Unicode version…
လျှပ်စစ်ကားသီးသန့်ထုတ် (Tesla) သည် (Australia) တွင် ကမ္ဘာ့အကြီးဆုံး (Battery) ဓာတ်အား ကွန်ရက်တစ်ခုပြုလုပ်ရန် သဘောတူညီခဲ့ပါသည်။ အဆိုပါသဘောတူညီမှုအရ ကြီးစွာသော (Renewable Energy Scale) ကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ (Tesla) ၏ (CEO) ဖြစ်သူ (Mr Elon Musk) အနေဖြင့် အခြားသော ပြိုင်ဖက်ကုမ္ပဏီများစွာနှင့် အစွမ်းကုန်အားစိုက်ကာ (South Australia) ဒေသတွင် အရွယ်ကြီး မားသည့် (Lithium – ion battery)ဆိုင်ရာ သဘောတူညီချက်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး (သဘောတူညီချက်)စတင်သည့်နေ့မှ (ရက် 100)အတွင်း (100- MW battery)များအား (Tesla) မှ တင်ပို့ ရမည်ဖြစ်ပါသည်။ အဆိုပါ (Battery)သည် အိမ်ထောင်စု (30000)ခန့်အား စွမ်းအင်ပေးနိုင်မည်ဖြစ်ပါသည်။ အဆိုပါ (Contract) သည် ကမ္ဘာ့အကြီးဆုံး (Lithium – ion battery storage project) တစ်ခုဟု ဆိုရနိုင်ည်ဖြစ်ပြီး လက်ရှိ (Tesla battery) များအား (80 megawatt – hour) အထိ အသုံးပြုနေသည့် (Colifornia) ဒေသကို လိုက်မှီနိုင်မည်လည်းဖြစ်ပါသည်။
လွန်ခဲ့သည့် (၃)နှစ်ခန့်မှစ၍ South Australia ဒေသတွင် ကျောက်မီးသွေးစွမ်းအင်အား ရပ်ဆဲခဲ့ပြီး ၄င်းအစား (လေအား၊ ဆိုလာ၊ ဓါတ်ငွေ့)တို့ကို ပြောင်းလဲ အသုံးပြုခဲ့ပါသည်။ အချက်အလက်များအရ လေအား လျှပ်စစ်စွမ်းအင်သည် Australia နိုင်ငံစုစုပေါင်းစွမ်းအင်၏ (၄၀ ရာခိုင်နှုန်း)ခန့် အသုံးပြုနေပါ သည်။ အဆိုပါစွမ်းအင်သည် သဘာဝပတ်ဝန်းကျင်အတွက် များစွာသင့်တော်မှုရှိသော်လည်း ၄င်းတွင် အားနည်းချက်များလည်းရှိပါသည်။ထို့ကြောင့် (Battery)ဆိုင်ရာ (Project)အား (Tesla) ဖြင့် ပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး အရေးပါသည့် တီထွင်မှုများ / သုတေသနများလည်း ပါ၀င်မည်ဖြစ်ပါသည်။(Lithium – ion Battery)အား (1991)ခုနှစ်မှစတင်၍ လူသိများခဲ့ပြီး ကနဦးတွင် (Laptop)နှင့် (Cell Phone)များတွင် သေးငယ်သည့်ပမာဏ အနေဖြင့် အသုံးပြုခဲ့ပါသည်။အဆိုပါ Battery သည် (150 Watt – hours of electricity) အား (1kg of Battery) ၌ထားသိုနိုင်ပါမည်။အဆိုပါပမာဏသည် (Nickel Battery) များ၏ (၂)ဆ ပိုမိုအသုံးပြုနိုင်ခြင်းဖြစ်ပါသည်။နောက်ပိုင်းတွင် များစွာသော (Hybrid Cars) များ၌ ကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့မြင်ရပါသည်။
Zawgyi version..