ဒီတစ်ခါတော့ DRIVE ပရိသတ်တွေကို ‘Modified Version’ Tesla Cyber Truck တစ်စီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Tesla Cybertruck ကို Modified Version ပေါင်းများစွာဖန်တီးပြ‌ေနကြတဲ့အထဲမှာမှ ဒီတစ်ခုက‌ေတာ့ အတော်လေးကိုသဘောကျစရာပါ။ Tactical Combat Truck ပုံစံဖန်တီးထားပြီး Electric Pickup Truck အမျိုးအစားဖြစ်ကာ သံချပ်ကာပြည့်အတွင်းခန်းဒီဇိုင်းပါရှိပြီး Roof-mounted Gun တစ်လက်တောင် တပ်ဆင်‌‌ေပးထားတာတွေ့ရပါတယ်။

စစ်ဘက်သုံးအဆင့်ရှိ Feature တွေထည့်သွင်းဖန်တီးထားတာဖြစ်လို့ တင့်ကားအသေးစား‌ေလးတစ်စီးလို့‌ေတာင်ဆိုရမှာပါ။ ဖော်ပြထားတဲ့ပုံတွေအရလည်း စစ်မြေပြင်ကိုထွက်ဖို့အသင့်အ‌ေနအထားရှိတိုက်ပွဲဝင်ယာဥ်တစ်စီးရဲ့ဟန်ပန်မျိုးကို အပြည့်အဝခံစားမိစေပါတယ်။

ဒီ Modified Version ရဲ့သိသာထင်ရှားတဲ့ Feature တချို့ကတော့ ကိုယ်ထည်ပြည့်သံချပ်ကာတပ်ဆင်ထားမှု၊ ထောက်လှမ်း‌ေရး Drone တွေပါရှိမှု၊ တုန်ခါမှုထိန်းတံခါးလက်ကိုင်တွေတပ်ဆင်ထားမှု၊ Seat 12 ခုနဲ့ ဝင်ရိုး 3 ခုထိထည့်သွင်းတပ်ဆင်နိုင်မှုတွေပဲဖြစ်ပါတယ်။

ကိုယ်ထည်လည်း SpaceX ရဲ့အာကာသယာဉ်‌ေတွမှာအသုံးပြုတဲ့ Ultra-Hard 30X Cold-Rolled stainless-steel နဲ့ ဖန်တီးထားတာပါ။ Plaid Mode နဲ့မောင်းနှင်မယ်ဆိုရင် ဒီ Premium Tri-motor Cybertruck ရဲ့ Power Output က 800 HP နဲ့ 1000 ft-lb Torque ရှိမှာဖြစ်ပြီး 60 MPH ကို 2.9 second အတွင်းရောက်နိုင်တဲ့စွမ်းရည်လည်းရှိ‌ေနပါတယ်။

ရုပ်သံဖိုင်လင့်ခ် – https://youtu.be/EXMobCGwjC0

Ref: insideEVs
Thiha