Volkswagen သည် Tesla Model 3 ကဲ့သို့ EV Sedan အမျိုးအစားသစ်ဖြစ်သည့် All New VW Aero B EV Sedan အားတိုးချဲ့ထုတ်လုပ်မည်ဖြစ်သည်။ ယခုအခါ On Road Testing အခြေအနေရှိနေသည့် Aero B Sedan သည် VW ID Range Model များတွင်ပါဝင်ပါသည်။ တိုပြီးလှပသည့် Front Bumper နှင့် Lower Grille Design တို့တွင် I D.4 SUV ၏ Headlights Design ကိုပေါင်းစပ်ထားမည်ဖြစ်ကာ Car ၏ဒီဇိုင်းအား Aerodynamic Performance Design အဓိကဖန်တီးထားပါသည်။ VW သည် Aero B အား 2023 တွင်အပြည့်အစုံ မိတ်ဆက်မည်ဖြစ်သည်။ ၎င်းအား 2018  Geneva Motor show တွင် I D.Vizzion Concept အနေဖြင့် ပထမဆုံး မိတ်ဆက်ပြသခဲ့ပါသည်။ VW Aero B Sedan တွင် ( 627 Miles ) ခန့်အထိအသုံးပြုနိုင်သည့် Single Charger ပါဝင်မည်ဖြစ်ပြီး Updated MEB Platform တွင်အခြေခံကာ ဖန်တီးထားသည်ဟု Volkswagen မှ ပြောကြားပါသည်။

 

VW သည် MEB Platform ၏နောက်ဆုံးအဆင့်အမြှင့်တင်ထားမှုအား 2022 April တွင်ကျင်းပခဲ့သည့် UBS Paris Electric Car Day တွင်ပထမဆုံးတင်ဆက်ပြသခဲ့ပါသည်။ ထို့ကြောင့် ယခုမိတ်ဆက်လိုက်သည့် VW Aero B Sedan တွင် MEB Platform ကိုပထမဆုံးအသုံးပြုခြင်းဖြစ်သည်။ New Aero B တွင် – ( 435 Miles of Range on Charge ) ရရှိသည့် Battery နှင့် Motor System များ ပါဝင်မည်ဖြစ်ကာ တစ်နာရီခန့်အားသွင်းရုံဖြင့် ( 80 % ) အထိအားပြန်ပြည့်နိုင်သည့် Fast Charger System ပေါင်းစပ်ပါဝင်ပါမည်။ လက်ရှိမိတ်ဆက်ထားသည့် – ID.4 GTX နှင့် ID.5 GTX SUV တို့တွင် ( Total Output 295 bhp ) ပါဝင်သည့် Powertrain များပါဝင်ပါသည်။ VW သည် Aero B Estate Version ကို 2019 Los Angeles Motor Show တွင် Concept  အနေဖြင့်မိတ်ဆက်ခဲ့ပါသည်။

#DriveMediaMyanmar