Unicode version…
အကုန်လုံးကို ဖတ်ဖြစ်အောင် ဖတ်ပါ။
ဂျနီဗာမြို့၊ နယူးယောက်နဲ့ ဘန်ကောက်မြို့တွေမှာ ကျင်းပတဲ့ နွေဦးကာလ ကားပြပွဲတွေမှာ ဝါသနာရှင်ကောင်လေးတွေအတွက် အံ့သြဖွယ်အချို့ကို ပြသခဲ့ပါတယ်။ အဲထဲက အကြိုက်ဆုံးအချို့ကို Drive မဂ္ဂဇင်းက ကောက်နုတ်စုစည်း ဖော်ပြလိုက်ပါတယ်။
ကောင်းကင်က အကန့်အသက်ရှိတယ်။
အကောင်းဆုံးမောင်းနှင်ခြင်းက ကြည်နူးစရာ စိတ်ကူးစိတ်သန်းတွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို ဘေးဖယ်ထားလိုက်စမ်းပါ။ လေတိုက်လို့ ခင်ဗျားမျက်နှာပေါ် ဆံနွယ်တွေဝဲနေမယ်ဆိုရင်တောင်၊ လူတိုင်းက ခင်ဗျားရဲ့ ထိပ်ပြောင်တဲ့နေရာကို မြင်နေမှာပါ။ အပူပိုင်းဒေသမှာဆိုရင်တော့ ဒီနေရာကို အပူရှိန်တွေကျရောက်မှာပေါ့။ လေဟာပြင်၊ ကွင်းပြင်ထဲမှာ ကားမောင်းရတာ နုပျို၊ လန်းဆန်းပြီး ပျော်ရွှင်ရပါတယ်။
Evoqative evoque-convertible-2
Range Rover Evoque က တစ်ကိုယ်လုံးဆေးစစ်ဖို့ရောက်လာတဲ့ ကိုယ်စားလှယ်လောင်းနဲ့ မတူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နှစ်သက်တယ်လေ။ ဒီ Range Rover လေးက ဝဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးဖြစ်ပြီး၊ အမိုးဖွင့်ကားလေးလဲဖြစ်ပါတယ်။ စက္ကန့် ၂၀အတွင်း အမိုးကို ဖွင့်နိုင်ပိတ်နိုင်ပါတယ်။ ရွေ့လျားနေချိန်မှာတောင်မှပဲ လမ်းမပေါ်မဟုတ်တဲ့နေရာတွေမှာ မောင်းရင်တောင် ကောင်းကောင်း မောင်းနှင်လို့ရပါတယ်။
လူပျင်းကြီး လမ်ဘိုaudi-gt-spyder
လမ်ဘော်ဂနီရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့အတူ(ဒီကားကို အော်ဒီက ပိုင်ပါတယ်)၊ အားလပ်ရက်အတွက် ခရီးထွက်လာတဲ့ ခပ်ချောချော ငယ်ငယ် ဂျာမန်ဘဏ်လုပ်ငန်းရှင်ရဲ့ အပြင်ပိုင်း အရေခွံလို ဒီလှပတဲ့ ဆူပါကားက လမ်းမပေါ် မောင်းနှင်နေစဉ်မှာ သူ့ရဲ့ ပတ္ထူစကို စက္ကန့် ၂၀အတွင်းမှာ အနိမ့်အမြင့် ပြုလုပ်နိုင် ပါတယ်။ ဒါက မိန်းကလေးတွေကို အရူးမူးမဖြစ်စေပါဘူး။ အိုး.. ဟုတ်ပါ့ဗျာ၊ ၅.၂ လီတာ၊ မြင်းကောင်ရေ ၅၄၀ V10 နဲ့ မြန်နှုန်း ရ ရှိတဲ့ ကလပ်နှစ်ခုကနေ အလိုအလျောက် ဆက်သွယ်ပေးထားပါတယ်။ ငရဲလိုနေမှာပဲ။
ကလေးငယ်ရဲ့ အမိုးခုံး evoque-convertible-2
လူတိုင်းနှစ်သက်တဲ့ ဗြိတိန်ပြိုင်ကား၊ ဂျပန်က ထုတ်လုပ်ခဲ့တယ်။ ၁၉၈၉ခုနှစ်ကတည်းက မာဆဒါ MX-5 က နှစ်သက်ဖွယ်အကောင်းဆုံးကားဖြစ်ပြီး၊ ရောင်းအားကောင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က၊ စပရင်ခံ ထိုင်ခုံအောက်ပိုင်းတွေကို အဆင့်တန်းမြင့်မြင့်ဖြစ်လာအောင်ပြုပြင်ခဲ့ပါတယ်။ ဒီနှစ်တော့ Porsche က Targa Top ကို မိတ်ဆက်ခဲ့ပြီး၊ ခေါင်းပေါ်မှာ အမိုးပွင့်လေးနေရာလေး ဖန်တီးပေးထားပါတယ်။ လိုင်းအသစ်တွေနဲ့ ပိုပြီး လန်းသွားတာပေါ့ဗျာ။
Zawgyi version…
Evoqative
လူပျင်းကြီး လမ်ဘို
ကလေးငယ်ရဲ့ အမိုးခုံး