အမေရိကန်အခြေစိုက် လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla ရဲ့ဈေးကွက်တန်ဖိုးမှာ အမေရိကန်ထိပ်တန်း မော်တော်ကားထုတ်လုပ်ရေး ကားကုမ္ပဏီကြီးများဖြစ်တဲ့ Ford နှင့် GM တို့ နှစ်ခုပေါင်း တန်ဖိုးထက် ပိုမိုများပြားလာခဲ့သည်။
ယခုတပတ်အစောပိုင်းတွင် Tesla သည် ဈေးကွက်တန်ဖိုး (၅)ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးနောက် စုစုပေါင်း ဈေးကွက်တန်ဖိုး (၈၉)ဘီလျံထိ ရှိလာခဲ့ပြီး Ford (၃၇)ဘီလျံ နှင့် GM (၅၀)ဘီလျံတို့ နှစ်ခုပေါင်းခြင်းထက် (၂)ဘီလျံ ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။
Tesla သည် ပြီးခဲ့တ့သည့်နှစ်က ကားအစီးရေ (၃၆၇,၀၀၀) ရောင်းချခဲ့ပြီး Ford နှင့် GM တို့မှာ အစီးရေ(၂)သန်းခန့် ရောင်းချနိုင်ခဲ့သည်။
Tesla သည် သမိုင်းတလျှောက် ဈေးကွက်တန်ဖိုးအမြင့်ဆုံးကားထုတ်လုပ်ရေး ကုမ္ပဏီနေရာကို အချိန်တိုအတွင်း ရောက်ရှိလာခဲ့တာဖြစ်ပြီး မကြာသေးမီကလည်း ရှန်ဟိုင်းအခြေစိုက် Tesla ကားစက်ရုံထုတ် Model 3 ကို တရုတ်ဈေးကွက်ထဲ မိတ်ဆက်ပေးခဲ့သည်။
Tesla သည် ပြီးခဲ့သည့် (၃)လအတွင်း စတော့ဈေး(၂)ဆခန့် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြုပ်နှံသူတွေအနေဖြင့် ကုမ္ပဏီ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရင်းနှီးလိုချင်းကြောင့်ဖြစ်ကြောင်းသိရသည်။
Zawgyi Version…..
Tesla ၏ ဈေးကွက်တန်ဖိုးမှာ Ford နှင့် GM နှစ်ခုပေါင်းထက် ပိုများလာ