Unicode version…
အမေရိကန်နိုင်ငံမှာ အခြေစိုက် ထားတဲ့ General Motors ကားထုတ်လုပ်ရေးက 2017 Chevrolet Orlando MPV ကားကို မြန်မာပြည်သူတွေ အတွက် နှစ်သစ်ကို စတင်တဲ့ မင်္ဂလာအချိန်မှာ စိတ်ပျော်ရွှင်စရာ သတင်းကောင်းအဖြစ် မိတ်ဆက် ပေးခဲ့ပါတယ်။ ဒီကားကတော့ ဥရောပစျေးကွက်မှာ လူကြိုက်များပြီး ထင်ရှားခဲ့တဲ့ ကားတစ်စီးပါ။ အကြောင်းကတော့ မိသားစုဝင်(ရ)ယောက် သက် သောင့်သက်သာ လိုက်ပါစီးနင်းနိုင်တဲ့ အကျယ်အဝန်း ရှိတဲ့အပြင် အဆင့်မြင့် လုပ်ဆောင်ချက် တွေပါ၀င်တဲ့ အတွင်းခန်းနဲ့ ပစ္စည်းတင်ဖို့ နေရာကိုပါ ၀ယ်ယူသူတွေ စိတ်တိုင်းကျအောင် ပြုလုပ်ပေးထားလို့ပါ ဘဲ။
အပြင်ပန်းရုပ်သွင်က ကိုယ်ထည်ကြီးမားခန့် ထယ်ပြီး လှပတောက်ပြောင်တဲ့ roofline နဲ့ ဖောင်းကြွ ပုံသဏ္ဍာန်ရှိတဲ့ Wheel archs တို့ပါ၀င်နေပါတယ်။ ဘီးရဲ့ အတိုင်းအတာက 16 (သို့) 18 လက်မအရွယ်အ စားကို တပ်ဆင်ထားပြီး international စျေးကွက် အတွက် အင်ဂျင်ပါ၀ါနှစ်မျိုးကို ထုတ်လုပ်ထားခဲ့ပါတယ်။ 1.8 litre ဓါက်ဆီအင်ဂျင်နဲ့ 2.0 litre ဒီဇယ်အင်ဂျင် နှစ်မျိုးကို ရရှိနိုင်ပါလိမ့်မယ်။ MPV (Multi-Purpose Vehicle) ဘက်စုံအသုံးပြုနိုင်တဲ့ ကားဖြစ်ပြီး Crossover ကားတစ် စီးအသွင်သဏ္ဍန်မျိုးလည်း လုပ်ဆောင်နိုင်ပါ သေးတယ်။ Chevrolet ကုမ္ပဏီထုတ်ကားအဖြစ် ထင်ရှားစွာ သိနိုင်မယ့်ရှေ့ပိုင်း snout ပုံစံနဲ့ လေးထောင့်ကျတဲ့ ယာဉ်ရဲ့ နောက်ပိုင်းက box ကားတစ်စီးပုံစံမျိုးပါ။ Orlando ကား ကို three trim levels နဲ့ ထုတ်လုပ်ထားပြီး power ကိုပါ ရွေးချယ်သွားနိုင်မှာပါ။ LS, LT နဲ့ LT2 trim တွေကို ထုတ်လုပ်ထားပြီး သာမန်အဆင့်ပါ၀ါက 1.8 litre ဓာတ် ဆီအင်ဂျင်ကို ထုတ်လုပ်ထားခဲ့ပါတယ်။
2.0 litre ဒီဇယ်အင်ဂျင်နဲ့ 2.2 liter ဒီဇယ်အင် ဂျင်တွေကိုလည်း ထုတ်လုပ် ထားပါသေးတယ်။ Orlando ကားမှာ မြင်းကောင်ရေ 128 hp (သို့) 161 hp ပုံစံနှစ် မျိုးကို ရွေးချယ်နိုင်ပြီး Automatic Gearbox ကို မြင်ကောင်ရေ 161 hp ထွက်တဲ့ ဒီဇယ်အင်ဂျင်မှာ တပ်ဆင် ထားပါတယ်။ Entry-level ကားမှာ 1.8 L ECOTEC အင်ဂျင် (DCVVT) ကို တပ်ဆင်ထားပြီး
6-speed Automatic transmission စနစ်ပါ၀င်ပါတယ်။
Variable-Effort steering System နဲ့ smooth suspension system တွေ ပါ၀င်လို့ ယာဉ်ကို တည်ငြိမ်မှုရှိအောင် ထိန်းထားနိုင်မှာဖြစ်ပြီး၊ high-speed steering control စနစ်ကို လွယ်ကူစွာ ထိန်းချုပ်သွားနိုင် ပါလိမ့်မယ်။ ဘေးကင်းလုံခြုံရေးနဲ့ Infotainment ဆိုင်ရာ အဆင့်မြင့် နည်းပညာရပ် တွေကို ထပ်မံပေါင်းစပ် ထားပါသေးတယ်။ ပါ၀င်တဲ့ နည်းပညာရပ်တွေကတော့ Cruise Control, Steering-mounted audio controls, Auto Climate Control, Auto on/off headlamps, Rain-Sensing Wipers, Auto dimming rear view mirror, Power Side Mirrors, Keyless entry နဲ့ တခြား feature တွေကို ရွေးချယ်တပ်ဆင်နိုင်ပါသေးတယ်။
အတွင်းခန်း ကျယ်ဝန်းမှုနဲ့အတူ ဒုတိယနဲ့ တတိ ယထိုင်ခုံတန်းတွေကို မိမိနှစ်သက်သလို ပုံစံအမျိုးမျိုး ပြောင်းပြီး အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ 2nd နဲ့ 3rd row ခုံတွေကို ခေါက်ထားပြီး ကြမ်းခင်းပေါ်မှာ ၀န်တင်တဲ့ Area အဖြစ် အသုံးပြုနိုင်မှာပါ။
Chevroletface ရဲ့ အထိမ်းအမှတ်ကို မြင်လိုက် တာနဲ့ အဆင့်မြင့်ကားတစ်စီးမှန်း သိရှိသွားကြမှာပါ။ Radiator grille နဲ့ တံဆိပ်ပြားတပ်ထားတဲ့ bowtie badge ကို ပိုင်းခြားထားပါတယ်။
Orlando ကားရဲ့ ကြီးမားခန့်ထယ်တဲ့ ပုံပန်း သဏ္ဍန်ကို တွေ့ မြင်လိုက်ရတာနဲ့ ယုံကြည်စိတ်ချတဲ့ စိတ်တွပေါ်ပေါက်လာမှာပါ။ Vauxhall Zofira, Renault Grand Scenic နဲ့ Ford Grand C-Max ကားတွေရဲ့ ဒီ ဇိုင်းနဲ့ ဆင်တူသလိုရှိပေမယ့် အဆင်မြင့်ပြီး အသုံးဝင်တဲ့ Chevrolet ကားကိုသာ ဦးစားပေးအဆင့်ထားရှိကြပါ လိမ့်မယ်။ ကိုယ်ထည်လည်း ပိုမိုကြီးမားပြီး 4.65 မီတာ အရှည်ရှိပါတယ်။ Orlando ကားက ပြိုင်ဘက် ကားတွေထက် 10 cm လောက် ပိုရှည်ပြီး Medium-Size MPV class ကား ဖြစ်ပါတယ်။ Body in Wheels out design မျိုးကို ဖန်တီးထားလို့ ဘီးရဲ့ arches တွေက ထင်ရှားပေါ်လွင်နေပြီး ဘီးကို လွယ်ကူစွာ တပ်ဆင်နိုင်မှာပါ။ ထိုင်ခုံ( ရ ) လုံးကို two – three – two စနစ်နဲ့ တပ်ဆင်ပေးထားတာဖြစ်ပြီး အလယ် ထိုင်ခုံတန်းတွေကို ခေါက်သိမ်းထားပါက သက်သောင့် သက်သာရှိစေမဲ့ Luxurious – feeling ဖြစ် စေတဲ့ အကျယ်အဝန်းမျိုးကို လုပ်ဆောင်နိုင်ပါလိမ့်မည်။
Dashboard ပေါ်မှာ တပ်ဆင်ထားတဲ့ interior features တွေက အဆင့်မြင့် stereo/ navigation controls ကို လုပ်ဆောင်နိုင်ပြီး fabric-lined cubby ရဲ့ အတွင်းမှာ Aux/MP3 Sockets ပါ၀င်ပါတယ်။ ဒီ function က တေးသီချင်းတွေကို နားဆင်နိုင်မှာဖြစ်ပြီး အတွင်းဖက်မှာ phone ကို သိမ်းထားနိုင်မှာပါ။ Phone ကို အားသွင်းထားနိုင်မှာဖြစ်ပြီး ယာဉ်မောင်းက ကားပေါ် မတက်ခင် တခြားသော သူတွေက မတွေ့မြင်နိုင်အောင် ဖုံးကွယ်ပေးထားတာ ဖြစ်ပါတယ်။
1.8 liters, twin cam inline 4 engin ကို အသုံးပြုထားလို့ ဆီစားသက်သာပါတယ်။ 6200 rpm မှာ 141 hp ကို ထုတ်လုပ်ပေးနိုင်ပြီး အင်ဂျင်ရုန်းအားက 176 lb-ft (3800 rpm) ဖြစ်ပါတယ်။ Six-speed Automatic transmission စနစ်ကို အသုံးပြုထားပြီး Manual mode လည်း ပါ၀င်ပါလိမ့်မယ်။
Fuel Economy ဖြစ်ပြီး မြို့တွင်းပိုင်မှာ ခရီးသည် တစ်ယောက်နဲ့ ယာဉ်ကြောရှုပ်ထွေး ကျပ်တည်းချိန်အတွင်း မောင်းခဲ့ရင် 7.6 Km/L ဖြစ်ပြီး Highway ကို မောင်း မယ်ဆိုရင်တော့ 11.1 Km/L ဖြစ်ပါတယ်။ 2.0 L VCDI diesel engine ကို အသုံးပြုခဲ့ရင် ဆီစားနှုန်းပိုမိုသက် သာနိုင်မှာပါ။ ဆီတစ်ဂါလံကို 47.1 mpg နှုန်းနဲ့ သွားနိုင် မှာဖြစ်ပါတယ်။ တစ်နာရီကို မိုင် 70 နှုန်းလောက် မောင်းသွားနိုင်မှာဖြစ်ပြီး လေခွင်အားစနစ်ကို efficient level ဖြစ်အောင် အဆင့်မြှင့်တင်ထားပါတယ်။ ဒီစနစ်ကို အသုံးပြုခြင်းကြောင့် ဆီတစ်ဂါလံကို 37 မိုင်နှုန်းလောက် ပိုပြီး သွားနိုင်မှာပါ။ 1.8 ဓာတ်ဆီအင််ဂျင်က entry price နဲ့ ရောင်းချသွားမှာဖြစ်လို့ စျေးနှုန်းသက်သာပါတယ်။ အသံဆူညံမှုနည်းပါးပြီး Orlando ကားက ၀န်ပြည့်တင် ဆောင်နိုင်ပါလိမ့်မယ်။
နောက်ထိုင်ခုံအောက်မှာ ပုံမှန် torsion beam ပါ၀င်တဲ့ rear suspension စနစ်ကို လုပ်ဆောင်ထားပြီး 1.6 M အမြင့်ရှိတဲ့ ကိုးရီးယားနိုင်ငံလုပ်တာယာတွေကို တပ်ဆင်ပေးထားတာပါ။ တာယာရဲ့ အပြင်ဖက်ပန်း တွေက ကုပ်အား ကောင်းပြီး ကိုယ်ထည် ကို တည်ငြိမ်အောင် ထိန်းပေးထားနိုင်မှာပါ။ မြို့တွင်း သာမက မြို့ ပြင်မှာပါ မောင်းနိုင်ပြီး body control နဲ့ ride comfort ဖြစ်အောင် ထိန်းညှိလုပ်ဆောင်နိုင်ပါလိမ့် မယ်။ ဓာတ်ဆီကား မှာ electro-hydraulic power steering sytem ကို အသုံးပြုထားပြီး ဒီဇယ်ကားမှာ တော့ fully hydraulic steering စနစ်နဲ့ အထောက် အကူပြုပေးထားပါတယ်။ CO2 ထွက်ရှိမှုလည်း နည်းပါ တယ်။
Entry-Level LS model မှာ အထူး equipments တွေကို တပ်ဆင်ပေးထားခြင်း မရှိပါဘူး။ Titanium Steering column ကိုသာ တပ်ဆင်ပေးထား ပြီး Telescopically စနစ်ကို ထိန်းညှိလုပ်ဆောင် ပေးနိုင်ပါ လိမ့်မယ်။
ဒီ model မှာ Alloy wheels နဲ့ iPod connection ကို မရရှိနိုင်ပါဘူး။ Top-specification ဖြစ် တဲ့ LTZ model မှာတော့ comfortable ဖြစ်စေတဲ့ features တွေ ပါ၀င်ပြီး Ford, Peugeot နဲ့ Rennult ကားတွေမှာ တပ်ဆင်အသုံးပြုထားတာတွေထက် ပိုမို သာလွန်ကောင်းမွန်ပါတယ်။ 17 လက်မအရွယ်အစား ရှိတဲ့ Alloys, climate control နဲ့ Automatic headlights တို့ အပြင် မိုးရွာခဲ့ရင် အလိုအလျောက် စနစ်နဲ့ အလုပ်လုပ်ပေး နိုင်တဲ့ Wipers တို့ ပါ၀င်ပါတယ်။ Geneeral Motor ရဲ့ 2017 Chevrolet Orlando ကားက ၀န်ပြည့်တင်ဆောင် နိုင်ပြီး ဘက်စုံသုံး မိသားစုစီးကားလေးဖြစ်လို့ လူကြိုက် များပြီး စျေးကွက်မှာ မျက်နှာပန်းလှဖို့ သေချာပါတယ်။ Orlando car ရဲ့ Specification sheet ကို လေ့လာသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Engine – 4-cylinder – 1.8 liter DOHS, ECTEC,
DCVVT
Displacement (CC) – 1796 CC
Max Pwer (PS) – 141 hp @ 6200rpm
Max Torgue (Nm ) – 176@ 3800
Drive Train – FWD
Transmission -6-speed A/T with Tiptronic
Tire – 215/60 R 16
Wheels – 6.6 x 16u Allo/
Length x width x Height – 4652 x 1836 x 1633
(mm)
ပါ၀ါ
Zawgyi version…
DCVVT
Max Torgue (Nm )    –         176@ 3800
Drive Train          –    FWD
Tire                   –    215/60 R 16
Wheels              –    6.6 x 16u Allo/
(mm)
                                         ပါဝါ