Tesla ရဲ့ crossover EV အသစ် Model Y ဟာ Model 3 ရဲ့နောက်မှ ထွက်လာတာဖြစ်ပေမဲ့ EV စွန့်ဦးတီထွင်ကုမ္ပဏီ Tesla အတွက် ပိုအရေးပါတဲ့ ကားဖြစ်လာပါတယ်။ အလျင်အမြန်တိုးတက်ကြီးထွားနေတဲ့ တရုတ်ကားဈေးကွက်အတွက်လည်း Model Y ထုတ်လုပ်မှုက အရေးအကြီးဆုံးကဏ္ဍတစ်ရပ် ဖြစ်လာပါပြီ။ EV Brand တွေထဲမှာလူသိပိုများလာတဲ့ Tesla က သူ့ရဲ့ EV အသစ်ကို ‌သူ့ကိုယ်ပိုင်ဒီဇိုင်းနဲ့ သူ ထုတ်လိုက်တာပါ။ Tesla Cybertruck ကလွဲလို့ Tesla ရဲ့ car models အားလုံးဟာ ခပ်လျောလျောအမိုးလိုင်း၊ grille-less ရှေ့ခြမ်းနဲ့ Chrome detail စတာတွေမှာ အကြမ်းအားဖြင့်တူညီကြပါတယ်။ အခု Model Y ကလည်း Model 3 ထက် နည်းနည်းလေးအလျားပိုရှည်‌နေတာကလွဲရင် အရင်မော်ဒယ်တွေရဲ့ပုံစံမျိုးကနေကွဲထွက်နေတာမျိုးမရှိပါဘူး။

Model Y ဟာ Model 3 ရဲ့ပုံသဏ္ဌာန်ကိုအ‌ခြေခံထားတာတင်မဟုတ်ဘဲ Model X ရဲ့ အရွယ်အစားအတိုင်းထုတ်ထားတဲ့ EV လည်းဖြစ်ပါတယ်။ CEO Elon Musk ကတော့ ဒီ crossover ကားသစ်က Model 3 ရဲ့ ဒီဇိုင်းအပေါ် မှာ 75% ထိအခြေခံထုတ်လုပ်ထားတာလို့ ဆိုပါတယ်။

အတွင်းခန်းကတော့ Model 3 နဲ့ ချွတ်စွပ်ကိုတူညီပါတယ်။ လိုသမျှ အချက်အလက်တွေကို တစ်နေရာတည်းမှာ ရရှိ ဆောင်ရွက်နိုင်စေမယ့် ကြီးမားကျယ်ပြန့်တဲ့ Touchscreen တစ်ခုကိုထည့်သွင်းပေးထားတာ‌တွေ့ရမှာပါ။ ပုံမှန်လုပ်ငန်းစဉ်တွေ၊ ကြိုတင်စီစဉ်မှုတွေနဲ့ app ကတစ်ဆင့် unlock လုပ်နိုင်ဖို့ Autopilot စနစ်လည်း ပါရှိလာမှာဖြစ်ပါတယ်။

Model Y မှာ တတိယမြောက်ခုံတန်းထည့်သွင်းပေးထားတာကြောင့် ဒီ SUV အငယ်စားလေးထဲမှာ လူ ၇ ယောက် သက်သက်သာသာလိုက်ပါနိုင်တယ်လို့ Tesla က ပြောထားပါတယ်။ ဒုတိယခုံတန်းကလည်း ခေါက်သိမ်းနိုင်ပြီး 1800 Litres ဆန့် Storage Space ပါရှိပါတယ်။

Model 3 လိုပဲ Model Y မှာလည်း Standard, Long Range, Dual-Motor AWD နဲ့ Performance ဆိုတဲ့ Battery range options (၄) မျိုးပါမှာပါ။ Standard Version က မိုင် ၂၃၀ ထိသွားနိုင်မှာဖြစ်ပြီး Long Range Version ကတော့ မိုင် ၃၀၀ ဝန်းကျင်ထိသွားနိုင်ပါလိမ့်မယ်။ 0-62 mph ကို 3.5 sec အတွင်းရောက်ရှိနိုင်သလို top speed ကတော့ 150 mph ပါ။ Superior Fast Charging စနစ်လည်းပါဝင်မှာဖြစ်ပါတယ်။

Standard Version Model တွေကို ၂၀၂၀ နွေဦးလောက်မှာစရောင်းချဖို့ မျှော်လင့်ထားပြီး နောက်ဆုံးထုတ် model တွေကိုတော့ ၂၀၂၁ ဆောင်းဦးပေါက်လောက်မှ ရောင်းချသွားမယ်လို့ Tesla က ပြောထားပါတယ်။ Standard Version ကို $ 39000 နဲ့ရောင်းချမှာဖြစ်တဲ့အတွက် တခြား Version တွေဆို ဒီထက်ဈေးပိုများဖို့ရှိပါတယ်။

Ref: carmagazine “Tesla Model Y: crossover EV can have seven seats”

(Zawgyi)

၇ ယောက်စီး Crossover SUV အဖြစ်နဲ့ထုတ်လုပ်မယ့် Tesla Model Y EV