Zawgyi Version…







Unicode Version…
USD 121000 တန်ကြေးရှိ Tesla Model S Shooting Brake အား ဂျနီဗာကားပြပွဲတွင် ပြသမည်
လန်ဒန်ရှိ Niels Von Roij မှ ဒီဇိုင်းဖန်တီးထားသည့် Tesla Model S Shooting Brake အား ယခုနှစ် March တွင်ကျင်းပမည့် Geneva ကားပြပွဲတွင် မိတ်ဆက်ပြသမည်။ ၎င်းသည် 2019 May၌ ထွက်ရှိခဲ့သည့် ပုံစံမှပြောင်းလဲခဲ့ပြီး Dutch Coach Builder မှ အဓိကစီစဉ်ခဲ့ကာ နမူနာ (၂၀ ) မျိုးခန့် ဖန်တီးခဲ့သည်။ အဆိုပါပြန်လည်းမွမ်းမံခြင်းအား သာမန်ထက်ထူးခြားစေရန် Van Roij မှ အဓိက ဒီဇိုင်း ဖန်တီးပြီး Aluminum Body ပုံစံအသစ်ကို တိုးချဲ့ထည့်သွင်းထားပြီး C – pillar ဒီဇိုင်းအသစ် ၊ မွမ်းမံ ထားသည့် ကားခေါင်းမိုးပုံစံအသစ်နှင့် Spoiler တပ်ဆင်ထားသည့် အနောက်ဖုံး ပုံစံအသစ် တို့ဖြင့် ထူးခြားစွာဖန်တီးထားပြီး အနောက်တံခါးပတ်လည်တွင် Chrome ဖြင့် တန်ဆာဆင် ထားပါ သည်။ Niels Von Roij Design ၏ တံဆိပ်အား မှန်များတွင် လက်မှုဖန်တီးခြင်း – Handmade ဖြင့် တပ်ဆင် ထားမည့်ဖြစ်ပြီး တမူထူးခြားခြင်းကိုညွှန်းဆိုရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ အလားတူ – Seat piping ၊ Glove Box တို့ကိုလည်း Handmade ဖန်တီးထားမည်ဖြစ်ပြီး အတွင်းခန်းသည် Beige color ဖြစ်ပါမည်။ အဆိုပါ Tesla Model S Shooting Brake အား ( USD 121000 ) ဝန်းကျင်ဖြင့် ရောင်းချရန် စီစဉ်ထားပါသည်။ ကား၏ အရှေ့နှင့် အနောက်ဖက်ဘောနပ်များအပေါ်တွင် Remetz Car တံဆိပ် တပ်ဆင်ထားရန်အတွက်စီစဉ်ထားမှုများရှိမည်ဖြစ်သော်လည်း သေချာစွာ မသိရှိသေးပေ။