Zawgyi Version…
လွ်ပ္စစ္ကားထုတ္လုပ္ေရးကုမၸဏီ Tesla ၏ CEO ျဖစ္သူ Elon Musk က ထြက္ရိွလာမည့္ Pickup Truck မွာ Ford F-150 ႏွင့္ Porsche 911 တို႔ထက္ ပိုမုိေကာင္းမြန္ေစရမည္ဟု ထုတ္ေဖာ္ ေျပာၾကား ခဲ့သည္။
Tesla သည္ သယ္ယူပို႔ေဆာင္ေရးအတြက္ ပစ္မွတ္ထားထုတ္လုပ္မည့္ Electric ကားေမာ္ဒယ္သစ္ကို လာမယ့္တစ္ႏွစ္အတြင္း ထုတ္လုပ္သြားဖြယ္ရိွေနၿပီး ထူးျခားသည့္ sci-fi ဒီဇုိင္းျဖင့္ ပြဲထြက္လာမည္ ျဖစ္သည္။
လူအမ်ားစိတ္ဝင္စားေနသည့္ Tesla ၏ Pickup Truck သည္ Electric Motor အင္ဂ်င္(၂)လံုး တပ္ဆင္ထားမည္ျဖစ္ၿပီး အကြာအေဝး မုိင္(၄၀၀-၅၀၀)အတြင္း ေမာင္းႏွင္ႏုိင္မႈ၊ အေလးခ်ိန္ဆြဲႏုိင္မႈ (Towing Capacity) ေပါင္ (၃၀၀,၀၀၀)၊ AWD စနစ္၊ load-leveling suspension ႏွင့္ ရုန္းအား (torque) တုိ႔ေကာင္းမြန္စြာ ထုတ္လုပ္ေပးႏုိင္မည္ျဖစ္ေၾကာင္း ဆုိထားသည္။
Ride the Lighting အစီအစဥ္တြင္ Elon Musk က “Pickup Truck ဟာ Porsche 911 ထက္ ပိုေကာင္းတဲ့ Sport ကား၊ Ford F-150 ထက္ ပိုေကာင္းတဲ့ Truck ကားတစ္စီးျဖစ္လာမွာပါ။ ကုန္ပစၥည္းသယ္ယူႏုိင္မႈ ျမင့္မားတဲ့ အလြန္႐ုန္းအားေကာင္းတဲ့ ကားတစ္စီးျဖစ္သလို သာမန္ Truck ႐ုပ္ထြက္ေတြနဲ႔ မတူညီဘဲ ထူးျခားတဲ့ sci-fi ဒီဇိုင္းနဲ႔ ျမင္ေတြ႕ရမွာပါ။” ဟု ဆုိခဲ့သည္။
Tesla Pickup Truck ကို ၂၀၂၀ ေႏွာင္းပိုင္းတြင္ ေစ်းကြက္ထဲ ျမင္ေတြ႕ရဖြယ္ရိွေနၿပီး ေစ်းႏႈန္း ေဒၚလာ(၅)ေသာင္း ေအာက္မွ စတင္ေရာင္းခ်သြားမည္ျဖစ္ကာ အင္ဂ်င္ပါဝါ ပုိမုိအားေကာင္းသည့္ Full-size Truck ကိုမူ ေဒၚလာ(၆၉,၀၀၀) ျဖင့္ ေရာင္းခ်သြားမည္ဟု ခန္႔မွန္းရသည္။

Unicode Version…

Ford F-150 နှင့် Porsche 911 ထက် ၎င်းတို့၏ Pickup Truck မှာ ပိုမိုကောင်းမွန်စေရမည်ဟု Tesla ဆို
လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla ၏ CEO ဖြစ်သူ Elon Musk က ထွက်ရှိလာမည့် Pickup Truck မှာ Ford F-150 နှင့် Porsche 911 တို့ထက် ပိုမိုကောင်းမွန်စေရမည်ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။
Tesla သည် သယ်ယူပို့ဆောင်ရေးအတွက် ပစ်မှတ်ထားထုတ်လုပ်မည့် Electric ကားမော်ဒယ်သစ်ကို လာမယ့်တစ်နှစ်အတွင်း ထုတ်လုပ်သွားဖွယ်ရှိနေပြီး ထူးခြားသည့် sci-fi ဒီဇိုင်းဖြင့် ပွဲထွက်လာမည် ဖြစ်သည်။
လူအများစိတ်ဝင်စားနေသည့် Tesla ၏ Pickup Truck သည် Electric Motor အင်ဂျင်(၂)လုံး တပ်ဆင်ထားမည်ဖြစ်ပြီး အကွာအဝေး မိုင်(၄၀၀-၅၀၀)အတွင်း မောင်းနှင်နိုင်မှု၊ အလေးချိန်ဆွဲနိုင်မှု (Towing Capacity) ပေါင် (၃၀၀,၀၀၀)၊ AWD စနစ်၊ load-leveling suspension နှင့် ရုန်းအား (torque) တို့ကောင်းမွန်စွာ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။
Ride the Lighting အစီအစဉ်တွင် Elon Musk က “Pickup Truck ဟာ Porsche 911 ထက် ပိုကောင်းတဲ့ Sport ကား၊ Ford F-150 ထက် ပိုကောင်းတဲ့ Truck ကားတစ်စီးဖြစ်လာမှာပါ။ ကုန်ပစ္စည်းသယ်ယူနိုင်မှု မြင့်မားတဲ့ အလွန်ရုန်းအားကောင်းတဲ့ ကားတစ်စီးဖြစ်သလို သာမန် Truck ရုပ်ထွက်တွေနဲ့ မတူညီဘဲ ထူးခြားတဲ့ sci-fi ဒီဇိုင်းနဲ့ မြင်တွေ့ရမှာပါ။” ဟု ဆိုခဲ့သည်။
Tesla Pickup Truck ကို ၂၀၂၀ နှောင်းပိုင်းတွင် ဈေးကွက်ထဲ မြင်တွေ့ရဖွယ်ရှိနေပြီး ဈေးနှုန်း ဒေါ်လာ(၅)သောင်း အောက်မှ စတင်ရောင်းချသွားမည်ဖြစ်ကာ အင်ဂျင်ပါဝါ ပိုမိုအားကောင်းသည့် Full-size Truck ကိုမူ ဒေါ်လာ(၆၉,၀၀၀) ဖြင့် ရောင်းချသွားမည်ဟု ခန့်မှန်းရသည်။