဳိးရွိသည္။တြင္းထြက္ ေခ်ာဆီ ( Mineral Oil)ႏွင့္ Synthetic Oil (၃ဝ) ရာခိုင္ႏႈန္း ေရာစပ္ထားေသာ ေခ်ာဆီကိုSemi-Synthetic Oil ဟုေခၚသည္။ရိုးရိုးေခ်ာဆီႏွင့္ ေရာေႏွာသံုးသျဖင့္ကုန္က်စရိတ္ သက္သာ သည္။Synthetic Motor Oil ၏အားသာခ်က္မ်ား– ျမင့္မားေသာ အပူခ်ိန္ႏွင့္အလြန္ေအးခဲေသာ အေအး ဒဏ္ တို႔တြင္ေခ်ာဆီ၏ ဂုဏ္သတၱိ ႏွင့္ေစးပ်စ္မႈမ်ား မေျပာင္းလဲဘဲ စြမ္းေဆာင္ႏိုင္သည္။ (သာမန္ဆီမ်ားထိုကဲ့သုိ႔ အရည္အေသြး မရွိ။)- သာမန္ ေခ်ာဆီမ်ားထက္အေငြ႕ပ်ံဆံုးရႈံးမႈ နည္းပါး သည္။ၾကာၾကာ အသံုးခံသည္။ (သာမန္ေခ်ာဆီမ်ား အပူခ်ိန္ ျမင့္လွ်င္အေငြ႕ပ်ံံ၍ ဆီေလ်ာ့နည္း သြားသည္။)

– Oxidation ခုခံမႈအားေကာင္းံ၍ ေခ်ာဆီ အႏွယ္အႏွစ္ က်ျခင္းမရွိ။ ဆီပါးလႊာ (Oil Film) ၏ခံႏိုင္အား (Strength) ျမင့္မားၿပီး စက္အစိတ္အပိုင္းမ်ား ပြန္းစားမႈမရွိ၍ သက္တမ္း ရွည္သည္။ ေခ်ာဆီ လဲလွယ္ေပးရေသာသက္တမ္း (Oil Drain Intervals)ျမင့္မား၍ အင္ဂ်င္ သက္တမ္းတာရွည္ခံသည္။Synthetic Motor Oilမ်ားသည္အေမရိကန္  API (Amer-can Petroleum Institue) ၏အသိအမွတ္ျပဳ အရည္ အေသြးျမင့္ေခ်ာဆီမ်ား ျဖစ္၍ ယံုၾကည္စိတ္ခ်ရေသာ ေခ်ာဆီမ်ား ျဖစ္သည္။ API အဖဲြ႕အစည္းသည္ကမၻာ႕ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕လုပ္ငန္းစု အားလံုး၌ ၾသဇာအာဏာရွိေသာအဖဲြ႕အစည္း တစ္ခု ျဖစ္သည္။ ကမၻာ့ေခ်ာဆီ စက္ဆီလုပ္ငန္းမ်ားမွ ၎တို႔၏ ထုတ္ကုန္ပစၥည္းမ်ား အရည္အေသြး ေထာက္ခံခ်က္ကို API တြင္ အစစ္ေဆးခံၿပီးမွ ရရွိပါသည္။ API ၏ အင္ဂ်င္ဝိုင္ အစီအစဥ္တြင္ အေမရိကန္ကား ကုမၸဏီမ်ားျဖစ္ေသာ Ford,GM, Chrysler ႏွင့္ ဂ်ပန္ကားထုတ္လုပ္သူမ်ား အသင္း လည္းပူးေပါင္းပါဝင္ထားသည္။ဓာတ္ဆီ ႏွင့္ ဒီဇယ္ေပါက္ကဲြေလာင္ကြၽမ္းပံုခ်င္း မတူ၍ အင္ဂ်င္ဝိုင္ကိုလည္း ခဲြျခား ထုတ္လုပ္ထားသည္။ ဓာတ္ဆီကားမ်ား အတြက္API ၏ သတ္မွတ္ခ်က္မွာ ‘S’ ကိုသံုးသည္။ API SF, API SM,API SD ဟူ၍ အမ်ဳိးအစား ခဲြျခားထားသည္။ ဒီဇယ္ ကားအတြက္‘C’  စကားလံုးကို သံုးၿပီး API CF,API CI ဟူ၍ေဖာ္ျပသည္။ေမာ္ေတာ္ယာဥ္ ထုတ္လုပ္သူမ်ားကလည္း ပိုင္ရွင္လက္စဲြစာအုပ္တြင္သံုးစဲြရမည့္ အင္ဂ်င္ဝိုင္အတန္းအစားႏွင့္ ဆီသစ္လဲလွယ္ ေပးရမည့္ ခရီးမိုင္မ်ားကို ေဖာ္ျပထားပါသည္။ Synthetic Motor Oilမ်ားကို သံုးစဲြ၍ သင္၏ တန္ဖုိးႀကီးမားေသာကား အင္ဂ်င္ကို ေစာင့္ေရွာက္ထိန္းသိမ္းပါ။

ဆရာ KMA ( သိပၸံႏွင့္ နည္းပညာ)

12.10.2016