မြို့တွင်းပိုင်းမှာ မိသားစုစီးဖို့ခေတ်ပေါ်ကား တစ်စီးဝယ်ယူလိုသူတွေအတွက် ရည်ရွယ်ပြီး အဖိုးနည်းဝန်ပါတဲ့ ကားကောင်းတစ်စီး ကို Hyundai ကား ထုတ်လုပ်ရေး ကုမ္ပဏီက မိတ်ဆက်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံအခြေစိုက် Hyundai ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ကားတွေနဲ့ မြန်မာပြည်သူတို့ မစိမ်းခဲ့ကြပါဘူး။ Hyundai ကုမ္ပဏီ ထုတ်ကားအမျိုးမျိုး ကို နှစ်ခြိုက်စွာ ၀ယ်ယူအားပေးခဲ့ကြတဲ့ Customers တွေအတွက် အမြတ်အစွန်း ရရှိရေးကို ပဓာနမထားဘဲ အသုံးပြုသူတွေ စိတ်ရွှင်လန်းဝမ်းမြောက်စေရေးကို ဦးတည်ချက်ထားပြီး ထပ်မံထုတ်လုပ်ခဲ့တဲ့ ကားအမျိုးအစားကတော့Hyundai Grand i10  The best city car ပဲ ဖြစ်ပါတယ်။ Classic City Car ကား Grand i10 က မူလထုတ်လုပ်ခဲ့တဲ့ City ကားကိုအဆင့်မြှင့်တင်ခဲ့တဲ့ ဒုတိယ မျိုးဆက်ကားပါ။ ကိုယ်ထည်အရွယ်အစားကအလျားတိုပြီး မြင့်ပါတယ်။ တံခါး ( ၅ ) ပေါက်ပါပြီး အသုံးပြု သူတွေ လွယ်ကူအဆင်ပြေအောင် လုပ်ဆောင် ပေးထားတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ အရည်အသွေး ကောင်းမွန်တဲ့ကားတစ်စီးဖြစ်ပေမယ့် ပြိုင်ဖက်ကုမ္ပဏီတွေကထုတ်လုပ်ထားတဲ့ Volkswagen Up, Skoda Citigo နဲ့  Toyota Aygo ကားတွေရဲ့ တန်ဖိုးနဲ့ယှဉ်ရင် ဈေးနှုန်းက ပိုမို သက်သာမှာဖြစ်ပါတယ်။

Hyundai Grand i10 City ကားကို ဓါတ်ဆီလောင် စာသုံး 1.0 liter ,3-cylinder အင်ဂျင် နဲ့ 1.2 litre  4 – cylinder အင်ဂျင် နှစ်မျိုးထုတ်လုပ်ထားတဲ့အတွက် customerများစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါ တယ်။ 1.0 litre အင်ဂျင်ကို အသုံးပြုသူတွေ အတွက် မြို့တွင်းလမ်းတွေမှာ ပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူချောမွေ့စွာသွားလာနိုင်မှာဖြစ်ပြီး ခရီးဝေးဝေးနဲ့ ကြမ်းတမ်းတဲ့ လမ်းမျက်နှာပြင်မှာ သွားလာဖို့အတွက်တော့ သိပ်အ ဆင်မပြေပါဘူး။ 1.2 Liter အင်ဂျင်ကတော့ ခရီးရှည် လမ်းကြောင်းတွေကိုသွားနိုင်ပါလိမ့်မယ်။ ပိုပြီးသက် သောင့်သက်သာနဲ့ အသုံးပြုသွားနိုင်မယ့် functions တွေ ပါဝင်မှာဖြစ်ပါတယ်။ 1.0 litre အင်ဂျင်မှာ manual gearbox ကို အသုံးပြုထားပြီး 1.2 liter အင်ဂျင်မှာတော့ Automatic gearbox ကိုသာ တပ်ဆင်ထားတာဖြစ်ပါတယ်။

Suspension စနစ်က အချိုးအကွေ့တွေမှာ ကိုယ်ထည်လှုပ်ရမ်းမှုကို ထိန်းသိမ်း ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ညီညာမှုမရှိပဲ ချိုင့်ခွက်နဲ့ အဖုအထစ်များတဲ့ လမ်းတွေမှာ high speedနဲ့မောင်းမယ်ဆိုရင်တော့ အောက်ပိုင်းစနစ်က ကိုယ်ထည်ကို တည်ငြိမ်အောင်ထိန်းထား နိုင်မှာမဟုတ်ဘူး။ စတီယာရင် စနစ်ကတော့ ပါကင်ထိုး ချိန်နဲ့ မြို့တွင်းလမ်းတွေမှာ မောင်းချိန်မှာ ပေါ့ပါးမှုနဲ့ တည်ငြိမ်မှုရှိပြီး လက်ထဲမှာ မြဲမြံစွာ ဆုပ်ကိုင်ထားနိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် အချိုးအကွေ့တွေမှာ လွယ်လွယ်ကူကူနဲ့ အလှည့်အပြောင်းကိုလုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။

1.0liter engine က အသံဆူညံမှုနည်းပြီး 1.2 liter engine ကတော့ ပိုမိုဆူညံမှာဖြစ်ပါတယ်။ Hyundai i10city car အနေနဲ့ လေတိုးသံနဲ့ လမ်းပေါ်က ဆူညံသံတွေကို ဖြတ်တောက်ပေးရာမှာ စံသတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိပါတယ်။ Skoda Citigo နဲ့ Volkswagen Up ကားတွေမှာ အသုံးပြုထားတဲ့ Five – Speed Manual Gearbox က အသံဆူညံမှုကို ပိုမိုဖြစ် ပေါ်စေပါတယ်။ Four – Speed Automatic Gear က အသံတိုးတိုးသာ ထွက်ပေါ်စေတာမို့ အရှိန်ပြင်းပြင်း မောင်းနှင်လို သူတွေက Automatic Gear ကိုသာ ရွေး ချယ်သင့်ပါတယ်။ Grand i10ကားမှာတော့ Auto ဂီယာ စနစ်ကိုသာ အသုံးပြုထားပါတယ်။

ယာဉ်မောင်းရဲ့ ထိုင်ခုံက Entry – Level ကား တွေအတွက် Seat High adjustment အထောက် အကူပြုစနစ်မပါဝင်ပါဘူး။ ဒါပေမယ့် SE နဲ့ အထက် model မြင့်ကားတွေအတွက်တော့ ခုံအနိမ့်အမြင့်ကို လိုသလို ထိန်းညှိလို့ရတဲ့ စနစ်ပါဝင်ပါတယ်။ ကျောမီမှာစပရင်ပါရှိပြီး ထောင့်ချိုးအမျိုးမျိုးအတွက် rotary – controlled ကို လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။ Dash Board မှာ လေ၀င်လေထွက်စနစ်နဲ့ Stereo System တွေကို ရိုးရှင်းလွယ်ကူစွာ Control လုပ်သွားနိုင်မှာပါ။ ခလုတ်တွေအများကြီးမပါပဲ Center Console မှာ ခလုတ်တစ်ခုတည်း တပ်ဆင်ထားတာဖြစ်ပါတယ်။ ရှေ့မြင်ကွင်းကို ကျယ်ပြန့်ရှင်းလင်းစွာမြင်နိုင်ဖို့ Windscreen ရဲ့ Pillar ကို Slim ပုံစံ ပြုလုပ်ပေးထားပါတယ်။ ပြူတင်းပေါက်တွေက ယာဉ်ရဲ့ နောက်ဖက်မှာ ကျဉ်းသွားလို့ မမြင်ကွယ်ရာက ရုတ်တရက်ထွက် ပေါ်လာမယ့် လူနဲ့အရာဝတ္ထုတွေကို သတိထားဖို့ လိုပါတယ်။ Premium level SE car တွေမှာတော့ Parking sensors စနစ်ကို တပ်ဆင်ပေးထား ပါတယ်။

Infotainment System ရဲ့ functions တွေကို လုပ်ဆောင်ဖို့ base models color screen ကို အသုံးပြုထားပါတယ်။Single CD player နဲ့ USB inputs ကို အသုံးပြုနိုင်မှာဖြစ်ပြီး MP3 player ကိုလည်း Control လုပ်သွားနိုင်မှာဖြစ်ပါတယ်။

Grand i10 model မှာတော့ ရှေ့စပီကာနှစ်လုံးသာ ပါဝင်မှာဖြစ်ပါတယ်။ Hyundai Grand i10 models အားလုံးမှာ electric front windows, remote central locking, A tirp computer နဲ့ USB connection စနစ်တွေကို လုပ်ဆောင်ပေးထားလို့ ယာဉ်ကိုအသုံးပြု သူတွေအတွက် စိတ်ကျေနပ်မှုကို ရရှိစေပါလိမ့်မယ်။ Hyundai ကုမ္ပဏီက အသုံးပြုသူ Customers တွေအပေါ်မှာ ရက်ရောတဲ့ စေတနာ ထားရှိခဲ့တာ ကတော့ ကားဝယ်ယူသူတွေ ကို ၃-နှစ်အာမခံ ပေးခြင်းပါပဲ။ အတွင်းခန်းပြင်ဆင်မှု မှာလည်း အဆင်မြင့် materials တွေကို အသုံးပြုထား တဲ့ အပြင် dials နဲ့ instruments cluster ကိုလည်း လှပ ခေတ်မီတဲ့ ဒီဇိုင်းသစ်တွေနဲ့ မွမ်းမံပေးထား ပါသေးတယ်။ နောက်ခန်းက ကျယ်ဝန်းလို့ လူ (5)ယောက် အဆင်ပြေ အောင်ထိုင်စီးနိုင်ပါ လိမ့်မယ်။ အဆင့်အတန်းရှိပြီး ခေတ်ပေါ် ဒီဇိုင်းဆန်း လေးနဲ့ မိသားစုစီးးကားလေးတစ်စီး ၀ယ်ချင်တယ်ဆို ရင်တော့Hyundai Grand i10 ကားကို စဉ်စား သင့်ပါတယ်။ ယာဉ်ကြော ကျပ်တည်းမှုနဲ့ ပါကင်နေရာ ရှားပါးမှုတွေအတွက် အသုံးဝင်တဲ့ အရွယ်အစားဖြစ်ပြီး fuel Economy လည်းဖြစ်လို့ ရန်ကုန်မြို့နေ လူထု အတွက် အထူးသင့်တော်တဲ့ ကားလေးတစ်စီး ဖြစ်ပါတယ်။ ထို့ပြင် Hyundai Grand i10ကို Test Driveအနေနဲ့ စမ်းသပ် မောင်းနှင်လိုပါကလည်း Hyundai Motor Myanmar Showroom (Ph: 09.252183113) သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Hyundai Grand i10 city ကားရဲ့ Specification sheet ကို လေ့လာနိုင်ပါတယ်။

 

Transmission  : 4 speed automatic

Max Power(ps/rpm) : 83/6,000

Maxi Torque(kgm/rpm) : 11.6/4000

Max speed(km/h) : 157

Acceleration (100kph/sec)  : 15

Fuel Tank Capacity : 43

Seating Capacity  : 5 seaters